မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး (ဆဋ္ဌမအကြိမ်မြောက်)
×





-မာရင်ရင်


#Unicode Version#
အရင်ကတော့ စိတ်ထားမပြည့်ဝခင်က
ကိုယ့်ကိုခေါင်းလေးပုတ် ခြေထောက်နဲ့လာကန်တဲ့အခါ လုပ်ရက်လေခြင်းဆိုပြီး ဒေါသနဲ့ ပါးပြင်းထောင်ပြီး အဆိပ်ပြင်းပြင်းနဲ့ ပြန်ကိုက်ချင်ဖူးတယ်။

အခုနောက်ပိုင်းမှာတော့
ကိုယ့်ကိုဒီလို လာထိခိုက်တဲ့အခါမှာ
သူတစ်ပါးကို သွားထိခိုက်နစ်နာအောင် လုပ်တယ်ဆိုကတည်းက စိတ်ဓါတ်မပြည့်ဝလို့ပဲသတ်မှတ်တယ်။
ဒါကိုမှ ကိုယ်ကသွားပေါက်လိုက်မိလို့ သူတို့နဲ့သွားတူပြီး မကောင်းတဲ့ အဆိပ်အတောက်တွေ ပြန်ပါလာမှာစိုးလို့ ကိုယ့်အစွယ်တွေ ပြန်သိမ်းမယ်မိရင်း စိတ်လျှော့တတ်လာတယ်။

မသတီလို့ဆိုတာထက် မကောင်းတဲ့အသွေးတွေ အစအနတွေကို ကိုယ့်အစွယ်မှာ လာအစွန်းမခံနိုင်လို့ လျစ်လျူရှု ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ရတဲ့ အချိန်တွေ ရှိဖူးတယ်။
အသက်တွေ ကြီးလာတော့ သင်ခန်းစာယူပြီး ခဝါချတတ်သွားပြီ။

တုန့်ပြန်တိုင်း မနိုင်ဘူး ။
အနိုင်လိုချင်လို့လည်း တုန့်ပြန်စရာမလိုဘူး ။
ငြိမ်ငြိမ်လေးနေပြီး လျစ်လျူရှုတတ်ရင် ပိုနိုင်တယ်။

-မာရင်ရင်

ဖိုးသူတော် (www.phothutaw.com)
Credit: မနုဿ ရဲ့ စာမျက်နှာလေးများ

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top