ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

သင့္ရဲ႕လွ်ာက သင့္က်န္းမာေရး အေျခအေနကို ေျပာျပေပးႏိုင္ပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕လွ်ာရဲ႕ အေရာင္ ၊ အ႐ြယ္အစား၊ မ်က္ႏွာျပင္တို႔၏ ေခ်ာမႈ ၾကမ္းမႈ စသည့္အေနအထားေတြကိုၾကည့္ၿပီး သင္ဘာေရာဂါခံစားေနရသလဲဆိုတာကို ေျပာႏိုင္ပါတယ္။ အခုဒီမွာလည္း လွ်ာရဲ႕အေရာင္အလိုက္ ခံစားေနရတဲ့ေရာဂါမ်ားကို ဓာတ္ပုံမ်ားနဲ႔ေဖာ္ျပလိုက္ပါတယ္။ အခုေဖာ္ျပေပးလိုက္တဲ့ အခ်က္ေတြနဲ႔ပတ္သတ္ၿပီး သင့္ရဲ႕က်န္းမာေရးကို သင္ရဲ႕လွ်ာပုံစံအေရာင္ ကေနစစ္ေဆးခ်င္တယ္ ဆိုရင္ မနက္ေစာေစာ သြားမတိုက္ခင္ သာမန္အလင္းေရာင္နဲ႔ စစ္ေဆးသင့္ပါတယ္။ ဒါ့အျပင္ လွ်ာရဲ႕ အေပၚယံအလႊာဟာ အစားအေသာက္၊ ေဖ်ာ္ရည္၊ ေဆးဝါးမ်ားနဲ႔ ေဆးလိပ္ေသာက္ျခင္း၊ ကြမ္းစားထားျခင္းတို႔ေၾကာင့္ ေျပာင္းလဲႏိုင္တဲ့အတြက္ ဘာအစားအစာမွ မစားရေသးခင္ နာရီဝက္ တစ္နာရီခန႔္ အလိုမွာ စစ္ေဆးသင့္ပါတယ္။ ဒါေပမဲ့ အျမင္အာ႐ုံနဲ႔စစ္ေဆးခ်က္မ်ားဟာ ၁၀၀ % တိက်တဲ့ အေျဖမေပးႏိုင္ဘူးဆိုတာကို သိထားပါ။ လွ်ာဟာ အစားအစာ၊ ဘတ္တီးရီးယားမ်ားေၾကာင့္ ေျပာင္းလဲႏိုင္ၿပီး သင့္အေနနဲ႔ လွ်ာရဲ႕အေရာင္နဲ႔ပတ္သတ္ၿပီး စိုးရိမ္ပူပန္ေနတယ္ ဆိုရင္ မိမိဘာသာကိုယ္တိုင္က်ိတ္မကုပဲ ကြၽမ္းက်င္သူဆရာဝန္မ်ားနဲ႔ ျပသကာ ေသခ်ာေအာင္အေျဖထုတ္စစ္ေဆးသင့္ပါတယ္။

၁။ ပန္းေရာင္ေဖ်ာ့ေဖ်ာ့ (က်န္းမာေရးေကာင္းမြန္)

 
၂။ အနီေရာင္ လွ်ာ (ကူးစက္ေရာဂါ တစ္မ်ိဳးမ်ိဳးခံစားေနရတဲ့အေျခအေန)

 
၃။ အနီေရာင္ေတာက္ေတာက္ လွ်ာ (ႏွလုံးေရာဂါနဲ႔ ေသြးေၾကာဆိုင္ရာေရာဂါမ်ားခံစားေနရတဲ့ အေျခအေန)

 
၄။ အဝါေရာင္ လွ်ာ ( အစာအိမ္နဲ႔ အသည္းေရာဂါ ခံစားေနရတဲ့အေျခအေန )

 
၅။ ခရမ္းေရာင္လွ်ာ ( ႏွလုံးေရာဂါနဲ႔အဆုတ္ေရာဂါ ခံစားေနရတဲ့အေျခအေန)

 
၆။ အျပာေရာင္လွ်ာ ( ေက်ာက္ကပ္ဆိုင္ရာ က်န္းမာေရးျပႆနာ ရွိေန)

 
၇။ အေရာင္ေဖ်ာ့ေတာ့ေတာ့ ျဖစ္ေနေသာ လွ်ာ (ဗီတာမင္နဲ႔ အာဟာရခ်ိဳ႕တဲ့ေသာ လကၡဏာ)

 
၈။ အျဖဴေရာင္ လွ်ာ (ေရဓာတ္ေျခာက္ေသြ႕ျခင္း၊ မႈိေရာဂါ ကူးစက္ျခင္း)

 
၉။အညိဳေရာင္ လွ်ာ ( အစာေျခလမ္းေၾကာင္းဆိုင္ရာ ေရာဂါရွိေနေသာလွ်ာ)


လွ်ာအေပၚယံအလႊာက ေျပာျပေနတဲ့ သင့္ရဲ႕ က်န္းမာေရးအေၾကာင္း ၃ ခ်က္

လွ်ာရဲ႕ အေပၚယံအလႊာက လွ်ာရဲ႕ အေရာင္နဲ႔ မတူညီပါဘူး။ ပါးလႊာေနတဲ့ လွ်ာအေပၚယံအလႊာဟာ သြားတိုက္တံနဲ႔ အလြယ္တကူျခစ္ထုတ္ႏိုင္ၿပီး ဒီလိုမ်ိဳး လွ်ာအေပၚယံအလႊာပါးဆိုရင္ ပုံမွန္ပဲျဖစ္ပါတယ္။ ဒါေပမဲ့ သင္လွ်ာရဲ႕ အေပၚယံအလႊာ ထူေနၿပီဆိုရင္ေတာ့ က်န္းမာေရးျပႆနာျဖစ္ေနေၾကာင္းျပသေနတာ ျဖစ္ပါတယ္။

၁။ အညိဳေရာင္ အလႊာရွိေနေသာ လွ်ာ (အဆုတ္ေရာဂါဆိုင္ရာ ခံစားေနရတဲ့ အျခအေန)


၂။ ခဲေရာင္၊ မီးခိုးေရာင္ အလႊာရွိေနေသာလွ်ာ (အစာအိမ္ ေရာင္ရမ္းနာ၊ အစာအိမ္လမ္းေၾကာင္းတြင္ အနာျဖစ္ေပၚေနျခင္း)


၃။ အဝါေရာင္ အလႊာရွိေနေသာ လွ်ာ (အစာေျခလမ္းေၾကာင္းဆိုင္ရာ က်န္းမာေရးျပႆနာမ်ား ျဖစ္ေပၚေနျခင္း)


၄။ အျဖဴေရာင္ အလႊာထူရွိေသာလွ်ာ (ယစ္မူးျခင္း၊ ကူးစက္ေရာဂါခံစားေနရျခင္း)


ဖိုးသူေတာ္ (www.phothutaw.com)
Credit: လူမုိ (ရုိးရာေလး)

#Unicode Version#
သင့်ရဲ့လျှာက သင့်ကျန်းမာရေး အခြေအနေကို ပြောပြပေးနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့လျှာရဲ့ အရောင် ၊ အရွယ်အစား၊ မျက်နှာပြင်တို့၏ ချောမှု ကြမ်းမှု စသည့်အနေအထားတွေကိုကြည့်ပြီး သင်ဘာရောဂါခံစားနေရသလဲဆိုတာကို ပြောနိုင်ပါတယ်။ အခုဒီမှာလည်း လျှာရဲ့အရောင်အလိုက် ခံစားနေရတဲ့ရောဂါများကို ဓာတ်ပုံများနဲ့ဖော်ပြလိုက်ပါတယ်။ အခုဖော်ပြပေးလိုက်တဲ့ အချက်တွေနဲ့ပတ်သတ်ပြီး သင့်ရဲ့ကျန်းမာရေးကို သင်ရဲ့လျှာပုံစံအရောင် ကနေစစ်ဆေးချင်တယ် ဆိုရင် မနက်စောစော သွားမတိုက်ခင် သာမန်အလင်းရောင်နဲ့ စစ်ဆေးသင့်ပါတယ်။ ဒါ့အပြင် လျှာရဲ့ အပေါ်ယံအလွှာဟာ အစားအသောက်၊ ဖျော်ရည်၊ ဆေးဝါးများနဲ့ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားထားခြင်းတို့ကြောင့် ပြောင်းလဲနိုင်တဲ့အတွက် ဘာအစားအစာမှ မစားရသေးခင် နာရီဝက် တစ်နာရီခန့် အလိုမှာ စစ်ဆေးသင့်ပါတယ်။ ဒါပေမဲ့ အမြင်အာရုံနဲ့စစ်ဆေးချက်များဟာ ၁၀၀ % တိကျတဲ့ အဖြေမပေးနိုင်ဘူးဆိုတာကို သိထားပါ။ လျှာဟာ အစားအစာ၊ ဘတ်တီးရီးယားများကြောင့် ပြောင်းလဲနိုင်ပြီး သင့်အနေနဲ့ လျှာရဲ့အရောင်နဲ့ပတ်သတ်ပြီး စိုးရိမ်ပူပန်နေတယ် ဆိုရင် မိမိဘာသာကိုယ်တိုင်ကျိတ်မကုပဲ ကျွမ်းကျင်သူဆရာဝန်များနဲ့ ပြသကာ သေချာအောင်အဖြေထုတ်စစ်ဆေးသင့်ပါတယ်။

၁။ ပန်းရောင်ဖျော့ဖျော့ (ကျန်းမာရေးကောင်းမွန်)

၂။ အနီရောင် လျှာ (ကူးစက်ရောဂါ တစ်မျိုးမျိုးခံစားနေရတဲ့အခြေအနေ)

၃။ အနီရောင်တောက်တောက် လျှာ (နှလုံးရောဂါနဲ့ သွေးကြောဆိုင်ရာရောဂါများခံစားနေရတဲ့ အခြေအနေ)

၄။ အဝါရောင် လျှာ ( အစာအိမ်နဲ့ အသည်းရောဂါ ခံစားနေရတဲ့အခြေအနေ )

၅။ ခရမ်းရောင်လျှာ ( နှလုံးရောဂါနဲ့အဆုတ်ရောဂါ ခံစားနေရတဲ့အခြေအနေ)

၆။ အပြာရောင်လျှာ ( ကျောက်ကပ်ဆိုင်ရာ ကျန်းမာရေးပြဿနာ ရှိနေ)

၇။ အရောင်ဖျော့တော့တော့ ဖြစ်နေသော လျှာ (ဗီတာမင်နဲ့ အာဟာရချို့တဲ့သော လက္ခဏာ)
၈။ အဖြူရောင် လျှာ (ရေဓာတ်ခြောက်သွေ့ခြင်း၊ မှိုရောဂါ ကူးစက်ခြင်း)
၉။အညိုရောင် လျှာ ( အစာခြေလမ်းကြောင်းဆိုင်ရာ ရောဂါရှိနေသောလျှာ)

လျှာအပေါ်ယံအလွှာက ပြောပြနေတဲ့ သင့်ရဲ့ ကျန်းမာရေးအကြောင်း ၃ ချက်

လျှာရဲ့ အပေါ်ယံအလွှာက လျှာရဲ့ အရောင်နဲ့ မတူညီပါဘူး။ ပါးလွှာနေတဲ့ လျှာအပေါ်ယံအလွှာဟာ သွားတိုက်တံနဲ့ အလွယ်တကူခြစ်ထုတ်နိုင်ပြီး ဒီလိုမျိုး လျှာအပေါ်ယံအလွှာပါးဆိုရင် ပုံမှန်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ သင်လျှာရဲ့ အပေါ်ယံအလွှာ ထူနေပြီဆိုရင်တော့ ကျန်းမာရေးပြဿနာဖြစ်နေကြောင်းပြသနေတာ ဖြစ်ပါတယ်။

၁။ အညိုရောင် အလွှာရှိနေသော လျှာ (အဆုတ်ရောဂါဆိုင်ရာ ခံစားနေရတဲ့ အခြအနေ)

၂။ ခဲရောင်၊ မီးခိုးရောင် အလွှာရှိနေသောလျှာ (အစာအိမ် ရောင်ရမ်းနာ၊ အစာအိမ်လမ်းကြောင်းတွင် အနာဖြစ်ပေါ်နေခြင်း)

၃။ အဝါရောင် အလွှာရှိနေသော လျှာ (အစာခြေလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်နေခြင်း)

၄။ အဖြူရောင် အလွှာထူရှိသောလျှာ (ယစ်မူးခြင်း၊ ကူးစက်ရောဂါခံစားနေရခြင်း)

ဖိုးသူတော် (www.phothutaw.com)
Credit: လူမို (ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top