ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ဦးေက်ာ္သူ ပါဝင္သရုပ္ေဆာင္ထားတဲ့ ငဘရုပ္ရွင္ဇာတ္ကားႀကီးကိုေတာ့ ကိုရီးယားစာတန္းထိုးၿပီး ယင္းႏိုင္ငံမွာ ျပသခဲ့ ပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံလြတ္လပ္ေရးေန႕ အထိမ္းအမွတ္ရုပ္ရွင္ပြဲေတာ္ က်င္းပရာ အင္ဂၽြန္းၿမိဳ႕နဲ႕ ဟြာေဆာင္းၿမိဳ႕မ်ားမွာ ျပသခဲ့တာ ျဖစ္ၿပီး အားေပးမႈရရွိခဲ့ၿပီး ျမန္မာျပည္သူလူထု လူငယ္မ်ား ခ်ီးျမွင့္တဲ့ အကယ္ဒမီဆုကို ရရွိခဲ့တယ္လို႕ သိရပါတယ္။

အဲ့ဒီအေၾကာင္းကိုလည္း ဦးေက်ာ္သူရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ယခုလို ေရးသားထားပါတယ္။

"ငဘ႐ုပ္ရွင္ဇာတ္ကားအားယေန႔ေတာင္ကိုရီးယားႏိုင္ငံလြတ္လပ္ေရးေန႔အထိမ္းအမွတ္႐ုပ္ရွင္ပြဲေတာ္က်င္းပရာ အင္ဂြ်န္းၿမိဳ႕ ႏွင့္ဟြာေဆာင္းၿမိဳ႕မ်ားတြင္ ကိုရီးယားစာတန္းထိုး၍ ျပသခဲ့ရာ ၾကည့္ရႈသူအေပါင္း ႏွစ္ၿခိဳက္အားေပးခဲ့ၿပီး ျမန္မာျပည္သူလူထု လူငယ္မ်ား၏ခ်ီးျမဳင့္ေသာအကယ္ဒမီဆုအားရရွိခဲ့ပါသည္။" လို႕ ဆုိပါတယ္။

ဦးေက်ာ္သူကိုလည္း ကိုရီးယားနိုင္ငံရဲ႕ KBS သီတင္းဌာနက ရုပ္ရွင္အေၾကာင္းအျပင္ ပရဟိတအေၾကာင္းေတြကိုလည္း လာေရာက္ေမးျမန္းခဲ့ပါတယ္တဲ့။

ညေနဘက္မွေတာ့ က်န္းမာေရးေၾကာင့္ အနားယူဖို႕ လိုအပ္လို႕ ဟိုတယ္ကို ျပန္ၿပီး အနားယူခဲ့ရတာျဖစ္လို႕ ဟြာေဆာင္းၿမိဳ႕ရိွ ပရိသတ္ေတြနဲ႕ မေတြ႕ျဖစ္ေတာ့လို႕ ေတာ္ငးပန္းထားပါတယ္။

"ညေနဖက္တြင္အင္ဂြ်န္းၿမိဳ႕တြင္"ငဘ"႐ုပ္ရွင္ျပသအၿပီးဟြာေဆာင္းၿမိဳ႕ ႐ုပ္ရွင္႐ုံသို႔ လာေရာက္အားေပးၾကသည္။ ျမန္မာတိုင္းရင္းသား ေပါင္းစုံတို႔အားသြားေရာက္ႏူတ္ဆက္ရန္အသြား မိမိ၏က်န္းမာေရးအရ အနားယူရန္ လိုအပ္ပါ ေသာေၾကာင့္ ဟိုတယ္သို႔ျပန္ကာအနားယူခဲ့ရပါသည္။ ထို႔ေၾကာင့္ ကြ်န္ေတာ့္အားေတြ႕ဆုံရန္ တကူးတကလာၾကေသာ ဟြာေဆာင္းၿမိဳ႕ ရွိ ႐ုပ္ရွင္ၾကည့္ပရိႆတ္မ်ားအားအႏူးအၫြန္႔ေတာင္းပန္အပ္ပါသည္။၁၅.၈.၂၀၁၇ ရက္ေန႔တြင္ ျပသမည့္ဆိုးလ္ၿမိဳ႕ CLOSING CEREMON တြင္ေန႔လည္၂း၄၀တြင္က်င္းပမည့္ "ငဘ"႐ုပ္ရွင္႐ုံတြင္ ကြ်န္ေတာ္ႏွင့္ အားရပါးရႀကီး ေတြ႕ဆုံၾကပါစို႔ ဟုေျပာၾကားလိုက္ရပါသည္။ (ေက်ာ္သူ)" ဆိုၿပီး ေျပာထားပါတယ္။

ငဘရုပ္ရွင္ဇာတ္ကားမွာေတာ့ ဦးေက်ာ္သူနဲ႕အတူ က်ာ္ ရဲေအာင္၊ စိုးျမတ္သူဇာ၊ ေအးျမတ္သူတုိ႔လည္း အဓိကပါဝင္သ႐ုပ္ ေဆာင္ထားၿပီး ဒါ႐ိုက္တာခင္ေစာ မ်ိဳး (အေဖ့ပညာ)က ႐ိုက္ကူး ပံုေဖာ္ထားတာ ျဖစ္ပါတယ္။

Photo : ေက်ာ္သူ ေဖ့စ္ဘြတ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ဦးကျော်သူ ပါဝင်သရုပ်ဆောင်ထားတဲ့ ငဘရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ကိုရိးယားစာတန်းထိုးပြီး ယင်းနိုင်ငံမှာ ပြသခဲ့ ပါတယ်။

တောင်ကိုရီးယားနိုင်ငံလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ရုပ်ရှင်ပွဲတော် ကျင်းပရာ အင်ဂျွန်းမြို့နဲ့ ဟွာဆောင်းမြို့များမှာ ပြသခဲ့တာ ဖြစ်ပြီး အားပေးမှုရရှိခဲ့ပြီး မြန်မာပြည်သူလူထု လူငယ်များ ချီးမြှင့်တဲ့ အကယ်ဒမီဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအကြောင်းကိုလည်း ဦးကျော်သူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ယခုလို ရေးသားထားပါတယ်။

"ငဘရုပ်ရှင်ဇာတ်ကားအားယနေ့တောင်ကိုရီးယားနိုင်ငံလွတ်လပ်ရေးနေ့အထိမ်းအမှတ်ရုပ်ရှင်ပွဲတော်ကျင်းပရာ အင်ဂျွန်းမြို့ နှင့်ဟွာဆောင်းမြို့များတွင် ကိုရီးယားစာတန်းထိုး၍ ပြသခဲ့ရာ ကြည့်ရှုသူအပေါင်း နှစ်ခြိုက်အားပေးခဲ့ပြီး မြန်မာပြည်သူလူထု လူငယ်များ၏ချီးမြုင့်သောအကယ်ဒမီဆုအားရရှိခဲ့ပါသည်။" လို့ ဆိုပါတယ်။

ဦးကျော်သူကိုလည်း ကိုရီးယားနိုင်ငံရဲ့ KBS သီတင်းဌာနက ရုပ်ရှင်အကြောင်းအပြင် ပရဟိတအကြောင်းတွေကိုလည်း လာရောက်မေးမြန်းခဲ့ပါတယ်တဲ့။

ညနေဘက်မှတော့ ကျန်းမာရေးကြောင့် အနားယူဖို့ လိုအပ်လို့ ဟိုတယ်ကို ပြန်ပြီး အနားယူခဲ့ရတာဖြစ်လို့ ဟွာဆောင်းမြို့ရှိ ပရိသတ်တွေနဲ့ မတွေ့ဖြစ်တော့လို့ တော်ငးပန်းထားပါတယ်။

"ညနေဖက်တွင်အင်ဂျွန်းမြို့တွင်"ငဘ"ရုပ်ရှင်ပြသအပြီးဟွာဆောင်းမြို့ ရုပ်ရှင်ရုံသို့ လာရောက်အားပေးကြသည်။ မြန်မာတိုင်းရင်းသား ပေါင်းစုံတို့အားသွားရောက်နူတ်ဆက်ရန်အသွား မိမိ၏ကျန်းမာရေးအရ အနားယူရန် လိုအပ်ပါ သောကြောင့် ဟိုတယ်သို့ပြန်ကာအနားယူခဲ့ရပါသည်။ ထို့ကြောင့် ကျွန်တော့်အားတွေ့ဆုံရန် တကူးတကလာကြသော ဟွာဆောင်းမြို့ ရှိ ရုပ်ရှင်ကြည့်ပရိဿတ်များအားအနူးအညွန့်တောင်းပန်အပ်ပါသည်။၁၅.၈.၂၀၁၇ ရက်နေ့တွင် ပြသမည့်ဆိုးလ်မြို့ CLOSING CEREMON တွင်နေ့လည်၂း၄၀တွင်ကျင်းပမည့် "ငဘ"ရုပ်ရှင်ရုံတွင် ကျွန်တော်နှင့် အားရပါးရကြီး တွေ့ဆုံကြပါစို့ ဟုပြောကြားလိုက်ရပါသည်။ (ကျော်သူ)" ဆိုပြီး ပြောထားပါတယ်။

ငဘရုပ်ရှင်ဇာတ်ကားမှာတော့ ဦးကျော်သူနဲ့အတူ ကျာ် ရဲအောင်၊ စိုးမြတ်သူဇာ၊ အေးမြတ်သူတို့လည်း အဓိကပါဝင်သရုပ် ဆောင်ထားပြီး ဒါရိုက်တာခင်စော မျိုး (အဖေ့ပညာ)က ရိုက်ကူး ပုံဖော်ထားတာ ဖြစ်ပါတယ်။

Photo : ကျော်သူ ဖေ့စ်ဘွတ်


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top