လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

မ်က္ခြံအေၾကာလိုက္တယ္ဆိုတာ ဘာလဲ ?

သင့္မ်က္ခြံေတြ ထိန္းခ်ဳပ္လို႕မရဘဲ အလိုေလ်ာက္ လႈပ္ေနတာကို မ်က္ခြံအေၾကာလိုက္တယ္လို႕ ေခၚပါတယ္။အေပၚ၊ေအာက္ မ်က္ခြံႏွစ္ခုလုံးမွာ ဒီလိုအေၾကာလိုက္တာမ်ိဳး ျဖစ္ႏိုင္ေပမယ့္ အေပၚမ်က္ခြံမွာပဲ အဓိက ျဖစ္ေပၚပါတယ္။ လူအမ်ားစုအတြက္ ဒီလိုအေၾကာလိုက္တာဟာ မသိမသာျဖစ္ျပီး မ်က္ခြံေလးတခ်က္အသာေလး လႈပ္သြားတယ္လို႕ပဲ ခံစားရေလ့ရွိပါတယ္။ တခ်ိဳ႕ေတြက်ျပန္ေတာ့လည္း မ်က္ခြံအေၾကာဆြဲတာ အေတာ္ဆိုးတဲ့အတြက္ မ်က္လုံးကို လုံးဝမွိတ္ထားလိုက္ရတာမ်ိဳးလည္း ျဖစ္ေပၚလာႏိုင္ပါတယ္။တခ်ိဳ႕လူေတြမွာ ဒါမ်ိဳးဘယ္ေတာ့မွ ျဖစ္ေပၚေလ့မရွိပါဘူး။

ဘယ္အခ်က္ေတြက မ်က္ခြံအေၾကာလိုက္တာကို ျဖစ္ေစႏိုင္သလဲ။

ေအာက္ပါအခ်က္ေတြက မ်က္ခြံအေၾကာလိုက္ေအာင္ ဆြေပးႏိုင္ပါတယ္။
– အရက္ေသာက္ျခင္း
– အလင္းေရာင္စူးစူး
– ကဖင္းဓာတ္အလြန္အကြၽံေသာက္ျခင္း
– ပင္ပန္းႏြမ္းနယ္ျခင္း
– မ်က္စိအသား ဒါမွမဟုတ္ မ်က္ခြံအတြင္းပိုင္းမွာ ေနမထိထိုင္မသာ ျဖစ္ျခင္း
– ပင္ပင္ပန္းပန္းလႈပ္ရွားထားျခင္း
– ေဆးလိပ္ေသာက္ျခင္း
– စိတ္ဖိစီးမႈ မ်ားျခင္း
– ေလတိုက္ျခင္း

မ်က္ေၾကာလိုက္တာဟာ ေအာက္ပါအေျခအေနေတြရဲ့ လကၡဏာတစ္ခုလည္း ျဖစ္ႏုိင္ပါေသးတယ္။

– မ်က္ခြံေရာင္ျခင္း
– မ်က္ၾကည္လႊာပြန္းျခင္း
– (မ်က္ရည္ခမ္းတာေၾကာင့္) မ်က္စိေျခာက္ေသြ႕ျခင္း
– မ်က္ခြံ (အထူးသျဖင့္ ေအာက္မ်က္ခြံ) အတြင္းဖက္ ဝင္ေနျခင္း
– ေရတိမ္ျဖစ္ျခင္း
– အလင္းစူးစူး မခံႏိုင္ျခင္း
– မ်က္လုံးထဲ မ်က္ေတာင္ေမႊးထိုးဝင္ျခင္း
– မ်က္နက္သားေရာင္ျခင္း

ရွားရွားပါးပါးဆိုသလို မ်က္ခြံအေၾကာလိုက္ျခင္းဟာ အခ်ိဳ႕ေသာ ဦးေႏွာက္နဲ႕ အာ႐ံုေၾကာဆိုင္ရာ ျပႆနာေတြရဲ့ လကၡဏာလည္း ျဖစ္ေနႏိုင္ပါတယ္။ အဆိုပါ အေျခအေနမ်ိဳးေတြမွာဆိုရင္ တျခားေရာဂါလကၡဏာေတြလည္း က်ိန္းေသေပါက္နီးနီး ျပသႏိုင္ပါတယ္။ မ်က္ခြံအေၾကာလိုက္ျခင္းကို ျဖစ္ေစတဲ့ ဦးေႏွာက္နဲ႕ အာ႐ံုေၾကာဆိုင္ရာ ျပႆနာေတြက

– Bell’s palsy (မ်က္ႏွာတျခမ္းရြဲ႕တာ)။
– လည္ပင္းႂကြက္သားေတြ အေၾကာဆြဲျခင္း။
– ႂကြက္သားေတြ အေၾကာဆြဲျခင္း။
– Multiple sclerosis လို႕ေခၚတဲ့ ဦးေႏွာက္နဲ႕ အာ႐ံုေၾကာေရာဂါတမ်ိဳး။
– မ်က္ႏွာ၊ေမး႐ိုး၊လွ်ာ တို႕မွာရွိတဲ့ ႂကြက္သားေတြ အေၾကာလိုကျ္ခင္း။
– Tourette syndrome လို႕ေခၚတဲ့ မူမမွန္လႈပ္ရွားမႈေတြ၊အသံထြက္တာေတြ ျဖစ္ေပၚေစတဲ့ ေရာဂါ။

-ဘယ္သူေတြ မ်က္ခြံအေၾကာလိုက္ႏိုင္သလဲ။

ဒီျပႆနာဟာ အမ်ိဳးသမီးေတြမွာ ပိုျပီး အျဖစ္မ်ားျပီး လူလတ္ပိုင္းနဲ႕ အသက္ၾကီးပိုင္းေတြမွာ ျဖစ္တတ္ပါတယ္။

မ်က္ခြံအေၾကာလိုက္တာရဲ့ လကၡဏာေတြက ဘာေတြလဲ။

မ်က္ခြံမွာ ရွိတဲ့ႂကြက္သားေတြ ထိန္းခ်ဳပ္လို႕မရဘဲ တဆတ္ဆတ္လႈပ္ေနျခင္းပဲ ျဖစ္ပါတယ္။
ဘယ္အခ်ိန္မွာ ေဆးကုသမႈ ခံယူသင့္သလဲ။
မ်က္ခြံအေၾကာလိုက္တာဟာ ကာလၾကာရွည္ျဖစ္ေနတယ္ ဒါမွမဟုတ္ ေအာက္ပါေဝဒနာေတြပါ ခံစားေနရျပီဆိုရင္ေတာ့ ဆရာဝန္နဲ႕ ျပသင့္ပါျပီ။
– မ်က္လုံးနီရဲ၊ေရာင္ရမ္းေနမယ္ ဒါမွမဟုတ္ ပံုမွန္မဟုတ္တဲ့ အရည္ေတြ ထြက္ေနမယ္။
– အေပၚမ်က္ခြံတြဲက်လာမယ္။
– မ်က္ခြံအေၾကာလိုက္တိုင္းမွာ မ်က္စိလုံးဝပိတ္သြားမယ္။
– မ်က္ခြံအေၾကာလိုက္တာ ရက္သတၱပတ္အေတာ္မ်ားမ်ား ၾကာမယ္။
– မ်က္ခြံသာမက မ်က္ႏွာရဲ့ တျခားေနရာေတြမွာ အေၾကာဆြဲလာမယ္။

မ်က္ခြံအေၾကာလိုက္ျခင္းက ဘယ္လိုေနာက္ဆက္တြဲ ျပႆနာေတြကို ျဖစ္ေစႏိုင္သလဲ။
ရွားရွားပါးပါးဆိုသလို မ်က္ခြံအေၾကာလိုက္ျခင္းဟာ အခ်ိဳ႕ေသာ ဦးေႏွာက္နဲ႕ အာ႐ံုေၾကာဆိုင္ရာ ျပႆနာေတြရဲ့ လကၡဏာလည္း ျဖစ္ေနႏိုင္ပါတယ္။အဆိုပါ အေျခအေနမ်ိဳးေတြမွာဆိုရင္ တျခားေရာဂါလကၡဏာေတြလည္း က်ိန္းေသေပါက္နီးနီး ျပသႏိုင္ပါတယ္။

ဒီျပႆနာျဖစ္ေပၚေနေၾကာင္း ဘယ္လိုေဖာ္ထုတ္သိရွိႏိုင္မလဲ။

သင့္ဆရာဝန္အေနနဲ႕ သင့္မ်က္လုံးကို မ်က္ျမင္စစ္ေဆးမွာျဖစ္ျပီး သင္ခံစားေနရတဲ့ ေဝဒနာေတြကို ေျပာျပခိုင္းမွာပဲ ျဖစ္ပါတယ္။

မ်က္ခြံအေၾကာလိုက္တာကို ဘယ္လိုကုသမလဲ။

မ်က္ခြံအေၾကာလိုက္တာဟာ သူ႕အလိုလို ေပ်ာက္ကြယ္သြားေလ့ရွိပါတယ္။တကယ္လို႕ မ်က္လုံးေျခာက္တာ ဒါမွမဟုတ္ မ်က္လုံးထဲ ေနမထိထိုင္မသာျဖစ္ျခင္းဟာ မ်က္ခြံအေၾကာလိုက္ရျခင္းရဲ့ အေၾကာင္းရင္းျဖစ္ေနတယ္ဆိုရင္ မ်က္ရည္တုနဲ႕ မ်က္စဥ္းခတ္ပါ။ဒီလိုလုပ္ေပးျခင္းအားျဖင့္ သိပ္မဆိုးရြားတဲ့ အေၾကာလိုက္တာမ်ိဳးကို သက္သာေပ်ာက္ကင္းေစပါလိမ့္မယ္။အသံုးမ်ားဆုံး ကုသမႈကေတာ့ botulinum toxin (Botox၊  Dysport ၊ Xeomin) ထိုးတာပဲ ျဖစ္ပါတယ္။မ်က္ႏွာတျခမ္း အေၾကာလိုက္တဲ့ အေျခအေနေတြကို ကုသေပးဖို႕ သုံးႏိုင္မွာျဖစ္ျပီး လအနည္းငယ္ခံပါလိမ့္မယ္။ဒါေပမယ့္ ေဆးရဲ့အာနိသင္ျပယ္လာရင္ေတာ့ ေနာက္အၾကိမ္ေတြ ထပ္ထိုးဖို႕လိုပါလိမ့္မယ္။ သိပ္မျပင္းထန္တဲ့ အေျခအေနေတြမွာ ေအာက္ပါေဆးေတြကို ေသာက္ဖို႕သင့္ဆရာဝန္က ညႊန္ၾကားပါလိမ့္မယ္။
– Clonazepam (Klonopin)
– Lorazepam (Ativan)
– Trihexyphenidyl hydrochloride (Artane၊ Trihexane၊ Tritane)

အေျခအေနပိုဆိုးတဲ့ လူနာေတြအတြက္မ်က္ခြံမွာရွိတဲ့ ႂကြက္သားနဲ႕ အာ႐ံုေၾကာအခ်ိဳ႕ကို ဖယ္ရွားတဲ့ ကုသမႈမ်ိဳးကို ျပဳလုပ္ရပါမယ္။ သင့္မ်က္ႏွာႂကြက္သားေတြကို ေျဖေလွ်ာ့ေပးႏိုင္ဖို႕ ေလ့က်င့္ခန္းေတြကိုလည္း ျပဳလုပ္ႏိုင္ပါတယ္။

မ်က္ခြံအေၾကာလိုက္တာကို ဘယ္လိုကာကြယ္ေျဖရွင္းမလဲ။

တကယ္လို႕ ဒီလိုအေၾကာဆြဲတာဟာ ပိုျပီးစိတ္လာတယ္ဆိုရင္ သင့္အေနနဲ႕ သူတို႕ျဖစ္လာတတ္တဲ့ အခ်ိန္ေတြကို စာအုပ္တအုပ္ထဲမွာ မွတ္သားထားရပါမယ္။ သင္ေသာက္တဲ့ ကဖင္းဓာတ္ နဲ႕ အရက္ပမာဏ၊စိတ္ဖိစီးမႈ အေျခအေန၊ ဒီလိုအေၾကာမဆြဲခင္ကာလေတြနဲ႕ အေၾကာဆြဲေနစဥ္ကာလေတြမွာ အိပ္ခ်ိန္ဘယ္ေလာက္ရသလဲ စတာေတြကို မွတ္သားထားရပါမယ္။တကယ္လို႕ သင္အိပ္ေရးမဝတဲ့ အခ်ိန္ေတြမွာ မ်က္ခြံအေၾကာဆြဲတာမ်ိဳး ပိုျဖစ္တတ္တယ္ဆိုရင္ သင့္မ်က္ခြံကို အနားေပးဖို႕နဲ႕ အေၾကာဆြဲတာကို ေလွ်ာ့ခ်ေပးႏိုင္ဖို႕အတြက္ နာရီဝက္ကေန တစ္နာရီေစာျပီး  အိပ္ရာဝင္ရမွာျဖစ္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Thiha Phyo Myint 

#Unicode Version#
မျက်ခွံအကြောလိုက်တယ်ဆိုတာ ဘာလဲ။

သင့်မျက်ခွံတွေ ထိန်းချုပ်လို့မရဘဲ အလိုလျောက် လှုပ်နေတာကို မျက်ခွံအကြောလိုက်တယ်လို့ ခေါ်ပါတယ်။အပေါ်၊အောက် မျက်ခွံနှစ်ခုလုံးမှာ ဒီလိုအကြောလိုက်တာမျိုး ဖြစ်နိုင်ပေမယ့် အပေါ်မျက်ခွံမှာပဲ အဓိက ဖြစ်ပေါ်ပါတယ်။ လူအများစုအတွက် ဒီလိုအကြောလိုက်တာဟာ မသိမသာဖြစ်ပြီး မျက်ခွံလေးတချက်အသာလေး လှုပ်သွားတယ်လို့ပဲ ခံစားရလေ့ရှိပါတယ်။ တချို့တွေကျပြန်တော့လည်း မျက်ခွံအကြောဆွဲတာ အတော်ဆိုးတဲ့အတွက် မျက်လုံးကို လုံးဝမှိတ်ထားလိုက်ရတာမျိုးလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။တချို့လူတွေမှာ ဒါမျိုးဘယ်တော့မှ ဖြစ်ပေါ်လေ့မရှိပါဘူး။

ဘယ်အချက်တွေက မျက်ခွံအကြောလိုက်တာကို ဖြစ်စေနိုင်သလဲ။

အောက်ပါအချက်တွေက မျက်ခွံအကြောလိုက်အောင် ဆွပေးနိုင်ပါတယ်။
– အရက်သောက်ခြင်း
– အလင်းရောင်စူးစူး
– ကဖင်းဓာတ်အလွန်အကျွံသောက်ခြင်း
– ပင်ပန်းနွမ်းနယ်ခြင်း
– မျက်စိအသား ဒါမှမဟုတ် မျက်ခွံအတွင်းပိုင်းမှာ နေမထိထိုင်မသာ ဖြစ်ခြင်း
– ပင်ပင်ပန်းပန်းလှုပ်ရှားထားခြင်း
– ဆေးလိပ်သောက်ခြင်း
– စိတ်ဖိစီးမှု များခြင်း
– လေတိုက်ခြင်း

မျက်ကြောလိုက်တာဟာ အောက်ပါအခြေအနေတွေရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါသေးတယ်။

– မျက်ခွံရောင်ခြင်း
– မျက်ကြည်လွှာပွန်းခြင်း
– (မျက်ရည်ခမ်းတာကြောင့်) မျက်စိခြောက်သွေ့ခြင်း
– မျက်ခွံ (အထူးသဖြင့် အောက်မျက်ခွံ) အတွင်းဖက် ဝင်နေခြင်း
– ရေတိမ်ဖြစ်ခြင်း
– အလင်းစူးစူး မခံနိုင်ခြင်း
– မျက်လုံးထဲ မျက်တောင်မွှေးထိုးဝင်ခြင်း
– မျက်နက်သားရောင်ခြင်း

ရှားရှားပါးပါးဆိုသလို မျက်ခွံအကြောလိုက်ခြင်းဟာ အချို့သော ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ပြဿနာတွေရဲ့ လက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။ အဆိုပါ အခြေအနေမျိုးတွေမှာဆိုရင် တခြားရောဂါလက္ခဏာတွေလည်း ကျိန်းသေပေါက်နီးနီး ပြသနိုင်ပါတယ်။ မျက်ခွံအကြောလိုက်ခြင်းကို ဖြစ်စေတဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ပြဿနာတွေက

– Bell’s palsy (မျက်နှာတခြမ်းရွဲ့တာ)။
– လည်ပင်းကြွက်သားတွေ အကြောဆွဲခြင်း။
– ကြွက်သားတွေ အကြောဆွဲခြင်း။
– Multiple sclerosis လို့ခေါ်တဲ့ ဦးနှောက်နဲ့ အာရုံကြောရောဂါတမျိုး။
– မျက်နှာ၊မေးရိုး၊လျှာ တို့မှာရှိတဲ့ ကြွက်သားတွေ အကြောလိုြက်ခင်း။
– Tourette syndrome လို့ခေါ်တဲ့ မူမမှန်လှုပ်ရှားမှုတွေ၊အသံထွက်တာတွေ ဖြစ်ပေါ်စေတဲ့ ရောဂါ။

-ဘယ်သူတွေ မျက်ခွံအကြောလိုက်နိုင်သလဲ။

ဒီပြဿနာဟာ အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များပြီး လူလတ်ပိုင်းနဲ့ အသက်ကြီးပိုင်းတွေမှာ ဖြစ်တတ်ပါတယ်။

မျက်ခွံအကြောလိုက်တာရဲ့ လက္ခဏာတွေက ဘာတွေလဲ။

မျက်ခွံမှာ ရှိတဲ့ကြွက်သားတွေ ထိန်းချုပ်လို့မရဘဲ တဆတ်ဆတ်လှုပ်နေခြင်းပဲ ဖြစ်ပါတယ်။
ဘယ်အချိန်မှာ ဆေးကုသမှု ခံယူသင့်သလဲ။
မျက်ခွံအကြောလိုက်တာဟာ ကာလကြာရှည်ဖြစ်နေတယ် ဒါမှမဟုတ် အောက်ပါဝေဒနာတွေပါ ခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါပြီ။
– မျက်လုံးနီရဲ၊ရောင်ရမ်းနေမယ် ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ အရည်တွေ ထွက်နေမယ်။
– အပေါ်မျက်ခွံတွဲကျလာမယ်။
– မျက်ခွံအကြောလိုက်တိုင်းမှာ မျက်စိလုံးဝပိတ်သွားမယ်။
– မျက်ခွံအကြောလိုက်တာ ရက်သတ္တပတ်အတော်များများ ကြာမယ်။
– မျက်ခွံသာမက မျက်နှာရဲ့ တခြားနေရာတွေမှာ အကြောဆွဲလာမယ်။

မျက်ခွံအကြောလိုက်ခြင်းက ဘယ်လိုနောက်ဆက်တွဲ ပြဿနာတွေကို ဖြစ်စေနိုင်သလဲ။
ရှားရှားပါးပါးဆိုသလို မျက်ခွံအကြောလိုက်ခြင်းဟာ အချို့သော ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ပြဿနာတွေရဲ့ လက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။အဆိုပါ အခြေအနေမျိုးတွေမှာဆိုရင် တခြားရောဂါလက္ခဏာတွေလည်း ကျိန်းသေပေါက်နီးနီး ပြသနိုင်ပါတယ်။

ဒီပြဿနာဖြစ်ပေါ်နေကြောင်း ဘယ်လိုဖော်ထုတ်သိရှိနိုင်မလဲ။

သင့်ဆရာဝန်အနေနဲ့ သင့်မျက်လုံးကို မျက်မြင်စစ်ဆေးမှာဖြစ်ပြီး သင်ခံစားနေရတဲ့ ဝေဒနာတွေကို ပြောပြခိုင်းမှာပဲ ဖြစ်ပါတယ်။

မျက်ခွံအကြောလိုက်တာကို ဘယ်လိုကုသမလဲ။

မျက်ခွံအကြောလိုက်တာဟာ သူ့အလိုလို ပျောက်ကွယ်သွားလေ့ရှိပါတယ်။တကယ်လို့ မျက်လုံးခြောက်တာ ဒါမှမဟုတ် မျက်လုံးထဲ နေမထိထိုင်မသာဖြစ်ခြင်းဟာ မျက်ခွံအကြောလိုက်ရခြင်းရဲ့ အကြောင်းရင်းဖြစ်နေတယ်ဆိုရင် မျက်ရည်တုနဲ့ မျက်စဉ်းခတ်ပါ။ဒီလိုလုပ်ပေးခြင်းအားဖြင့် သိပ်မဆိုးရွားတဲ့ အကြောလိုက်တာမျိုးကို သက်သာပျောက်ကင်းစေပါလိမ့်မယ်။အသုံးများဆုံး ကုသမှုကတော့ botulinum toxin (Botox၊  Dysport ၊ Xeomin) ထိုးတာပဲ ဖြစ်ပါတယ်။မျက်နှာတခြမ်း အကြောလိုက်တဲ့ အခြေအနေတွေကို ကုသပေးဖို့ သုံးနိုင်မှာဖြစ်ပြီး လအနည်းငယ်ခံပါလိမ့်မယ်။ဒါပေမယ့် ဆေးရဲ့အာနိသင်ပြယ်လာရင်တော့ နောက်အကြိမ်တွေ ထပ်ထိုးဖို့လိုပါလိမ့်မယ်။ သိပ်မပြင်းထန်တဲ့ အခြေအနေတွေမှာ အောက်ပါဆေးတွေကို သောက်ဖို့သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။
– Clonazepam (Klonopin)
– Lorazepam (Ativan)
– Trihexyphenidyl hydrochloride (Artane၊ Trihexane၊ Tritane)

အခြေအနေပိုဆိုးတဲ့ လူနာတွေအတွက်မျက်ခွံမှာရှိတဲ့ ကြွက်သားနဲ့ အာရုံကြောအချို့ကို ဖယ်ရှားတဲ့ ကုသမှုမျိုးကို ပြုလုပ်ရပါမယ်။ သင့်မျက်နှာကြွက်သားတွေကို ဖြေလျှော့ပေးနိုင်ဖို့ လေ့ကျင့်ခန်းတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။

မျက်ခွံအကြောလိုက်တာကို ဘယ်လိုကာကွယ်ဖြေရှင်းမလဲ။

တကယ်လို့ ဒီလိုအကြောဆွဲတာဟာ ပိုပြီးစိတ်လာတယ်ဆိုရင် သင့်အနေနဲ့ သူတို့ဖြစ်လာတတ်တဲ့ အချိန်တွေကို စာအုပ်တအုပ်ထဲမှာ မှတ်သားထားရပါမယ်။ သင်သောက်တဲ့ ကဖင်းဓာတ် နဲ့ အရက်ပမာဏ၊စိတ်ဖိစီးမှု အခြေအနေ၊ ဒီလိုအကြောမဆွဲခင်ကာလတွေနဲ့ အကြောဆွဲနေစဉ်ကာလတွေမှာ အိပ်ချိန်ဘယ်လောက်ရသလဲ စတာတွေကို မှတ်သားထားရပါမယ်။တကယ်လို့ သင်အိပ်ရေးမဝတဲ့ အချိန်တွေမှာ မျက်ခွံအကြောဆွဲတာမျိုး ပိုဖြစ်တတ်တယ်ဆိုရင် သင့်မျက်ခွံကို အနားပေးဖို့နဲ့ အကြောဆွဲတာကို လျှော့ချပေးနိုင်ဖို့အတွက် နာရီဝက်ကနေ တစ်နာရီစောပြီး  အိပ်ရာဝင်ရမှာဖြစ်ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:  Thiha Phyo Myint 
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top