Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကဲ.. အခုတခါ ေပါင္ခ်ိန္အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ သ႐ုပ္ေဆာင္ရဲ႕ ဘဝဇာတ္ေၾကာင္းေပါ့ဗ်ာ။ အရင္ကေတာ့ က်န္ေက်ာင္း မင္းသား Kenny Ho အေၾကာင္း တင္ေပးၿပီးၿပီဆိုေတာ့ က်န္ရွိေနတဲ့ ကုန္းစြန္းခ်ဲ႕ အေၾကာင္း ေရးေပးထားပါ့မယ္ေနာ္ ...


ေပါင္ခ်ိန္အျဖစ္ သရုပ္ေဆာင္ခဲ့သူ၏ ဘဝဇာတ္လမ္း


ျပည္သူ႔တရား႐ွင္ ေပါင္ခ်ိန္


 Image may contain: 1 person, closeup
ဟိုတေလာက ျပည္သူ႔အခ်စ္ေတာ္ ကိုယ္ရံေတာ္ က်န္ေက်ာင္း #Kenny Ho အေၾကာင္း ေရးသားတင္ျပၿပီး #တရား႐ွင္ႀကီးေပါင္ခ်ိန္ အေၾကာင္းလည္း သိခ်င္ၾကတယ္ဆိုလို႔ ဒီေန႔ေတာ့ ေပါင္ခ်ိန္ေနရာမွာ သ႐ုပ္ေဆာင္ထားတဲ့ က်င္းေခ်ာင္းခြၽင္ အေၾကာင္း မိတ္ဆက္ေပးပါမယ္။
က်င္းေခ်ာင္းခြၽင္ရဲ႕ ေမြးေန႔ကေတာ့ ၁၉၅၁ ခုႏွစ္ ၁၁ လပိုင္း ၂၆ ရက္ေန႔ ျဖစ္ၿပီး တရုတ္နိုင္ငံ စန္းတုန္းျပည္နယ္ ခ်င္းေတာင္ ဟာ သူ႔ရဲ႕ ေမြးဖြားရာဇာတိျဖစ္ပါတယ္။ ေမြးခ်င္း ၄ ေယာက္ရိွၿပီး အစ္မတစ္ေယာက္ ညီမတစ္ေယာက္ နဲ႔ ညီတစ္ေယာက္ရိွပါတယ္။ တ႐ုတ္ႏိုင္ငံမွာ ေမြးဖြားခဲ့ေပမယ့္ ထိုင္ဝမ္မွာ ႀကီးျပင္းခဲ့ၿပီး ထိုင္ဝမ္ႏိုင္ငံေရးသိပၸံတကၠသိုလ္ကေန ႐ုပ္႐ွင္သဘင္ပညာနဲ႔ ဘြဲ႕ရခဲ့ၿပီး မိခင္ေက်ာင္းေတာ္မွာပဲ ႐ုပ္႐ွင္သဘင္ေမဂ်ာဌာနမွာ ဇာတ္ၫႊန္းေရးဆရာနဲ႔ ဒါ႐ိုက္တာအျဖစ္ တာဝန္ထမ္းေဆာင္ေနခဲ့ပါတယ္။

၁၉၉၃ ခုႏွစ္မွာေတာ့ ျပည္သူ႔တရား႐ွင္ ေပါင္ခ်ိန္ အျဖစ္ က်င္းေခ်ာင္းခြၽင္ကို လူသိမ်ားေက်ာ္ၾကားေစမယ့္ ေပါင္ခ်င္းထ်န္း ဇာတ္လမ္းတြဲကို ႐ိုက္ကူးခဲ့ပါတယ္။ ေပါင္ခ်ိန္ဇာတ္လမ္းတြဲထဲမွာ ဗိလိန္ဇာတ္ေဆာင္ ဖန္အမတ္မင္းကို အားလုံးသိၾကမွာပါ။ အဲ့ဖန္အမတ္မင္းရဲ႕ သမီး ဖန္မိဖုရား (Pang fei) ေနရာမွာသ႐ုပ္ေဆာင္ထားတဲ့ ခ်န္ခ်ီ ဟာ က်င္းေခ်ာင္းခြၽင္ရဲ႕ ဇနီးျဖစ္ပါတယ္။ (ကိုယ္က်ဴိးနဲ lol မိန္းမကေတာ့ ေက်နပ္ေနေတာ့မွာပဲ ငါ့ယြက်ား ငါ့ကို ဒူးေထာက္ခစားေနရတယ္ဆုိၿပီး 😂😂😂)

႐ုပ္႐ွင္ေလာကျဖတ္သန္းမႈ

အသက္ ၁၈ ႏွစ္မွာ စၿပီး ထိုင္ဝမ္ျပဇာတ္ေတြမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ပြဲစီစဥ္သူအျဖစ္လည္း လုပ္ေဆာင္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာ လက္ေထာက္ဒါ႐ိုက္တာအျဖစ္ လုပ္ေဆာင္ခဲ့ၿပီး ႐ုပ္႐ွင္မ်ားမွာလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။

၁၉၇၆ ခုႏွစ္မွာ ႐ုပ္ျမင္သံၾကားဌာနမွာ တည္းျဖတ္အလုပ္ကို လုပ္ကိုင္ခဲ့ၿပီး ၁၉၇၇ ခုႏွစ္မွာေတာ့ ထိုင္ဝမ္ က်ဴံးဟြာ ႐ုပ္ျမင္သံၾကားဌာနမွာ အစီအစဥ္ တင္ဆက္သူအေန နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။ က်င္းေခ်ာင္းခြၽင္းရဲ႕ဘဝဟာ အစစအရာရာ အဆင္ေျပေခ်ာေမြ႕ခဲ့တာေတာ့ မဟုတ္ပါဘူး။
Image may contain: 1 person, beard and closeup
က်င္းေခ်ာင္းခြၽင္းရဲ႕ ဘဝကိုေအာင္ျမင္မႈေတြ ေဆာင္ၾကဥ္းေပးမယ့္ ျပည္သူ႔တရား႐ွင္ ေပါင္ခ်ိန္ကိုေတာ့ ၁၉၉၃ ခုႏွစ္မွာ ႐ိုက္ကူးခဲ့ပါတယ္။ ၁၉၉၅ ခုႏွစ္ရဲ႕ ထိုင္ဝမ္အသံလႊင့္ဌာနရဲ႕ ေရႊစင္႐ုပ္ထု အကယ္ဒမီေပးပြဲမွာ အေကာင္းဆုံး အမ်ိဳးသားဇာတ္ေဆာင္ဆုကို ဆြတ္ခူးခဲ့ပါတယ္။ အဲ့ဒီ့ေနာက္မွာေတာ့ ေဟာင္ေကာင္နဲ႔ စကၤာပူ တို႔မွ ဇာတ္လမ္းတြဲမ်ားမွာ သ႐ုပ္ေဆာင္ဖို႔ ကမ္းလွမ္းခံခဲ့ရၿပီး ကိုရီးယား၊ ထိုင္း၊ ကေမၻာဒီးယား အစရိွတဲ့ အေ႐ွ႕ေတာင္အာ႐ွ ႏိုင္ငံမ်ားရဲ႕ ဖိတ္ေခၚမႈအရ သြားေရာက္လည္ပတ္ၿပီး ျပဇာတ္အႏုပညာမ်ား မွ်ေဝခဲ့ပါတယ္။ ၁၉၉၄ ခုႏွစ္မွာေတာ့ ထိုင္ဝမ္နဲ႔ စကၤာပူ ပူးေပါင္း႐ိုက္ကူးတဲ့ ႐ုပ္သံဇာတ္လမ္းတြဲ《天师钟馗》 ကို႐ိုက္ကူးခဲ့ကာ ေအာင္ျမင္မႈမ်ား ဆက္လက္သိမ္းပိုက္ခဲ့ပါတယ္။
Image may contain: 1 person, text
က်င္းေခ်ာင္းခြၽင္ ဟာ ပရိသတ္ေတြထက္ကို ေပါင္ခ်ိန္ဇာတ္႐ုပ္ကို ခ်စ္ျမတ္ႏိုးသူပါ။ ျပည္သူ႔တရား႐ွင္ ဇာတ္လမ္းတြဲအတြက္ ေပါင္ခ်ိန္ဇာတ္႐ုပ္ကို ေရြးခ်ယ္ရာမွာ တျခား သရုပ္ေဆာင္ပီျပင္တဲ့ ထူးခြၽန္အႏုပညာ႐ွင္ေတြရိွခဲ့ပါတယ္။ သို႔ေပမယ့္ ေနာက္ဆုံးမွာ ေပါင္ခ်ိန္ေနရာက သ႐ုပ္ေဆာင္ဖို႔သူဟာ က်င္းေခ်ာင္းခြၽင္ ျဖစ္လာခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေပါင္ခ်ိ္န္ဇာတ္ရုပ္ဟာ ႀကီးမားတဲ့ စိန္ေခၚမႈတစ္ရပ္ျဖစ္ၿပီး ဘယ္သူမွ က်င္းေခ်ာင္းခြၽင္ေလာက္ မစြန္႔စားရဲၾကလို႔ပါပဲ။
က်င္းေခ်ာင္းခြၽင္ဟာ ေပါင္ခ်ိန္ဇာတ္လမ္းတြဲကို ရုိက္ခဲ့တာ အပိုင္း ၇၀၀ ေက်ာ္ရိွသြားပါၿပီ။ အခြင့္သာဦးမယ္ဆိုရင္ ကြၽန္ေတာ္ အပိုင္း ၁၀၀၀ ျပည့္ေအာင္ ႐ိုက္ခ်င္ပါတယ္ လို႔သူကေျပာပါတယ္။

ျပည္သူ႔တရားရွင္ဇာတ္လမ္းတြဲရဲ႕ ေနာက္ကြယ္က ျဖစ္ရပ္မ်ား

Image may contain: 5 people, people standing
ဇာတ္လမ္းတြဲထဲမွာ ေပါင္ခ်ိန္အတြက္ က်န္ေက်ာင္းဟာ အသက္စြန္႔ ကာကြယ္ေပးသလိုပဲ အျပင္မွာလည္း က်င္းေခ်ာင္းခြၽင္ကို Kenny Ho က ေက်ာ္ၾကားမႈနဲ႔ စည္းစိမ္ကို လက္လႊတ္ၿပီး အျပည့္အဝ ကာကြယ္ေပးခဲ့ပါတယ္။ သူတုိ႔ ၂ ဦးဟာ ျပည္သူ႔တရား႐ွင္ ဇာတ္လမ္းတြဲေၾကာင့္ ေအာင္ျမင္မႈ အရိွန္အဝါႀကီးမားလြန္းလာတဲ့ အတြက္ေၾကာင့္ ဟြာထိုင္ ႐ုပ္သံက သူတို႔နဲ႔ (qi xia wu yi) တရား႐ွင္နဲ႔ သိုင္းညီေနာင္ငါးေဖာ္ ဇာတ္လမ္းတြဲ႐ုိက္ဖို႔ စာခ်ဳပ္ခ်ဳပ္အၿပီးမွာ က်င္းေခ်ာင္းခြၽင္နဲ႔ သ႐ုပ္ေဆာင္ခအတြက္ ျပႆနာ အနည္းငယ္ျဖစ္ၿပီး ေပါင္ခ်ိန္ ေနရာမွာ လူစားလဲလိုက္ၾကပါတယ္။ ဒီကိစၥကို Kenny Ho သိသြားတဲ့အခါမွေတာ့ အႀကီးအက်ယ္ေပါက္ကြဲၿပီး က်င္းေခ်ာင္းခြၽင္ကို အႏိုင္က်င့္တဲ့အတြက္ ဟြာထိုင္နဲ႔ စာခ်ဳပ္ဖ်က္ၿပီး သူပါ က်န္ေက်ာင္းေနရာကေန မ႐ိုက္ကူးေတာ့ပဲ ႏႈတ္ထြက္လုိက္ပါတယ္။ တကယ့္ကို ေပါင္ခ်ိန္အတြက္ ကုိယ္ရံေတာ္က်န္ေက်ာင္း ပါပဲ။ ဒါတင္မကေသးပါဘူး Kenny Ho ဟာ ဟြာထိုင္နဲ႔ ျပႆနာတက္ၿပီးေနာက္မွာ ျပည္သူ႔တရား႐ွင္ အသစ္ထပ္မံ႐ိုက္ကူးဖို႔ TVB ႐ုပ္သံနဲ႔ စာခ်ဳပ္သြားခ်ဳပ္ပါတယ္။ အဲ့တႀကိမ္မွာလည္း TVB နဲ႔ က်င္းေခ်ာင္းခြၽင္ ျပႆနာတက္ျပန္တာေၾကာင့္ Kenny Ho က ဒီတခါလည္း က်င္းေခ်ာင္းခြၽင္ ဘက္က ရပ္တည္ကာ TVB နဲ႔ စာခ်ဳပ္ကို ဖ်က္သိမ္းခဲ့ျပန္ပါတယ္။ နာမည္ႀကီး႐ုပ္သံကုမၸဏီ ၂ ခုနဲ႔ ျပႆနာတက္သြားတဲ့ Kenny Ho ဟာ အႏုပညာေလာကမွာ ရပ္တည္ဖို႔ ခက္ခဲသြားပါတယ္။ Kenny Ho ဟာ က်င္းေခ်ာင္းခြၽင္ အတြက္နဲ႔ ဘဝရပ္တည္မႈ ခက္ခဲတဲ့အထိ ျဖစ္ခဲ့ေပမယ့္ ႏွစ္ဦးသားရဲ႕ ခင္မင္မႈကေတာ့ ပိုမိုနက္ရိွဳင္းခဲ့ပါတယ္။ ေပါင္ခ်ိန္ အတြက္ က်န္ေက်ာင္း ရိွခဲ့သလို က်င္းေခ်ာင္းခြၽင္ အတြက္ ေဟာ္က်ားက်င့္ (Kenny Ho) ရိွခဲ့ပါတယ္။
Image may contain: 1 person, closeup
 ငယ္စဥ္က က်င္းေခ်ာင္းခြ်င္း
 Image may contain: 2 people, people smiling
 က်င္းေခ်ာင္းခြၽင္ နွင့္ သူ၏ ဇနီး
ယခုလက္ရိွအခ်ိန္မွာေတာ့ က်င္းေခ်ာင္းခြၽင္ဟာ ေမြးဖြားရာ ဇာတိျဖစ္တဲ့ ခ်င္းေတာင္ကြၽန္း ေပၚက ၿမိဳ႕သစ္ ဝွမ္ေတာင္မွာ ေနထိုင္လွ်က္ရိွၿပီး ႐ွန္ဟိုင္းဘက္မွာ သူ႔အႏုပညာျဖစ္တဲ့ ႐ုပ္႐ွင္သဘင္ပညာနဲ႔ ပတ္သတ္တဲ့အလုပ္မ်ားကို ဆက္လက္လုပ္ကိုင္လ်က္ ရိွပါတယ္။
Image may contain: 4 people, people smiling
 အျပင္မွာလည္း သူတုိ့သံုးေယာက္ဟာ စည္းစည္းလံုးလံုးပါပဲ
 Image may contain: 2 people, people smiling


#ZinSnow(天下第一)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: SwamHtet(မွတ္စုၾကမ္း)

#Unicode Version#
ကဲ အခုတခါ ပေါင်ချိန်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်ရဲ့ ဘဝဇာတ်ကြောင်းပေါ့ဗျာ။ အရင်ကတော့ ကျန်ကျောင်း မင်းသား Kenny Ho အကြောင်း တင်ပေးပြီးပြီဆိုတော့ ကျန်ရှိနေတဲ့ ကုန်းစွန်းချဲ့ အကြောင်း ရေးပေးထားပါ့မယ်နော် ...


ပေါင်ချိန်အဖြစ် သရုပ်ဆောင်ခဲ့သူ၏ ဘဝဇာတ်လမ်း

ပြည်သူ့တရားရှင် ပေါင်ချိန်

ဟိုတလောက ပြည်သူ့အချစ်တော် ကိုယ်ရံတော် ကျန်ကျောင်း #Kenny Ho အကြောင်း ရေးသားတင်ပြပြီး #တရားရှင်ကြီးပေါင်ချိန် အကြောင်းလည်း သိချင်ကြတယ်ဆိုလို့ ဒီနေ့တော့ ပေါင်ချိန်နေရာမှာ သရုပ်ဆောင်ထားတဲ့ ကျင်းချောင်းချွင် အကြောင်း မိတ်ဆက်ပေးပါမယ်။
ကျင်းချောင်းချွင်ရဲ့ မွေးနေ့ကတော့ ၁၉၅၁ ခုနှစ် ၁၁ လပိုင်း ၂၆ ရက်နေ့ ဖြစ်ပြီး တရုတ်နိုင်ငံ စန်းတုန်းပြည်နယ် ချင်းတောင် ဟာ သူ့ရဲ့ မွေးဖွားရာဇာတိဖြစ်ပါတယ်။ မွေးချင်း ၄ ယောက်ရှိပြီး အစ်မတစ်ယောက် ညီမတစ်ယောက် နဲ့ ညီတစ်ယောက်ရှိပါတယ်။ တရုတ်နိုင်ငံမှာ မွေးဖွားခဲ့ပေမယ့် ထိုင်ဝမ်မှာ ကြီးပြင်းခဲ့ပြီး ထိုင်ဝမ်နိုင်ငံရေးသိပ္ပံတက္ကသိုလ်ကနေ ရုပ်ရှင်သဘင်ပညာနဲ့ ဘွဲ့ရခဲ့ပြီး မိခင်ကျောင်းတော်မှာပဲ ရုပ်ရှင်သဘင်မေဂျာဌာနမှာ ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေခဲ့ပါတယ်။

၁၉၉၃ ခုနှစ်မှာတော့ ပြည်သူ့တရားရှင် ပေါင်ချိန် အဖြစ် ကျင်းချောင်းချွင်ကို လူသိများကျော်ကြားစေမယ့် ပေါင်ချင်းထျန်း ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ပါတယ်။ ပေါင်ချိန်ဇာတ်လမ်းတွဲထဲမှာ ဗိလိန်ဇာတ်ဆောင် ဖန်အမတ်မင်းကို အားလုံးသိကြမှာပါ။ အဲ့ဖန်အမတ်မင်းရဲ့ သမီး ဖန်မိဖုရား (Pang fei) နေရာမှာသရုပ်ဆောင်ထားတဲ့ ချန်ချီ ဟာ ကျင်းချောင်းချွင်ရဲ့ ဇနီးဖြစ်ပါတယ်။ (ကိုယ်ကျိူးနဲ lol မိန်းမကတော့ ကျေနပ်နေတော့မှာပဲ ငါ့ယွကျား ငါ့ကို ဒူးထောက်ခစားနေရတယ်ဆိုပြီး 😂😂😂)

ရုပ်ရှင်လောကဖြတ်သန်းမှု

အသက် ၁၈ နှစ်မှာ စပြီး ထိုင်ဝမ်ပြဇာတ်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပွဲစီစဉ်သူအဖြစ်လည်း လုပ်ဆောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ လက်ထောက်ဒါရိုက်တာအဖြစ် လုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်များမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

၁၉၇၆ ခုနှစ်မှာ ရုပ်မြင်သံကြားဌာနမှာ တည်းဖြတ်အလုပ်ကို လုပ်ကိုင်ခဲ့ပြီး ၁၉၇၇ ခုနှစ်မှာတော့ ထိုင်ဝမ် ကျူံးဟွာ ရုပ်မြင်သံကြားဌာနမှာ အစီအစဉ် တင်ဆက်သူအနေ နဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ကျင်းချောင်းချွင်းရဲ့ဘဝဟာ အစစအရာရာ အဆင်ပြေချောမွေ့ခဲ့တာတော့ မဟုတ်ပါဘူး။

ကျင်းချောင်းချွင်းရဲ့ ဘဝကိုအောင်မြင်မှုတွေ ဆောင်ကြဉ်းပေးမယ့် ပြည်သူ့တရားရှင် ပေါင်ချိန်ကိုတော့ ၁၉၉၃ ခုနှစ်မှာ ရိုက်ကူးခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်ရဲ့ ထိုင်ဝမ်အသံလွှင့်ဌာနရဲ့ ရွှေစင်ရုပ်ထု အကယ်ဒမီပေးပွဲမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ဆွတ်ခူးခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ ဟောင်ကောင်နဲ့ စင်္ကာပူ တို့မှ ဇာတ်လမ်းတွဲများမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရပြီး ကိုရီးယား၊ ထိုင်း၊ ကမ္ဘောဒီးယား အစရှိတဲ့ အရှေ့တောင်အာရှ နိုင်ငံများရဲ့ ဖိတ်ခေါ်မှုအရ သွားရောက်လည်ပတ်ပြီး ပြဇာတ်အနုပညာများ မျှဝေခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာတော့ ထိုင်ဝမ်နဲ့ စင်္ကာပူ ပူးပေါင်းရိုက်ကူးတဲ့ ရုပ်သံဇာတ်လမ်းတွဲ《天师钟馗》 ကိုရိုက်ကူးခဲ့ကာ အောင်မြင်မှုများ ဆက်လက်သိမ်းပိုက်ခဲ့ပါတယ်။

ကျင်းချောင်းချွင် ဟာ ပရိသတ်တွေထက်ကို ပေါင်ချိန်ဇာတ်ရုပ်ကို ချစ်မြတ်နိုးသူပါ။ ပြည်သူ့တရားရှင် ဇာတ်လမ်းတွဲအတွက် ပေါင်ချိန်ဇာတ်ရုပ်ကို ရွေးချယ်ရာမှာ တခြား သရုပ်ဆောင်ပီပြင်တဲ့ ထူးချွန်အနုပညာရှင်တွေရှိခဲ့ပါတယ်။ သို့ပေမယ့် နောက်ဆုံးမှာ ပေါင်ချိန်နေရာက သရုပ်ဆောင်ဖို့သူဟာ ကျင်းချောင်းချွင် ဖြစ်လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပေါင်ချိန်ဇာတ်ရုပ်ဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ဘယ်သူမှ ကျင်းချောင်းချွင်လောက် မစွန့်စားရဲကြလို့ပါပဲ။
ကျင်းချောင်းချွင်ဟာ ပေါင်ချိန်ဇာတ်လမ်းတွဲကို ရိုက်ခဲ့တာ အပိုင်း ၇၀၀ ကျော်ရှိသွားပါပြီ။ အခွင့်သာဦးမယ်ဆိုရင် ကျွန်တော် အပိုင်း ၁၀၀၀ ပြည့်အောင် ရိုက်ချင်ပါတယ် လို့သူကပြောပါတယ်။

ပြည်သူ့တရားရှင်ဇာတ်လမ်းတွဲရဲ့ နောက်ကွယ်က ဖြစ်ရပ်များ

ဇာတ်လမ်းတွဲထဲမှာ ပေါင်ချိန်အတွက် ကျန်ကျောင်းဟာ အသက်စွန့် ကာကွယ်ပေးသလိုပဲ အပြင်မှာလည်း ကျင်းချောင်းချွင်ကို Kenny Ho က ကျော်ကြားမှုနဲ့ စည်းစိမ်ကို လက်လွှတ်ပြီး အပြည့်အဝ ကာကွယ်ပေးခဲ့ပါတယ်။ သူတို့ ၂ ဦးဟာ ပြည်သူ့တရားရှင် ဇာတ်လမ်းတွဲကြောင့် အောင်မြင်မှု အရှိန်အဝါကြီးမားလွန်းလာတဲ့ အတွက်ကြောင့် ဟွာထိုင် ရုပ်သံက သူတို့နဲ့ (qi xia wu yi) တရားရှင်နဲ့ သိုင်းညီနောင်ငါးဖော် ဇာတ်လမ်းတွဲရိုက်ဖို့ စာချုပ်ချုပ်အပြီးမှာ ကျင်းချောင်းချွင်နဲ့ သရုပ်ဆောင်ခအတွက် ပြဿနာ အနည်းငယ်ဖြစ်ပြီး ပေါင်ချိန် နေရာမှာ လူစားလဲလိုက်ကြပါတယ်။ ဒီကိစ္စကို Kenny Ho သိသွားတဲ့အခါမှတော့ အကြီးအကျယ်ပေါက်ကွဲပြီး ကျင်းချောင်းချွင်ကို အနိုင်ကျင့်တဲ့အတွက် ဟွာထိုင်နဲ့ စာချုပ်ဖျက်ပြီး သူပါ ကျန်ကျောင်းနေရာကနေ မရိုက်ကူးတော့ပဲ နှုတ်ထွက်လိုက်ပါတယ်။ တကယ့်ကို ပေါင်ချိန်အတွက် ကိုယ်ရံတော်ကျန်ကျောင်း ပါပဲ။ ဒါတင်မကသေးပါဘူး Kenny Ho ဟာ ဟွာထိုင်နဲ့ ပြဿနာတက်ပြီးနောက်မှာ ပြည်သူ့တရားရှင် အသစ်ထပ်မံရိုက်ကူးဖို့ TVB ရုပ်သံနဲ့ စာချုပ်သွားချုပ်ပါတယ်။ အဲ့တကြိမ်မှာလည်း TVB နဲ့ ကျင်းချောင်းချွင် ပြဿနာတက်ပြန်တာကြောင့် Kenny Ho က ဒီတခါလည်း ကျင်းချောင်းချွင် ဘက်က ရပ်တည်ကာ TVB နဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့ပြန်ပါတယ်။ နာမည်ကြီးရုပ်သံကုမ္ပဏီ ၂ ခုနဲ့ ပြဿနာတက်သွားတဲ့ Kenny Ho ဟာ အနုပညာလောကမှာ ရပ်တည်ဖို့ ခက်ခဲသွားပါတယ်။ Kenny Ho ဟာ ကျင်းချောင်းချွင် အတွက်နဲ့ ဘဝရပ်တည်မှု ခက်ခဲတဲ့အထိ ဖြစ်ခဲ့ပေမယ့် နှစ်ဦးသားရဲ့ ခင်မင်မှုကတော့ ပိုမိုနက်ရှိုင်းခဲ့ပါတယ်။ ပေါင်ချိန် အတွက် ကျန်ကျောင်း ရှိခဲ့သလို ကျင်းချောင်းချွင် အတွက် ဟော်ကျားကျင့် (Kenny Ho) ရှိခဲ့ပါတယ်။

ယခုလက်ရှိအချိန်မှာတော့ ကျင်းချောင်းချွင်ဟာ မွေးဖွားရာ ဇာတိဖြစ်တဲ့ ချင်းတောင်ကျွန်း ပေါ်က မြို့သစ် ဝှမ်တောင်မှာ နေထိုင်လျှက်ရှိပြီး ရှန်ဟိုင်းဘက်မှာ သူ့အနုပညာဖြစ်တဲ့ ရုပ်ရှင်သဘင်ပညာနဲ့ ပတ်သတ်တဲ့အလုပ်များကို ဆက်လက်လုပ်ကိုင်လျက် ရှိပါတယ်။

#ZinSnow(天下第一)

ဖိုးသူတော် (www.phothutaw.com)
Credit: SwamHtet(မှတ်စုကြမ်း)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top