ကန်တော်ကြီးအနီး နိုင်ငံတကာအဆင့်မီ Royal Garden View ကွန်ဒို အထူးအရောင်းပြပွဲ
×









Credit:  PannPwint

Source:He Lay Fcaebook

#Unicode Version#
အဆိုတော် ဟဲလေး တစ်ယောက်ကတော့ သူ့ရဲ့သားငယ်လေး သြဂုတ်လ ၂၁ ရက် မနေ့ညက ကျန်မားရေးကြောင့် ဒုက္ခအနည်းငယ် ရောက်ခဲ့ရတယ်လို့ သိရပါတယ်။

အဆိုတော်ဟဲလေးက သားလေးနှစ်ယောက် ရှိတာဖြစ်ပြီး မနေ့ညက သားငယ်လေးတစ်ယောက် ရုတ်တရက် ရင်ကြပ်လာလို့ အိမ်နှင့်အနီးစပ်ဆုံး ဆေးရုံတစ်ခုကို ပြသဖို့ ဆက်သွယ်တဲ့အခါ အဆင်မပြေမှုများ ရှိခဲ့သည်ဟု သိရသည်။

ထိုဆေးရုံသို့ ဆက်သွယ်တဲ့အခါ ကလေးအခြေအနေကို မမေးပဲ ပိုက်ဆံနှစ်ဆပေးရမယ်လို့ စတင်ပြီး ငွေစကား ပြောဆိုတာ ခံခဲ့ရသည်။ နှစ်ခါရှိပြီဖြစ်ကြောင်း အရင်တခါကလည်း ငွေစကားကို အရင်ပြောသည် ဟု ဟဲလေးက ဆိုသည်။

ဟဲလေးက ဒီအကြောင်းကို သူ့ရဲ့ဖေ့စ်ဘွက်စာမျက်နှာမှာ
”ကလေးတစ်ညလုံးရင်ကျပ်လို့စိတ်ပူပြီး
အိမ်နဲ့အနီးစပ်ဆုံး ပုဂ္ဂလိကဆေးရုံ သွားဖို့ဖုံးဆက်တယ်..
ကလေးအခြေအနေမမေးဘူး ပိုက်ဆံနှစ်ဆပေးရမယ်..ကစပြောတယ်..
နှစ်ခါရှိပြီ..ဒီဆေးရုံ.. စိတ်ကြိုက်ယူပါ…ပေးမှာပါ လူနာအခြေအနေတော့..ဂရုစိုက်သင့်တယ်

ဟိုတစ်ခါကလေး..လက်ညှပ်တော့လည်း..ငွေမသွင်းမခြင်း..ဒဏ်ရာကိုမကြည့်ဘူး
တော်ရုံစီးပွားရှာကြပါဗျာ…လူသားချင်းလည်း..စာနာကြပါ..

ခင်ဗျားတို့..သိက္ခာအတွက်..နာမည်ကိုငဲ့ကွက်ပြီး
ချမပြတော့ပါဘူး…ေ စတနာကောင်းရင်…ကံကောင်းပါတယ်

ကျန်းမာရေးကိုစောင့်ရှောက်မှာလား?
ကျန်းမာရေးကိုဓားပြတိုက်မှာလား?” ဟုရေးသားထားသည်။

ဟဲလေးရဲ့သားငယ်လေး ကျန်းမာရေး အနည်းငယ်ချို့ယွင်းတဲ့အကြောင်း ဖေ့စ်ဘွက်စာမျက်နှာတွင် သူတင်ထားသည့်ပို့စ်အောက်မှာ ဦးကျော်သူ အပါအဝင်နာမည်ကြီး အနုပညာရှင်များစွာက မှတ်ချက်များပေးကာ ဆုတောင်းခဲ့ကြသည်။

ခုတော့ သာငယ်လေးကို ပန်းလှိုင်ဆေးရုံမှာ ကုသနေပါတယ်။ အားလုံးအဆင်ပြေကြောင်း၊ သားငယ်လေး သက်သာပြီဖြစ်ကြောင်းကို ရေးသားထားသည်။ အားလုံးကိုချစ်တယ် ဟုလည်း ဟဲလေးက ရေးသားထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:  PannPwint

Source:He Lay Fcaebook

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top