ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

“Big Country” ဟု လူသိမ်ားေသာ အသက္ ၂၆ ႏွစ္အရြယ္ ကာယဗလခ်ံပီယံ Dallas McCarver ကို ၾသဂုတ္လ ၂၂ ရက္ေန႔က ဖေလာ္ရီဒါရွိ သူ၏ေနအိမ္အခန္းထဲတြင္ ေသဆုံးလၽွက္ ေတြ႕ရွိခဲ့ရသည္။

သူသည္ ေသဆုံးခဲ့သည့္ေန႔မတိုင္မီထိ က်န္မာေရးခ်ိဳ႕ယြင္းမွု တစ္စုံတစ္ရာ မရွိသကဲ့သို႔ အားကစားခန္းမတြင္ ေန႔စဥ္ေလ့က်င့္ေနမွုမ်ားကို အင္စတာဂရမ္မွ အျမဲမျပတ္ ပုံေတြ၊ ဗီဒီယိုေတြ တင္ခဲ့သူလည္းျဖစ္သည္။ သူဟာ ေနာက္တစ္ေန႔မွာ ေသဆုံးေနလိမ့္မယ္လို႔ ဘယ္သူကမွ ဘယ္လိုအေၾကာင္းမ်ိဳးနဲ႔ျဖစ္ျဖစ္ ေတြးမိခဲ့လိမ့္မွာမဟုတ္ပါဘူး။

McCarver ရဲ့ ရည္းစားျဖစ္သူ Brooke က သူတို႔ႏွစ္ေယာက္ အဲဒီေန႔ညမွာ ညစာအတူစားဖို႔ ခ်ိန္းထားၿပီးျဖစ္ေၾကာင္း ေျပာဆိုခဲ့သည္။ McCarver ဟာ ကာယဗလေမာင္အျဖစ္ အသက္ ၂၁ ႏွစ္အရြယ္ထဲက စတင္ခဲ့တာပါ။ အဲဒီေနာက္မွာေတာ့ ၿပိဳင္ပြဲအခ်ိဳ႕ေတြမွာ အနိုင္ရခဲ့ပါတယ္။ ၂၀၁၆ ခုႏွစ္ အိုလံပစ္ေမာင္ ၿပိဳင္ပြဲမွာ အဆင့္ ၈ ေနရာက ရပ္တည္ခဲ့ပါတယ္။

၂၀၁၇ ခုႏွစ္ မတ္လတုန္းက ဝင္ၿပိဳင္ခဲ့တဲ့ Arnold Classic Australia ၿပိဳင္ပြဲမွာ က်န္းမာေရးေဖာက္လာၿပီး ယွဥ္ၿပိဳင္ေနစဥ္ စင္ေပၚမွာ လဲက်ခဲ့ဖူးပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ က်န္းမာေရးဟာ ပုံမွန္ျပန္ျဖစ္ခဲ့ပါတယ္။

ေသဆုံးခဲ့တဲ့ေန႔မွာ သူ႔ရဲ့ သူယ္ခ်င္းျဖစ္သူ ကာယဗလေမာင္ Arnold Lenartowicz က လဲက်ေနတဲ့ အေနအထားနဲ႔ ေတြ႕ခဲ့ၿပီး ေရွးဦးသူနာျပဳနည္းနဲ႔ ကယ္ဆယ္ဖို႔ ႀကိဳးစားေပမယ့္ ေသဆုံးေနၿပီျဖစ္ေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။ အေရးေပၚကို ဆက္သြယ္ခဲ့ၿပီး ဒီၾကားထဲမွာ ပါးစပ္ကေန ေလးမွုတ္သြင္းနည္းနဲ႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ McCarver ရဲ့ လည္ေခ်ာင္းထဲ့မွယ ပန္းေရာင္လိုလိုအရာတစ္ခု တစ္စို႔ေနတာျမင္ခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

McCarver ရဲ့ ႐ုတ္တရက္ ေသဆုံးမွုကို စုံစမ္းစစ္ေဆးလၽွက္ရွိၿပီး အတည္ျပဳေျပာၾကားျခင္းမရွိေသးေၾကာင္း သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#
“Big Country” ဟု လူသိများသော အသက် ၂၆ နှစ်အရွယ် ကာယဗလချံပီယံ Dallas McCarver ကို သြဂုတ်လ ၂၂ ရက်နေ့က ဖလော်ရီဒါရှိ သူ၏နေအိမ်အခန်းထဲတွင် သေဆုံးလျှက် တွေ့ရှိခဲ့ရသည်။

သူသည် သေဆုံးခဲ့သည့်နေ့မတိုင်မီထိ ကျန်မာရေးချို့ယွင်းမှု တစ်စုံတစ်ရာ မရှိသကဲ့သို့ အားကစားခန်းမတွင် နေ့စဉ်လေ့ကျင့်နေမှုများကို အင်စတာဂရမ်မှ အမြဲမပြတ် ပုံတွေ၊ ဗီဒီယိုတွေ တင်ခဲ့သူလည်းဖြစ်သည်။ သူဟာ နောက်တစ်နေ့မှာ သေဆုံးနေလိမ့်မယ်လို့ ဘယ်သူကမှ ဘယ်လိုအကြောင်းမျိုးနဲ့ဖြစ်ဖြစ် တွေးမိခဲ့လိမ့်မှာမဟုတ်ပါဘူး။

McCarver ရဲ့ ရည်းစားဖြစ်သူ Brooke က သူတို့နှစ်ယောက် အဲဒီနေ့ညမှာ ညစာအတူစားဖို့ ချိန်းထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်။ McCarver ဟာ ကာယဗလမောင်အဖြစ် အသက် ၂၁ နှစ်အရွယ်ထဲက စတင်ခဲ့တာပါ။ အဲဒီနောက်မှာတော့ ပြိုင်ပွဲအချို့တွေမှာ အနိုင်ရခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် အိုလံပစ်မောင် ပြိုင်ပွဲမှာ အဆင့် ၈ နေရာက ရပ်တည်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ် မတ်လတုန်းက ဝင်ပြိုင်ခဲ့တဲ့ Arnold Classic Australia ပြိုင်ပွဲမှာ ကျန်းမာရေးဖောက်လာပြီး ယှဉ်ပြိုင်နေစဉ် စင်ပေါ်မှာ လဲကျခဲ့ဖူးပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကျန်းမာရေးဟာ ပုံမှန်ပြန်ဖြစ်ခဲ့ပါတယ်။

သေဆုံးခဲ့တဲ့နေ့မှာ သူ့ရဲ့ သူယ်ချင်းဖြစ်သူ ကာယဗလမောင် Arnold Lenartowicz က လဲကျနေတဲ့ အနေအထားနဲ့ တွေ့ခဲ့ပြီး ရှေးဦးသူနာပြုနည်းနဲ့ ကယ်ဆယ်ဖို့ ကြိုးစားပေမယ့် သေဆုံးနေပြီဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။ အရေးပေါ်ကို ဆက်သွယ်ခဲ့ပြီး ဒီကြားထဲမှာ ပါးစပ်ကနေ လေးမှုတ်သွင်းနည်းနဲ့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ McCarver ရဲ့ လည်ချောင်းထဲ့မှယ ပန်းရောင်လိုလိုအရာတစ်ခု တစ်စို့နေတာမြင်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

McCarver ရဲ့ ရုတ်တရက် သေဆုံးမှုကို စုံစမ်းစစ်ဆေးလျှက်ရှိပြီး အတည်ပြုပြောကြားခြင်းမရှိသေးကြောင်း သိရှိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top