Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဓာတ္ပုံ−စုိင္းေဇာ္
၁၉၈၈ အေရးေတာ္ပုံ ကာလအတြင္း နယ္စပ္သုိ႔ထြက္ ေျပးတိမ္းေရွာင္ခဲ့ရသည့္ ေက်ာင္း သားမ်ားအေၾကာင္းကုိ႐ုိက္ကူး ထားေသာ ပါပီမဇာတ္ကား၌ပါ ၀င္သ႐ုပ္ေဆာင္ခဲ့ရသျဖင့္ အႏု ပညာအရ ဆုံး႐ႈံးမႈႀကီးမားခဲ့ ေၾကာင္း သ႐ုပ္ေဆာင္ခင္စုိးပုိင္က ေျပာသည္။

‘‘ပါပီမဇာတ္ကားကုိ ႏုိင္ငံ ေတာ္က႐ုိက္ေတာ့ အန္တီပုိင္ကုိ လာငွားတယ္။ အဲဒီတုန္းကဆုိ အရမ္းကုိ ရင္ထိတ္ၿပီးေၾကာက္ခဲ့ ရတယ္။ အမ်ိဳးမ်ိဳးလည္း ဒုကၡ၊ သုကၡေတြခံခဲ့ရပါတယ္။ အန္တီ ပုိင္ရဲ႕ အႏုပညာဆုံး႐ႈံးမႈေတြ လည္း အမ်ားႀကီးဆုံး႐ႈံးခဲ့ရပါ တယ္။ လာေခၚတဲ့အခါမွာ ႏုိင္ငံ ေတာ္က အေရးအခင္းကား ပါပီမ ဇာတ္ကားကုိ႐ုိက္မယ္။ ဘယ္သူ ပါလဲလုိ႔ေမးလုိက္ေတာ့ မုိ႔မုိ႔ျမင့္ ေအာင္၊ ေက်ာ္သူ၊ ရဲေအာင္၊ ခင္ စုိးပုိင္ပါမယ္။ ေလးေယာက္ေပ့ါ။ ကုိယ္ကလည္း မမုိ႔ပါရင္ၿပီးေရာ လုိက္မယ္ေပါ့။ ကုိယ္ကလက္ခံ လုိက္တယ္’’ ဟု၎ကေျပာသည္။

သုိ႔ေသာ္ တကယ္တမ္းလက္ ခံ႐ုိက္ကူးရန္ ေလဆိပ္ေရာက္ သည့္အခါ မို႔မုိ႔ျမင့္ေအာင္၊ ေက်ာ္သူႏွင့္ရဲေအာင္တို႔ကုိမေတြ႕ရဘဲ အျခားမ်က္ႏွာစိမ္းသ႐ုပ္ေဆာင္ မ်ားျဖစ္သည့္ ယုနႏၵာျမင့္၊ မဲဇာ၊ ဓာတ္လင္း၊ ေပၚဆန္းတို႔ကုိသာ ေတြ႕ခဲ့ရေၾကာင္း ၎ကဆုိသည္။

‘‘ကဲ ေလယာဥ္ေပၚတက္ မယ္ဆုိၿပီး မခင္စုိးပုိင္တက္ေတာ့ တဲ့။ ပစၥည္းေတြကလည္း တင္ၿပီး သြားၿပီ။ ခဏေနဦး မမုိ႔ကုိေစာင့္ လုိက္ဦးမယ္ေပ့ါ။ အဲဒီအခါက်မွ ဘာေျပာလဲဆုိေတာ့ မမုိ႔ကမ႐ုိက္ ျဖစ္ေတာ့ဘူးတဲ့။ ဒါဆုိက်န္တဲ့သူ ေတြေကာလုိ႔ ေမးေတာ့ ဘယ္သူမွ မ႐ုိက္ၾကေတာ့ဘူးတဲ့။ ဟယ္အဲ ဒါဆုိအစ္မတို႔မပါရင္ ကြၽန္မ လည္း မ႐ုိက္ဘူးဆုုိၿပီး အန္တီပုိင္ ေလဆိပ္မွာ ျပန္ေျပးတာ အရမ္း ရယ္ရတာပဲ။ ကြၽန္မပစၥည္းေတြ ျပန္ခ်ဆုိၿပီး မ႐ုိက္ေတာ့ဘူးေျပာ တာ။ အဲဒီအခ်ိန္မွာ တပ္ကဘာ ေျပာလဲဆုိေတာ့ မ႐ုိက္လုိ႔မရဘူး တဲ့။ လက္လည္းလက္ခံၿပီးသြားၿပီ တဲ့။ ကြၽန္ေတာ္တို႔အထက္ကက် လာတာျဖစ္တဲ့အတြက္ေလယာဥ္ ေပၚလည္း ပစၥည္းေတြေရာက္ေန ၿပီ။ ေနာက္ျပန္လွည့္ခြင့္မရွိဘူးဆုိၿပီး ႐ုိက္ကုိ႐ိုက္ရမယ္လုိ႔ေျပာတဲ့ အတြက္ အန္တီပုိင္ပါသြားခဲ့ တယ္’’ ဟု ၎ကဆုိသည္။

ပါပီမဇာတ္ကားကုိ ေကာ့ ေသာင္း၌ ႏွစ္လနီးပါးေလာက္ ႐ုိက္ကူးၿပီး အႏုပညာအရဆုံး႐ႈံး မႈႀကီးမားခဲ့ရေသာ္လည္း အဆုိပါ ဇာတ္ကားကုိ ျမန္မာ့႐ုပ္ျမင္သံ ၾကားက ျပသည့္အခ်ိန္တြင္အရမ္း ေပါက္သြားခဲ့ေၾကာင္း ၎ကေျပာ သည္။

‘‘ဒီကားထဲမွာပါတဲ့သူေတြ၊ ႏုိင္ငံေတာ္ဘက္ကပါတဲ့သူေတြ ကုိ ေခါင္းျဖတ္မယ္၊  သတ္မယ္ဆုိ လုိ႔ အန္တီပုိင္တို႔အိမ္ထဲက အိမ္ ျပင္ေတာင္မထြက္ရဲခဲ့ဘူး။ေနာက္ ၿပီးေတာ့ ဘယ္ေလာက္ထိခံစား ခဲ့ရလဲဆုိ အဲဒီအခ်ိန္က ဗီဒီယုိေတြ စ႐ုိက္ေနတဲ့အခ်ိန္ျဖစ္တဲ့အျပင္ အန္တီပုိင္က ေခါင္းေဆာင္အေန နဲ႔ ႐ုိက္ေနတဲ့အခ်ိန္မွာ အန္တီပုိင့္ ကုိ ေငြကုန္ခံအဆုံး႐ႈံးခံၿပီးေတာ့ မင္းသမီးေတြ ေျပာင္းၾကတဲ့သူ ေတြရွိတယ္၊ ႏုိင္ငံေတာ္မင္းသမီး ဆုိၿပီး။ အခုမွသာႏုိင္ငံေတာ္ကား ေတြ႐ုိက္ခ်င္လုိက္ၾကတာ။ အရင္ ေခတ္က အဲဒီလုိမဟုတ္ဘူး။  အ သက္ေပးၿပီး ႐ုိက္ခဲ့ရတာ။ ပတ္ ၀န္းက်င္မွာ ေခါင္းျဖတ္မယ္၊ သတ္မယ္ဆုိလုိ႔ အိမ္ထဲကအိမ္အ ျပင္မထြက္ရဲဘူး’’ ဟု ၎၏ပါပီမ ဇာတ္ကား႐ုိက္ကူးမႈအမွတ္တရ မ်ားကုိ ေျပာသည္။

နယ္စပ္တြင္ သြားေရာက္ ႐ိုက္ကူးရသည့္ ဇာတ္ကားျဖစ္ သည့္အျပင္ ၎တုိ႔ေနာက္၌ ေမာ္ေတာ္ကားမ်ားႏွင့္ ေျဗာက္ အုိးမ်ားေဖာက္၍ ႐ုိက္ခဲ့ရသည့္ အမွတ္တရမ်ားကုိ ေျပာၾကားခဲ့ သည္။

‘‘ဟာ ေက်ာင္းသားေတြ တက္လာၿပီဆုိ ကားေပၚကုိေျပး တက္ၾကရတာ။ အဲဒီလုုိအေျခအ ေနမွာစြန္႔စားၿပီး သြား႐ုိက္ခဲ့ရ တယ္။ ရန္ကုန္ကုိျပန္ေရာက္တဲ့ အခါမွာလည္း ႏုိင္ငံေတာ္ကားကုိ ႐ုိက္ခဲ့တဲ့မင္းသမီးဆုိၿပီး အန္တီ ပုိင္မွာအပယ္ခံရတယ္။ ဇာတ္ ကားေတြ႐ုိက္တဲ့အခ်ိန္မွာလည္း စရံေတြ အဆုံး႐ႈံးခံတယ္။ မင္း သမီးေတြလဲပစ္တယ္။ ေနာက္ ကားေတြလည္း ေခၚမ႐ုိက္ဘူး။ ဒါမ်ိဳးေတြအမ်ားႀကီးပဲ။ အန္တီ ပုိင္ခံစားခဲ့ရပါတယ္’’ ဟု ခင္စုိး ပုိင္က ေျပာသည္။

သုိ႔ေသာ္ ပရိသတ္က ၎ အကယ္ဒမီရခဲ့သည့္ ‘ပန္းသီတဲ့ ႀကိဳး’ ႐ုပ္ရွင္ထက္ ‘ပါပီမ’ဇာတ္ ကားျဖင့္သာ ၎ကုိပိုသိခဲ့သည္ဟု ဆုိသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily


#Unicode Version#
ဓာတ်ပုံ−စိုင်းဇော်

 ၁၉၈၈ အရေးတော်ပုံ ကာလအတွင်း နယ်စပ်သို့ထွက် ပြေးတိမ်းရှောင်ခဲ့ရသည့် ကျောင်း သားများအကြောင်းကိုရိုက်ကူး ထားသော ပါပီမဇာတ်ကား၌ပါ ဝင်သရုပ်ဆောင်ခဲ့ရသဖြင့် အနု ပညာအရ ဆုံးရှုံးမှုကြီးမားခဲ့ ကြောင်း သရုပ်ဆောင်ခင်စိုးပိုင်က ပြောသည်။

‘‘ပါပီမဇာတ်ကားကို နိုင်ငံ တော်ကရိုက်တော့ အန်တီပိုင်ကို လာငှားတယ်။ အဲဒီတုန်းကဆို အရမ်းကို ရင်ထိတ်ပြီးကြောက်ခဲ့ ရတယ်။ အမျိုးမျိုးလည်း ဒုက္ခ၊ သုက္ခတွေခံခဲ့ရပါတယ်။ အန်တီ ပိုင်ရဲ့ အနုပညာဆုံးရှုံးမှုတွေ လည်း အများကြီးဆုံးရှုံးခဲ့ရပါ တယ်။ လာခေါ်တဲ့အခါမှာ နိုင်ငံ တော်က အရေးအခင်းကား ပါပီမ ဇာတ်ကားကိုရိုက်မယ်။ ဘယ်သူ ပါလဲလို့မေးလိုက်တော့ မို့မို့မြင့် အောင်၊ ကျော်သူ၊ ရဲအောင်၊ ခင် စိုးပိုင်ပါမယ်။ လေးယောက်ပေ့ါ။ ကိုယ်ကလည်း မမို့ပါရင်ပြီးရော လိုက်မယ်ပေါ့။ ကိုယ်ကလက်ခံ လိုက်တယ်’’ ဟု၎င်းကပြောသည်။

သို့သော် တကယ်တမ်းလက် ခံရိုက်ကူးရန် လေဆိပ်ရောက် သည့်အခါ မို့မို့မြင့်အောင်၊ ကျော်သူနှင့်ရဲအောင်တို့ကိုမတွေ့ရဘဲ အခြားမျက်နှာစိမ်းသရုပ်ဆောင် များဖြစ်သည့် ယုနန္ဒာမြင့်၊ မဲဇာ၊ ဓာတ်လင်း၊ ပေါ်ဆန်းတို့ကိုသာ တွေ့ခဲ့ရကြောင်း ၎င်းကဆိုသည်။

‘‘ကဲ လေယာဉ်ပေါ်တက် မယ်ဆိုပြီး မခင်စိုးပိုင်တက်တော့ တဲ့။ ပစ္စည်းတွေကလည်း တင်ပြီး သွားပြီ။ ခဏနေဦး မမို့ကိုစောင့် လိုက်ဦးမယ်ပေ့ါ။ အဲဒီအခါကျမှ ဘာပြောလဲဆိုတော့ မမို့ကမရိုက် ဖြစ်တော့ဘူးတဲ့။ ဒါဆိုကျန်တဲ့သူ တွေကောလို့ မေးတော့ ဘယ်သူမှ မရိုက်ကြတော့ဘူးတဲ့။ ဟယ်အဲ ဒါဆိုအစ်မတို့မပါရင် ကျွန်မ လည်း မရိုက်ဘူးဆိုုပြီး အန်တီပိုင် လေဆိပ်မှာ ပြန်ပြေးတာ အရမ်း ရယ်ရတာပဲ။ ကျွန်မပစ္စည်းတွေ ပြန်ချဆိုပြီး မရိုက်တော့ဘူးပြော တာ။ အဲဒီအချိန်မှာ တပ်ကဘာ ပြောလဲဆိုတော့ မရိုက်လို့မရဘူး တဲ့။ လက်လည်းလက်ခံပြီးသွားပြီ တဲ့။ ကျွန်တော်တို့အထက်ကကျ လာတာဖြစ်တဲ့အတွက်လေယာဉ် ပေါ်လည်း ပစ္စည်းတွေရောက်နေ ပြီ။ နောက်ပြန်လှည့်ခွင့်မရှိဘူးဆိုပြီး ရိုက်ကိုရိုက်ရမယ်လို့ပြောတဲ့ အတွက် အန်တီပိုင်ပါသွားခဲ့ တယ်’’ ဟု ၎င်းကဆိုသည်။

ပါပီမဇာတ်ကားကို ကော့ သောင်း၌ နှစ်လနီးပါးလောက် ရိုက်ကူးပြီး အနုပညာအရဆုံးရှုံး မှုကြီးမားခဲ့ရသော်လည်း အဆိုပါ ဇာတ်ကားကို မြန်မာ့ရုပ်မြင်သံ ကြားက ပြသည့်အချိန်တွင်အရမ်း ပေါက်သွားခဲ့ကြောင်း ၎င်းကပြော သည်။

‘‘ဒီကားထဲမှာပါတဲ့သူတွေ၊ နိုင်ငံတော်ဘက်ကပါတဲ့သူတွေ ကို ခေါင်းဖြတ်မယ်၊  သတ်မယ်ဆို လို့ အန်တီပိုင်တို့အိမ်ထဲက အိမ် ပြင်တောင်မထွက်ရဲခဲ့ဘူး။နောက် ပြီးတော့ ဘယ်လောက်ထိခံစား ခဲ့ရလဲဆို အဲဒီအချိန်က ဗီဒီယိုတွေ စရိုက်နေတဲ့အချိန်ဖြစ်တဲ့အပြင် အန်တီပိုင်က ခေါင်းဆောင်အနေ နဲ့ ရိုက်နေတဲ့အချိန်မှာ အန်တီပိုင့် ကို ငွေကုန်ခံအဆုံးရှုံးခံပြီးတော့ မင်းသမီးတွေ ပြောင်းကြတဲ့သူ တွေရှိတယ်၊ နိုင်ငံတော်မင်းသမီး ဆိုပြီး။ အခုမှသာနိုင်ငံတော်ကား တွေရိုက်ချင်လိုက်ကြတာ။ အရင် ခေတ်က အဲဒီလိုမဟုတ်ဘူး။  အ သက်ပေးပြီး ရိုက်ခဲ့ရတာ။ ပတ် ဝန်းကျင်မှာ ခေါင်းဖြတ်မယ်၊ သတ်မယ်ဆိုလို့ အိမ်ထဲကအိမ်အ ပြင်မထွက်ရဲဘူး’’ ဟု ၎င်း၏ပါပီမ ဇာတ်ကားရိုက်ကူးမှုအမှတ်တရ များကို ပြောသည်။

နယ်စပ်တွင် သွားရောက် ရိုက်ကူးရသည့် ဇာတ်ကားဖြစ် သည့်အပြင် ၎င်းတို့နောက်၌ မော်တော်ကားများနှင့် ဗြောက် အိုးများဖောက်၍ ရိုက်ခဲ့ရသည့် အမှတ်တရများကို ပြောကြားခဲ့ သည်။

‘‘ဟာ ကျောင်းသားတွေ တက်လာပြီဆို ကားပေါ်ကိုပြေး တက်ကြရတာ။ အဲဒီလိုုအခြေအ နေမှာစွန့်စားပြီး သွားရိုက်ခဲ့ရ တယ်။ ရန်ကုန်ကိုပြန်ရောက်တဲ့ အခါမှာလည်း နိုင်ငံတော်ကားကို ရိုက်ခဲ့တဲ့မင်းသမီးဆိုပြီး အန်တီ ပိုင်မှာအပယ်ခံရတယ်။ ဇာတ် ကားတွေရိုက်တဲ့အချိန်မှာလည်း စရံတွေ အဆုံးရှုံးခံတယ်။ မင်း သမီးတွေလဲပစ်တယ်။ နောက် ကားတွေလည်း ခေါ်မရိုက်ဘူး။ ဒါမျိုးတွေအများကြီးပဲ။ အန်တီ ပိုင်ခံစားခဲ့ရပါတယ်’’ ဟု ခင်စိုး ပိုင်က ပြောသည်။

သို့သော် ပရိသတ်က ၎င်း အကယ်ဒမီရခဲ့သည့် ‘ပန်းသီတဲ့ ကြိုး’ ရုပ်ရှင်ထက် ‘ပါပီမ’ဇာတ် ကားဖြင့်သာ ၎င်းကိုပိုသိခဲ့သည်ဟု ဆိုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top