ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

မိန္းကေလးတိုင္း မိတ္ကပ္မပါဘဲ လွေနမယ္ဆိုရင္ သေဘာက် ႏွစ္ၿခိဳက္ၾကမွာပါ။ မိတ္ကပ္လိမ္းတာဟာ သင့္ကိုပိုမိုလွပေစမယ္ဆိုတာေတာ့ ဘယ္သူမွ ျငင္းလို႔မရပါဘူး။ ဒါေပမယ့္လည္း မိတ္ကပ္မပါဘဲ ဒီအတိုင္းေလး အသားအေရ ၾကည္ၾကည္ေလးနဲ႔ လွေနေစဖို႔အတြက္ နည္းလမ္းေကာင္းေလးေတြကို မွ်ေ၀ေပးခ်င္ပါတယ္။

၁။ မ်က္ႏွာကို ေသခ်ာ သန္႔ရွင္းေရးလုပ္ပါ

မ်က္ႏွာကို ေသခ်ာ သန္႔ရွင္းေရးလုပ္ပါ။ မ်က္ႏွာမွာ မိတ္ကပ္လိမ္းၿပီးရင္ မ်က္ႏွာကို ေသခ်ာသစ္ေပးဖို႔လိုပါတယ္။ မနက္တစ္ႀကိမ္ ညတစ္ႀကိမ္ေတာ့ မ်က္ႏွာကို ေသခ်ာ သန္႔ရွင္းေရးလုပ္ေပးပါ။

၂။ Moisturizer လိမ္းပါ

မ်က္ႏွာသစ္ သန္႔ရွင္းေရးလုပ္ၿပီးဆာနဲ႔ Moisturizer ေသခ်ာလိမ္းေပးပါ။ Moisturizer လိမ္းေပးတဲ့အခါ အရည္အေသြးျမွင့္တဲ့ ကုန္ပစၥည္းကို အသံုးျပဳေပးဖို႔လိုပါတယ္။ ကိုယ့္ရဲ႕ အသားအေရနဲ႔ သင့္ေတာ္တဲ့ အလွကုန္ပစၥည္းေတြကို ေသခ်ာေရြးခ်ယ္သံုးတတ္ဖို႔လိုပါတယ္။ အသားအေရက ၀က္ၿခံထြက္တတ္တယ္။ အဆီအရမ္းျပန္တတ္တယ္ဆိုရင္ေတာ့ အဆီမပါတဲ့ Moisturizer လိမ္းေပးပါ။

၃။ မ်က္ႏွာကို တစ္ပတ္ ၃ ႀကိမ္ ေခ်းခၽြတ္ပါ

မ်က္ႏွာကို တစ္ပတ္မွာ ၃ႀကိမ္ေလာက္ ေခ်းခၽြတ္တာမ်ိဳးလုပ္ေပးပါ။ မ်က္ႏွာေပၚက ဆဲလ္ေသေတြကို ဖယ္ရွားေပးဖို႔လိုအပ္ပါတယ္။ ဒါမွ ဆဲလ္သစ္ေတြ ျပန္ၿပီး ရွင္သန္လာမွာပါ။ သင့္အသားအေရကို ပိုမို စိုေျပ က်န္းမာေစမွာျဖစ္ပါတယ္။ တစ္ပတ္ကို ၂ ႀကိမ္ေလာက္ သဘာ၀ အသီးအရြက္ေတြနဲ႔ ေပါင္းတင္ေပးပါ။

၄။ Toner လိမ္းေပးပါ

Toner ဟာ အသားအေရ သန္႔ရွင္းေရးအတြက္ အသံုးျပဳေပးသင့္ပါတယ္။ အထူးသျဖင့္ေတာ့ အဆီျပန္တဲ့ သူေတြ အထူးထုတ္လုပ္ထားတဲ့ တိုနာဟာ သင့္မ်က္ႏွာေပၚက အဆီပိုေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။ တိုနာကို ေန႔စဥ္လိမ္းေပးမယ္ဆိုရင္ အသားအေရကို ပိုမို ေခ်ာမြတ္ေစပါတယ္။

၅။ Sunscreen လိမ္းေပးပါ

ေန႔တိုင္း Sunscreen လိမ္းေပးတာဟာ သင့္အသားအေရအတြက္ ေကာင္းမြန္ေစပါတယ္။ သင့္အသားအေရ ထိခိုက္ပ်က္စီးျခင္းကေန ကာကြယ္ေပးၿပီး အေရျပား ကင္ဆာ ျဖစ္ပြားမႈကေနလည္း ကာကြယ္ေပးပါတယ္။

၆။ လတ္ဆတ္တဲ့ အသီးေဖ်ာ္ရည္ေတြေသာက္ပါ

အသီးေဖ်ာ္ရည္ လတ္လတ္ဆတ္ဆတ္ေသာက္ေပးပါ။ ဥပမာ ပန္းသီး လိေမၼာ္သီး စပ်စ္သီး စတဲ့အသီးေဖ်ာ္ရည္ေတြကို ေသာက္ေပးတာဟာ သင့္မ်က္ႏွာအသားအေရကို စိုေျပလာေစပါတယ္။ အသီးေဖ်ာ္ရည္ကို တစ္ေန႔ ၂ ႀကိမ္ေလာက္ေသာက္ေပးပါ။

၇။ ေရမ်ားမ်ားေသာက္ပါ

တစ္ေန႔ကို ေရ အနည္းဆံုး ၈ ခြက္ေလာက္ေသာက္ေပးတာဟာ သင့္အသားအေရကို ေရဓာတ္ျဖည့္တင္းၿပီး အသားအေရ စိုေျပေစပါတယ္။ သင့္က်န္းမာေရးအတြက္လည္း ေကာင္းမြန္ပါတယ္။ မနက္ေစာေစာ အိပ္ယာႏိုးႏိုးခ်င္း ေရ ၁ လီတာေလာက္ ေသာက္ေပးပါ။

၈။ သံပုရာသီး (သို႔) သံပုယုိသီးနဲ႔ ေရေႏြးေရာေသာက္ပါ

ေရေႏြးထဲကို သံပုရာသီး အရည္ညွစ္ သၾကားနည္းနည္းထည့္ၿပီး မနက္ေစာေစာ ေသာက္ေပးပါ။ ေန႔စဥ္လုပ္ေပးမယ္ဆိုရင္ သင့္အသားအေရလည္း လွပၾကည္လင္လာမွာပါ။

၉။ မ်က္ႏွာကို ခဏခဏ ထိျခင္းကေန ေရွာင္ပါ

ျဖစ္ႏိုင္ရင္ မ်က္ႏွာကို ခဏခဏ ထိတာမ်ိဳးမလုပ္ပါနဲ႔။ အဲဒီလို အက်င့္ရွိရင္ ေရွာင္လိုက္ပါ။ မ်က္ႏွာေပၚက အညစ္အေၾကးေတြဟာ မ်က္ႏွာေပၚထိေတြ႔မိရင္ အဆီျပန္ၿပီး ၀က္ၿခံထြက္ေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mystylemyanmar

#Unicode Version#
မိန်းကလေးတိုင်း မိတ်ကပ်မပါဘဲ လှနေမယ်ဆိုရင် သဘောကျ နှစ်ခြိုက်ကြမှာပါ။ မိတ်ကပ်လိမ်းတာဟာ သင့်ကိုပိုမိုလှပစေမယ်ဆိုတာတော့ ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဒါပေမယ့်လည်း မိတ်ကပ်မပါဘဲ ဒီအတိုင်းလေး အသားအရေ ကြည်ကြည်လေးနဲ့ လှနေစေဖို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ မျက်နှာကို သေချာ သန့်ရှင်းရေးလုပ်ပါ

မျက်နှာကို သေချာ သန့်ရှင်းရေးလုပ်ပါ။ မျက်နှာမှာ မိတ်ကပ်လိမ်းပြီးရင် မျက်နှာကို သေချာသစ်ပေးဖို့လိုပါတယ်။ မနက်တစ်ကြိမ် ညတစ်ကြိမ်တော့ မျက်နှာကို သေချာ သန့်ရှင်းရေးလုပ်ပေးပါ။

၂။ Moisturizer လိမ်းပါ

မျက်နှာသစ် သန့်ရှင်းရေးလုပ်ပြီးဆာနဲ့ Moisturizer သေချာလိမ်းပေးပါ။ Moisturizer လိမ်းပေးတဲ့အခါ အရည်အသွေးမြှင့်တဲ့ ကုန်ပစ္စည်းကို အသုံးပြုပေးဖို့လိုပါတယ်။ ကိုယ့်ရဲ့ အသားအရေနဲ့ သင့်တော်တဲ့ အလှကုန်ပစ္စည်းတွေကို သေချာရွေးချယ်သုံးတတ်ဖို့လိုပါတယ်။ အသားအရေက ဝက်ခြံထွက်တတ်တယ်။ အဆီအရမ်းပြန်တတ်တယ်ဆိုရင်တော့ အဆီမပါတဲ့ Moisturizer လိမ်းပေးပါ။

၃။ မျက်နှာကို တစ်ပတ် ၃ ကြိမ် ချေးချွတ်ပါ

မျက်နှာကို တစ်ပတ်မှာ ၃ကြိမ်လောက် ချေးချွတ်တာမျိုးလုပ်ပေးပါ။ မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးဖို့လိုအပ်ပါတယ်။ ဒါမှ ဆဲလ်သစ်တွေ ပြန်ပြီး ရှင်သန်လာမှာပါ။ သင့်အသားအရေကို ပိုမို စိုပြေ ကျန်းမာစေမှာဖြစ်ပါတယ်။ တစ်ပတ်ကို ၂ ကြိမ်လောက် သဘာ၀ အသီးအရွက်တွေနဲ့ ပေါင်းတင်ပေးပါ။

၄။ Toner လိမ်းပေးပါ

Toner ဟာ အသားအရေ သန့်ရှင်းရေးအတွက် အသုံးပြုပေးသင့်ပါတယ်။ အထူးသဖြင့်တော့ အဆီပြန်တဲ့ သူတွေ အထူးထုတ်လုပ်ထားတဲ့ တိုနာဟာ သင့်မျက်နှာပေါ်က အဆီပိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ တိုနာကို နေ့စဉ်လိမ်းပေးမယ်ဆိုရင် အသားအရေကို ပိုမို ချောမွတ်စေပါတယ်။

၅။ Sunscreen လိမ်းပေးပါ

နေ့တိုင်း Sunscreen လိမ်းပေးတာဟာ သင့်အသားအရေအတွက် ကောင်းမွန်စေပါတယ်။ သင့်အသားအရေ ထိခိုက်ပျက်စီးခြင်းကနေ ကာကွယ်ပေးပြီး အရေပြား ကင်ဆာ ဖြစ်ပွားမှုကနေလည်း ကာကွယ်ပေးပါတယ်။

၆။ လတ်ဆတ်တဲ့ အသီးဖျော်ရည်တွေသောက်ပါ

အသီးဖျော်ရည် လတ်လတ်ဆတ်ဆတ်သောက်ပေးပါ။ ဥပမာ ပန်းသီး လိမ္မော်သီး စပျစ်သီး စတဲ့အသီးဖျော်ရည်တွေကို သောက်ပေးတာဟာ သင့်မျက်နှာအသားအရေကို စိုပြေလာစေပါတယ်။ အသီးဖျော်ရည်ကို တစ်နေ့ ၂ ကြိမ်လောက်သောက်ပေးပါ။

၇။ ရေများများသောက်ပါ

တစ်နေ့ကို ရေ အနည်းဆုံး ၈ ခွက်လောက်သောက်ပေးတာဟာ သင့်အသားအရေကို ရေဓာတ်ဖြည့်တင်းပြီး အသားအရေ စိုပြေစေပါတယ်။ သင့်ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။ မနက်စောစော အိပ်ယာနိုးနိုးချင်း ရေ ၁ လီတာလောက် သောက်ပေးပါ။

၈။ သံပုရာသီး (သို့) သံပုယိုသီးနဲ့ ရေနွေးရောသောက်ပါ

ရေနွေးထဲကို သံပုရာသီး အရည်ညှစ် သကြားနည်းနည်းထည့်ပြီး မနက်စောစော သောက်ပေးပါ။ နေ့စဉ်လုပ်ပေးမယ်ဆိုရင် သင့်အသားအရေလည်း လှပကြည်လင်လာမှာပါ။

၉။ မျက်နှာကို ခဏခဏ ထိခြင်းကနေ ရှောင်ပါ

ဖြစ်နိုင်ရင် မျက်နှာကို ခဏခဏ ထိတာမျိုးမလုပ်ပါနဲ့။ အဲဒီလို အကျင့်ရှိရင် ရှောင်လိုက်ပါ။ မျက်နှာပေါ်က အညစ်အကြေးတွေဟာ မျက်နှာပေါ်ထိတွေ့မိရင် အဆီပြန်ပြီး ဝက်ခြံထွက်စေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top