ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဆံပင္သန္စြမ္းနက္ေမွာင္ေစဖို့ သဘာ၀နည္းလမ္းေတြထဲက Onion Juice
ေခၚတဲ့ ၾကက္သြန္နီရည္ နည္းလမ္းပါ။
(၁) ၾကက္သြန္နီ ၃ လံုး ၄ လံုးေလာက္ကို အခြံခြာၿပီး ေရစင္စင္ေဆးပါ။
(၂) အခြံခြာၿပီးသားကို အတံုးေသးေလးေတြ လွီးၿပီးေတာ့ blender ႀကိတ္စက္ ေမႊစက္ထဲ ထည့္ႀကိတ္ၿပီး အရည္ညႇစ္ထုတ္လိုက္ပါ။
(၃) အဲဒီၾကက္သြန္နီအရည္ကို ဦးေရျပားေပၚ တိုက္ရိုက္ထည့္ၿပီး ခပ္သာသာေလး ႏွိပ္နယ္ေပးရပါမယ္။
(၄) ဆံပင္အျမစ္ေတြနဲ႔ ဦးေရျပားေပၚကို ပိုဆြတ္ေပးပါ။ ၾကက္သြန္နီရည္ ဆြတ္ၿပီး တစ္နာရီေလာက္ေတာ့ ထားရပါမယ္။
(၅) ၿပီးရင္ေတာ့ ရိုးရိုးေရနဲ႔ ေဆးခ်လိုက္ၿပီး ေခါင္းေလွ်ာ္ရည္ ခပ္ေပ်ာ့ေပ်ာ့နဲ႔ ေလွ်ာ္ခ်လိုက္ပါ။
အဲလိုမ်ိဳး ရက္ျခား ေခါင္းေလွ်ာ္ေပးရင္ သိပ္မၾကာခင္မွာ ဆံပင္နဲ႔ဦးေရျပားအတြက္ အက်ိဳးထူးလာမွာပါ။
ဘယ္ေတာ့ အက်ိဳးထူးမလဲလို႔ သိခ်င္သူေတြအတြက္ က်ေနာ္တို႔ က်န္းမာေရးသတင္းမ်ား ေပ့ခ်္ကေန ဒီနည္းလမ္းသံုးမယ့္သူေတြကိုလဲ စိတ္ေတာ့ရွည္ေပးပါ လို႔ ရင္းရင္းႏွီးႏွီး ေျပာခ်င္ပါတယ္။ ပံုမွန္ေလး သံုးစြဲသြားရင္ အနည္းဆံုး တစ္လေလာက္ဆို အေျခအေန သိသာလာမွာပါ။
ၾကက္သြန္နီရည္ ကုထံုးကေတာ့ ရိုးရိုးဆံပင္ကၽြတ္တာေတြ၊ ဆံပင္အကြက္လိုက္ ကၽြတ္ၿပီး ထိပ္ေျပာင္တာမ်ိဳးေတြနဲ႔ ဦးေရျပား ယားယံတာမ်ိဳးေတြအတြက္ သက္သာေစပါတယ္။
ၾကက္သြန္နီျဖင့္ ဆံပင္သန္စြမ္းေအာင္ လုပ္ေဆာင္ႏိုင္တဲ့ အျခားနည္းလမ္းမ်ားကိုလည္း ေနာက္ထပ္ေဖာ္ျပေပးသြားပါမယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DATA Doctor

#Unicode Version#
 ဆံပင်သန်စွမ်းနက်မှောင်စေဖို့ သဘာဝနည်းလမ်းတွေထဲက Onion Juice
ခေါ်တဲ့ ကြက်သွန်နီရည် နည်းလမ်းပါ။
(၁) ကြက်သွန်နီ ၃ လုံး ၄ လုံးလောက်ကို အခွံခွာပြီး ရေစင်စင်ဆေးပါ။
(၂) အခွံခွာပြီးသားကို အတုံးသေးလေးတွေ လှီးပြီးတော့ blender ကြိတ်စက် မွှေစက်ထဲ ထည့်ကြိတ်ပြီး အရည်ညှစ်ထုတ်လိုက်ပါ။
(၃) အဲဒီကြက်သွန်နီအရည်ကို ဦးရေပြားပေါ် တိုက်ရိုက်ထည့်ပြီး ခပ်သာသာလေး နှိပ်နယ်ပေးရပါမယ်။
(၄) ဆံပင်အမြစ်တွေနဲ့ ဦးရေပြားပေါ်ကို ပိုဆွတ်ပေးပါ။ ကြက်သွန်နီရည် ဆွတ်ပြီး တစ်နာရီလောက်တော့ ထားရပါမယ်။
(၅) ပြီးရင်တော့ ရိုးရိုးရေနဲ့ ဆေးချလိုက်ပြီး ခေါင်းလျှော်ရည် ခပ်ပျော့ပျော့နဲ့ လျှော်ချလိုက်ပါ။
အဲလိုမျိုး ရက်ခြား ခေါင်းလျှော်ပေးရင် သိပ်မကြာခင်မှာ ဆံပင်နဲ့ဦးရေပြားအတွက် အကျိုးထူးလာမှာပါ။
ဘယ်တော့ အကျိုးထူးမလဲလို့ သိချင်သူတွေအတွက် ကျနော်တို့ ကျန်းမာရေးသတင်းများ ပေ့ချ်ကနေ ဒီနည်းလမ်းသုံးမယ့်သူတွေကိုလဲ စိတ်တော့ရှည်ပေးပါ လို့ ရင်းရင်းနှီးနှီး ပြောချင်ပါတယ်။ ပုံမှန်လေး သုံးစွဲသွားရင် အနည်းဆုံး တစ်လလောက်ဆို အခြေအနေ သိသာလာမှာပါ။
ကြက်သွန်နီရည် ကုထုံးကတော့ ရိုးရိုးဆံပင်ကျွတ်တာတွေ၊ ဆံပင်အကွက်လိုက် ကျွတ်ပြီး ထိပ်ပြောင်တာမျိုးတွေနဲ့ ဦးရေပြား ယားယံတာမျိုးတွေအတွက် သက်သာစေပါတယ်။
ကြက်သွန်နီဖြင့် ဆံပင်သန်စွမ်းအောင် လုပ်ဆောင်နိုင်တဲ့ အခြားနည်းလမ်းများကိုလည်း နောက်ထပ်ဖော်ပြပေးသွားပါမယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: DATA Doctor
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top