ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ငယ္ငယ္ကဆုိရင္ လူႀကီးေတြက ပသွ်ဴးေခါင္းျပတ္ ပသွ်ဴးေခါင္းျပတ္ လုိ႔ေျခာက္ရင္ ဘာမွန္းမသိပဲေၾကာက္ခဲ့ဖူးပါတယ္။ သူတုိ႔ကိုေမးၾကည့္ရင္ တကယ္ေခါင္းျဖတ္တဲ့့ ပသွ်ဴးေတြလုိလုိ ဘာလုိလုိျပန္ေျဖတတ္ၾကတယ္။ တကယ္က သူတုိ႔လည္း ေသျခာမသိပဲ ကေလးေတြကုိ ေျခာက္ရုံသက္သက္ေျခာက္တာပါ။ နည္းနည္းႀကီးလာေတာ့မွ ပသွ်ဴးေတြ ေခါင္းျဖတ္ေတြနဲ႔ မဆုိင္ပဲ ဖရီးေမဆင္ ဆုိတဲ့ ပညာရွင္မ်ားအသင္းအဖြဲ႔ႀကီးတစ္ခု ကုိေခၚတယ္ ဆုိတာသိလာရတယ္။ ဖရီးေမဆင္ ကေန ဘာေၾကာင့္ ပသွ်ဴးေခါင္းျပတ္ျဖစ္သြားမွန္းေတာ့ မသိပါဘူး။


ဥာဏ္အလင္းေတာ္ဂိုဏ္း…။ ဖရီးေမဆင္ လို႔ေခၚတဲ့ အသင္းအေၾကာင္း ဆရာမင္းသိခၤမိတ္ဆက္ေပးလို႔ၾကားဖူးနား၀ရွိခဲ့ပါတယ္..။ဖတ္ခါစတုန္းကေတာ့ ယုတၱိရွိေအာင္ စာေရးသူ ဖန္တီးထားတဲ့ အေၾကာင္းအရာလို႔ထင္ခဲ့ပါတယ္..။ စိတ္၀င္စားမႈရွိေပမဲ့ေမ့ေမ့ေပ်ာက္ပါပဲ..။ ဒါေပမယ့္ .. Mythology ကိုစိတ္၀င္စားမိလို႔ ေလ့လာမိေတာ့ ဒီအေၾကာင္းအရာေတြဟာ ေဒြးေထာယွက္တင္ ပါ၀င္လာပါတယ္..။ ဒီအသင္းအေၾကာင္းေျပာရရင္ Illuminati ဂိုဏ္းနဲ႔ မသဲမကြဲျဖစ္တတ္ပါတယ္..။ အမွန္ေတာ့ လွ်ိဳ႕၀ွက္အသင္းခ်င္းျဖစ္ေပမယ့္ ျခားနားမႈရွိပါတယ္..။ ဒါေပမယ့္ဆက္ႏြယ္မႈကေတာ့ ေခတ္သစ္ အေမရိကားသမိုင္းမွာ မ်ားျပားစြာေတြ႔ရပါတယ္..။

ဒီ အလ်ဴမီနီတီ အသင္းကို စတင္တည္ေထာင္သူက Adam Weishaupt လို႔ေခၚတဲ့ Canon Law (လက္တင္အေျချပဳ ဘာသာေရးႏွင့္လူေနမႈဘ၀ကိုဆက္စပ္ေပးေသာ ေဗဒ) ကိုသင္ၾကားေသာ Ingolstadt တကၠသိုလ္ က ပေရာဖက္ဆာတဦးျဖစ္ပါတယ္..။ ဒီအသင္းကို သူ ဖရီးေမဆင္ ဂိုဏ္းရဲ႕ အုတ္ျမစ္ကေနဆင့္ပြားတည္ေထာင္ထားျခင္းျဖစ္တယ္လို႔ အဆိုရွိပါတယ္..။ေခတ္သစ္သမိုင္းမ်က္ႏွာစာမွာ..ေမ၊၁ရက္ ၁၇၇၆ မွာစတင္တည္ေထာင္တယ္လို႔ ေဖာ္ျပထားပါတယ္..။


ဖရီးေမဆင္ကိုေတာ့ ၁၃ရာစုေခတ္ မွာေပၚေပါက္တယ္လို႔အက်မ္းျဖင္းမွတ္ယူၾကပါတယ္။ “Regius Manuscript”လို႔ေခၚတဲ့ ေမဆင္၀ွက္စာ အေနနဲ႔အေစာဆံုးေတြ႕ရလို႔ျဖစ္တယ္..။ဒီအသင္း ရဲ႕ အဓိကပင္မေက်ာရိုးထဲက ပထမတစ္ခုကေတာ့ ( Euclid – ဘီစီ ၃၀၀)ယူကလစ္ လို႔ေခၚတဲ့ သခ်ၤာပညာရွင္(ယူကလစ္ သခ်ၤာက်မ္းျပဳသူ)ျဖစ္ျပီး သူ႔သခ်ၤာအေျခခံကာ အာခိမိဒိ (Archimedes-ဘီစီ ၂၈၇) ကေန ယေန႔ေခတ္ရဲ႕ အင္တီဂရာယ္ ကဲကုလပ္ သခ်ၤာနည္းျဖစ္လာဖို႔ အတိုင္းအထာနဲ႔ ျဒပ္ထုတိုင္းတာနည္းပညာကို ထပ္ဆင့္ ျဖည့္စြက္ၾကံဆႏိုင္ခဲ့တယ္။ေနာက္ေက်ာရိုးတခုက Geometry ပညာရပ္ျဖစ္တယ္။(Geo=ေျမျပင္၊ Metron=တိုင္းတာျခင္း)ျဖစ္ျပီး ပထ၀ီ၀င္ေဗဒျဖစ္တယ္။ ဒီအသင္းဟာ ဘာသာေရးအေျချပဳတယ္လို႔ဆိုႏိုင္ေပမယ့္ အမွန္တကယ္ေတာ့ သိပၸံ နဲ႔ ၀ိဇၨာ ပညာရပ္အေျခခံထားတဲ့ လူသား၀ါဒီ လို႔ဆိုရပါမယ္..။ဒီအသင္းဟာ လွ်ိဳ႕၀ွက္ အသင္းျဖစ္သည့္အားေလ်ာ္စြာ ကမၻာ မွာရွိရွိသမွ်ပညာရပ္ အရင္းအျမစ္ေတြထိန္းသိမ္းထားသလို အေတြးအေခၚအယူအဆ ေပါင္းစံု ကေနဆင့္ကဲမြမ္းမံထားတယ္လို႔လဲဆိုႏိုင္ပါတယ္..

အသင္းရဲ႕ ရည္ရြယ္ခ်က္ကို “to an understanding of the hidden mysteries of nature and science”လို႔ေဖာ္ညြန္းၾကပါတယ္။ေနာက္ပိုင္းမွာ ႏိုင္ငံေရး၊စီးပြားေရး၊လူမႈေရးနယ္က ထိပ္တန္းအသင္း၀င္ေတြေၾကာင့္ကမၻာၾကီးရဲ႕ေသာ့ခ်က္ေတြကိုၾကိဳးကိုင္သူေတြျဖစ္လာၾကပါတယ္။



ဒီအသင္းရဲ႕ေနာက္ခံသမိုင္းေၾကာင္းအရင္ၾကည့္ရေအာင္….။ ေက်ာင္းဖတ္စာေတြမွာသင္ခဲ့ၾကတဲ့ကိုဓ(Code)ဥပေဒ ျပဳစုသူ ဟမ္မူရဘီဘုရင္ရဲ႕ေဘဘီလံုတိုင္းျပည္ဟာ ဘီစီ ၁၈၇၆ ခန္႔မွာတည္ေထာင္ခဲ့တဲ့ အကားဒီးယန္းေတြရဲ႕ ျမိဳ႕ျပႏိုင္ငံျဖစ္ျပီး..သူ႔ေခတ္သူ႔အခါတုန္းက အလွပဆံုး၊အၾကြယ္၀ဆံုးႏိုင္ငံျဖစ္ခဲ့တယ္..။(ခုခ်ိန္မွာေတာ့ အဆိုးရြားဆံုးေဒသျဖစ္မလားမသိဘူး။ဆက္ဒမ္ဟူစိန္ ရဲ႕ ဘကၠဒက္ျမိဳ႕ေနရာျဖစ္ခဲ့လို႔ပါ…)။


ဘာသာမ်ိဳးစံု..ယဥ္ေက်းမႈေပါင္းစံု ယွက္ႏြယ္ခဲ့တယ္..။အဲဒီကပညာရွင္ေတြဟာ..အီဂ်စ္ေဒသကေနရလာတဲ့ ေနနတ္ကိုးကြယ္မႈ ကေနမွတဆင့္ ကိုယ္ပိုင္ယဥ္ေက်းမႈ အျဖစ္ေမြးစားကာ ဥဏ္ပညာနတ္သမိးလို႔ေခၚတဲ့နတ္သမီးကိုကိုးကြယ္ျပီး နကၡတၱေဗဒ၊သခ်ၤာပညာရပ္စတာေတြ ကို ကနဦးေလ့လာခဲ့ၾကပါတယ္..။ပညာရပ္ဆိုင္ရာ နတ္သမီးကိုလဲအျမတ္တႏိုးတန္ဖိုးထားခဲ့တာဟာ..ေနာက္ပိုင္း ဥာဏ္အလင္းေတာ္ အသင္း ရယ္လို႔ ျဖစ္လာတဲ့ အခါ က်ိဳင္းအမွတ္တံဆိပ္ကို ထိုပညာနတ္သမီးကို သတ္မွတ္ခဲ့ၾကပါတယ္..။ ထိုဥာဏ္ပညာနတ္သမီးကေနဆင္းသက္လာတဲ့ ရုပ္တု၊အမွတ္တံဆိပ္ကို ယေန႔မွာလဲေတြ႔ျမင္ႏိုင္ပါတယ္..။ နယူးေယာက္က ေလဘာတီရုပ္တု… Columbia ရုပ္ရွင္ရဲ႕ Logo နတ္သမီးရုပ္တို႔ဟာ ထုိနတ္သမီးပါ..။ (နယူးေယာက္က ေလဘာတီရုပ္တုဟာ ဂရိေတြရဲ႕ လြတ္လပ္ျခင္းနတ္ဘုရားမကိုကိုယ္စားျပဳတယ္ဆိုေပမယ့္ အရင္းအျမစ္ဟာဒီ ပညာနတ္သမီးျဖစ္ပါတယ္။)
အမွန္ကေတာ့ ေလဘာတီရုပ္တုဟာ ေခတ္သစ္လြတ္လပ္ျခင္းလႈပ္ရွားမႈတို႔ရဲ႔ ဘိုးေအ ျပင္သစ္ ေတြကေန အေမရိကားရဲ႕လြတ္လပ္ေရးေၾကျငာစာတမ္း (ဂ်ဳလိုင္ ၄၊၁၇၇၆) ေၾကျငာမႈဂုဏ္ျပဳလက္ေဆာင္လို႕ဆိုပါတယ္..။ ဒါေပမယ့္ ဒီအရုပ္ကိုမွေရြးျပီးေပးတာကလဲ..ေနာက္ကြယ္မွာအဓိပၸာယ္ရွိေနပါတယ္။ (ဒီအေၾကာင္းေတြကို နီကိုလပ္ေက့ဂ်္ ပါ၀င္တဲ့ National Treasure မွာလဲတစြန္းတစ ေတြ႔ျမင္ႏိုင္ပါတယ္)။

ဒီလိုနဲ႔ မတည္ျမဲတဲ့နိယာမအတိုင္း ဘာဘီလြန္ဟာ..အဆီးရီးယန္းေတြလက္ထဲမွာ ဘီစီ၉၁၁ မွာက်ပါတယ္.။ ထိုကေနမွ ဘီစီ ၅၃၉ ေလာက္မွာ ပါးရွန္းေတြလက္ထဲ..ပါးရွန္းေတြဆီကေန မက္ဆီဒိုးနီးယန္း(ဂရိ)ဘုရင္ မဟာ အလက္ဇႏၵားက ဘီစီ ၃၃၁ မွာသိမ္းပါတယ္..။ ဒီေခတ္ကို ပညာရွင္ေတြက ဟယ္လင္နစ္ေခတ္ (Hellenistic period) လို႔ေခၚျပီး ယေန႔ေခတ္ ပညာရပ္ေတြျဖစ္လာမယ့္ မူလအေျခခံအုတ္ျမစ္ ပညာေတြထိုေခတ္မွာအစျပဳဖြံ႔ျဖိဳးလာပါတယ္..။


ထိုကေနမွတဆင့္ ထိုေဒသ(မက္ဆိုပိုေတးမီးယား)ကို ႏွစ္ေပါင္းမ်ားစြာၾကာျပီးတဲ့ေနာက္ခရစ္ယာန္သာသနာဟာေအဒီ ၇ရာစုေလာက္မွာေရာက္ရွိလာျပီး၊ ခရူးဆိတ္စစ္ပြဲေတြ ျဖစ္ပြားကာထုိေဒသက ပညာရပ္ေတြ၊လွ်ိဳ႕၀ွက္ခ်က္ေတြဟာ အသင္းေတာ္ နဲ႔အတူ ဥေရာပတိုက္ကို ေရာက္ရွိသြားပါတယ္..။ အေမွာင္ေခတ္ တေလွ်ာက္လံုး ထိုအေၾကာင္းအရာေတြဟာ တိမ္ျမွပ္ေနျပီး ဥာဏ္သစ္ေခတ္ ေခၚရီေနဆင့္ေခတ္(Renaissance Age) က်မွျပန္လည္ေပၚထြန္းလာျပီး လြတ္လပ္မႈကိုရွာေဖြတဲ့ ကနဦး ႏိုင္ငံသစ္တည္သူေတြနဲ႔အတူ အေမရိကားတိုက္ကို ပါသြားပါတယ္..။ ဒီလိုနဲ႔ ဒီအသင္းဟာ လ်င္လ်င္ျမန္ျမန္ပဲၾကီးထြားလာျပီး အသင္းသားေတြထဲမွာ တိုင္းျပည္ကို ေျပာင္းလဲႏိုင္တဲ့သူေတြေတာင္အခ်ိန္အနည္းငယ္အတြင္းမွာ ပါ၀င္လာခဲ့ပါတယ္..။ လွ်ိဳ႕၀ွက္အသင္းျဖစ္တဲ့အားေလွ်ာ္စြာ ဘယ္သူေတြပါ၀င္ခဲ့တယ္ဆိုတာကိုေတာ့ သက္ေသသာဓကနဲ႔ မျပႏိုင္ခဲ့ၾကေပမယ့္ ထိုအသင္းရဲ႕အာေဘာ္ေတြဟာအသင္းသားေတြျဖစ္တဲ့ ႏိုင္ငံ့ေခါင္းေဆာင္ေတြကေနလုပ္ေဆာင္မႈအေနနဲ႔ ျဖစ္ေပၚခဲ့တာကိ္ုေတာ့ေတြ႔ျမင္ႏုိင္ပါတယ္..။


ပထမထင္ရွားတာက အေမရိကန္ရဲ႕တံဆိပ္(Great Seal)ျဖစ္တဲ့ သိမ္းငွက္ပံုျဖစ္တယ္။ ဒီငွက္ဟာအမွန္ေတာ့ အသင္းရဲ႕အမွတ္အသားျဖစ္တဲ့ဖို၀င္ငွက္ (phoenix) ျဖစ္တယ္လို႔ဆိုပါတယ္။ နံပတ္ ၁၃ ဂဏန္းဟာ ဒီအသင္းရဲ႕ အမွတ္အသားျဖစ္ျပီး ဒီတံဆိပ္မွာ.. သစ္ရြက္၁၃ရြက္၊ ျမွား၁၃ ေခ်ာင္း၊ၾကယ္ ၁၃လံုး ျပီးေတာ့ ဒိုင္းေပၚမွာ အစင္း၁၃စင္း စတာေတြ
ေတြ႕ရပါတယ္။ ၁၃ ဆိုတာဟာ ေရွးေဟာင္းက်မ္းဂန္ေတြအလိုအရ ေသျခင္းျဖစ္တယ္။ သိမ္းငွက္ဟာ ဖို၀င္ငွက္(မီးလွ်ံအတြင္းဆင္းသက္ ျပန္လည္အသက္၀င္ေသာငွက္)ျဖစ္တယ္။
ဒီတံဆိပ္ဟာ ႏိုင္ငံအသစ္အတြက္ “Rebirth,Regeneration” လဲျဖစ္တယ္.။ ဒီတံဆိပ္ကို ေျခာက္ႏွစ္ၾကာ ေအာင္ ေကာ္မတီ၃ဖြဲ႕ ဖြဲ႔ ျပီး .. ဒီဇိုင္းေရးဆြဲခဲ့ရတယ္လို႔ဆိုပါတယ္။ ေကာင္မတီ၀င္ေတြကလဲ ေသာမတ္ဂ်က္ဖာဆင္၊ ဘင္ဂ်မင္ဖရန္ကလင္၊ ဂြ်န္အဒမ္ အစရွိတဲ့ ျပည္ေထာင္ဖက္ဖခင္ၾကီးေတြျဖစ္တာေတြ႕ရပါတယ္။ ေနာက္ဆံုး ဒီတံဆိပ္ကို ၁၇၈၂ မွာ ေဂ်ာ့ရွ္၀ါရွင္တန္ရဲ႕အတည္ျပဳခ်က္နဲ႔ စတင္အသံုးျပဳခဲ့တာ ယေန႔တိုင္ျဖစ္ပါတယ္..။

ေဒၚလာေငြစကၠဴ ေပၚက ၾတိဂံပံုပိရိမစ္နဲ႔ မ်က္စိတံဆိပ္ဟာလည္း ဒီအသင္းရဲ႕တံဆိပ္ျဖစ္ပါတယ္..။ ၎ၾတိဂံ ေပၚက စာလံုအစေတြကို တလံုးခ်င္းလံုးေကာက္ယူရင္ M A S O N လို႔ရလာပါတယ္..။ ဒီမ်က္လံုးဟာ တတိယမ်က္လံုး သို႔မဟုတ္ ထိုးထြင္းသိဥာဏ္ ကိုကိုယ္စားျပဳပါတယ္။ ေရွးေဟာင္းအီဂ်စ္ ေတြရဲ႔အယူ၀ါဒကေန ဆင္းသက္လာပါတယ္။ တစ္ေဒၚလာတန္ေငြစကၠဴ ေပၚမွမ်က္လံုးတံဆိပ္ ဒီအသင္းရဲ႕သမိုင္းမွာ ကမၻာေက်ာ္ ပုဂြိဳလ္ ေတြေတာ္ေတာ္မ်ားမ်ား ယွက္ႏြယ္ေနတာကိုေတြ႕ရပါတယ္။ အထူးသျဖင့္ ရီေနဆင့္ေခတ္က ပုဂြိဳလ္ေက်ာ္ေတြမ်ားပါတယ္..။ ပန္းခ်ီေက်ာ္မိုက္ကယ္အိန္ဂ်လို၊ပန္းခ်ီနဲ႔တီထြင္သူ လီယိုနာဒိုဒါဗင္စီ တို႔လိုစြယ္စံုထူးခြ်န္တဲ့ ပညာရွင္ေတြ ပါ၀င္ပါတယ္။ (Sistine Chaple ေပါင္းမိုးေပၚက မိုက္ကယ္အိန္ဂ်လိုရဲ႕The Creation of Adam နဲ႔ဒါဗင္စီ ရဲ႕မိုနာလီဇာ ပန္းခ်ီကားေတြဟာ Freemason ရဲ႕ အေငြ႔အသက္မကင္း လို႔ဆိုၾကပါတယ္။ ဒီအေၾကာင္းအရာေတြကို ျဖစ္ရပ္မွန္နဲ႔ေရာျပီး Davinci Code ဆိုျပီးတြမ္ဟန္႔ ပါ၀င္သရုပ္ေဆာင္တဲ့ ရွပ္ရွင္ဟာ လႈပ္လႈပ္သဲသဲ ျဖစ္ခဲ့ပါတယ္။)

သူတို႔တင္မက ခရစၥတိုဖာကိုလံဗတ္၊ပထမေျမာက္ အယ္လီဇဘက္ဘုရင္မ၊ အေဒါ့ဖ္ ဟစ္တလာ (ဟစ္တလာဟာ လွ်ိဳ႕၀ွက္ဆန္းၾကယ္မႈ နဲ႔ စိတ္နယ္လြန္ျဖစ္ရပ္ေတြကိုအင္မတန္ ခံုမင္ေသာသူျဖစ္တယ္) စတဲ့သူေတြသာမက ေခတ္သစ္မွာ သမၼတေဂ်ာ့ရွ္ဘုရွ္တုိ႔သားအဖ၊မိုက္ကယ္ဂ်က္ဆင္ အစရွိတဲ့သူေတြ ကို ပတ္သက္ေၾကာင္း အေထာက္အထားေတြနဲ႔ ေဖာ္ျပၾကပါတယ္။ သမၼတအျဖစ္က်မ္းသစၥာက်ိန္ဆိုတဲ့အခါ သမၼာက်မ္းစာကိုင္ျပီးက်ိန္ဆိုၾကရပါတယ္။ ေဂ်ာ့ရွ္၀ါရွင္တန္ ဟာ ဖရီးေမဆင္အသင္း၀င္ျဖစ္ေၾကာင္းေဖာ္ျပခဲ့ျပီးပါျပီ။ ေဂ်ာ့ရွ္၀ါရွင္တန္ သမၼတအျဖစ္က်မ္းသစၥာက်ိန္ဆိုတဲ့အခါ သီးသန္႔ရွားပါး သမၼာက်မ္းစာကိုင္ျပီးက်ိန္ဆိုခဲ့ပါတယ္။ ဒီသမၼာက်မ္းစာ ကို “George Washington Inaugural Bible” လို႔လူသိမ်ားပါတယ္။ အေမရိကန္သမိုင္းမွာ ဒီသမၼာက်မ္းစာကိုင္ျပီး သမၼတအျဖစ္က်မ္းသစၥာက်ိန္ဆိုတဲ့ သမၼတ၊ ေဂ်ာ့ရွ္၀ါရွင္တန္အပါအ၀င္သမၼတ ၅ ဦးပဲရွိပါတယ္။သူတို႔ေတြက…
ေဂ်ာ့ရွ္၀ါရွင္တန္၊ ၀ါရင္ ဂ်ီဟားဒင္း၊ ဒိြဳက္ဒီအိုက္ဆင္ေဟာင္၀ါ၊ ဂ်င္မီကာတာ နဲ႔ ေဂ်ာ့ရွ္ဘုရွ္ တို႔ျဖစ္တာကိုတိုက္ဆိုင္စြာေတြ႕႔ရပါတယ္..။

မိုက္ကယ္ဂ်က္ဆင္ကေတာ့ သူပတ္သက္ခဲ့တဲ့အေၾကာင္း အရိပ္အျမြက္၊သူမဆံုးခင္ ေအာ္ပရာ၀င္းဖေရးနဲ႔ အင္တာဗ်ဴးမွာေဖာ္ျပခဲ့ပါတယ္။သူ႔ရဲ႕ အသားအေရ ေျပာင္းလဲခဲ့ရမႈ၊သူ႕ခံစားခ်က္၊စတာေတြကုိေဖာ္ျပခဲ့ပါတယ္။ ထင္ရွားတဲ့ နိမိတ္ပံုတစ္ခုကို သူူ႔ရဲ႕ “Black or White” သီခ်င္းရဲ႕ ေနာက္ဆံုးအပိုင္းမွာေဖာ္ျပထားပါတယ္..။ ဒါကို မိုက္ကယ္ဂ်က္ဆင္ရဲ႕ Controversial Part လို႔လူသိမ်ားပါတယ္..။ ဒီဗီဒီယိုမွာ သူမႏွစ္သက္တဲ့ နာဇီ-တံဆိပ္၊ KKK:Ku Klux Klan (KKK ဆိုတာ အေမရိကားက လူျဖဴလြမ္းမိုးေရး-အသားမဲနီဂရိုးႏွိပ္ကြပ္ေရး၀ါဒီေတြရဲ႕အဖြဲ႔အစည္းနာမည္ျဖစ္တယ္) စတာေတြကိုရိုက္ခြဲျပခဲ့တဲ့အျပင္ “HolyArm Hotel” ဆိုတဲ့ ဆိုင္းဘုတ္ကိုရိုက္ခြဲျပတာေတြ႔ျမင္ရပါတယ္။

ဖရီးေမဆင္ရဲ႕ဖြဲ႕႔စည္းပံုမွာ အထက္ကေနတိုက္ရိုက္အုပ္ခ်ဳပ္မႈပါ၀င္ျပီး Royal Arch လို႔ေခၚတယ္။ အဲဒီ Royal Archကိုကိုယ္စားျပဳတဲ့HolyArmဆိုတဲ့ဆိုင္းဘုတ္ကိုရိုက္ခြဲျပခဲ့တာေတြ..ျပန္လည္ရွင္သန္ျခင္းကိုကိုယ္စားျပဳတဲ့
အေနနဲ႔ သံုးၾကိမ္သံုးခါတိုင္တိုင္ အနီးကပ္ closed-up ရိုက္ျပသြားတာေတြ၊ ဒူးေထာက္က်ရႈံးသြားျပီးတဲ့ေနာက္ လြတ္ေျမာက္တဲ့အထိမ္းအမွတ္အေနနဲ႔ရက္ပတ္ကိုစည္တီးျပီး၀မ္းပန္းတသာအက်ီကိုဆြဲဆုတ္လိုက္တဲ့ျပကြက္ေတြ
 ေတြ႔ရပါတယ္။
 
 

သိပ္ျပီးခိုင္လံုတဲ့ အေၾကာင္းအရာလို႔ေတာ့ မယူဆေပမယ့္ ပါးစပ္ရာဇ၀င္အေနနဲ႕႔ေဖာ္ျပရျခင္းျဖစ္ပါတယ္။ အဆိုတခုအရ လက္သည္မေပၚတဲ့ ကမၻာေက်ာ္လုူသတ္မႈခင္းေတြဟာ ဒီအသင္းနဲ႔ ဆက္ႏြယ္မႈရွိတယ္လို႔ဆိုပါတယ္။ဥပမာ..ကေနဒီ့အမႈ၊ 2pac ၊ဒိုင္ယာနာ၊လင္ႏြန္…စတဲ့မႈခင္းေတြမွာ နက္နဲတဲ့ပတ္သက္ဆက္ႏြယ္မႈေတြရွိေနပါတယ္။ ဘာဘဲျဖစ္ျဖစ္ ေသခ်ာတာကေတာ့ ဒီအသင္းဟာအမွန္တကယ္တည္ရွိျပီး ႏွယ္ႏွယ္ရရမဟုတ္တာေတာ့အေသအခ်ာပဲျဖစ္ပါတယ္။ ေအာက္ကပံုကေတာ့ ဒီအသင္းအမွတ္တံဆိပ္နဲ႔စပ္ဆက္တယ္လို႔ယူဆၾကတဲ႔အေမရိကန္ေဒၚလာကပံုပါ။

Written By ဒီေနရိုင္းသစ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thutazone

#Unicode Version#
ငယ်ငယ်ကဆိုရင် လူကြီးတွေက ပသျှူးခေါင်းပြတ် ပသျှူးခေါင်းပြတ် လို့ခြောက်ရင် ဘာမှန်းမသိပဲကြောက်ခဲ့ဖူးပါတယ်။ သူတို့ကိုမေးကြည့်ရင် တကယ်ခေါင်းဖြတ်တဲ့ ပသျှူးတွေလိုလို ဘာလိုလိုပြန်ဖြေတတ်ကြတယ်။ တကယ်က သူတို့လည်း သေခြာမသိပဲ ကလေးတွေကို ခြောက်ရုံသက်သက်ခြောက်တာပါ။ နည်းနည်းကြီးလာတော့မှ ပသျှူးတွေ ခေါင်းဖြတ်တွေနဲ့ မဆိုင်ပဲ ဖရီးမေဆင် ဆိုတဲ့ ပညာရှင်များအသင်းအဖွဲ့ကြီးတစ်ခု ကိုခေါ်တယ် ဆိုတာသိလာရတယ်။ ဖရီးမေဆင် ကနေ ဘာကြောင့် ပသျှူးခေါင်းပြတ်ဖြစ်သွားမှန်းတော့ မသိပါဘူး။

ဉာဏ်အလင်းတော်ဂိုဏ်း…။ ဖရီးမေဆင် လို့ခေါ်တဲ့ အသင်းအကြောင်း ဆရာမင်းသိင်္ခမိတ်ဆက်ပေးလို့ကြားဖူးနားဝရှိခဲ့ပါတယ်..။ဖတ်ခါစတုန်းကတော့ ယုတ္တိရှိအောင် စာရေးသူ ဖန်တီးထားတဲ့ အကြောင်းအရာလို့ထင်ခဲ့ပါတယ်..။ စိတ်ဝင်စားမှုရှိပေမဲ့မေ့မေ့ပျောက်ပါပဲ..။ ဒါပေမယ့် .. Mythology ကိုစိတ်ဝင်စားမိလို့ လေ့လာမိတော့ ဒီအကြောင်းအရာတွေဟာ ဒွေးထောယှက်တင် ပါဝင်လာပါတယ်..။ ဒီအသင်းအကြောင်းပြောရရင် Illuminati ဂိုဏ်းနဲ့ မသဲမကွဲဖြစ်တတ်ပါတယ်..။ အမှန်တော့ လျှို့ဝှက်အသင်းချင်းဖြစ်ပေမယ့် ခြားနားမှုရှိပါတယ်..။ ဒါပေမယ့်ဆက်နွယ်မှုကတော့ ခေတ်သစ် အမေရိကားသမိုင်းမှာ များပြားစွာတွေ့ရပါတယ်..။

ဒီ အလျူမီနီတီ အသင်းကို စတင်တည်ထောင်သူက Adam Weishaupt လို့ခေါ်တဲ့ Canon Law (လက်တင်အခြေပြု ဘာသာရေးနှင့်လူနေမှုဘဝကိုဆက်စပ်ပေးသော ဗေဒ) ကိုသင်ကြားသော Ingolstadt တက္ကသိုလ် က ပရောဖက်ဆာတဦးဖြစ်ပါတယ်..။ ဒီအသင်းကို သူ ဖရီးမေဆင် ဂိုဏ်းရဲ့ အုတ်မြစ်ကနေဆင့်ပွားတည်ထောင်ထားခြင်းဖြစ်တယ်လို့ အဆိုရှိပါတယ်..။ခေတ်သစ်သမိုင်းမျက်နှာစာမှာ..မေ၊၁ရက် ၁၇၇၆ မှာစတင်တည်ထောင်တယ်လို့ ဖော်ပြထားပါတယ်..။


ဖရီးမေဆင်ကိုတော့ ၁၃ရာစုခေတ် မှာပေါ်ပေါက်တယ်လို့အကျမ်းဖြင်းမှတ်ယူကြပါတယ်။ “Regius Manuscript”လို့ခေါ်တဲ့ မေဆင်ဝှက်စာ အနေနဲ့အစောဆုံးတွေ့ရလို့ဖြစ်တယ်..။ဒီအသင်း ရဲ့ အဓိကပင်မကျောရိုးထဲက ပထမတစ်ခုကတော့ ( Euclid – ဘီစီ ၃၀၀)ယူကလစ် လို့ခေါ်တဲ့ သင်္ချာပညာရှင်(ယူကလစ် သင်္ချာကျမ်းပြုသူ)ဖြစ်ပြီး သူ့သင်္ချာအခြေခံကာ အာခိမိဒိ (Archimedes-ဘီစီ ၂၈၇) ကနေ ယနေ့ခေတ်ရဲ့ အင်တီဂရာယ် ကဲကုလပ် သင်္ချာနည်းဖြစ်လာဖို့ အတိုင်းအထာနဲ့ ဒြပ်ထုတိုင်းတာနည်းပညာကို ထပ်ဆင့် ဖြည့်စွက်ကြံဆနိုင်ခဲ့တယ်။နောက်ကျောရိုးတခုက Geometry ပညာရပ်ဖြစ်တယ်။(Geo=မြေပြင်၊ Metron=တိုင်းတာခြင်း)ဖြစ်ပြီး ပထဝီဝင်ဗေဒဖြစ်တယ်။ ဒီအသင်းဟာ ဘာသာရေးအခြေပြုတယ်လို့ဆိုနိုင်ပေမယ့် အမှန်တကယ်တော့ သိပ္ပံ နဲ့ ဝိဇ္ဇာ ပညာရပ်အခြေခံထားတဲ့ လူသားဝါဒီ လို့ဆိုရပါမယ်..။ဒီအသင်းဟာ လျှို့ဝှက် အသင်းဖြစ်သည့်အားလျော်စွာ ကမ္ဘာ မှာရှိရှိသမျှပညာရပ် အရင်းအမြစ်တွေထိန်းသိမ်းထားသလို အတွေးအခေါ်အယူအဆ ပေါင်းစုံ ကနေဆင့်ကဲမွမ်းမံထားတယ်လို့လဲဆိုနိုင်ပါတယ်..

အသင်းရဲ့ ရည်ရွယ်ချက်ကို “to an understanding of the hidden mysteries of nature and science”လို့ဖော်ညွန်းကြပါတယ်။နောက်ပိုင်းမှာ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးနယ်က ထိပ်တန်းအသင်းဝင်တွေကြောင့်ကမ္ဘာကြီးရဲ့သော့ချက်တွေကိုကြိုးကိုင်သူတွေဖြစ်လာကြပါတယ်။



ဒီအသင်းရဲ့နောက်ခံသမိုင်းကြောင်းအရင်ကြည့်ရအောင်….။ ကျောင်းဖတ်စာတွေမှာသင်ခဲ့ကြတဲ့ကိုဓ(Code)ဥပဒေ ပြုစုသူ ဟမ်မူရဘီဘုရင်ရဲ့ဘေဘီလုံတိုင်းပြည်ဟာ ဘီစီ ၁၈၇၆ ခန့်မှာတည်ထောင်ခဲ့တဲ့ အကားဒီးယန်းတွေရဲ့ မြို့ပြနိုင်ငံဖြစ်ပြီး..သူ့ခေတ်သူ့အခါတုန်းက အလှပဆုံး၊အကြွယ်ဝဆုံးနိုင်ငံဖြစ်ခဲ့တယ်..။(ခုချိန်မှာတော့ အဆိုးရွားဆုံးဒေသဖြစ်မလားမသိဘူး။ဆက်ဒမ်ဟူစိန် ရဲ့ ဘက္ကဒက်မြို့နေရာဖြစ်ခဲ့လို့ပါ…)။


ဘာသာမျိုးစုံ..ယဉ်ကျေးမှုပေါင်းစုံ ယှက်နွယ်ခဲ့တယ်..။အဲဒီကပညာရှင်တွေဟာ..အီဂျစ်ဒေသကနေရလာတဲ့ နေနတ်ကိုးကွယ်မှု ကနေမှတဆင့် ကိုယ်ပိုင်ယဉ်ကျေးမှု အဖြစ်မွေးစားကာ ဥဏ်ပညာနတ်သမိးလို့ခေါ်တဲ့နတ်သမီးကိုကိုးကွယ်ပြီး နက္ခတ္တဗေဒ၊သင်္ချာပညာရပ်စတာတွေ ကို ကနဦးလေ့လာခဲ့ကြပါတယ်..။ပညာရပ်ဆိုင်ရာ နတ်သမီးကိုလဲအမြတ်တနိုးတန်ဖိုးထားခဲ့တာဟာ..နောက်ပိုင်း ဉာဏ်အလင်းတော် အသင်း ရယ်လို့ ဖြစ်လာတဲ့ အခါ ကျိုင်းအမှတ်တံဆိပ်ကို ထိုပညာနတ်သမီးကို သတ်မှတ်ခဲ့ကြပါတယ်..။ ထိုဉာဏ်ပညာနတ်သမီးကနေဆင်းသက်လာတဲ့ ရုပ်တု၊အမှတ်တံဆိပ်ကို ယနေ့မှာလဲတွေ့မြင်နိုင်ပါတယ်..။ နယူးယောက်က လေဘာတီရုပ်တု… Columbia ရုပ်ရှင်ရဲ့ Logo နတ်သမီးရုပ်တို့ဟာ ထိုနတ်သမီးပါ..။ (နယူးယောက်က လေဘာတီရုပ်တုဟာ ဂရိတွေရဲ့ လွတ်လပ်ခြင်းနတ်ဘုရားမကိုကိုယ်စားပြုတယ်ဆိုပေမယ့် အရင်းအမြစ်ဟာဒီ ပညာနတ်သမီးဖြစ်ပါတယ်။)
အမှန်ကတော့ လေဘာတီရုပ်တုဟာ ခေတ်သစ်လွတ်လပ်ခြင်းလှုပ်ရှားမှုတို့ရဲ့ ဘိုးအေ ပြင်သစ် တွေကနေ အမေရိကားရဲ့လွတ်လပ်ရေးကြေငြာစာတမ်း (ဂျုလိုင် ၄၊၁၇၇၆) ကြေငြာမှုဂုဏ်ပြုလက်ဆောင်လို့ဆိုပါတယ်..။ ဒါပေမယ့် ဒီအရုပ်ကိုမှရွေးပြီးပေးတာကလဲ..နောက်ကွယ်မှာအဓိပ္ပာယ်ရှိနေပါတယ်။ (ဒီအကြောင်းတွေကို နီကိုလပ်ကေ့ဂျ် ပါဝင်တဲ့ National Treasure မှာလဲတစွန်းတစ တွေ့မြင်နိုင်ပါတယ်)။

ဒီလိုနဲ့ မတည်မြဲတဲ့နိယာမအတိုင်း ဘာဘီလွန်ဟာ..အဆီးရီးယန်းတွေလက်ထဲမှာ ဘီစီ၉၁၁ မှာကျပါတယ်.။ ထိုကနေမှ ဘီစီ ၅၃၉ လောက်မှာ ပါးရှန်းတွေလက်ထဲ..ပါးရှန်းတွေဆီကနေ မက်ဆီဒိုးနီးယန်း(ဂရိ)ဘုရင် မဟာ အလက်ဇန္ဒားက ဘီစီ ၃၃၁ မှာသိမ်းပါတယ်..။ ဒီခေတ်ကို ပညာရှင်တွေက ဟယ်လင်နစ်ခေတ် (Hellenistic period) လို့ခေါ်ပြီး ယနေ့ခေတ် ပညာရပ်တွေဖြစ်လာမယ့် မူလအခြေခံအုတ်မြစ် ပညာတွေထိုခေတ်မှာအစပြုဖွံ့ဖြိုးလာပါတယ်..။


ထိုကနေမှတဆင့် ထိုဒေသ(မက်ဆိုပိုတေးမီးယား)ကို နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်ခရစ်ယာန်သာသနာဟာအေဒီ ၇ရာစုလောက်မှာရောက်ရှိလာပြီး၊ ခရူးဆိတ်စစ်ပွဲတွေ ဖြစ်ပွားကာထိုဒေသက ပညာရပ်တွေ၊လျှို့ဝှက်ချက်တွေဟာ အသင်းတော် နဲ့အတူ ဥရောပတိုက်ကို ရောက်ရှိသွားပါတယ်..။ အမှောင်ခေတ် တလျှောက်လုံး ထိုအကြောင်းအရာတွေဟာ တိမ်မြှပ်နေပြီး ဉာဏ်သစ်ခေတ် ခေါ်ရီနေဆင့်ခေတ်(Renaissance Age) ကျမှပြန်လည်ပေါ်ထွန်းလာပြီး လွတ်လပ်မှုကိုရှာဖွေတဲ့ ကနဦး နိုင်ငံသစ်တည်သူတွေနဲ့အတူ အမေရိကားတိုက်ကို ပါသွားပါတယ်..။ ဒီလိုနဲ့ ဒီအသင်းဟာ လျင်လျင်မြန်မြန်ပဲကြီးထွားလာပြီး အသင်းသားတွေထဲမှာ တိုင်းပြည်ကို ပြောင်းလဲနိုင်တဲ့သူတွေတောင်အချိန်အနည်းငယ်အတွင်းမှာ ပါဝင်လာခဲ့ပါတယ်..။ လျှို့ဝှက်အသင်းဖြစ်တဲ့အားလျှော်စွာ ဘယ်သူတွေပါဝင်ခဲ့တယ်ဆိုတာကိုတော့ သက်သေသာဓကနဲ့ မပြနိုင်ခဲ့ကြပေမယ့် ထိုအသင်းရဲ့အာဘော်တွေဟာအသင်းသားတွေဖြစ်တဲ့ နိုင်ငံ့ခေါင်းဆောင်တွေကနေလုပ်ဆောင်မှုအနေနဲ့ ဖြစ်ပေါ်ခဲ့တာကိုတော့တွေ့မြင်နိုင်ပါတယ်..။


ပထမထင်ရှားတာက အမေရိကန်ရဲ့တံဆိပ်(Great Seal)ဖြစ်တဲ့ သိမ်းငှက်ပုံဖြစ်တယ်။ ဒီငှက်ဟာအမှန်တော့ အသင်းရဲ့အမှတ်အသားဖြစ်တဲ့ဖိုဝင်ငှက် (phoenix) ဖြစ်တယ်လို့ဆိုပါတယ်။ နံပတ် ၁၃ ဂဏန်းဟာ ဒီအသင်းရဲ့ အမှတ်အသားဖြစ်ပြီး ဒီတံဆိပ်မှာ.. သစ်ရွက်၁၃ရွက်၊ မြှား၁၃ ချောင်း၊ကြယ် ၁၃လုံး ပြီးတော့ ဒိုင်းပေါ်မှာ အစင်း၁၃စင်း စတာတွေ
တွေ့ရပါတယ်။ ၁၃ ဆိုတာဟာ ရှေးဟောင်းကျမ်းဂန်တွေအလိုအရ သေခြင်းဖြစ်တယ်။ သိမ်းငှက်ဟာ ဖိုဝင်ငှက်(မီးလျှံအတွင်းဆင်းသက် ပြန်လည်အသက်ဝင်သောငှက်)ဖြစ်တယ်။
ဒီတံဆိပ်ဟာ နိုင်ငံအသစ်အတွက် “Rebirth,Regeneration” လဲဖြစ်တယ်.။ ဒီတံဆိပ်ကို ခြောက်နှစ်ကြာ အောင် ကော်မတီ၃ဖွဲ့ ဖွဲ့ ပြီး .. ဒီဇိုင်းရေးဆွဲခဲ့ရတယ်လို့ဆိုပါတယ်။ ကောင်မတီဝင်တွေကလဲ သောမတ်ဂျက်ဖာဆင်၊ ဘင်ဂျမင်ဖရန်ကလင်၊ ဂျွန်အဒမ် အစရှိတဲ့ ပြည်ထောင်ဖက်ဖခင်ကြီးတွေဖြစ်တာတွေ့ရပါတယ်။ နောက်ဆုံး ဒီတံဆိပ်ကို ၁၇၈၂ မှာ ဂျော့ရှ်ဝါရှင်တန်ရဲ့အတည်ပြုချက်နဲ့ စတင်အသုံးပြုခဲ့တာ ယနေ့တိုင်ဖြစ်ပါတယ်..။

ဒေါ်လာငွေစက္ကူ ပေါ်က တြိဂံပုံပိရိမစ်နဲ့ မျက်စိတံဆိပ်ဟာလည်း ဒီအသင်းရဲ့တံဆိပ်ဖြစ်ပါတယ်..။ ၎င်းတြိဂံ ပေါ်က စာလုံအစတွေကို တလုံးချင်းလုံးကောက်ယူရင် M A S O N လို့ရလာပါတယ်..။ ဒီမျက်လုံးဟာ တတိယမျက်လုံး သို့မဟုတ် ထိုးထွင်းသိဉာဏ် ကိုကိုယ်စားပြုပါတယ်။ ရှေးဟောင်းအီဂျစ် တွေရဲ့အယူဝါဒကနေ ဆင်းသက်လာပါတယ်။ တစ်ဒေါ်လာတန်ငွေစက္ကူ ပေါ်မှမျက်လုံးတံဆိပ် ဒီအသင်းရဲ့သမိုင်းမှာ ကမ္ဘာကျော် ပုဂွိုလ် တွေတော်တော်များများ ယှက်နွယ်နေတာကိုတွေ့ရပါတယ်။ အထူးသဖြင့် ရီနေဆင့်ခေတ်က ပုဂွိုလ်ကျော်တွေများပါတယ်..။ ပန်းချီကျော်မိုက်ကယ်အိန်ဂျလို၊ပန်းချီနဲ့တီထွင်သူ လီယိုနာဒိုဒါဗင်စီ တို့လိုစွယ်စုံထူးချွန်တဲ့ ပညာရှင်တွေ ပါဝင်ပါတယ်။ (Sistine Chaple ပေါင်းမိုးပေါ်က မိုက်ကယ်အိန်ဂျလိုရဲ့The Creation of Adam နဲ့ဒါဗင်စီ ရဲ့မိုနာလီဇာ ပန်းချီကားတွေဟာ Freemason ရဲ့ အငွေ့အသက်မကင်း လို့ဆိုကြပါတယ်။ ဒီအကြောင်းအရာတွေကို ဖြစ်ရပ်မှန်နဲ့ရောပြီး Davinci Code ဆိုပြီးတွမ်ဟန့် ပါဝင်သရုပ်ဆောင်တဲ့ ရှပ်ရှင်ဟာ လှုပ်လှုပ်သဲသဲ ဖြစ်ခဲ့ပါတယ်။)

သူတို့တင်မက ခရစ္စတိုဖာကိုလံဗတ်၊ပထမမြောက် အယ်လီဇဘက်ဘုရင်မ၊ အဒေါ့ဖ် ဟစ်တလာ (ဟစ်တလာဟာ လျှို့ဝှက်ဆန်းကြယ်မှု နဲ့ စိတ်နယ်လွန်ဖြစ်ရပ်တွေကိုအင်မတန် ခုံမင်သောသူဖြစ်တယ်) စတဲ့သူတွေသာမက ခေတ်သစ်မှာ သမ္မတဂျော့ရှ်ဘုရှ်တို့သားအဖ၊မိုက်ကယ်ဂျက်ဆင် အစရှိတဲ့သူတွေ ကို ပတ်သက်ကြောင်း အထောက်အထားတွေနဲ့ ဖော်ပြကြပါတယ်။ သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုတဲ့အခါ သမ္မာကျမ်းစာကိုင်ပြီးကျိန်ဆိုကြရပါတယ်။ ဂျော့ရှ်ဝါရှင်တန် ဟာ ဖရီးမေဆင်အသင်းဝင်ဖြစ်ကြောင်းဖော်ပြခဲ့ပြီးပါပြီ။ ဂျော့ရှ်ဝါရှင်တန် သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုတဲ့အခါ သီးသန့်ရှားပါး သမ္မာကျမ်းစာကိုင်ပြီးကျိန်ဆိုခဲ့ပါတယ်။ ဒီသမ္မာကျမ်းစာ ကို “George Washington Inaugural Bible” လို့လူသိများပါတယ်။ အမေရိကန်သမိုင်းမှာ ဒီသမ္မာကျမ်းစာကိုင်ပြီး သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုတဲ့ သမ္မတ၊ ဂျော့ရှ်ဝါရှင်တန်အပါအဝင်သမ္မတ ၅ ဦးပဲရှိပါတယ်။သူတို့တွေက…
ဂျော့ရှ်ဝါရှင်တန်၊ ဝါရင် ဂျီဟားဒင်း၊ ဒွိုက်ဒီအိုက်ဆင်ဟောင်ဝါ၊ ဂျင်မီကာတာ နဲ့ ဂျော့ရှ်ဘုရှ် တို့ဖြစ်တာကိုတိုက်ဆိုင်စွာတွေ့ရပါတယ်..။

မိုက်ကယ်ဂျက်ဆင်ကတော့ သူပတ်သက်ခဲ့တဲ့အကြောင်း အရိပ်အမြွက်၊သူမဆုံးခင် အော်ပရာဝင်းဖရေးနဲ့ အင်တာဗျူးမှာဖော်ပြခဲ့ပါတယ်။သူ့ရဲ့ အသားအရေ ပြောင်းလဲခဲ့ရမှု၊သူ့ခံစားချက်၊စတာတွေကိုဖော်ပြခဲ့ပါတယ်။ ထင်ရှားတဲ့ နိမိတ်ပုံတစ်ခုကို သူူ့ရဲ့ “Black or White” သီချင်းရဲ့ နောက်ဆုံးအပိုင်းမှာဖော်ပြထားပါတယ်..။ ဒါကို မိုက်ကယ်ဂျက်ဆင်ရဲ့ Controversial Part လို့လူသိများပါတယ်..။ ဒီဗီဒီယိုမှာ သူမနှစ်သက်တဲ့ နာဇီ-တံဆိပ်၊ KKK:Ku Klux Klan (KKK ဆိုတာ အမေရိကားက လူဖြူလွမ်းမိုးရေး-အသားမဲနီဂရိုးနှိပ်ကွပ်ရေးဝါဒီတွေရဲ့အဖွဲ့အစည်းနာမည်ဖြစ်တယ်) စတာတွေကိုရိုက်ခွဲပြခဲ့တဲ့အပြင် “HolyArm Hotel” ဆိုတဲ့ ဆိုင်းဘုတ်ကိုရိုက်ခွဲပြတာတွေ့မြင်ရပါတယ်။

ဖရီးမေဆင်ရဲ့ဖွဲ့စည်းပုံမှာ အထက်ကနေတိုက်ရိုက်အုပ်ချုပ်မှုပါဝင်ပြီး Royal Arch လို့ခေါ်တယ်။ အဲဒီ Royal Arch ကိုကိုယ်စားပြုတဲ့ Holy Arm ဆိုတဲ့ဆိုင်းဘုတ်ကိုရိုက်ခွဲပြခဲ့တာတွေ..ပြန်လည်ရှင်သန်ခြင်းကိုကိုယ်စားပြုတဲ့အနေနဲ့ သုံးကြိမ်သုံးခါတိုင်တိုင် အနီးကပ် closed-up ရိုက်ပြသွားတာတွေ၊ ဒူးထောက်ကျရှုံးသွားပြီးတဲ့နောက် လွတ်မြောက်တဲ့အထိမ်းအမှတ်အနေနဲ့ ရက်ပတ်ကိုစည်တီးပြီး ဝမ်းပန်းတသာ အကျီကိုဆွဲဆုတ်လိုက်တဲ့ပြကွက်တွေ တွေ့ရပါတယ်။ သိပ်ပြီးခိုင်လုံတဲ့ အကြောင်းအရာလို့တော့ မယူဆပေမယ့် ပါးစပ်ရာဇဝင်အနေနဲ့ဖော်ပြရခြင်းဖြစ်ပါတယ်။ အဆိုတခုအရ လက်သည်မပေါ်တဲ့ ကမ္ဘာကျော်လုူသတ်မှုခင်းတွေဟာ ဒီအသင်းနဲ့ ဆက်နွယ်မှုရှိတယ်လို့ဆိုပါတယ်။ဥပမာ..ကနေဒီ့အမှု၊ 2pac ၊ဒိုင်ယာနာ၊လင်နွန်…စတဲ့မှုခင်းတွေမှာ နက်နဲတဲ့ပတ်သက်ဆက်နွယ်မှုတွေရှိနေပါတယ်။ ဘာဘဲဖြစ်ဖြစ် သေချာတာကတော့ ဒီအသင်းဟာအမှန်တကယ်တည်ရှိပြီး နှယ်နှယ်ရရမဟုတ်တာတော့အသေအချာပဲဖြစ်ပါတယ်။ အောက်ကပုံကတော့ ဒီအသင်းအမှတ်တံဆိပ်နဲ့စပ်ဆက်တယ်လို့ယူဆကြတဲ့အမေရိကန်ဒေါ်လာကပုံပါ။

Written By ဒီနေရိုင်းသစ်



ဖိုးသူတော် (www.phothutaw.com)
Credit: Thutazone




 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top