ကန်တော်ကြီးအနီး နိုင်ငံတကာအဆင့်မီ Royal Garden View ကွန်ဒို အထူးအရောင်းပြပွဲ
×
Credit: oasis
#Unicode Version#
 အောင်မြင်တဲ့ အနုပညာရှင်ဇနီးမောင်နှံတွေဖြစ်ကြတဲ့ ပြေတီဦး နဲ့ အိနြောကျော်ဇင်တို့ ဟာ သမီးလေးနဲ့ သားလေးကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်နေကြတဲ့ မိသားစုလဲ ဖြစ်ကြပါတယ် ။ အသက် ၃၈ အရွယ်ကျော်လာပြီး ဘီးကျဲအရွယ်ရောက်လာပြီလို့ ပြောခာတဲ့ ပြေတီဦး ဟာလဲ သားနဲ့ သမီး နဲ့ ပတ်သတ်ပြီး သူတို့နဲ့က ရင်းရင်းနီးနီးလက်ပွန်းတတီးနေတဲ့ ဆက်ဆံရေးမျိုးပဲ ။ အဖေတစ်ယောက်လို ဖာသိဖာသာ မချစ်တက်ဘူး ။ အပြင်မှာနေတဲ့ ပုံကလည်း အကုန်လုံးလျှောက်နောက်လျှောက်စနေတာဆိုတော့ သူတို့တွေနဲ့ လဲ ဒီတိုင်းပါပဲ ။ခပ်တည်တည်ကြီးမနေတက်သလို ပြောစရာရှိရင်တော့ပြောတာပေါ့နော် ကြောက်စေလိုတဲ့ သဘောနဲ့ မဟုတ်ပဲ ဆွေးနွေးတဲ့ ပုံစံမျိုးနဲ့ သမီးငယ်ငယ်က စကားပြောလို့ ရတဲ့ အရွယ် တစ်နှစ်ခွဲ နှစ်နှစ်လောက်တည်းက ပြန်ဆွေးနွေးတယ် “သုသုပြောတာက အဲ့ဒိလိုမဟုတ်ဘူး ဖေဖေ သုသုပြောတာက” အဲ့ဒိလိုမျိုးလေးပြန်ပြီး Discuss လုပ်တယ် ။ ဟိုသာမလုပ်ရဘူး ဒီဟာမလုပ်ရဘူးလို့ မရှိပေမယ့် ကလေးစိတ်နဲ့ ဂျီကျပြီးပြောလို့နားမလည်တဲ့ အချိန်တွေကြရင်တော့ နည်းနည်းလေး မာမာထန်ထန် ပြောတာမျိုးလေးတွေတော့ ရှိပါတယ် ။ ကိုယ့် အဖေ ကတော့ အဲ့ဒိလိုမျိုးမဟုတ်ဘူး ခပ်တည်တည်နေတယ် ။ အဖေက တခါမှ မရိုက်ဘူးပေမယ့် အဖေကိုရှိန်တယ် အဖေရှိနေရင်တောင်ဖြတ်မလျှောက်ရဲခဲ့ဘူး ။ ဘာမှမပြောပဲ နဲံကို အလကားနေရင်းကြောက်နေတာ ။
အူဝဲကတော့ သူတို့ ကိုပိုပြီးအလိုလိုက်တယ် နဂိုထဲက ကလေးချစ်တော့ ကလေးတွေအတွက်ဆိုရင်လည်း အပင်ပန်းခံတယ် ။ကလေးတွေ ငယ်ငယ်တုန်းကဆိုရင် တစ်ညလုံး သူအိပ်ကိုမအိပ်ဘူး ကလေးတွေ နှစ်နှစ်ခွဲလောက်ထိ သူကောင်းကောင်းမအိပ်ရဘူး ။ကလေးတွေ အတွက်ဆို ဘာမဆိုလုပ်တယ် ဘယ်လောက်ထိ ပင်ပင်ပန်းပန်း သူလုပ်နိုင်တယ် ဒဏ်ခံနိုင်တယ် ။ အရမ်ူကို အံ့သြယူရတယ် ။ သူ့ကိုလည်း သတိပေးရတယ် အရမ်းကြီး serious ကြီးမဖြစ်နဲ့လို့ လူကြီးတွေပါ ထိခိုက်လာနိုင်တယ် အိပ်ယာထဲ လဲသွားတာတို့ နာမကျန်း ဖြစ်မှာတို့ စိုးရိမ်ရတယ် ။အလုပ်တွေတောင် အကုန်လက်မခံခဲ့ဘူး အဲ့ဒိလိုမျိုးလေးတွေ အများကြီးပဲ ။
မိသားစုမှာ အဓိကကတော့ နားလည်မှုလေးတွေပေါ့ ညဘက်ဆိုရင် မိသားစု အတူတူ ဘုရားရှိခိုးကြတယ် အငယ်ကောင်က စကားသေချာ မတက်သေးပေမယ့်လည်း ဝါးချတယ် ။ အဖေ က ဆူရင်လဲ အူဝဲက မကြိုက်တာမျိုးတွေတော့ မရှိပါဘူး ကျွန်တော်က လည်း အရမ်းကြီးလိုအပ်လာမှပဲ ပြောတတ်တာဆိုတော့လဲ နားလည်မှု အပြည့်ရှိပါတယ်ဆိပြီး မိသားစုအကြောင်းလေးတွေကိုပြောသွားခဲ့ ပါတယ် ။
ဖိုးသူတော် (www.phothutaw.com)
Credit: oasis
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top