Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

စတုတ္စီးတီးကို ႐ံႈးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ လာကာဇက္သြင္းယူတဲ့ ဂိုးကို လူကၽြံေဘာအျဖစ္ သတ္မွတ္ခဲ့လို႔ အာဆင္နယ္နည္းျပ အာစင္ဝင္းဂါးဟာ ကြင္းလယ္ဒိုင္ကို ေဒါသထြက္လ်က္ရွိပါတယ္။

ဒီဂိုးကို လူကၽြံေဘာအျဖစ္ ဒိုင္လူႀကီးေတြ ဆံုးျဖတ္လိုက္တာကို သေဘာမတူဘူးလို႔ နည္းျပအာစင္ဝင္းဂါးက ပြဲအၿပီးမွာေျပာပါတယ္။ စတုတ္စီးတီးအသင္းက အာဆင္နယ္ကို ဂ်က္စီ႐ိုဒရီဂြက္ဇ္ရဲ႕ ဂိုးနဲ႔ မထင္မွတ္ပဲဦးေအာင္ေနခ်ိန္မွာ အာဆင္နယ္အသင္းအတြက္ ေခ်ပဂိုးအျဖစ္ ေမွ်ာ္လင့္ႏုိင္မယ့္ဂိုးကို လာကာဇက္က သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လာကာဇက္ဆီ ေဘာလံုးေရာက္လာတဲ့အခ်ိန္မွာ စည္းၾကပ္ဒိုင္က အလံေထာင္လုိက္တာ ျဖစ္ပါတယ္။ “ ကၽြန္ေတာ့္အထင္ေတာ့ဒီဂိုးက လူမကၽြံပါဘူး။ လာကာဇက္ဆီ ေဘာလံုးေရာက္လာတဲ့အခ်ိန္မွာ လူကၽြံမေနပါဘူး” လို႔ အာစင္ဝင္းဂါးကပြဲအၿပီးမွာ ေျပာခဲ့ပါတယ္။

ဒီဂိုးအေၾကာင္းကို BT Sports အားကစား႐ုပ္သံလိုင္းမွာလည္း ေဘာလံုးသမားေဟာင္းေတြျဖစ္တဲ့ မာတင္ကီယြန္နဲ႔ စတီဗင္ဂ်ာရတ္တို႔က ဂေရဟမ္ပူးလ္နဲ႔ အျပင္းအထန္ျငင္းခံုခဲ့ၾကပါေသးတယ္။ ႐ုပ္သံအေႏွး ျပကြက္အရလည္း လာကာဇက္ လူကၽြံတယ္၊ လူမကၽြံဘူးေျပာဖုိ႔ကို အေတာ္႐ႈပ္ေထြးလွတဲ့ အေျခအေန ျဖစ္ပါတယ္။


ေဘာလံုးကို တို႔ထိကစားႏုိင္တဲ့ ဘယ္လို ခႏၶာကိုယ္အစိတ္အပိုင္းမ်ိဳးမဆို ၿပိဳင္ဘက္အသင္းကိုေက်ာ္ၿပီး နည္းနည္းကေလး  ေရွ႕ေရာက္ေနတာနဲ႔ လူကၽြံတယ္လို႔ သတ္မွတ္ရမယ္လို႔ ေဘာလံုးပြဲေဝဖန္သံုးသပ္သူ ျဖစ္တဲ့ ဒိုင္လူႀကီးေဟာင္း ဂေရဟမ္ပူးလ္က ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
စတုတ်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ လာကာဇက်သွင်းယူတဲ့ ဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ခဲ့လို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးဟာ ကွင်းလယ်ဒိုင်ကို ဒေါသထွက်လျက်ရှိပါတယ်။

ဒီဂိုးကို လူကျွံဘောအဖြစ် ဒိုင်လူကြီးတွေ ဆုံးဖြတ်လိုက်တာကို သဘောမတူဘူးလို့ နည်းပြအာစင်ဝင်းဂါးက ပွဲအပြီးမှာပြောပါတယ်။ စတုတ်စီးတီးအသင်းက အာဆင်နယ်ကို ဂျက်စီရိုဒရီဂွက်ဇ်ရဲ့ ဂိုးနဲ့ မထင်မှတ်ပဲဦးအောင်နေချိန်မှာ အာဆင်နယ်အသင်းအတွက် ချေပဂိုးအဖြစ် မျှော်လင့်နိုင်မယ့်ဂိုးကို လာကာဇက်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လာကာဇက်ဆီ ဘောလုံးရောက်လာတဲ့အချိန်မှာ စည်းကြပ်ဒိုင်က အလံထောင်လိုက်တာ ဖြစ်ပါတယ်။ “ ကျွန်တော့်အထင်တော့ဒီဂိုးက လူမကျွံပါဘူး။ လာကာဇက်ဆီ ဘောလုံးရောက်လာတဲ့အချိန်မှာ လူကျွံမနေပါဘူး” လို့ အာစင်ဝင်းဂါးကပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဒီဂိုးအကြောင်းကို BT Sports အားကစားရုပ်သံလိုင်းမှာလည်း ဘောလုံးသမားဟောင်းတွေဖြစ်တဲ့ မာတင်ကီယွန်နဲ့ စတီဗင်ဂျာရတ်တို့က ဂရေဟမ်ပူးလ်နဲ့ အပြင်းအထန်ငြင်းခုံခဲ့ကြပါသေးတယ်။ ရုပ်သံအနှေး ပြကွက်အရလည်း လာကာဇက် လူကျွံတယ်၊ လူမကျွံဘူးပြောဖို့ကို အတော်ရှုပ်ထွေးလှတဲ့ အခြေအနေ ဖြစ်ပါတယ်။


ဘောလုံးကို တို့ထိကစားနိုင်တဲ့ ဘယ်လို ခန္ဓာကိုယ်အစိတ်အပိုင်းမျိုးမဆို ပြိုင်ဘက်အသင်းကိုကျော်ပြီး နည်းနည်းကလေး  ရှေ့ရောက်နေတာနဲ့ လူကျွံတယ်လို့ သတ်မှတ်ရမယ်လို့ ဘောလုံးပွဲဝေဖန်သုံးသပ်သူ ဖြစ်တဲ့ ဒိုင်လူကြီးဟောင်း ဂရေဟမ်ပူးလ်က ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top