မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး (ဆဋ္ဌမအကြိမ်မြောက်)
×
#Unicode Version#
အမြစ်ပြတ်အောင်ကုလို့မရပဲဆေးနဲ့သာ တသက်လုံးထိန်းသွားရမယ့်ရောဂါအခြေအနေကိုပြောပြတဲ့ ရွှေမှုံရတီ။ ကျန်းမာရေးကတော့လောလောဆယ် နေကမကောင်းသေးပါဘူး။ ဆေးရုံကနေခွင့်ပြုချက်မရပဲနဲ့ အတင်းတောင်းဆင်လာတာဖြစ်ပါတယ်။ ဆေးရုံမှာ ၁၀ရက် ၁၅ရက် ၁လလောက်ထိဆေးရုံမှာနေရမယ့်သဘောပါ။ အလုပ်တွေရှိတယ် နာမည်မပျက်ချင်ပါဘူး။ အလုပ်တွေကိုပြီးပြတ်အောင်လုပ်နေပါတယ်။ အလုပ်အားလုံးပြီးတော့မှ ဆေးရုံကိုနောက်တခေါက်ပြန်တက်မှာပါ။ မွေးရာပါနှလုံးရောဂါပါ ပရိသတ်အားလုံးလဲသိထားပြီးပါပြီ။ ခုဆိုနှလုံးရောဂါအပြင်အစာအိမ်ရောဂါလဲရှိပါတယ်။ အစားအိမ်ရောဂါကတော့ အနုပညာသမားတွေဆိုတော့ဝိတ်လျှော့တော့ ဖြစ်ကြတာဖြစ်ပါတယ်။
နှလုံးကတော့ငယ်ငယ်ကတည်းကဖြစ်နေကျပါ။ အရင်တုန်းကတော့ဘယ်လိုစစ်စစ်မပေါ်ပါဘူး။ ဘာစက်နဲ့စမ်းစမ်းဆရာဝန်တွေက ဘာရောဂါမှမရှိဘူးလို့ပြောခဲ့ပါတယ်။ ခုဒီ(၁၀)ရက် အကြီးကျယ်သတိလစ်သွားမှ စက်တွေ၂၄ နာရီတပ်ပြီးစောင့်ကြည့်မှ ရောဂါအခုမှ အဖြေထွက်လာတော့တယ်။ ကုနေတာ ၆နှစ် ၇နှစ်လောက်ရှိပါပြီ ဘာရောဂါမှန်းမသိခဲ့ပါဘူး။ နိုင်ငံခြားမှာပဲဆက်တိုက်ကုနေတာအဖြေမထွက်ခဲ့ပါဘူး။ အခြေနေဆိုးရွားတော့ ဆရာဝန်ကြီးတွေကအချိန်ပြည့်စောင့်ကြည့်ခဲ့တယ်။ (၁၀)ရက်တာ သတိလစ်တာကလဲ နှလုံးခုန်အရမ်းမြန်လာပြီး လေဟပ်လို့ သတိလစ်သွားတာပါ။
ဆေးရုံးပေါ်ရောက်တော့ အသက်ရှုတခါရပ်သွားသေးပါတယ်။ ပြန်နှိုးလို့မရတော့လို့ အကုန်လုံးသေပြီလို့အောက်မေ့နေကြတာ။ သေမင်းတမာန်လက်ထဲက ဆရာဝန်တွေအတင်းပြန်ဆွဲထုတ်ခဲ့လို့ အသက်ပြန်ရှုလာတယ် အောက်စီဂျင်တွေတပ် ဆေးနဲ့အသက်ပြန်ကယ်ထားရတာပါ့။ မိသားစုဝင်တွေကိုရော ချစ်ချစ်ကရော ၁၀ရက်သတိလစ်နေချိန် ဘယ်ရောက်သွားလဲလို့အကုန်မေးကြတယ်။ တကယ်တမ်းကျတော့ ဘာမှမမှတ်မိပါဘူး စိတ်ထဲမှာအိပ်သွားတယ် နိုးလာတယ် ဒီလိုပဲမှတ်မိတယ်။ စိတ်ဘယ်ရောက်နေလဲဆိုတာ လက်ညှိုးတော့ထိုးပြတယ် စကားတော့ပြန်မပြောဘူး ကျွေးလဲစားလိုက်တယ်တဲ့ သတိလစ်နေတဲ့အချိန်မှာပေါ့။ တခါတလေကျတော့လဲ စကားတခွန်းတလေထပြောတယ်။ ဘာပြောတာလဲဆိုတော့လဲ သိသိကျကျမကြားကြပါဘူး။ ရန်ကုန်မှာကတည်းက ၅ရက်တာ သတိလစ်သွားပါပြီ။ ငယ်ငယ်ကတည်းကဆေးရုံနဲ့ အသားကျနေတော့ နိုးလာလဲ ငါဆေးရုံရောက်နေပြန်ပြီ လက်ပေါ်မှာလဲအပ်တွေထိုးထားတယ် စက်တွေကလဲဘေးမှာအများကြီးဆိုတော့ သိလိုက်တယ်။ ကိုယ့်ကိုကိုယ်အခြေနေသိပ်မကောင်းဘူးဆိုတာ။ သတိပြန်လည်လာတော့ ဆရာဝန်ကြီးတွေကလဲနေလို့ကောင်းလား ကိုယ့်အခြေနေတွေကိုရှင်းပြပါတယ်။
သတိလည်လည်လာချင်း ခရီးသွားစရာရှိလို့ အမေကိုလှလှလေးထည့်ပေး လှလှလေးပြင်ပေးဖို့ တောင်းဆိုခဲ့တာ သတိကောင်းကောင်းရချိန်မှာတော့ အဲဒါတွေမမှတ်မိတော့ပါဘူး။ မှတ်ဉာဏ်တွေလဲ အများကြီးလျော့ကျသွားခဲ့တယ်။ စိတ်ကလဲအရမ်းမာနေလို့တာ ဆရာဝန်ကတော်ရုံဆိုကယ်ဖို့မလွယ်ဖူးလို့ မှတ်ချက်တွေချသွားတယ်။ စိတ်ထဲမှာ သတိအမြဲရှိရှိနေတတ်တယ်။ အိမ်ကလူတွေလဲ အိပ်ပျော်သွားကြမှာအရမ်းကြောက်တယ်။ ပုံမှန်တရက်၄နာရီပဲအိပ်ဖြစ်တယ်။ အရမ်းပင်ပန်းတဲ့အချိန် ရှုတင်အပြန် ညနေ၇ နာရီလောက်အိပ်လိုက်ရင် သေချာတယ်နောက်တရက်သတိပြန်မရတော့ဘူး။ ပုံမှန်က ည၁၂နာရီကျော်မှအိပ်ဖြစ်တယ်။ ညစောစောအိပ်မယ်ဆို အိမ်ကလူတွေကကြောက်နေပြီလို့ ကျန်းမာရေးအခြေနေကို ရွှေမှုံရတီပြောပြသွားပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:  MyanmarCeleWiki
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top