ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဆီးဂိမ္းၿပိဳင္ပဲြ ျမန္မာအ မ်ဳိးသားေဘာလုံးပဲြစဥ္ႏွစ္ပဲြႏွင့္ အမ်ဳိးသမီးပဲြစဥ္မ်ားကို ျပည္တြင္း႐ုပ္သံလုိင္းမ်ားတြင္ တုိက္႐ုိက္ျပသႏုိင္မည္မဟုတ္ေၾကာင္း ျမန္မာ ႏုိင္ငံေဘာလုံးအဖဲြ႕ခ်ဳပ္ အမႈေဆာင္အရာရွိခ်ဳပ္ ဦးဘုန္းႏုိင္ေဇာ္က ေျပာသည္။

(၂၉)ႀကိမ္ေျမာက္ ဆီးဂိမ္းၿပိဳင္ပဲြေဘာလုံး ကစားနည္း၌ ျမန္မာ ယူ-၂၂ အမ်ဳိးသားအသင္းယွဥ္ၿပိဳင္မည့္ အုပ္စုပဲြစဥ္မ်ားႏွင့္ အမ်ဳိးသမီးအသင္းပဲြစဥ္မ်ားကိုမူလကျပည္တြင္း႐ုပ္ သံလုိင္းက တုိက္႐ိုက္ျပသရန္ ေၾကညာထားေသာ္လည္း လာအို-ဘ႐ူႏုိင္းတို႔ႏွင့္ ယွဥ္ၿပိဳင္မည့္ ျမန္မာအသင္းပဲြ စဥ္ႏွစ္ပဲြႏွင့္ အမ်ဳိးသမီးအသင္း ပဲြစဥ္မ်ားကို မေလးရွား႐ုပ္သံလုိင္းမ်ားက ႐ုိက္ကူးျခင္းမရွိျခင္းေၾကာင့္ ျပသႏုိင္မည္မဟုတ္ေၾကာင္း ဦးဘုန္းႏုိင္ေဇာ္က ဆုိသည္။

 ‘‘မေလးရွား႐ုပ္သံေတြက သူတုိ႔ပဲြေတြကိုပဲ တုိက္႐ုိက္ျပ မယ္။ ျမန္မာအပါအ၀င္ တျခား ႏုိင္ငံေတြရဲ႕ပဲြစဥ္ေတြကို ႐ုိက္ကူး ျခင္းမရွိတာေၾကာင့္ တျခားႏုိင္ငံ ေတြကလည္း ၀ယ္လုိ႔မရဘူး။ ကိုယ္တုိင္႐ုိက္ဖို႔က်ေတာ့လည္း ဘယ္ႏုိင္ငံမွ မတတ္ႏုိင္ဘူး။ သူ တို႔႐ုိက္ကူးမယ့္ ပ႐ိုဂရမ္ေအာက္ ပဲ သြားရမွာဆိုေတာ့ ျမန္မာပဲြစဥ္ ေတြကို ျပသႏုိင္မွာ မဟုတ္ေတာ့ ဘူး’’ဟု ဦးဘုန္းႏုိင္ေဇာ္က ေျပာသည္။


ျမန္မာယူ-၂၂ အမ်ဳိးသားအသင္း အုပ္စုပဲြစဥ္မ်ားႏွင့္ အမ်ဳိးသမီးပဲြ စဥ္မ်ားကို ျပည္သူမ်ားၾကည့္႐ႈ ႏုိင္ရန္ ၿပိဳင္ပဲြမတုိင္မီ ႏွစ္ရက္အလိုက မေလးရွားဆီးဂိမ္းၿပိဳင္ပဲြက်င္းပေရးေကာ္မတီႏွင့္ ေဆြးေႏြးခဲ့ေသာ္လည္း အဆင္ေျပျခင္း မရွိေၾကာင္း ၎ကဆုိသည္။

ထုိ႔ေၾကာင့္ ျမန္မာယူ-၂၂ အသင္းယွဥ္ၿပိဳင္မည့္ အုပ္စု(က) ဒုတိယပဲြ လာအုိႏွင့္ တတိယပဲြ အျဖစ္ ယွဥ္ၿပိဳင္မည့္ ဘ႐ူႏုိင္းအ သင္းတို႔ပဲြစဥ္မ်ားကို ျပသႏုိင္မည္ မဟုတ္ဘဲ အုပ္စုေနာက္ဆုံးပဲြစဥ္ ျဖစ္သည့္ မေလးရွားအသင္းႏွင့္ ပဲြမွသာ  တုိက္႐ုိက္ျပသႏုိင္မည္ ျဖစ္ေၾကာင္း သတင္းရရွိသည္။

 မေလးရွားႏုိင္ငံအေနျဖင့္ ဆီးဂိမ္းၿပိဳင္ပဲြတြင္ ၿပိဳင္ဘက္အ သင္းမ်ားကို ပရိသတ္ေထာင္ ဂဏန္းသာ ၀င္ဆံ့သည့္ကြင္းမ်ား ၌ ယွဥ္ၿပိဳင္ေစၿပီး အိမ္ရွင္မေလး ရွားအသင္းက ပရိသတ္တစ္သိန္း ေက်ာ္ ၀င္ဆံ့သည့္ကြင္း၌ ယွဥ္ ၿပိဳင္ေနျခင္းေၾကာင့္ ၿပိဳင္ပဲြ၀င္ႏုိင္ငံ မ်ား ေက်နပ္မႈမရွိေၾကာင္း ဦး ဘုန္းႏုိင္ေဇာ္က ေျပာသည္။

‘‘ၿပိဳင္ပဲြ၀င္ႏုိင္ငံေတြကို ကၽြန္ ေတာ္တို႔ဆီမွာရွိတဲ့ စလင္းကြင္း ေလာက္ရွိတဲ့ကြင္းမွာ ကစားခုိင္း  တယ္။ ေလ့က်င့္ေရးကြင္းက လည္း မေကာင္းဘူး။ ေလာေလာ ဆယ္ေတာ့ ဘာမွလုပ္ဖို႔ အစီအ စဥ္မရွိေပမယ့္ ၿပိဳင္ပဲြ၀င္ႏုိင္ငံေတြ က ကန္႔ကြက္မယ္ဆုိရင္ ကၽြန္ ေတာ္တုိ႔လည္း ပူးေပါင္းပါ၀င္ သြားမယ္’’ ဟု ၎ကေျပာသည္။

ဆီးဂိမ္းၿပိဳင္ပဲြတြင္ အျခားအားကစားနည္းမ်ားကိုပါ တိုက္႐ုိက္ျပသႏုိင္ရန္ ညႇိႏႈိင္းေနေၾကာင္း အားကစားအဖဲြ႕ခ်ဳပ္မ်ားထံမွ သိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
 ဆီးဂိမ်းပြိုင်ပွဲ မြန်မာအ မျိုးသားဘောလုံးပွဲစဉ်နှစ်ပွဲနှင့် အ မျိုးသမီးပွဲစဉ်များကို ပြည်တွင်းရုပ်သံလိုင်းများတွင် တိုက်ရိုက်ပြ သနိုင်မည်မဟုတ်ကြောင်း မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောသည်။

(၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲဘောလုံး ကစားနည်း၌ မြန်မာ ယူ-၂၂ အမျိုးသားအသင်းယှဉ်ပြိုင်မည့် အုပ်စုပွဲစဉ်များနှင့် အမျိုးသမီးအသင်းပွဲစဉ်များကိုမူလကပြည်တွင်းရုပ် သံလိုင်းက တိုက်ရိုက်ပြသရန် ကြေညာထားသော်လည်း လာအို-ဘရူနိုင်းတို့နှင့် ယှဉ်ပြိုင်မည့် မြန်မာအသင်းပွဲ စဉ်နှစ်ပွဲနှင့် အမျိုးသမီးအသင်း ပွဲစဉ်များကို မလေးရှားရုပ်သံလိုင်းများက ရိုက်ကူးခြင်းမရှိခြင်းကြောင့် ပြသနိုင်မည်မဟုတ်ကြောင်း ဦးဘုန်းနိုင်ဇော်က ဆိုသည်။

 ‘‘မလေးရှားရုပ်သံတွေက သူတို့ပွဲတွေကိုပဲ တိုက်ရိုက်ပြ မယ်။ မြန်မာအပါအဝင် တခြား နိုင်ငံတွေရဲ့ပွဲစဉ်တွေကို ရိုက်ကူး ခြင်းမရှိတာကြောင့် တခြားနိုင်ငံ တွေကလည်း ဝယ်လို့မရဘူး။ ကိုယ်တိုင်ရိုက်ဖို့ကျတော့လည်း ဘယ်နိုင်ငံမှ မတတ်နိုင်ဘူး။ သူ တို့ရိုက်ကူးမယ့် ပရိုဂရမ်အောက် ပဲ သွားရမှာဆိုတော့ မြန်မာပွဲစဉ် တွေကို ပြသနိုင်မှာ မဟုတ်တော့ ဘူး’’ဟု ဦးဘုန်းနိုင်ဇော်က ပြောသည်။


မြန်မာယူ-၂၂ အမျိုးသားအသင်း အုပ်စုပွဲစဉ်များနှင့် အမျိုးသမီးပွဲ စဉ်များကို ပြည်သူများကြည့်ရှု နိုင်ရန် ပြိုင်ပွဲမတိုင်မီ နှစ်ရက်အလိုက မလေးရှားဆီးဂိမ်းပြိုင်ပွဲကျင်းပရေးကော်မတီနှင့် ဆွေးနွေးခဲ့သော်လည်း အဆင်ပြေခြင်း မရှိကြောင်း ၎င်းကဆိုသည်။

ထို့ကြောင့် မြန်မာယူ-၂၂ အသင်းယှဉ်ပြိုင်မည့် အုပ်စု(က) ဒုတိယပွဲ လာအိုနှင့် တတိယပွဲ အဖြစ် ယှဉ်ပြိုင်မည့် ဘရူနိုင်းအ သင်းတို့ပွဲစဉ်များကို ပြသနိုင်မည် မဟုတ်ဘဲ အုပ်စုနောက်ဆုံးပွဲစဉ် ဖြစ်သည့် မလေးရှားအသင်းနှင့် ပွဲမှသာ  တိုက်ရိုက်ပြသနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

 မလေးရှားနိုင်ငံအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲတွင် ပြိုင်ဘက်အ သင်းများကို ပရိသတ်ထောင် ဂဏန်းသာ ဝင်ဆံ့သည့်ကွင်းများ ၌ ယှဉ်ပြိုင်စေပြီး အိမ်ရှင်မလေး ရှားအသင်းက ပရိသတ်တစ်သိန်း ကျော် ဝင်ဆံ့သည့်ကွင်း၌ ယှဉ် ပြိုင်နေခြင်းကြောင့် ပြိုင်ပွဲဝင်နိုင်ငံ များ ကျေနပ်မှုမရှိကြောင်း ဦး ဘုန်းနိုင်ဇော်က ပြောသည်။

‘‘ပြိုင်ပွဲဝင်နိုင်ငံတွေကို ကျွန် တော်တို့ဆီမှာရှိတဲ့ စလင်းကွင်း လောက်ရှိတဲ့ကွင်းမှာ ကစားခိုင်း  တယ်။ လေ့ကျင့်ရေးကွင်းက လည်း မကောင်းဘူး။ လောလော ဆယ်တော့ ဘာမှလုပ်ဖို့ အစီအ စဉ်မရှိပေမယ့် ပြိုင်ပွဲဝင်နိုင်ငံတွေ က ကန့်ကွက်မယ်ဆိုရင် ကျွန် တော်တို့လည်း ပူးပေါင်းပါဝင် သွားမယ်’’ ဟု ၎င်းကပြောသည်။

ဆီးဂိမ်းပြိုင်ပွဲတွင် အခြားအားကစားနည်းများကိုပါ တိုက်ရိုက်ပြသနိုင်ရန် ညှိနှိုင်းနေကြောင်း အားကစားအဖွဲ့ချုပ်များထံမှ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top