Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×
#Unicode Version#
ဆာလောင်မွတ်သိပ်ခြင်းက လူတိုင်းကို အမျက်ထွက်စေပါတယ်။ ဗိုက်ဆာလာတဲ့အချိန်မှာ ဘယ်အရာ ကိုမှ သည်းခံပေးလို့မရပါဘူး။ ဗိုက်ဆာလာတဲ့အခါ အလိုလိုရင်း စိတ်ဆတ်လာမယ်။ ဒေါသထွက်လာ မယ်။ သည်းခံမှုအားနည်းလာပါမယ်။ ဒါ့ကြောင့်မို့လို့ ဒီလိုမျိုး ဆာလောင်မှုနဲ့ကြုံလာတဲ့အခါ တစ်ဦး တစ်ယောက်က ကိုယ့်အပေါ် သည်းခံနိုင်မှုတောင် ကျော်လွန်လာရင်တော့ အသက်အန္တရာယ်ရန်ရှာ လာရဲတဲ့အထိတောင် ဒေါသပေါက်ကွဲပြုမူနိုင်တာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုက မိန်းကလေးတစ်ဦးက ချစ်သူဟောင်းကောင်လေးတစ်ဦးကို သူမအတွက် စားစရာချက်ပြုတ်ပြင်ဆင်ပေးဖို့ ငြင်းဆန်ခဲ့လို့ ဓါးနဲ့ထိုးခဲ့တယ်လို့ သိရပါတယ်။ ညနေစာ ဆာလောင် ပြင်းပြလွန်းစွာဖြစ်နေတဲ့သူမအတွက် ပြင်ဆင်ပေးဖို့ ငြင်းဆန်ခဲ့လို့ ချစ်သူဟောင်းကောင်လေးကို တွေ့ ကရာ ပစ္စည်းတွေနဲ့ ပစ်ပေါက်တိုက်ခိုက်ဖို့ ကြိုးစားခဲ့ရာမှ နောက်ဆုံးတော့ ဒေါသတကြီးနဲ့ မီးဖိုချောင် သုံးဓါးကို သုံးကာ နောက်ကျောဘက်ကို ဓါးထိုးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ စစ်ဆေးချက်မှာ ထုတ်ပြန်ထားပါတယ်။
ဓါးဒဏ်ရာကြောင့် အသက်သေလုနီးပါးဖြစ်နေခဲ့တဲ့ လူငယ်ကောင်လေးကို အရေးပေါ်တပ်ဖွဲ့ဝင်နဲ့ မိ သားစုတွေရောက်ရှိလာပြီး ဆေးရုံသို့အလျင်အမြန်ပို့ဆောင်ကုသပေးခဲ့ရတယ်လို့ သိရပါတယ်။ အငြှိုး ကြီးကြီးမားမားကြောင့် မဟုတ်ပဲ ဆာလောင်လွန်းတဲ့ဒဏ်ကို မခံစားနိုင်လို့ ဒေါသတကြီးဖြစ်ကာ လုပ် လိုက်မိတဲ့ ပြစ်မှုအတွက်လည်း ကျူးလွန်တဲ့မိန်းကလေးက အပြစ်ကိုဝန်ခံထွက်ဆိုထားပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:သဒ္ဒါချို(ရွှေအင်းလေး)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top