ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဝမ္းခ်ဳပ္တာ ဘယ္ေလာက္ဆိုးလဲဆိုတာ ခံစားဖူးသူတိုင္းသိမွာပါ ။ ဒါဟာရွက္စရာမဟုတ္ပါဘူး ။ သို႔ေသာ္ ဂရုေတာ့စိုက္ရပါမယ္ ။ ဝမ္းခ်ဳပ္ျခင္းေၾကာင့္ လိပ္ေခါင္းေရာဂါအထိ ျဖစ္နိုင္ပါတယ္ ။အမွ်င္ဓါတ္နည္းေသာ အစားအစာမ်ားစားျခင္း ၊ စိတ္ဖိစီးမႈမ်ားျခင္းနွင့္ အျခားေသာ အေၾကာင္းအရာေတြေၾကာင့္ ဝမ္းခ်ဳပ္မႈျဖစ္တတ္ပါတယ္ ။ ဒါ့ေၾကာင့္ ဝမ္းခ်ဳပ္ျခင္းကို သက္သာေပ်ာက္ကင္းနိုင္မယ့္ အေနအထိုင္ ၊ အစားအေသာက္ ပုံစံေတြကို ေျပာျပေပးသြားပါ့မယ္ ။

၁။ ေရမ်ားမ်ားေသာက္ေပးပါ။
ေရကေတာ့ ရိုးရွင္းတဲ့ ေရာဂါကုထံုးပါပဲ ။ ေရဓါတ္အလံုအေလာက္ရဖို႔အတြက္
ေရမ်ားမ်ားေသာက္ေပးျခင္းျဖင့္ ခႏၶာကိုယ္တြင္း အစာေျခစနစ္ကိုလည္း ေကာင္းမြန္ေစမွာပါ ။ မနက္အိပ္ရာနိုးတာနဲ႔ မ်က္နွာမသစ္ခင္ ေရတစ္ဖန္ခြက္ ေသာက္တဲ့အက်င့္ကို ေမြးျမဴထားပါ ။ ဒါဟာ မနက္ခင္း ဝမ္းသြားဖို႔ကိုလည္း အေထာက္အကူေပးနိုင္မွာပါ ။ တစ္ေန႔ကို ေရ ၈ ဖန္ခြက္ အနည္းဆံုး ေသာက္သံုးဖို႔ လိုအပ္ပါတယ္ ။

၂။သံလြင္ဆီ
မနက္ခင္း အိပ္ရာနိုးခ်ိန္ သန္႔စင္ေသာ သံလြင္ဆီကို လက္ဖက္ရည္ ၁ဇြန္းခန္႔ စားသံုးေပးရမွာပါ ။ အစာအိမ္ထဲမွာ အစာမရွိခ်ိန္ စားေပးရမွာျဖစ္လို႔ မနက္စာမစားခင္ နာရီဝက္ခန္႔အလိုမွာ စားေပးပါ ။ အခုလို စားသံုးေပးျခင္းျဖင့္ အစာေျခစနစ္ကို ေကာင္းမြန္ေစ၍ အူလမ္းေၾကာင္းအတြက္ ေခ်ာဆီသဖြယ္ လုပ္ေဆာင္ေပးနိုင္ကာ ဓါတ္တိုးဆန္႔က်င္မႈေတြကိုလည္း အေထာက္အကူေပးနိုင္မွာပါ ။

၃။ေကာ္ဖီ
တစ္ခါတစ္ရံမွာ ေကာ္ဖီရဲ႕ အကူအညီကုိလည္း ယူရပါလိမ့္မယ္ ။ အခ်ိဳ႕ေသာသူမ်ားမွာ ေကာ္ဖီေသာက္ျပီးတိုင္း ဝမ္းသြားတတ္တဲ့အက်င့္ ရွိၾကပါတယ္ ။ ကဖင္းဓါတ္ဟာ သဘာဝအတိုင္း အစာေျခစနစ္ကို ေကာင္းမြန္ေစတဲ့ ဂုဏ္သတၱိ ရွိပါတယ္ ။ မနက္တိုင္း ေကာ္ဖီ တစ္ခြက္ (သို႔) နွစ္ခြက္ခန္႔အထိ ေသာက္နိင္ပါသည္။ သို႔ေသာ္ ကဖင္းဓါတ္မ်ားလြန္းလွ်င္လည္း  ေရဓါတ္
ခမ္းေျခာက္နိုင္တဲ့အတြက္ အလြန္အကြ်ံမေသာက္မိဖို႔ေတာ့ လိုအပ္ပါတယ္။

၄။ရွားေစာင္းလက္ပက္မွီဝဲပါ။
မနက္ခင္းတိုင္း သစ္သီးေဖ်ာ္ရည္ ေသာက္တဲ့အခါ ရွားေစာင္းလက္ပက္အႏွစ္ လက္ဖက္ရည္ဇြန္း ၂ဇြန္းခန္႔ ေရာေမႊ၍ ေသာက္ေပးပါ ။ သို႔မဟုတ္ ရွားေစာင္းလက္ပက္ ေဖ်ာ္ရည္တစ္ခြက္ကို ေသာက္သံုးေပးလည္း ရပါတယ္။

၅။အမွ်င္ဓါတ္မ်ားေသာ သစ္သီးစားပါ
သေဘၤာသီး ၊နာနတ္သီး ၊ ဖရဲသီး စသည္တို႔အျပင္ အမွ်င္ဓါတ္မ်ားေသာ သီးသစ္ဝလံမ်ားကို စားသံုးေပးပါ။ အစာေျခစနစ္ကို လြယ္ကူေစနိုင္မယ့္ အစားအစာမ်ိဳးကိုသာ စားသံုးေပးပါ။ ေရေႏြးျဖဴထဲ သံပုယုိရည္ညွစ္ေသာက္ေပးျခင္းျဖင့္လည္း ဝမ္းသြားဖို႔အတြက္ အဆင္ေျပေစမွာပါ။

၆။ ကုိယ္လက္လႈပ္ရွားပါ။
အထိုင္မ်ားသူ ၊ ကိုယ္လက္လႈပ္ရွားမႈမရွိသူတို႔သည္ ဝမ္းခ်ဳပ္မႈ အမ်ားဆံုးျဖစ္နိုင္ပါသည္ ။ ေန႔စဥ္ ၁၅ မိနစ္ ၊ နာရီဝက္ခန္႔ ေလ့က်င့္ခန္း ျပဳလုပ္သင့္ပါသည္ ။ အထူးသျဖင့္ မနက္အိပ္ရာနိုးနိုးခ်င္း ေရေသာက္ျပီးတာနဲ႕ ကိုယ္လက္လႈပ္ရွားမႈ ျပဳေပးနိုင္လ်ွင္ ပိုမိုေကာင္းမြန္ပါတယ္ ။ ထိုင္၍အလုပ္လုပ္ရေသာသူမ်ား အေနျဖင့္လည္း တစ္နာရီျခား တစ္ခါေလာက္ ေရထေသာက္တာမ်ိဳး ၊ လမ္းေလွ်ာက္တာမ်ိဳး ၊အေပါ့အပါးသြားတာမ်ိဳးေတြ ျပဳလုပ္ေပးသင့္ပါတယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: CHAN ( ေရႊအင္းေလး)

#Unicode Version#
ဝမ်းချုပ်တာ ဘယ်လောက်ဆိုးလဲဆိုတာ ခံစားဖူးသူတိုင်းသိမှာပါ ။ ဒါဟာရှက်စရာမဟုတ်ပါဘူး ။ သို့သော် ဂရုတော့စိုက်ရပါမယ် ။ ဝမ်းချုပ်ခြင်းကြောင့် လိပ်ခေါင်းရောဂါအထိ ဖြစ်နိုင်ပါတယ် ။အမျှင်ဓါတ်နည်းသော အစားအစာများစားခြင်း ၊ စိတ်ဖိစီးမှုများခြင်းနှင့် အခြားသော အကြောင်းအရာတွေကြောင့် ဝမ်းချုပ်မှုဖြစ်တတ်ပါတယ် ။ ဒါ့ကြောင့် ဝမ်းချုပ်ခြင်းကို သက်သာပျောက်ကင်းနိုင်မယ့် အနေအထိုင် ၊ အစားအသောက် ပုံစံတွေကို ပြောပြပေးသွားပါ့မယ် ။

၁။ ရေများများသောက်ပေးပါ။
ရေကတော့ ရိုးရှင်းတဲ့ ရောဂါကုထုံးပါပဲ ။ ရေဓါတ်အလုံအလောက်ရဖို့အတွက်
ရေများများသောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်း အစာခြေစနစ်ကိုလည်း ကောင်းမွန်စေမှာပါ ။ မနက်အိပ်ရာနိုးတာနဲ့ မျက်နှာမသစ်ခင် ရေတစ်ဖန်ခွက် သောက်တဲ့အကျင့်ကို မွေးမြူထားပါ ။ ဒါဟာ မနက်ခင်း ဝမ်းသွားဖို့ကိုလည်း အထောက်အကူပေးနိုင်မှာပါ ။ တစ်နေ့ကို ရေ ၈ ဖန်ခွက် အနည်းဆုံး သောက်သုံးဖို့ လိုအပ်ပါတယ် ။

၂။သံလွင်ဆီ
မနက်ခင်း အိပ်ရာနိုးချိန် သန့်စင်သော သံလွင်ဆီကို လက်ဖက်ရည် ၁ဇွန်းခန့် စားသုံးပေးရမှာပါ ။ အစာအိမ်ထဲမှာ အစာမရှိချိန် စားပေးရမှာဖြစ်လို့ မနက်စာမစားခင် နာရီဝက်ခန့်အလိုမှာ စားပေးပါ ။ အခုလို စားသုံးပေးခြင်းဖြင့် အစာခြေစနစ်ကို ကောင်းမွန်စေ၍ အူလမ်းကြောင်းအတွက် ချောဆီသဖွယ် လုပ်ဆောင်ပေးနိုင်ကာ ဓါတ်တိုးဆန့်ကျင်မှုတွေကိုလည်း အထောက်အကူပေးနိုင်မှာပါ ။

၃။ကော်ဖီ
တစ်ခါတစ်ရံမှာ ကော်ဖီရဲ့ အကူအညီကိုလည်း ယူရပါလိမ့်မယ် ။ အချို့သောသူများမှာ ကော်ဖီသောက်ပြီးတိုင်း ဝမ်းသွားတတ်တဲ့အကျင့် ရှိကြပါတယ် ။ ကဖင်းဓါတ်ဟာ သဘာဝအတိုင်း အစာခြေစနစ်ကို ကောင်းမွန်စေတဲ့ ဂုဏ်သတ္တိ ရှိပါတယ် ။ မနက်တိုင်း ကော်ဖီ တစ်ခွက် (သို့) နှစ်ခွက်ခန့်အထိ သောက်နိင်ပါသည်။ သို့သော် ကဖင်းဓါတ်များလွန်းလျှင်လည်း  ရေဓါတ်
ခမ်းခြောက်နိုင်တဲ့အတွက် အလွန်အကျွံမသောက်မိဖို့တော့ လိုအပ်ပါတယ်။

၄။ရှားစောင်းလက်ပက်မှီဝဲပါ။
မနက်ခင်းတိုင်း သစ်သီးဖျော်ရည် သောက်တဲ့အခါ ရှားစောင်းလက်ပက်အနှစ် လက်ဖက်ရည်ဇွန်း ၂ဇွန်းခန့် ရောမွှေ၍ သောက်ပေးပါ ။ သို့မဟုတ် ရှားစောင်းလက်ပက် ဖျော်ရည်တစ်ခွက်ကို သောက်သုံးပေးလည်း ရပါတယ်။

၅။အမျှင်ဓါတ်များသော သစ်သီးစားပါ
သင်္ဘောသီး ၊နာနတ်သီး ၊ ဖရဲသီး စသည်တို့အပြင် အမျှင်ဓါတ်များသော သီးသစ်ဝလံများကို စားသုံးပေးပါ။ အစာခြေစနစ်ကို လွယ်ကူစေနိုင်မယ့် အစားအစာမျိုးကိုသာ စားသုံးပေးပါ။ ရေနွေးဖြူထဲ သံပုယိုရည်ညှစ်သောက်ပေးခြင်းဖြင့်လည်း ဝမ်းသွားဖို့အတွက် အဆင်ပြေစေမှာပါ။

၆။ ကိုယ်လက်လှုပ်ရှားပါ။
အထိုင်များသူ ၊ ကိုယ်လက်လှုပ်ရှားမှုမရှိသူတို့သည် ဝမ်းချုပ်မှု အများဆုံးဖြစ်နိုင်ပါသည် ။ နေ့စဉ် ၁၅ မိနစ် ၊ နာရီဝက်ခန့် လေ့ကျင့်ခန်း ပြုလုပ်သင့်ပါသည် ။ အထူးသဖြင့် မနက်အိပ်ရာနိုးနိုးချင်း ရေသောက်ပြီးတာနဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုပေးနိုင်လျှင် ပိုမိုကောင်းမွန်ပါတယ် ။ ထိုင်၍အလုပ်လုပ်ရသောသူများ အနေဖြင့်လည်း တစ်နာရီခြား တစ်ခါလောက် ရေထသောက်တာမျိုး ၊ လမ်းလျှောက်တာမျိုး ၊အပေါ့အပါးသွားတာမျိုးတွေ ပြုလုပ်ပေးသင့်ပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit: CHAN ( ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top