Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လြန္ခဲ့တဲ့ ၁၀ ႏွစ္ေက်ာ္က ရုိက္ကူးထားခဲ့တဲ့ ဗြီဒီယုိတစ္ခုထဲက ျမင္ကြင္းပံုရိပ္ထဲမွာ ခင္ပြန္းျဖစ္သူ အမ်ိဳးသားက ဇနီးသည္အမ်ိဳးသမီး အိပ္ေပ်ာ္ေနစဥ္ အတင္းအဓမၼျပဳက်င့္ခဲ့တာနဲ႔ ပတ္သက္ၿပီး ခင္ပြန္း အမ်ိဳးသားကုိ ေထာင္ဒဏ္ ကိုးႏွစ္ခ်မွတ္လိုက္တယ္လုိ႔ သိရပါတယ္။

အသက္ ၃၀ ႏွစ္အရြယ္ရွိ အမ်ိဳးသားက ဇနီးသည္နဲ႔ အတူအိပ္ေပ်ာ္ေနစဥ္ ဇနီးသည္ကုိ အလုိအတူပဲ လိင္ပုိင္းဆုိင္ရာျပဳက်င့္ မႈက်ဴးလြန္ခဲ့ တယ္လုိ႔ ဆုိပါတယ္။ အိမ္ေထာင္သက္ ၁၀ ႏွစ္နီးပါးနဲ႔ သားသမီး ယူထားၿပီး အတူေနၾကတဲ့ လင္မယားႏွစ္ဦးတုိ႔က ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္ စက္တင္ဘာလအခ်ိန္ကေန စတင္ၿပီးေတာ့ အျငင္းပြားရန္ျဖစ္မႈေတြ စတင္ျဖစ္ခဲ့တာျဖစ္ပါတယ္။

ခင္ပြန္းျဖစ္သူရဲ႕ ဖုန္းအတြင္းမွာ ရုိက္ကူးထားတဲ့ ဗြီဒီယုိဖုိင္တစ္ခုမွာ ဇနီးသည္အိပ္ေပ်ာ္ေနစဥ္ လိင္ပုိင္း ဆုိင္ရာျပဳက်င့္ခဲ့တာကုိ ဇနီးသည္ေတြ႕ရွိသြားခဲ့ၿပီးေနာက္မွာ ခင္ပြန္းသည္ကုိ တရားစြဲဆုိခဲ့ပါတယ္။ နယူးကတ္စ္တယ္တရားရံုးေတာ္ထြက္ဆုိမႈထဲမွာ ဇနီးသည္ျဖစ္သူက သူမအေနနဲ႔ ခင္ပြန္းျဖစ္သူ အဓမၼျပဳက်င့္ခဲ့တာကုိ သိရွိလုိက္ခဲ့ျခင္းမရွိခဲ့ေၾကာင္းနဲ႔ ခင္ပြန္းျဖစ္သူရဲ႕ ဖုန္းထဲက ဗြီဒီယုိဖုိင္ကုိ ေတြ႔ရွိ သြားခဲ့ခ်ိန္မွ သူမကုိအလုိမတူပဲ ျပဳက်င့္ခဲ့တာကုိ သိရွိခဲ့ရေၾကာင္း ဆုိထားပါတယ္။

ရဲတပ္ဖြဲ႕ဝင္စစ္ေဆးခ်က္ကုိ က်ဴးလြန္သူအမ်ိဳးသားေျဖၾကားခ်က္ထဲမွာဆုိရင္လည္း သူ႕အေနနဲ႔ ဇနီးသည္နဲ႔ အတူေနလုိေၾကာင္းျဖစ္ခဲ့ၿပီး ဇနီးသည္က သေဘာမတူပဲျငင္းဆန္မႈေတြရွိခဲ့လုိ႔ အခုလုိ အိပ္ေပ်ာ္ေနခုိက္မွ လိင္ကိစၥယူရျခင္းျဖစ္ေၾကာင္း ဝန္ခံထြက္ဆုိခဲ့ပါတယ္။ အဆုိပါျဖစ္စဥ္အတြက္ အလုိမတူပဲ သားမယားျပဳက်င့္မႈနဲ႔ ခင္ပြန္းျဖစ္သူ အမ်ိဳးသားကုိ ေထာင္ဒဏ္ ကိုးႏွစ္ခ်မွတ္လုိက္တယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သဒၵါခ်ိဳ(ေရႊအင္းေလး)

#Unicode Version#

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ရိုက်ကူးထားခဲ့တဲ့ ဗွီဒီယိုတစ်ခုထဲက မြင်ကွင်းပုံရိပ်ထဲမှာ ခင်ပွန်းဖြစ်သူ အမျိုးသားက ဇနီးသည်အမျိုးသမီး အိပ်ပျော်နေစဉ် အတင်းအဓမ္မပြုကျင့်ခဲ့တာနဲ့ ပတ်သက်ပြီး ခင်ပွန်း အမျိုးသားကို ထောင်ဒဏ် ကိုးနှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

အသက် ၃၀ နှစ်အရွယ်ရှိ အမျိုးသားက ဇနီးသည်နဲ့ အတူအိပ်ပျော်နေစဉ် ဇနီးသည်ကို အလိုအတူပဲ လိင်ပိုင်းဆိုင်ရာပြုကျင့် မှုကျူးလွန်ခဲ့ တယ်လို့ ဆိုပါတယ်။ အိမ်ထောင်သက် ၁၀ နှစ်နီးပါးနဲ့ သားသမီး ယူထားပြီး အတူနေကြတဲ့ လင်မယားနှစ်ဦးတို့က ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာလအချိန်ကနေ စတင်ပြီးတော့ အငြင်းပွားရန်ဖြစ်မှုတွေ စတင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူရဲ့ ဖုန်းအတွင်းမှာ ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်တစ်ခုမှာ ဇနီးသည်အိပ်ပျော်နေစဉ် လိင်ပိုင်း ဆိုင်ရာပြုကျင့်ခဲ့တာကို ဇနီးသည်တွေ့ရှိသွားခဲ့ပြီးနောက်မှာ ခင်ပွန်းသည်ကို တရားစွဲဆိုခဲ့ပါတယ်။ နယူးကတ်စ်တယ်တရားရုံးတော်ထွက်ဆိုမှုထဲမှာ ဇနီးသည်ဖြစ်သူက သူမအနေနဲ့ ခင်ပွန်းဖြစ်သူ အဓမ္မပြုကျင့်ခဲ့တာကို သိရှိလိုက်ခဲ့ခြင်းမရှိခဲ့ကြောင်းနဲ့ ခင်ပွန်းဖြစ်သူရဲ့ ဖုန်းထဲက ဗွီဒီယိုဖိုင်ကို တွေ့ရှိ သွားခဲ့ချိန်မှ သူမကိုအလိုမတူပဲ ပြုကျင့်ခဲ့တာကို သိရှိခဲ့ရကြောင်း ဆိုထားပါတယ်။

ရဲတပ်ဖွဲ့ဝင်စစ်ဆေးချက်ကို ကျူးလွန်သူအမျိုးသားဖြေကြားချက်ထဲမှာဆိုရင်လည်း သူ့အနေနဲ့ ဇနီးသည်နဲ့ အတူနေလိုကြောင်းဖြစ်ခဲ့ပြီး ဇနီးသည်က သဘောမတူပဲငြင်းဆန်မှုတွေရှိခဲ့လို့ အခုလို အိပ်ပျော်နေခိုက်မှ လိင်ကိစ္စယူရခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်အတွက် အလိုမတူပဲ သားမယားပြုကျင့်မှုနဲ့ ခင်ပွန်းဖြစ်သူ အမျိုးသားကို ထောင်ဒဏ် ကိုးနှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သဒ္ဒါချို(ရွှေအင်းလေး)


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top