Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရြာသားအေယာက္တစ္ရာနီးပါးကုိ အိပ္ခ်္အုိင္ဗြီပိုးကူးစက္ေစခဲ့တဲ့ လုိင္စင္မဲ့ကေမာၻဒီး ယားေဆးဝန္ ထမ္းတစ္ဦးကုိ ေထာင္ဒဏ္ ၂၅ ႏွစ္ ခ်မွတ္လုိက္တယ္လုိ႔ သိရပါတယ္။ အသက္ ၅၇ ႏွစ္အရြယ္ရွိ အမ်ိဳးသား ရမ္းခရင္မ္ဆုိသူက ေဆးဝါးကုသဝန္ေဆာင္မႈေပးတဲ့ အဖြဲ႔အစည္းမွာ သုံးၿပီးသား ေဆးထိုး ျပြန္အပ္ေတြကုိ ျပန္လည္အသံုးျပဳခဲ့ျခင္းနဲ႔ ေဆးဝါးကၽြမ္းက်င္မႈနဲ႔ ဗဟုသုတမရွိျခင္းတုိ႔ ေၾကာင့္အမွား ႀကီးႀကီးမားမားကုိ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလအခ်ိန္ကတည္းက ဘက္တန္မန္အေနာက္ေျမာက္ပုိင္းတရားရံုးေတာ္ ကေန သူ႔ရဲ႕ႏွစ္ေပါင္း ၂၀ နီးပါးေဆးဝန္ထမ္းအလုပ္ကုိ တရားဝင္လုပ္ငန္းလုိင္စင္ကုိင္ ေဆာင္ထား ျခင္းမရွိပဲလုပ္ေဆာင္ခဲ့တာျဖစ္ကာ ေဆးဝါးဗဟုသုတနည္းပါး စြာနဲ႔ ႀကိဳတင္ရည္ရြယ္ခ်က္ ထားရွိကာ လုပ္ေဆာင္ခဲ့တဲ့ လုပ္ရပ္ေၾကာင့္ လူေပါင္း ၁၀၀ ေက်ာ္ကုိ ေရာဂါပိုးကူးစက္ေစခဲ့လုိ႔တရားရံုးေတာ္ က ဖမ္းဆီးတရားစြဲဆုိခဲ့တာျဖစ္ပါတယ္။

တရားခံအမ်ိဳးသားျဖစ္သူက သူ႔ရဲ႕ဒီလုိျပစ္မႈႀကီးႀကီးမားမားအတြက္ ေထာင္ဒဏ္ ၁၀ နီးပါးက်ခံရႏုိင္ ဖုိ႔ ေမွ်ာ္လင့္ထားတယ္လုိ႔ ဆုိထားၿပီး ေဆးထိုးအပ္မွ်ေဝသံုးစြဲၿပီး ေအအုိင္ဒီအက္စ္ေရာဂါကူးစက္ခံခဲ့ရတဲ့ လူနာ ၁၀ ဦးနီးပါးကလည္း ေသဆံုးခဲ့ရတဲ့အတြက္ေၾကာင့္ လူသတ္မႈနဲ႔ ေထာင္ဒဏ္ တစ္သက္တစ္ ကၽြန္းနီးပါးက်ခံရဖုိ႔လည္း ျဖစ္ႏုိင္တယ္လုိ႔ ဆုိပါတယ္။

သူ႔ရဲ႕ ဒီလုိမ်ိဳး ရက္စက္ၾကမ္းၾကဳတ္တဲ့ ျပစ္မႈမွတ္တမ္းအတြက္ ဖႏြမ္းပင္တရားရံုးေတာ္ကေန လာမယ့္ စက္တင္ဘာလ ၈ ရက္ေန႔မွာ အမိန္႔ခ်မွတ္သြားမွာျဖစ္ကာ ေထာင္ဒဏ္ ႏွစ္ ၂၀ နီးပါးက်ခံရႏုိင္ရတယ္ လုိ႔လည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သဒၵါခ်ိဳ(ေရႊအင္းေလး)

#Unicode Version#
ရွာသားအယောက်တစ်ရာနီးပါးကို အိပ်ချ်အိုင်ဗွီပိုးကူးစက်စေခဲ့တဲ့ လိုင်စင်မဲ့ကမ္ဘောဒီး ယားဆေးဝန် ထမ်းတစ်ဦးကို ထောင်ဒဏ် ၂၅ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ အသက် ၅၇ နှစ်အရွယ်ရှိ အမျိုးသား ရမ်းခရင်မ်ဆိုသူက ဆေးဝါးကုသဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းမှာ သုံးပြီးသား ဆေးထိုး ပြွန်အပ်တွေကို ပြန်လည်အသုံးပြုခဲ့ခြင်းနဲ့ ဆေးဝါးကျွမ်းကျင်မှုနဲ့ ဗဟုသုတမရှိခြင်းတို့ ကြောင့်အမှား ကြီးကြီးမားမားကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအချိန်ကတည်းက ဘက်တန်မန်အနောက်မြောက်ပိုင်းတရားရုံးတော် ကနေ သူ့ရဲ့နှစ်ပေါင်း ၂၀ နီးပါးဆေးဝန်ထမ်းအလုပ်ကို တရားဝင်လုပ်ငန်းလိုင်စင်ကိုင် ဆောင်ထား ခြင်းမရှိပဲလုပ်ဆောင်ခဲ့တာဖြစ်ကာ ဆေးဝါးဗဟုသုတနည်းပါး စွာနဲ့ ကြိုတင်ရည်ရွယ်ချက် ထားရှိကာ လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်ကြောင့် လူပေါင်း ၁၀၀ ကျော်ကို ရောဂါပိုးကူးစက်စေခဲ့လို့တရားရုံးတော် က ဖမ်းဆီးတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

တရားခံအမျိုးသားဖြစ်သူက သူ့ရဲ့ဒီလိုပြစ်မှုကြီးကြီးမားမားအတွက် ထောင်ဒဏ် ၁၀ နီးပါးကျခံရနိုင် ဖို့ မျှော်လင့်ထားတယ်လို့ ဆိုထားပြီး ဆေးထိုးအပ်မျှဝေသုံးစွဲပြီး အေအိုင်ဒီအက်စ်ရောဂါကူးစက်ခံခဲ့ရတဲ့ လူနာ ၁၀ ဦးနီးပါးကလည်း သေဆုံးခဲ့ရတဲ့အတွက်ကြောင့် လူသတ်မှုနဲ့ ထောင်ဒဏ် တစ်သက်တစ် ကျွန်းနီးပါးကျခံရဖို့လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ဒီလိုမျိုး ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုမှတ်တမ်းအတွက် ဖနွမ်းပင်တရားရုံးတော်ကနေ လာမယ့် စက်တင်ဘာလ ၈ ရက်နေ့မှာ အမိန့်ချမှတ်သွားမှာဖြစ်ကာ ထောင်ဒဏ် နှစ် ၂၀ နီးပါးကျခံရနိုင်ရတယ် လို့လည်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သဒ္ဒါချို(ရွှေအင်းလေး)


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top