Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

 ေရမေျခာက္ေသးတဲ့အခ်ိန္မွာ အတြင္းခံ ဝတ္တာဟာ က်န္းမာေရးကို ျပင္းျပင္းထန္ထန္ ထိခိုက္ေစပါတယ္။
အမ်ိဳးသမီးေတြ ေရခ်ိဳးၿပီးခါစ အခ်ိန္မွာပဲ အတြင္းခံေတြ ဝတ္ျခင္းဟာ အလြန္အမင္း မွားယြင္းတဲ့ လုပ္ရပ္ျဖစ္ေနပါတယ္။ ေရခ်ိဳးၿပီးတာနဲ႔ အတြင္းခံ တန္းဝတ္ျခင္းဟာ အမ်ိဳးသမီးေတြရဲ႕ က်န္းမာေရးကို ဆိုးဆိုး႐ြား႐ြား ထိခိုက္ေစတတ္ပါတယ္။

ေရခ်ိဳးခန္းထဲက တဘက္ဝတ္ၿပီး ထြက္လာတာနဲ႔ သိပ္မၾကာခင္မွာပဲ အတြင္းခံဝတ္ျခင္းဟာ အမ်ိဳးသမီးအဂၤါတစ္ဝိုက္မွာ ဘက္တီးရီးယားေတြ ပိုၿပီး ေပါက္ဖြားေစပါတယ္။ စိုစြတ္ေနတဲ့အခ်ိန္ အတြင္းခံဝတ္လိုက္ ျခင္းဟာ တဘက္ထဲမွာပါလာတဲ့ ဘက္တီးရီးယားေတြကို အလံုပိတ္ခန္းထဲ ထည့္လိုက္ျခင္းနဲ႔ အတူတူျဖစ္တယ္လို႔ မိုင္ယာမီ Femcare ေဆးဝါးစင္တာက ဒါ႐ိုက္တာျဖစ္တဲ့ ေဒါက္တာေဂ်ဆင္ဂ်ိမ္းစ္က ေျပာပါတယ္။
စိုစြတ္ေနေသးတဲ့အခ်ိန္မွာ ဘက္တီးရီးယားေတြက ပုိၿပီးရွင္သန္ေနထိုင္တတ္ၾကပါတယ္။ ဒါေၾကာင့္ ေရမေျခာက္ေသးတဲ့အခ်ိန္မွာ လံုးဝ အတြင္းခံ မဝတ္သင့္ပါဘူး။ ဘက္တီးရီးယားေတြ ရွိျခင္းဟာ သင့္ကို ကူးစက္ေရာဂါ အလြယ္တကူ ျဖစ္ေစပါတယ္။

အတြင္းခံထဲမွာ ဘက္တီးရီးယားေတြကို အလံုပိတ္ထားလိုက္သလိုမျဖစ္ေစဖို႔ သင္ေ႐ြးႏိုင္တဲ့ နည္းလမ္း ႏွစ္ခု ရွိပါတယ္။ တစ္ခုကေတာ့ အတြင္းခံကို ေရေျခာက္သြားေလာက္တဲ့အခ်ိန္ျဖစ္တဲ့ ေနာက္ဆံုးမွ ဝတ္တာပါပဲ။ ဆံပင္ၿဖီးတာတု႔ိ၊ မိတ္ကပ္လိမ္းတာတို႔နဲ႔ အက်ႌဝတ္တာေတြကို အရင္လုပ္လုိက္ပါ။ ေနာက္တစ္နည္းကေတာ့ ႏူးညံ့အိစက္တဲ့ အမ်ိဳးသမီးသံုးလို ပစၥည္းမ်ိဳး အသံုးျပဳတာပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr.တင့္ေဆြ

#Unicode Version#
 ရေမခြောက်သေးတဲ့အချိန်မှာ အတွင်းခံ ဝတ်တာဟာ ကျန်းမာရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေပါတယ်။
အမျိုးသမီးတွေ ရေချိုးပြီးခါစ အချိန်မှာပဲ အတွင်းခံတွေ ဝတ်ခြင်းဟာ အလွန်အမင်း မှားယွင်းတဲ့ လုပ်ရပ်ဖြစ်နေပါတယ်။ ရေချိုးပြီးတာနဲ့ အတွင်းခံ တန်းဝတ်ခြင်းဟာ အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတတ်ပါတယ်။

ရေချိုးခန်းထဲက တဘက်ဝတ်ပြီး ထွက်လာတာနဲ့ သိပ်မကြာခင်မှာပဲ အတွင်းခံဝတ်ခြင်းဟာ အမျိုးသမီးအင်္ဂါတစ်ဝိုက်မှာ ဘက်တီးရီးယားတွေ ပိုပြီး ပေါက်ဖွားစေပါတယ်။ စိုစွတ်နေတဲ့အချိန် အတွင်းခံဝတ်လိုက် ခြင်းဟာ တဘက်ထဲမှာပါလာတဲ့ ဘက်တီးရီးယားတွေကို အလုံပိတ်ခန်းထဲ ထည့်လိုက်ခြင်းနဲ့ အတူတူဖြစ်တယ်လို့ မိုင်ယာမီ Femcare ဆေးဝါးစင်တာက ဒါရိုက်တာဖြစ်တဲ့ ဒေါက်တာဂျေဆင်ဂျိမ်းစ်က ပြောပါတယ်။
စိုစွတ်နေသေးတဲ့အချိန်မှာ ဘက်တီးရီးယားတွေက ပိုပြီးရှင်သန်နေထိုင်တတ်ကြပါတယ်။ ဒါကြောင့် ရေမခြောက်သေးတဲ့အချိန်မှာ လုံးဝ အတွင်းခံ မဝတ်သင့်ပါဘူး။ ဘက်တီးရီးယားတွေ ရှိခြင်းဟာ သင့်ကို ကူးစက်ရောဂါ အလွယ်တကူ ဖြစ်စေပါတယ်။

အတွင်းခံထဲမှာ ဘက်တီးရီးယားတွေကို အလုံပိတ်ထားလိုက်သလိုမဖြစ်စေဖို့ သင်ရွေးနိုင်တဲ့ နည်းလမ်း နှစ်ခု ရှိပါတယ်။ တစ်ခုကတော့ အတွင်းခံကို ရေခြောက်သွားလောက်တဲ့အချိန်ဖြစ်တဲ့ နောက်ဆုံးမှ ဝတ်တာပါပဲ။ ဆံပင်ဖြီးတာတု့ိ၊ မိတ်ကပ်လိမ်းတာတို့နဲ့ အကျႌဝတ်တာတွေကို အရင်လုပ်လိုက်ပါ။ နောက်တစ်နည်းကတော့ နူးညံ့အိစက်တဲ့ အမျိုးသမီးသုံးလို ပစ္စည်းမျိုး အသုံးပြုတာပါပဲ။


ဖိုးသူတော် (www.phothutaw.com)
Credit: Dr.တင့်ဆွေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top