ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ခြဲစိတ္ၿပီးအစာအိမ္ထဲသုိ႔ အ၀လြန္မႈတားဆီးေရးေဘာလုံးထည့္ ထားသူငါးဦးေသဆုံးခဲ့ေၾကာင္း အေမရိကန္ဥပေဒထိန္းသိမ္းေရး အရာရွိမ်ားက ေျပာသည္။

ယင္းလူငါးဦးသည္ ယခုႏွစ္ေစာေစာပုိင္းက ခြဲစိတ္ကုသမႈခံယူ ကာ FDA အသိအမွတ္ျပဳထားေသာ အရည္ျဖည့္ထားသည့္ေဘာလုံး မ်ားကုိ အစာအိမ္ထဲထည့္သြင္းကာ ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစ ရန္ ႀကိဳးပမ္းခဲ့ၾကသည္။

သုိ႔ေသာ္ လူနာငါးဦးအနက္ သုံးဦးသည္ အႏၲရာယ္နည္းသည္ဟု ယူဆရေသာ ယင္းခြဲစိတ္မႈအၿပီး သုံးရက္အၾကာတြင္ေသဆုံးၿပီး အျခားႏွစ္ဦးသည္ တစ္လအတြင္းေသဆုံးခဲ့သည္။

ယင္းေဘာလုံးေၾကာင့္ေသဆုံးျခင္းလားဆုိသည္ကုိရွင္းရွင္း လင္းလင္းမသိရဟု FDA က ေျပာသည္။ ယင္းေဘာလုံးမ်ားအသုံး ျပဳခြင့္ (သုိ႔မဟုတ္) ခြဲစိတ္ထည့္သြင္းခြင့္ကုိ FDA က ၂၀၁၅ တြင္ ခြင့္ျပဳခဲ့သည္။

သုိ႔ေသာ္ ဆရာ၀န္မ်ားအေနျဖင့္ အလားတူပစၥည္းမ်ိဳးျဖင့္ ကုသပါက အနီးကပ္ေစာင့္ၾကည့္ရန္ သတိေပးခဲ့သည္။

Apollo Enda Surgery ကုမၸဏီကထုတ္ထားေသာ Orbera Intragastric Ballon System ဟုေခၚေသာ ေဘာလုံးကုိအသုံးျပဳသူ ေလးဦးရွိၿပီး ပၪၥမေျမာက္လူနာသည္ Re Shape Medical Inc ကုမၸဏီကထုတ္ထားေသာ Reshape Integrated Dual Ballon System ဟု ေခၚေသာ ေဘာလုံးကုိအသုံးျပဳခဲ့သည္။

၂၀၁၅ ဩဂုတ္က ခြင့္ျပဳခဲ့ေသာ Orbera ေဘာလုံးသည္ ဆာ လင္းဟုေခၚေသာ ဆားရည္ျဖည့္ထားၿပီး အစာစားေသာက္မႈေလွ်ာ့ ခ်ေရး လူနာ၏အစာအိမ္ထဲသုိ႔ ထည့္သြင္းအသုံးျပဳရသည္။

Apollo Endo Surgery ကုမၸဏီက ႏုိင္ငံ ၈၀ တြင္ခြဲစိတ္ကုသ ၍ ေဘာလုံးထည့္ေသာလူနာ ၂၂၀,၀၀၀ အထိေအာင္ျမင္စြာကုိယ္အေလးခ်ိန္ေလွ်ာ့ခ်ႏုိင္ခဲ့သည္ဟု ေျပာသည္။

ယင္းထုတ္ကုန္က အ၀လြန္ျဖစ္ေနသူမ်ားကုိ အစားေရွာင္ၿပီး ေလ့က်င့္ခန္းလုပ္ျခင္းထက္ သုံးဆပုိ၍ကုိယ္အေလးခ်ိန္ေလ်ာ့ရန္ အေထာက္အကူျပဳသည္ဟု ယင္းကုမၸဏီက ေျပာသည္။

၂၀၁၅ ဇြန္လအတြင္း FDA ကခြင့္ျပဳခဲ့သည့္ Reshape ေဘာလုံးသည္ လူနာ၏ပါးစပ္မွတစ္ဆင့္ထည့္သြင္းအသုံးျပဳရ သည္။

(Daily Mail)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily


#Unicode Version#
 ခွဲစိတ်ပြီးအစာအိမ်ထဲသို့ အဝလွန်မှုတားဆီးရေးဘောလုံးထည့် ထားသူငါးဦးသေဆုံးခဲ့ကြောင်း အမေရိကန်ဥပဒေထိန်းသိမ်းရေး အရာရှိများက ပြောသည်။

ယင်းလူငါးဦးသည် ယခုနှစ်စောစောပိုင်းက ခွဲစိတ်ကုသမှုခံယူ ကာ FDA အသိအမှတ်ပြုထားသော အရည်ဖြည့်ထားသည့်ဘောလုံး များကို အစာအိမ်ထဲထည့်သွင်းကာ ကိုယ်အလေးချိန်လျော့ကျစေ ရန် ကြိုးပမ်းခဲ့ကြသည်။

သို့သော် လူနာငါးဦးအနက် သုံးဦးသည် အန္တရာယ်နည်းသည်ဟု ယူဆရသော ယင်းခွဲစိတ်မှုအပြီး သုံးရက်အကြာတွင်သေဆုံးပြီး အခြားနှစ်ဦးသည် တစ်လအတွင်းသေဆုံးခဲ့သည်။

ယင်းဘောလုံးကြောင့်သေဆုံးခြင်းလားဆိုသည်ကိုရှင်းရှင်း လင်းလင်းမသိရဟု FDA က ပြောသည်။ ယင်းဘောလုံးများအသုံး ပြုခွင့် (သို့မဟုတ်) ခွဲစိတ်ထည့်သွင်းခွင့်ကို FDA က ၂၀၁၅ တွင် ခွင့်ပြုခဲ့သည်။

သို့သော် ဆရာဝန်များအနေဖြင့် အလားတူပစ္စည်းမျိုးဖြင့် ကုသပါက အနီးကပ်စောင့်ကြည့်ရန် သတိပေးခဲ့သည်။

Apollo Enda Surgery ကုမ္ပဏီကထုတ်ထားသော Orbera Intragastric Ballon System ဟုခေါ်သော ဘောလုံးကိုအသုံးပြုသူ လေးဦးရှိပြီး ပဉ္စမမြောက်လူနာသည် Re Shape Medical Inc ကုမ္ပဏီကထုတ်ထားသော Reshape Integrated Dual Ballon System ဟု ခေါ်သော ဘောလုံးကိုအသုံးပြုခဲ့သည်။

၂၀၁၅ ဩဂုတ်က ခွင့်ပြုခဲ့သော Orbera ဘောလုံးသည် ဆာ လင်းဟုခေါ်သော ဆားရည်ဖြည့်ထားပြီး အစာစားသောက်မှုလျှော့ ချရေး လူနာ၏အစာအိမ်ထဲသို့ ထည့်သွင်းအသုံးပြုရသည်။

Apollo Endo Surgery ကုမ္ပဏီက နိုင်ငံ ၈၀ တွင်ခွဲစိတ်ကုသ ၍ ဘောလုံးထည့်သောလူနာ ၂၂၀,၀၀၀ အထိအောင်မြင်စွာကိုယ်အလေးချိန်လျှော့ချနိုင်ခဲ့သည်ဟု ပြောသည်။

ယင်းထုတ်ကုန်က အဝလွန်ဖြစ်နေသူများကို အစားရှောင်ပြီး လေ့ကျင့်ခန်းလုပ်ခြင်းထက် သုံးဆပို၍ကိုယ်အလေးချိန်လျော့ရန် အထောက်အကူပြုသည်ဟု ယင်းကုမ္ပဏီက ပြောသည်။

၂၀၁၅ ဇွန်လအတွင်း FDA ကခွင့်ပြုခဲ့သည့် Reshape ဘောလုံးသည် လူနာ၏ပါးစပ်မှတစ်ဆင့်ထည့်သွင်းအသုံးပြုရ သည်။

(Daily Mail)

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top