ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ကၽြန္ေတာ္တို႔ နိုင္ငံမွာေတာ့ မ်ားေသာအားျဖင့္ အသက္ ၅၅ ႏွစ္ေလာက္ ေက်ာ္လာၿပီဆိုရင္ ပတ္ဝန္းက်င္က ဘာမွမလုပ္နိုင္ေတာ့တဲ့ အဖိုႀကီးအဖြားႀကီး စာရင္းသြင္းကာ “အသက္ႀကီးၿပီေလ မနားေသးဘူးလား” “ဒီအရြယ္ ဘုရားသြားေက်ာင္းတက္ လုပ္ရမယ့္အရြယ္” စသည္ျဖင့္ သတ္မွတ္လိုက္ၾကတဲ့အတြက္ အဲဒီလူေတြကိုယ္တိုင္က ငါဘာမွမလုပ္နိုင္ေတာ့ဘူးလို႔ ထင္မွတ္ေနတတ္ၾကပါတယ္။
Image result for Verdun Hayes
တစ္ကယ္ေတာ့ လူ႔တစ္ဦးေတစ္ေယာက္ရဲ့ လုပ္နိုင္ကိုင္နိုင္မွု စြမ္းအားဆိုတာ အသက္ႀကီးမွု ငယ္မွုအေပၚမွာ မူတည္မေနဘူးဆိုတာကို အသက္ ၁၀၁ ႏွစ္အရြယ္ Verdun Hayes က သက္ေသျပနိုင္ခဲ့ပါတယ္။

အဂၤလန္နိုင္ငံရွိ ဒီဗြန္နယ္ေျမေပၚမွ ေပ ၁၅,၀၀၀ အျမင့္ ေလယာဥ္ႏွင့္ ပ်ံသန္းကာ ေလထီးနဲ႔ အလြတ္ခုန္ခ်ခဲ့ၿပီး ေဘးကင္းစြာျဖင့္ ေျမျပင္ေပၚ ဆင္းသက္နိုင္ခဲ့ပါတယ္။ ၂၀၁၃ ခုႏွစ္တုန္းက ကေနဒါနိုင္ငံသား Armand Gendreau ဆိုသူ အသက္ ၁၀၁ ႏွစ္ႏွင့္ ၃ ရက္ ရွိသူက က်ဴ႕ဘက္ေဒသတြက္ ေပ ၁၀,၀၀၀ အျမင့္မွ ေလထီးခုန္နိုင္ခဲ့သည့္အတြက္ ကမၻာ့မွတ္တမ္းဝင္ျဖစ္ခဲ့ဖူးေၾကာင္း စီအန္အန္မွ ေျပာၾကားသည္။
Image result for Verdun Hayes
Hayes က ေလထီးအလြတ္ခုန္ရန္ ဆႏၵကို သူအသက္ ၉၀ ဝန္းက်င္က စတင္လုပ္ခ်င္ခဲ့ေသာ္လည္း သူ၏ ဇနီးသည္က သူမေနာက္ဆုံးထြက္သက္ ေရာက္သည္ထိ ခြင့္မျပဳခဲ့ေပ။

ဒုတိယကမၻာစစ္က စစ္မွုထမ္းေဟာင္းတစ္ဦးလည္း ျဖစ္တဲ့ Hayes က သူ႔ရဲ့ မႏွစ္က ရာျပည့္ေမြးေန႔အထိမ္းအမွတ္အျဖစ္ ပထမဦးဆုံးအႀကိမ္ ျပန္လည္၍ ေလထီးခုန္ခ်ျပခဲ့ပါတယ္။
“လူအေတာ္မ်ားမ်ားက ကၽြန္ေတာ့ကိုေမးကတယ္ ဒီေလာက္အသက္ရွည္ေအာင္ ဘယ္လိုေနထိုင္ခဲ့လဲေပါ့လို႔ ၊ ဒီလိုပဲ အသက္ရွုေနလိုက္တာပဲလို႔ ကၽြန္ေတာ္ျပန္ေျဖခဲ့တယ္” ဟု တယ္လီဂရက္နဲ႔ အင္တာဗ်ဴးတစ္ခုမွ ျပန္ေျဖၾကားခဲ့ပါတယ္။

Hayes ရဲ့ ယခုႏွစ္ေလထီးခုန္ျပမွုဟာ ၿဗိတိသၽွေတာ္ဝင္စစ္တပ္အတြက္ ေငြေၾကးေထာက္ပံ့မွု ျမင့္တက္ခဲ့တယ္လို႔ စစ္မွုထမ္းေဟာင္းမ်ား ေထာက္ပံ့မွုအဖြဲ႕မွ ေျပာၾကားခဲ့ပါတယ္။ ဒီေလထီးခုန္ပြဲမွာ Hayes ရဲ့ မိသားစုဝင္ေတြက ဂုဏ္ယူဝမ္းေျမာက္စြာ အတူပါဝင္အားေပးခဲ့ၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#
ကျွန်တော်တို့ နိုင်ငံမှာတော့ များသောအားဖြင့် အသက် ၅၅ နှစ်လောက် ကျော်လာပြီဆိုရင် ပတ်ဝန်းကျင်က ဘာမှမလုပ်နိုင်တော့တဲ့ အဖိုကြီးအဖွားကြီး စာရင်းသွင်းကာ “အသက်ကြီးပြီလေ မနားသေးဘူးလား” “ဒီအရွယ် ဘုရားသွားကျောင်းတက် လုပ်ရမယ့်အရွယ်” စသည်ဖြင့် သတ်မှတ်လိုက်ကြတဲ့အတွက် အဲဒီလူတွေကိုယ်တိုင်က ငါဘာမှမလုပ်နိုင်တော့ဘူးလို့ ထင်မှတ်နေတတ်ကြပါတယ်။

တစ်ကယ်တော့ လူ့တစ်ဦးတေစ်ယောက်ရဲ့ လုပ်နိုင်ကိုင်နိုင်မှု စွမ်းအားဆိုတာ အသက်ကြီးမှု ငယ်မှုအပေါ်မှာ မူတည်မနေဘူးဆိုတာကို အသက် ၁၀၁ နှစ်အရွယ် Verdun Hayes က သက်သေပြနိုင်ခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံရှိ ဒီဗွန်နယ်မြေပေါ်မှ ပေ ၁၅,၀၀၀ အမြင့် လေယာဉ်နှင့် ပျံသန်းကာ လေထီးနဲ့ အလွတ်ခုန်ချခဲ့ပြီး ဘေးကင်းစွာဖြင့် မြေပြင်ပေါ် ဆင်းသက်နိုင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက ကနေဒါနိုင်ငံသား Armand Gendreau ဆိုသူ အသက် ၁၀၁ နှစ်နှင့် ၃ ရက် ရှိသူက ကျူ့ဘက်ဒေသတွက် ပေ ၁၀,၀၀၀ အမြင့်မှ လေထီးခုန်နိုင်ခဲ့သည့်အတွက် ကမ္ဘာ့မှတ်တမ်းဝင်ဖြစ်ခဲ့ဖူးကြောင်း စီအန်အန်မှ ပြောကြားသည်။

Hayes က လေထီးအလွတ်ခုန်ရန် ဆန္ဒကို သူအသက် ၉၀ ဝန်းကျင်က စတင်လုပ်ချင်ခဲ့သော်လည်း သူ၏ ဇနီးသည်က သူမနောက်ဆုံးထွက်သက် ရောက်သည်ထိ ခွင့်မပြုခဲ့ပေ။

ဒုတိယကမ္ဘာစစ်က စစ်မှုထမ်းဟောင်းတစ်ဦးလည်း ဖြစ်တဲ့ Hayes က သူ့ရဲ့ မနှစ်က ရာပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ပထမဦးဆုံးအကြိမ် ပြန်လည်၍ လေထီးခုန်ချပြခဲ့ပါတယ်။
“လူအတော်များများက ကျွန်တော့ကိုမေးကတယ် ဒီလောက်အသက်ရှည်အောင် ဘယ်လိုနေထိုင်ခဲ့လဲပေါ့လို့ ၊ ဒီလိုပဲ အသက်ရှုနေလိုက်တာပဲလို့ ကျွန်တော်ပြန်ဖြေခဲ့တယ်” ဟု တယ်လီဂရက်နဲ့ အင်တာဗျူးတစ်ခုမှ ပြန်ဖြေကြားခဲ့ပါတယ်။

Hayes ရဲ့ ယခုနှစ်လေထီးခုန်ပြမှုဟာ ဗြိတိသျှတော်ဝင်စစ်တပ်အတွက် ငွေကြေးထောက်ပံ့မှု မြင့်တက်ခဲ့တယ်လို့ စစ်မှုထမ်းဟောင်းများ ထောက်ပံ့မှုအဖွဲ့မှ ပြောကြားခဲ့ပါတယ်။ ဒီလေထီးခုန်ပွဲမှာ Hayes ရဲ့ မိသားစုဝင်တွေက ဂုဏ်ယူဝမ်းမြောက်စွာ အတူပါဝင်အားပေးခဲ့ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top