ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေျမေအာက္ခန္းထဲမွာ လူအရိုးစု နွစ္ခု တစ္ခုနဲ႔ တစ္ခုက ဖက္လ်က္ေလး ေသဆံုးထားတဲ့ပံုပဲ၊ ဘယ္အခ်ိန္ထဲက ေျမေအာ က္ခန္းမွာ ပိတ္မိေနလဲ မသိပါဘူး။ ထင္တာေတာ့ မေသခင္က အခ်င္းခ်င္း သစၥာဆိုထားၾကလို႔ထင္တယ္။

စာအုပ္ထဲက ဖတ္ဖူးတဲ့အေၾကာင္းေလး ေျပာျပပါ့မယ္။ ဖတ္ဖူးတာေတာ့ ၾကာပါျပီ။သိပ္မမွတ္မိေတာ့ဘူးဗ်။ ေတာျမိဳ႕ေလး တစ္ျမိဳ႕မွာ ေမနွင္းဆိုတဲ့ မိန္းကေလး တစ္ေယာက္ရွိခဲ့တယ္။ ေမနွင္းေလး အပ်ိဳအရြယ္ေရာက္လာေတာ့ ညည အိပ္ေယာ င္ျပီးေလွ်ာက္သြားတဲ့ အက်င့္ ျဖစ္လာတယ္။

အရင္ဆံုး လူၾကီးေတြလဲ ဘယ္သူမွ သတိမထားမိဘူးဗ်။ တစ္ေန႔ ညသန္းေခါင္ေက်ာ္ေတာ့ ေမနွင္းေလး အေဖက ေနာ က္ေဖးသြားဖို႔ ထလာရင္း ေမနွင္းေလး ျဖတ္သြားတာကို ရုတ္တရက္ေတြ႔လိုက္ရတယ္။အိမ္တံခါးကို အသာေလး ဖြင့္ျပီး ထြက္သြားတယ္။

ေမနွင္းေလး အေဖက အသာေလး အေနာက္ကေန လိုက္သြားတယ္။ ၾကည့္ရတဲ့ပံုစံကေတာ့ မ်က္လံုးကို မွိတ္ထားတယ္ ။အိပ္ေယာင္ျပီးလမ္းေလွ်ာက္ေနတာ။ရြာ ထိပ္က ဇရပ္အေဟာင္းဆီကို ေလ်ွာက္သြားတာဗ်။ ညဘက္ တစ္ေယာက္တည္း ရြာလမ္းကို မနည္းသြားရမွာ။

ခုေမနွင္းေလးက သြားတာမွ ေျဖာင့္ေနေရာ။ခလုတ္ေတာင္မတိုက္ဘူး။ေမနွင္းေလ အေဖေတာ့ အေနာက္ကေနလိုက္ လာရင္း မနည္း လမ္းကိုထိန္းေလွ်ာက္လာရတယ္။ ဇရပ္အေဟာင္းေရာက္ေတာ့ အနားေလးမွာထိုင္ျပီး တစ္ေယာက္ေ ယာက္နဲ႔ အျပန္အလွန္ စကားေျပာေနသလိုလို၊ ေသခ်ာေတာ့ မၾကားရဘူး၊ မလွမ္းမကမ္းကေန ေခ်ာင္းနားေထာင္တာ ဆိုေတာ့။

ခဏၾကာေတာ့ ေမနွင္းေလး ျပန္တယ္။အိမ္ျပန္ေတာ့လဲ သြားတာေျဖာင့္ေနေရာ။အိမ္ေရာက္ေတာ့ သူ႔အိပ္ယာထဲ သူျပန္ ဝင္ျပီး အိပ္ေရာ။အေဖ တစ္ေယာက္ ေခါင္းကုတ္ျပီ။အခန္းထဲ ဝင္ျပီး မိန္းမျဖစ္သူကို ေခၚျပီး ေျပာျပတာေပါ့။မိန္းမက သိပ္မယံုခ်င္ဘူး။ေနာက္ေန႔ ေမနွင္းရဲ႔ မိဘနွစ္ေယာက္စလံုး သမီးရဲ့အေနာက္ကေန လိုက္ေခ်ာင္းၾကတယ္။အဲ့ေတာ့မွ ယံုသြားတယ္။

ေနာက္ေန့မနက္လင္းေတာ့ ေမနွင္းကို ေမးၾကတာေပါ့။ ညသန္းေခါင္အခ်ိန္ ဘယ္သြားတာလဲေပါ့။ေမနွင္းက ဘာမွမသိ သလို ေၾကာင္ျပီးျပန္ၾကည့္ေနတယ္။ျပီးေတာ့ ဘယ္မွမသြားရပါဘူးပဲ ေျပာတယ္။

ေမနွင္းအေဖက ဒါဆိုရင္ေတာ့ အိပ္ေယာင္ျပီး လမ္းေလ်ွာက္တာေပါ့။ညဘက္ၾကီး တစ္ေယာက္တည္း ေလွ်ာက္သြားေ နတာ အနၲရယ္မ်ားပါတယ္၊ ရြာထဲက သိနားလည္တဲ့ လူၾကီးအခ်ိဳ႔ကိုေမးၾကည့္ေတာ့ ဇရပ္အေဟာင္းမွာ သြားၾကည့္ၾက တယ္။

ျပီးေတာ့ဇရပ္အေဟာင္းကို တူးၾကည့္ေတာ့ ေျမေအာက္ခန္း တစ္ခုေတြ႔တယ္တဲ့ဗ်။အဲ့ေျမေအာက္ခန္းထဲမွာ လူအရိုးစု နွစ္ခု တစ္ခုနဲ႔ တစ္ခုက ဖက္လ်က္ေလး ေသဆံုးထားတဲ့ပံုပဲ၊ ဘယ္အခ်ိန္ထဲက ေျမေအာက္ခန္းမွာ ပိတ္မိေနလဲ မသိ ပါဘူး။

ထင္တာေတာ့ မေသခင္က အခ်င္းခ်င္း သစၥာဆိုထားၾကလို႔ထင္တယ္။ဘယ္ဘဝေရာက္ေရာက္ မခြဲဘူးတို႔ ၊ဘဝ ဆက္တိုင္း မခြဲဘူးတို႔ေပါ့။ ေကာင္မေလးက လူ႔ဘဝေရာက္ေတာင္ သူ႔ရဲ့ အတိတ္ဘဝက ခ်စ္သူဆီ ကိုမသိစိတ္ကေန လာရွာေနတုန္းပဲ၊ သစၥာဆိုတာ တစ္ဘဝစာပဲ ေကာင္းပါတယ္။

ဘယ္ဘဝေရာက္ေရာက္တို႔ ဘဝဆက္တိုင္း တို႔ဆို တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်ဳပ္ကိုင္ထားသလို ျဖစ္ျပီး ခုလိုမ်ိဳး တစ္ေယာက္က လူျဖစ္ျပီး တစ္ေယာက္ မက်ြတ္မလြတ္ေသးရင္ ဘဝခ်င္းျခားေနေတာင္ ေရွးဘဝက ထားခဲ့တဲ့ သစၥာ တရားေတြက မေပ်ာက္ျပယ္သြားပါဘူး။

လူၾကီးေတြလဲ အရိုးစု နွစ္ခုကိုယူျပီး ေသခ်ာသျဂိဳလ္ ၊ ဘုန္းၾကီးပင့္ အမွ်အတန္းေပးေဝျခင္းတို႔ကို ျပဳလုပ္ေပးလိုက္ တာေပါ့။

အဲ့ဒီေနာက္ပိုင္းမွာေတာ့ ေကာင္ေလးလဲ က်ြတ္လြတ္သြားတယ္ထင္ပါတယ္။ေမနွင္းေလးလဲ အျပင္ကို ထေယာင္ျပီးမ သြားေတာ့ပါဘူး။

ကဲ။ခ်စ္သူရည္းစားေတြလဲ သစၥာဆိုၾကမယ္ဆို သတိထားေနာ္။တစ္ကယ္ စြမ္းတယ္ဆိုတဲ့ အေၾကာင္းေလးပါ။ျဖစ္ရပ္မွန္ စာအုပ္ထဲက မွတ္မိသေလာက္ေလး ျပန္ေရးထားတာပါ။ နာမဘ္ေတြေတာ့ မတူပါဘူး။ အေၾကာင္းအရာလဲ သိပ္မ တူ ပါဘူး။

နည္းနည္းျဖည့္ျပီးဖတ္ေပးၾကပါေနာ္။ အားလံုး good night ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သရဲေလး……

#Unicode Version#
မြေအောက်ခန်းထဲမှာ လူအရိုးစု နှစ်ခု တစ်ခုနဲ့ တစ်ခုက ဖက်လျက်လေး သေဆုံးထားတဲ့ပုံပဲ၊ ဘယ်အချိန်ထဲက မြေအော က်ခန်းမှာ ပိတ်မိနေလဲ မသိပါဘူး။ ထင်တာတော့ မသေခင်က အချင်းချင်း သစ္စာဆိုထားကြလို့ထင်တယ်။

စာအုပ်ထဲက ဖတ်ဖူးတဲ့အကြောင်းလေး ပြောပြပါ့မယ်။ ဖတ်ဖူးတာတော့ ကြာပါပြီ။သိပ်မမှတ်မိတော့ဘူးဗျ။ တောမြို့လေး တစ်မြို့မှာ မေနှင်းဆိုတဲ့ မိန်းကလေး တစ်ယောက်ရှိခဲ့တယ်။ မေနှင်းလေး အပျိုအရွယ်ရောက်လာတော့ ညည အိပ်ယော င်ပြီးလျှောက်သွားတဲ့ အကျင့် ဖြစ်လာတယ်။

အရင်ဆုံး လူကြီးတွေလဲ ဘယ်သူမှ သတိမထားမိဘူးဗျ။ တစ်နေ့ ညသန်းခေါင်ကျော်တော့ မေနှင်းလေး အဖေက နော က်ဖေးသွားဖို့ ထလာရင်း မေနှင်းလေး ဖြတ်သွားတာကို ရုတ်တရက်တွေ့လိုက်ရတယ်။အိမ်တံခါးကို အသာလေး ဖွင့်ပြီး ထွက်သွားတယ်။

မေနှင်းလေး အဖေက အသာလေး အနောက်ကနေ လိုက်သွားတယ်။ ကြည့်ရတဲ့ပုံစံကတော့ မျက်လုံးကို မှိတ်ထားတယ် ။အိပ်ယောင်ပြီးလမ်းလျှောက်နေတာ။ရွာ ထိပ်က ဇရပ်အဟောင်းဆီကို လျှောက်သွားတာဗျ။ ညဘက် တစ်ယောက်တည်း ရွာလမ်းကို မနည်းသွားရမှာ။

ခုမေနှင်းလေးက သွားတာမှ ဖြောင့်နေရော။ခလုတ်တောင်မတိုက်ဘူး။မေနှင်းလေ အဖေတော့ အနောက်ကနေလိုက် လာရင်း မနည်း လမ်းကိုထိန်းလျှောက်လာရတယ်။ ဇရပ်အဟောင်းရောက်တော့ အနားလေးမှာထိုင်ပြီး တစ်ယောက်ေ ယာက်နဲ့ အပြန်အလှန် စကားပြောနေသလိုလို၊ သေချာတော့ မကြားရဘူး၊ မလှမ်းမကမ်းကနေ ချောင်းနားထောင်တာ ဆိုတော့။

ခဏကြာတော့ မေနှင်းလေး ပြန်တယ်။အိမ်ပြန်တော့လဲ သွားတာဖြောင့်နေရော။အိမ်ရောက်တော့ သူ့အိပ်ယာထဲ သူပြန် ဝင်ပြီး အိပ်ရော။အဖေ တစ်ယောက် ခေါင်းကုတ်ပြီ။အခန်းထဲ ဝင်ပြီး မိန်းမဖြစ်သူကို ခေါ်ပြီး ပြောပြတာပေါ့။မိန်းမက သိပ်မယုံချင်ဘူး။နောက်နေ့ မေနှင်းရဲ့ မိဘနှစ်ယောက်စလုံး သမီးရဲ့အနောက်ကနေ လိုက်ချောင်းကြတယ်။အဲ့တော့မှ ယုံသွားတယ်။

နောက်နေ့မနက်လင်းတော့ မေနှင်းကို မေးကြတာပေါ့။ ညသန်းခေါင်အချိန် ဘယ်သွားတာလဲပေါ့။မေနှင်းက ဘာမှမသိ သလို ကြောင်ပြီးပြန်ကြည့်နေတယ်။ပြီးတော့ ဘယ်မှမသွားရပါဘူးပဲ ပြောတယ်။

မေနှင်းအဖေက ဒါဆိုရင်တော့ အိပ်ယောင်ပြီး လမ်းလျှောက်တာပေါ့။ညဘက်ကြီး တစ်ယောက်တည်း လျှောက်သွားေ နတာ အန္တရယ်များပါတယ်၊ ရွာထဲက သိနားလည်တဲ့ လူကြီးအချို့ကိုမေးကြည့်တော့ ဇရပ်အဟောင်းမှာ သွားကြည့်ကြ တယ်။

ပြီးတော့ဇရပ်အဟောင်းကို တူးကြည့်တော့ မြေအောက်ခန်း တစ်ခုတွေ့တယ်တဲ့ဗျ။အဲ့မြေအောက်ခန်းထဲမှာ လူအရိုးစု နှစ်ခု တစ်ခုနဲ့ တစ်ခုက ဖက်လျက်လေး သေဆုံးထားတဲ့ပုံပဲ၊ ဘယ်အချိန်ထဲက မြေအောက်ခန်းမှာ ပိတ်မိနေလဲ မသိ ပါဘူး။

ထင်တာတော့ မသေခင်က အချင်းချင်း သစ္စာဆိုထားကြလို့ထင်တယ်။ဘယ်ဘဝရောက်ရောက် မခွဲဘူးတို့ ၊ဘဝ ဆက်တိုင်း မခွဲဘူးတို့ပေါ့။ ကောင်မလေးက လူ့ဘဝရောက်တောင် သူ့ရဲ့ အတိတ်ဘဝက ချစ်သူဆီ ကိုမသိစိတ်ကနေ လာရှာနေတုန်းပဲ၊ သစ္စာဆိုတာ တစ်ဘဝစာပဲ ကောင်းပါတယ်။

ဘယ်ဘဝရောက်ရောက်တို့ ဘဝဆက်တိုင်း တို့ဆို တစ်ယောက်နဲ့ တစ်ယောက် ချုပ်ကိုင်ထားသလို ဖြစ်ပြီး ခုလိုမျိုး တစ်ယောက်က လူဖြစ်ပြီး တစ်ယောက် မကျွတ်မလွတ်သေးရင် ဘဝချင်းခြားနေတောင် ရှေးဘဝက ထားခဲ့တဲ့ သစ္စာ တရားတွေက မပျောက်ပြယ်သွားပါဘူး။

လူကြီးတွေလဲ အရိုးစု နှစ်ခုကိုယူပြီး သေချာသဂြိုလ် ၊ ဘုန်းကြီးပင့် အမျှအတန်းပေးဝေခြင်းတို့ကို ပြုလုပ်ပေးလိုက် တာပေါ့။

အဲ့ဒီနောက်ပိုင်းမှာတော့ ကောင်လေးလဲ ကျွတ်လွတ်သွားတယ်ထင်ပါတယ်။မေနှင်းလေးလဲ အပြင်ကို ထယောင်ပြီးမ သွားတော့ပါဘူး။

ကဲ။ချစ်သူရည်းစားတွေလဲ သစ္စာဆိုကြမယ်ဆို သတိထားနော်။တစ်ကယ် စွမ်းတယ်ဆိုတဲ့ အကြောင်းလေးပါ။ဖြစ်ရပ်မှန် စာအုပ်ထဲက မှတ်မိသလောက်လေး ပြန်ရေးထားတာပါ။ နာမဘ်တွေတော့ မတူပါဘူး။ အကြောင်းအရာလဲ သိပ်မ တူ ပါဘူး။

နည်းနည်းဖြည့်ပြီးဖတ်ပေးကြပါနော်။ အားလုံး good night ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: သရဲလေး……
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top