ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

အၿငိမ္းစားယူဖို႔ အသင့္ေတာ္ဆုံးအ႐ြယ္
ဂ်ပန္လူမ်ိဳးဆရာဝန္တစ္ေယာက္ကေျပာပါတယ္။ လူေတြသတ္မွတ္ထားတဲ့ အၿငိမ္းစားယူရမယ့္ ပွ်မ္းမွ်အသက္အ႐ြယ္ဟာ မွားယြင္းေနပါတယ္တဲ့။

အၿငိမ္းစားယူဖို႔အခ်ိန္ကို ထိုင္ေစာင့္ေနပါသလား။ ဒါဆိုရင္ေတာ့ ပင္စင္စားဖို႔အႀကံကို ေခါင္​းထဲကထုတ္လိုက္ပါ။ ေဒါက္တာ ရွိဂဲအာခိဟိႏိုဟရ(Shigeaki Hinohara) ရဲ႕အဆိုအရ အၿငိမ္းစားယူဖို႔ပဲ ေတြးမေနပါနဲ႔။ အသက္ ၆၅ မွာအၿငိမ္းစားယူဖို႔ကို ခဏေမ့ထားပါ။ စိန႔္လူ႔ခ္ (St. Luke) တကၠသိုလ္ရဲ႕ဥကၠဌအဖြဲ႕ဝင္ ျဖစ္တဲ့ ေဒါက္တာဟိႏိုဟရဟာ သူ႔ရဲ႕အသက္ရွည္ရွည္ေနရၿပီး က်နး္မာတဲ့ဘဝတစ္ခုပိုင္ဆိုင္ဖို႔လ်ိဳ႕ဝွက္ခ်က္ဟာ အနားမယူတာပဲျဖစ္ပါတယ္လို႔ ဆိုပါတယ္။

မ်က္စိလည္မသြားခင္ ဒါေလးေတြစဥ္းစားၾကည့္ပါ။ အသက္ ၆၅ ႏွစ္မွာ ပင္စင္ယူသူေတြရဲ႕ပွ်မ္းမွ်အသက္ဟာ ၆၈ပါ။ အခုဆိုရင္ လူေတြက ပိုၿပီးအသက္ရွည္ရွည္ေနလိုၾကပါတယ္။ ဒါဆို ေဒါက္တာအႀကံေပးသလိုလုပ္ၾကည့္သင့္ပါတယ္။ ကိုယ့္မွာလုပ္စရာအလုပ္ေတြ ရွိေနျခင္းအားျဖင့္ ရည္႐ြယ္ခ်က္တစ္ခုခုရွိေနသလို ခံစားရၿပီး စိတ္အင္အားျဖစ္ေစပါတယ္။ ေဒါက္တာဟိႏိုဟရရဲ႕ အသက္ ၁၀၅ ႏွစ္ကာလအတြင္းမွာ လူနာေပါင္းမ်ားစြာအသက္ကို ကယ္တင္ေစာင့္ေရွာက္ခဲ့ၿပီး တစ္ေန႔ကို ၁၈နာရီအထိ အလုပ္လုပ္ခဲ့ပါတယ္။ ဒါကသူ႔ကို အသက္ရွည္ေစတဲ့ ေမွ်ာ္လင့္ခ်က္တစ္ခု တြန္းအားတစ္ခု ျဖစ္ခဲ့ပါတယ္။

ေဒါက္တာဟိႏိုဟရရဲ႕ အစီအစဥ္အတိုင္းပဲ အနားယူဖို႔ အသင့္ေတာ္ဆုံးအခ်ိန္ဟာ ဘယ္ေတာ့မွ အနားမယူျခင္းပါပဲ။ နားလဲနား၊ အလုပ္လဲလုပ္ပါ။ လုံးဝႀကီး အၿငိမ္းစားမယူသင့္ပါဘူး။ ဒီေန႔အတြက္ မနက္ျဖန္အတြက္ သန္ဘက္ခါအတြက္ အစီအစဥ္ေတြခ်မွတ္ရင္း အသက္ရွည္ရွည္ေနႏိုင္ပါတယ္။ ကိုယ့္မွာလုပ္စရာအလုပ္ရွိေနတယ္ဆိုတဲ့ ခံစားခ်က္ဟာ လူတစ္ေယာက္ကို မသိမသာေမွ်ာ္လင့္ခ်က္ေပးပါတယ္။ ဒါ့ေၾကာင့္ ေဒါက္တာဟိႏိုဟရလို အသက္ရွည္ရွည္ေနခ်င္ရင္ေတာ့ လုံးဝႀကီး ေျခပစ္လက္ပစ္ အၿငိမ္းစားမယူလိုက္ပါနဲ႔။

Ref: Reader’s Digest : This is the Perfect Age to Retire, According to Science


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Sophia (ရုိးရာေလး)

#Unicode Version#
အငြိမ်းစားယူဖို့ အသင့်တော်ဆုံးအရွယ်

ဂျပန်လူမျိုးဆရာဝန်တစ်ယောက်ကပြောပါတယ်။ လူတွေသတ်မှတ်ထားတဲ့ အငြိမ်းစားယူရမယ့် ပျှမ်းမျှအသက်အရွယ်ဟာ မှားယွင်းနေပါတယ်တဲ့။

အငြိမ်းစားယူဖို့အချိန်ကို ထိုင်စောင့်နေပါသလား။ ဒါဆိုရင်တော့ ပင်စင်စားဖို့အကြံကို ခေါင်းထဲကထုတ်လိုက်ပါ။ ဒေါက်တာ ရှိဂဲအာခိဟိနိုဟရ(Shigeaki Hinohara) ရဲ့အဆိုအရ အငြိမ်းစားယူဖို့ပဲ တွေးမနေပါနဲ့။ အသက် ၆၅ မှာအငြိမ်းစားယူဖို့ကို ခဏမေ့ထားပါ။ စိန့်လူ့ခ် (St. Luke) တက္ကသိုလ်ရဲ့ဥက္ကဌအဖွဲ့ဝင် ဖြစ်တဲ့ ဒေါက်တာဟိနိုဟရဟာ သူ့ရဲ့အသက်ရှည်ရှည်နေရပြီး ကျန်းမာတဲ့ဘဝတစ်ခုပိုင်ဆိုင်ဖို့လျို့ဝှက်ချက်ဟာ အနားမယူတာပဲဖြစ်ပါတယ်လို့ ဆိုပါတယ်။

မျက်စိလည်မသွားခင် ဒါလေးတွေစဉ်းစားကြည့်ပါ။ အသက် ၆၅ နှစ်မှာ ပင်စင်ယူသူတွေရဲ့ပျှမ်းမျှအသက်ဟာ ၆၈ပါ။ အခုဆိုရင် လူတွေက ပိုပြီးအသက်ရှည်ရှည်နေလိုကြပါတယ်။ ဒါဆို ဒေါက်တာအကြံပေးသလိုလုပ်ကြည့်သင့်ပါတယ်။ ကိုယ့်မှာလုပ်စရာအလုပ်တွေ ရှိနေခြင်းအားဖြင့် ရည်ရွယ်ချက်တစ်ခုခုရှိနေသလို ခံစားရပြီး စိတ်အင်အားဖြစ်စေပါတယ်။ ဒေါက်တာဟိနိုဟရရဲ့ အသက် ၁၀၅ နှစ်ကာလအတွင်းမှာ လူနာပေါင်းများစွာအသက်ကို ကယ်တင်စောင့်ရှောက်ခဲ့ပြီး တစ်နေ့ကို ၁၈နာရီအထိ အလုပ်လုပ်ခဲ့ပါတယ်။ ဒါကသူ့ကို အသက်ရှည်စေတဲ့ မျှော်လင့်ချက်တစ်ခု တွန်းအားတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒေါက်တာဟိနိုဟရရဲ့ အစီအစဉ်အတိုင်းပဲ အနားယူဖို့ အသင့်တော်ဆုံးအချိန်ဟာ ဘယ်တော့မှ အနားမယူခြင်းပါပဲ။ နားလဲနား၊ အလုပ်လဲလုပ်ပါ။ လုံးဝကြီး အငြိမ်းစားမယူသင့်ပါဘူး။ ဒီနေ့အတွက် မနက်ဖြန်အတွက် သန်ဘက်ခါအတွက် အစီအစဉ်တွေချမှတ်ရင်း အသက်ရှည်ရှည်နေနိုင်ပါတယ်။ ကိုယ့်မှာလုပ်စရာအလုပ်ရှိနေတယ်ဆိုတဲ့ ခံစားချက်ဟာ လူတစ်ယောက်ကို မသိမသာမျှော်လင့်ချက်ပေးပါတယ်။ ဒါ့ကြောင့် ဒေါက်တာဟိနိုဟရလို အသက်ရှည်ရှည်နေချင်ရင်တော့ လုံးဝကြီး ခြေပစ်လက်ပစ် အငြိမ်းစားမယူလိုက်ပါနဲ့။

Ref: Reader’s Digest : This is the Perfect Age to Retire, According to Science




ဖိုးသူတော် (www.phothutaw.com)
Credit: Sophia (ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top