ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ျပည္ပဝယ္လိုအားျမင့္ တက္လာျခင္းေၾကာင့္ ယခုဘ႑ာ ႏွစ္ ေလးလအတြင္း ျပည္တြင္း ဆန္းၾကမ္းေစ်းႏႈန္း တစ္အိတ္ လွ်င္ ၁၅ ရာခိုင္ႏႈန္းခန္႔ ျမင့္တက္လာေၾကာင္း ျပည္တြင္းဆန္ကုန္ သည္အခ်ိဳ႕က ေျပာသည္။

ယခုဘ႑ာႏွစ္တြင္ ျမန္မာ ဆန္ေစ်းသည္ ထိုင္း၊ ဗီယက္နမ္၊ အိႏၵိယႏိုင္ငံတို႔ထက္ ေလ်ာ့နည္း ျခင္းေၾကာင့္ ေစ်းကြက္သစ္မ်ား ရရွိေနေၾကာင္း ကုန္သည္မ်ားက ေျပာသည္။ မူလေစ်းကြက္ျဖစ္ သည့္ အာဖရိကေစ်းကြက္၊ ဥ ေရာပႏုိင္ငံမ်ား၊ တ႐ုတ္ႏုိင္ငံတို႔ အျပင္ သီရိလကၤာ၊ ဘဂၤလားေဒ့ရွ္ ႏုိင္ငံတို႔ကဲ့သို႔ ေစ်းကြက္အသစ္ မ်ား ရရွိလာျခင္းေၾကာင့္ ျပည္ တြင္းဆန္ၾကမ္းေစ်းျမင့္လာသည္ ဟု ဆန္ကုန္သည္အခ်ိဳ႕က ေျပာ ၾကားသည္။

 ဧၿပီတြင္ ဆန္ၾကမ္း တစ္အိတ္၏ အျမင့္ဆံုးေစ်းႏႈန္းသည္ ၁၈,၀၀၀ က်ပ္ခန္႔ရွိေသာ္လည္း လက္ရွိတြင္ ၂၀,၅၀၀ က်ပ္ခန္႔သို႔ ျမင့္တက္လာေၾကာင္း ၎တို႔က ရွင္းျပသည္။

ျပည္ပဆန္ တင္ပို႔မႈသည္ ယခု ဘ႑ာႏွစ္ ေလးအတြင္း ဆန္ႏွင့္ ဆန္ကြဲတန္ခ်ိန္ ရွစ္သိန္း ေျခာက္ေသာင္းေက်ာ္ရွိေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ ေရးဝန္ႀကီးဌာန စာရင္းမ်ားအရ သိရသည္။

လက္ရွိ ျပည္တြင္းေစ်းကြက္ တြင္ ဆန္ၾကမ္းကဲ့သို႔ ဆန္ေခ်ာ ေစ်းႏႈန္းလည္း ယခုရက္ပိုင္း၌ ျမင့္တက္လာေၾကာင္း ဆန္ကုန္သည္ အခ်ိဳ႕က ေျပာသည္။

ဝယ္လိုအားမ်ားၿပီး နယ္သို ေလွာင္သူမ်ားက ေစ်းကြက္လို အပ္ခ်က္ထက္ တင္ပို႔မႈပမာဏ ေလ်ာ့နည္းျခင္းေၾကာင့္ ရန္ကုန္ ဆန္ေစ်းကြက္တြင္ ေပၚဆန္းကဲ့ သို႔ ဆန္ေခ်ာေစ်းျမင့္တက္လာ သည္ဟု ၎တို႔က ေျပာသည္။

ရန္ကုန္ေစ်းကြက္တြင္ ဆန္ ေခ်ာေစ်းသည္ တစ္အိတ္လွ်င္ က်ပ္တစ္ေထာင္မွ ႏွစ္ေထာင္အ ၾကား ပ်မ္းမွ် ေစ်းျမင့္တက္လာ ေၾကာင္း ဝါးတန္းဆန္ကုန္စည္ဒိုင္ မွ ကုန္သည္တစ္ဦးက ဆိုသည္။

‘‘ဆန္ေခ်ာက ေစ်းတက္လာတယ္။ ျပည္ပပို႔ေနတဲ့ ဆန္ၾကမ္း ေတြကေတာ့ ၿပီးခဲ့တဲ့လနဲ႔ ယွဥ္ရင္ ေစ်းမတက္ပါဘူး’’ဟု ျပည္ပသို႔ ဆန္တင္ပို႔ေနသည့္ ကုန္သည္ ဦးမ်ိဳးသူရေအးက   ေျပာၾကားသည္။

ရန္ကုန္ၿမိဳ႕တြင္ ဆန္ေခ်ာ စားသံုးမႈ ပမာဏ တိုးျမင့္ေနသျဖင့္ လုိအပ္မႈက ယခင္ႏွစ္မ်ားထက္ ပိုမ်ားလာသည့္ အေျခအေန၌ ရွိေနေၾကာင္း ဘုရင့္ေနာင္မွ ဆန္ပြဲ႐ံုပိုင္ရွင္တစ္ဦးက ေျပာ ၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily 


#Unicode Version#
 ပြည်ပဝယ်လိုအားမြင့် တက်လာခြင်းကြောင့် ယခုဘဏ္ဍာ နှစ် လေးလအတွင်း ပြည်တွင်း ဆန်းကြမ်းဈေးနှုန်း တစ်အိတ် လျှင် ၁၅ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း ပြည်တွင်းဆန်ကုန် သည်အချို့က ပြောသည်။

ယခုဘဏ္ဍာနှစ်တွင် မြန်မာ ဆန်ဈေးသည် ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယနိုင်ငံတို့ထက် လျော့နည်း ခြင်းကြောင့် ဈေးကွက်သစ်များ ရရှိနေကြောင်း ကုန်သည်များက ပြောသည်။ မူလဈေးကွက်ဖြစ် သည့် အာဖရိကဈေးကွက်၊ ဥ ရောပနိုင်ငံများ၊ တရုတ်နိုင်ငံတို့ အပြင် သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကဲ့သို့ ဈေးကွက်အသစ် များ ရရှိလာခြင်းကြောင့် ပြည် တွင်းဆန်ကြမ်းဈေးမြင့်လာသည် ဟု ဆန်ကုန်သည်အချို့က ပြော ကြားသည်။

 ဧပြီတွင် ဆန်ကြမ်း တစ် အိတ်၏ အမြင့်ဆုံးဈေးနှုန်းသည် ၁၈,၀၀၀ ကျပ်ခန့်ရှိသော်လည်း လက်ရှိတွင် ၂၀,၅၀၀ ကျပ်ခန့်သို့ မြင့်တက်လာကြောင်း ၎င်းတို့က ရှင်းပြသည်။

ပြည်ပဆန် တင်ပို့မှုသည် ယခု ဘဏ္ဍာနှစ် လေးအတွင်း ဆန်နှင့် ဆန်ကွဲတန်ချိန် ရှစ်သိန်း ခြောက်သောင်းကျော်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

လက်ရှိ ပြည်တွင်းဈေးကွက် တွင် ဆန်ကြမ်းကဲ့သို့ ဆန်ချော ဈေးနှုန်းလည်း ယခုရက်ပိုင်း၌ မြင့်တက်လာကြောင်း ဆန်ကုန်သည် အချို့က ပြောသည်။

ဝယ်လိုအားများပြီး နယ်သို လှောင်သူများက ဈေးကွက်လို အပ်ချက်ထက် တင်ပို့မှုပမာဏ လျော့နည်းခြင်းကြောင့် ရန်ကုန် ဆန်ဈေးကွက်တွင် ပေါ်ဆန်းကဲ့ သို့ ဆန်ချောဈေးမြင့်တက်လာ သည်ဟု ၎င်းတို့က ပြောသည်။

ရန်ကုန်ဈေးကွက်တွင် ဆန် ချောဈေးသည် တစ်အိတ်လျှင် ကျပ်တစ်ထောင်မှ နှစ်ထောင်အ ကြား ပျမ်းမျှ ဈေးမြင့်တက်လာ ကြောင်း ဝါးတန်းဆန်ကုန်စည်ဒိုင် မှ ကုန်သည်တစ်ဦးက ဆိုသည်။

‘‘ဆန်ချောက ဈေးတက်လာ တယ်။ ပြည်ပပို့နေတဲ့ ဆန်ကြမ်း တွေကတော့ ပြီးခဲ့တဲ့လနဲ့ ယှဉ်ရင် ဈေးမတက်ပါဘူး’’ဟု ပြည်ပသို့ ဆန်တင်ပို့နေသည့် ကုန်သည် ဦးမျိုးသူရအေးက   ပြောကြားသည်။

ရန်ကုန်မြို့တွင် ဆန်ချော စားသုံးမှု ပမာဏ တိုးမြင့်နေသဖြင့် လိုအပ်မှုက ယခင်နှစ်များထက် ပိုများလာသည့် အခြေအ နေ၌ ရှိနေကြောင်း ဘုရင့်နောင်မှ ဆန်ပွဲရုံပိုင်ရှင်တစ်ဦးက ပြော ကြားသည်။

ဖိုးသူတော် (www.phothutaw.com)

Credit: 7Day Daily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top