ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

အာဆီယံ+၃ (Asean+3) သီခ်င္းဆိုၿပိဳင္ပဲြတြင္ ‘ေမွ်ာ္လင့္ခ်က္တစ္စုံတစ္ရာ’   သီခ်င္း ျဖင့္  ဒုတိယဆုရခဲ့ေသာ   နီနီခင္ ေဇာ္၏    ၿပိဳင္ပဲြ၀င္ေဖ်ာ္ေျဖမႈႏွင့္ ပတ္သက္၍    လူမႈကြန္ရက္တြင္ ေ၀ဖန္မႈမ်ား ထြက္ေပၚေနသည္။

နီနီခင္ေဇာ္သည္ သီဆိုယွဥ္ ၿပိဳင္ေနခ်ိန္တြင္ ေနာက္ခံပ႐ိုဂ်က္ တာေပၚ၌ ေဒၚေအာင္ဆန္းစု ၾကည္၏ ပုံရိပ္မ်ားျဖင့္ ျပသေဖ်ာ္ ေျဖသည့္အေပၚ ေ၀ဖန္မႈမ်ား ထြက္ေပၚခဲ့သည္။

၎၏ၿပိဳင္ပဲြ၀င္အရည္အ ခ်င္းႏွင့္ ဒုတိယဆုရရွိသည့္အေပၚ ပရိသတ္မ်ားအားေပးခဲ့ၾကေသာ္ လည္း ေဒၚေအာင္ဆန္းစုၾကည္ပုံ ႏွင့္ တဲြဖက္ေဖ်ာ္ေျဖသည့္အေပၚ ေ၀ဖန္ေနၾကသည္။

အဆုိေတာ္ နီနီခင္ေဇာ္သည္ ‘‘ေမွ်ာ္လင့္ခ်က္တစ္စုံတစ္ရာ’’သီ ခ်င္းထြက္ခဲ့စဥ္က ေဒၚေအာင္ဆန္း စုၾကည္ကို ရည္ရြယ္ျခင္းမဟုတ္ ဘူးဟု အင္တာဗ်ဴးအခ်ဳိ႕တြင္ ေျဖ ဆုိခဲ့ၿပီး အာဆီယံသီခ်င္းဆုိၿပိဳင္ပဲြ ၌ ေဒၚေအာင္ဆန္းစုၾကည္ပုံကို ေနာက္ခံထားၿပီး တဲြဖက္ေဖ်ာ္ေျဖ သည့္အေပၚ အဓိကေ၀ဖန္ၾက သည္။၎အသုံးျပဳသည့္ နီနီခင္ ေဇာ္ေပ့ခ်္တြင္ေတာ့‘‘ျမန္မာႏုိင္ငံ အတြက္ ေမွ်ာ္လင့္ခ်က္တစ္စုံ တစ္ရာသီခ်င္းနဲ႔ Asean Song Contest မွာ 1st Runner Up ဆု ရခဲ့ပါၿပီ။ Semi Final နဲ႔ Final ႏွစ္ ဆင့္ၿပိဳင္ခဲ့ပါတယ္။ ေတးသီခ်င္း မ်ား သီဆုိခြင့္ေပးတဲ့ ကိုေဆာင္း ဦးလႈိင္နဲ႔ Semi Final မွာ ႏႈတ္ ဆက္ထြက္ခြာျခင္းကို သီဆုိခြင့္ ေပးခဲ့တဲ့ ဆရာေစာခူဆဲ၊ စိတ္ခြန္ အားေပးယွဥ္ၿပိဳင္ဖုိ႔ အားေပးခဲ့တဲ့ ဆရာေရႊ၊ Music Producer ဆရာ ဓီရာမိုရ္ႏွင့္ကိုမ်ဳိးေဇာ္ထက္၊ သူ ငယ္ခ်င္းအတြက္ အားပါးတရကူ ေပးတဲ့ ကိုေအာင္ထက္၊ Dress မပုံ႔၊ LED အတြက္ ျပင္ဆင္ေပးသူမ်ားအားလုံး၊  အဘက္ဘက္မွကူညီေပးသူမ်ားအားလုံး၊ ျမန္မာျပည္မွ အားေပးေနတဲ့ ပရိသတ္မ်ားအားလုံးကို  အထူးေက်းဇူးတင္ပါ တယ္။ အေကာင္းဆုံးႀကိဳးစားမႈကို ေက်နပ္လိမ့္မယ္ထင္ပါတယ္ ရွင္။ မနက္ျဖန္ ညေန ၆ နာရီ ၁၅ မိနစ္အေရာက္ Vietnam Airline ႏွင့္အတူတူဆုကို ျမန္မာျပည္ျပန္ သယ္လာခဲ့ပါ့မယ္’’ဟု ေရးသား ထားသည္။

အဆုိပါ ပဲြတြင္ ျမန္မာႏုိင္ငံ မွ အဆုိေတာ္ နီနီခင္ေဇာ္အျပင္ ေအာင္ထက္ပါ သြားေရာက္ယွဥ္ ၿပိဳင္ခဲ့ၿပီး အဆုိေတာ္ေအာင္ထက္ သည္ စႏၵားဦးလွထြဋ္၏ ‘အခ်စ္ ဘယ္ကစ’ သီခ်င္းျဖင့္ ယွဥ္ၿပိဳင္ ရာတြင္ လူႀကိဳက္အမ်ားဆုံးဆုုကို ရရွိခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily
#Unicode Version#
အာဆီယံ+၃ (Asean+3) သီချင်းဆိုပြိုင်ပွဲတွင် ‘မျှော်လင့်ချက်တစ်စုံတစ်ရာ’   သီချင်း ဖြင့်  ဒုတိယဆုရခဲ့သော   နီနီခင် ဇော်၏    ပြိုင်ပွဲဝင်ဖျော်ဖြေမှုနှင့် ပတ်သက်၍    လူမှုကွန်ရက်တွင် ဝေဖန်မှုများ ထွက်ပေါ်နေသည်။

နီနီခင်ဇော်သည် သီဆိုယှဉ် ပြိုင်နေချိန်တွင် နောက်ခံပရိုဂျက် တာပေါ်၌ ဒေါ်အောင်ဆန်းစု ကြည်၏ ပုံရိပ်များဖြင့် ပြသဖျော် ဖြေသည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

၎င်း၏ပြိုင်ပွဲဝင်အရည်အ ချင်းနှင့် ဒုတိယဆုရရှိသည့်အပေါ် ပရိသတ်များအားပေးခဲ့ကြသော် လည်း ဒေါ်အောင်ဆန်းစုကြည်ပုံ နှင့် တွဲဖက်ဖျော်ဖြေသည့်အပေါ် ဝေဖန်နေကြသည်။

အဆိုတော် နီနီခင်ဇော်သည် ‘‘မျှော်လင့်ချက်တစ်စုံတစ်ရာ’’သီ ချင်းထွက်ခဲ့စဉ်က ဒေါ်အောင်ဆန်း စုကြည်ကို ရည်ရွယ်ခြင်းမဟုတ် ဘူးဟု အင်တာဗျူးအချို့တွင် ဖြေ ဆိုခဲ့ပြီး အာဆီယံသီချင်းဆိုပြိုင်ပွဲ ၌ ဒေါ်အောင်ဆန်းစုကြည်ပုံကို နောက်ခံထားပြီး တွဲဖက်ဖျော်ဖြေ သည့်အပေါ် အဓိကဝေဖန်ကြ သည်။၎င်းအသုံးပြုသည့် နီနီခင် ဇော်ပေ့ချ်တွင်တော့‘‘မြန်မာနိုင်ငံ အတွက် မျှော်လင့်ချက်တစ်စုံ တစ်ရာသီချင်းနဲ့ Asean Song Contest မှာ 1st Runner Up ဆု ရခဲ့ပါပြီ။ Semi Final နဲ့ Final နှစ် ဆင့်ပြိုင်ခဲ့ပါတယ်။ တေးသီချင်း များ သီဆိုခွင့်ပေးတဲ့ ကိုဆောင်း ဦးလှိုင်နဲ့ Semi Final မှာ နှုတ် ဆက်ထွက်ခွာခြင်းကို သီဆိုခွင့် ပေးခဲ့တဲ့ ဆရာစောခူဆဲ၊ စိတ်ခွန် အားပေးယှဉ်ပြိုင်ဖို့ အားပေးခဲ့တဲ့ ဆရာရွှေ၊ Music Producer ဆရာ ဓီရာမိုရ်နှင့်ကိုမျိုးဇော်ထက်၊ သူ ငယ်ချင်းအတွက် အားပါးတရကူ ပေးတဲ့ ကိုအောင်ထက်၊ Dress မပုံ့၊ LED အတွက် ပြင်ဆင်ပေးသူများအားလုံး၊  အဘက်ဘက်မှကူညီပေးသူများအားလုံး၊ မြန်မာပြည်မှ အားပေးနေတဲ့ ပရိသတ်များအားလုံးကို  အထူးကျေးဇူးတင်ပါ တယ်။ အကောင်းဆုံးကြိုးစားမှုကို ကျေနပ်လိမ့်မယ်ထင်ပါတယ် ရှင်။ မနက်ဖြန် ညနေ ၆ နာရီ ၁၅ မိနစ်အရောက် Vietnam Airline နှင့်အတူတူဆုကို မြန်မာပြည်ပြန် သယ်လာခဲ့ပါ့မယ်’’ဟု ရေးသား ထားသည်။

အဆိုပါ ပွဲတွင် မြန်မာနိုင်ငံ မှ အဆိုတော် နီနီခင်ဇော်အပြင် အောင်ထက်ပါ သွားရောက်ယှဉ် ပြိုင်ခဲ့ပြီး အဆိုတော်အောင်ထက် သည် စန္ဒားဦးလှထွဋ်၏ ‘အချစ် ဘယ်ကစ’ သီချင်းဖြင့် ယှဉ်ပြိုင် ရာတွင် လူကြိုက်အများဆုံးဆုုကို ရရှိခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top