ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

၀မ္းခ်ဳပ္ရင္ ေခါင္းကိုက္တာ၊ ကိုယ္လက္ေလးလံတာတို႔ ျဖစ္တတ္ၿပီး ေနရထိုင္ရတာ သက္ေတာင့္သက္သာျဖစ္မွာမဟုတ္ပါဘူး။

အဲ့ဒီအျပင္ မ်က္ႏွာမွာလည္း အသားအေရ မေကာင္းတာ၊ ၀က္ၿခံထြက္တာေတြျဖစ္ေစႏိုင္ပါတယ္။

၀မ္းခ်ဳပ္တယ္ဆိုတာ

၀မ္းခ်ဳပ္တာက ကိုယ္စားသံုးလိုက္တဲ့ အစားအေသာက္အေပၚလည္း မူတည္ေနပါတယ္။ ကိုယ္စားသံုးတဲ့အစားအစာမွာ အမွ်င္ဓာတ္ပါ၀င္မႈအေပၚမူတည္ေနပါတယ္။

ဘယ္လို အစားအစာေတြက ၀မ္းခ်ဳပ္ေစသလဲ

ႏို႔ထြက္ပစၥည္းေတြ

ႏို႔ထြက္ပစၥည္းေတြျဖစ္တဲ့ ႏြားႏုိ႔၊ ဒိန္ခ်ဥ္၊ ခ်ီစ္၊ ေရခဲမုန္႔တုိ႔ကို အေျမာက္အျမား စားသံုးရင္ ၀မ္းခ်ဳပ္တာေတြကို ျဖစ္ေစႏိုင္ပါတယ္။

ခ်ီစ္စားသံုးတာမ်ားတဲ့ အရြယ္ေရာက္ၿပီးသားသူေတြမွာ ၀မ္းခ်ဳပ္တာေတြ ျဖစ္တတ္ပါတယ္။

ဒါေပမယ့္ ႏို႔ထြက္ပစၥည္းေတြမွာ က်န္းမာေရး အက်ိဳးေက်းဇူးေတြ အမ်ားႀကီးရွိတာေၾကာင့္ စားသင့္ၿပီး အလြန္အကၽြံမစားဖို႔နဲ႔ အမွ်င္ဓာတ္ပါ၀င္တဲ့ အစားအစာေတြနဲ႔ တြဲလ်က္စားသံုးဖို႔ လိုပါတယ္။

အနီေရာင္ရွိတဲ့ အသားေတြ

အနီေရာင္ရွိတဲ့ အသားေတြျဖစ္တဲ့ အမဲသား၊၀က္သား စတာေတြကို စားသံုးတာမ်ားရင္လည္း ၀မ္းခ်ဳပ္တတ္ပါတယ္။ သူတို႔မွာ အဆီဓာတ္ပါ၀င္မႈမ်ားၿပီး အစာေၾကဖို႔လည္း ခက္ခဲပါတယ္။ သူတုိ႔မွာပါ၀င္တဲ့ ပရိုတင္း အမွ်င္ဓာတ္ေတြက အစာေၾကဖို႔ခက္ခဲၿပီး ပါ၀င္တဲ့ သံဓာတ္ေတြကလည္း ၀မ္းခ်ဳပ္ေစတတ္ပါတယ္။ ဒါေၾကာင့္ အလြန္အကၽြံစားသံုးတာမ်ိဳးမလုပ္ဘဲ အသီးအရြက္ေတြနဲ႔ တြဲၿပီး စားသံုးသင့္ပါတယ္။

ၾကက္ဥ၊ဘဲဥ

ၾကက္ဥ၊ဘဲဥတုိ႔က တခါတေလ သူ႔ခ်ည္းဘဲ စားတာမ်ားသြားရင္ ၀မ္းခ်ဳပ္တတ္ပါတယ္။ အသားေတြလိုဘဲ သူတို႔မွာ ပရိုတင္းဓာတ္ေတြ ပါ၀င္မႈမ်ားတာေၾကာင့္ပါ။ ၾကက္ဥ၊ ဘဲဥအစား ပဲေတြကိုလည္းစားသံုးလုိ႔ရပါတယ္။ သူတို႔မွာ ပရိုတင္းဓာတ္ပါ၀င္မႈမ်ားတဲ့အျပင္ အမွ်င္ဓာတ္ေတြလည္းပါ၀င္ပါတယ္။ ၾကက္ဥ၊ဘဲဥကိုလည္း အရြက္ေတြ၊ အသီးေတြနဲ႔ တြဲစားလို႔ရပါတယ္။

ေခ်ာကလက္

ေခ်ာကလက္မွာ အဆီဓာတ္ေတြပါ၀င္မႈမ်ားတာေၾကာင့္ အစာေျခစနစ္ကို ေႏွာင့္ေႏွးေစၿပီး ၀မ္းခ်ဳပ္ႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myfoodmyanmar
#Unicode Version#
၀မ်းချုပ်ရင် ခေါင်းကိုက်တာ၊ ကိုယ်လက်လေးလံတာတို့ ဖြစ်တတ်ပြီး နေရထိုင်ရတာ သက်တောင့်သက်သာဖြစ်မှာမဟုတ်ပါဘူး။

အဲ့ဒီအပြင် မျက်နှာမှာလည်း အသားအရေ မကောင်းတာ၊ ဝက်ခြံထွက်တာတွေဖြစ်စေနိုင်ပါတယ်။

ဝမ်းချုပ်တယ်ဆိုတာ

ဝမ်းချုပ်တာက ကိုယ်စားသုံးလိုက်တဲ့ အစားအသောက်အပေါ်လည်း မူတည်နေပါတယ်။ ကိုယ်စားသုံးတဲ့အစားအစာမှာ အမျှင်ဓာတ်ပါဝင်မှုအပေါ်မူတည်နေပါတယ်။

ဘယ်လို အစားအစာတွေက ဝမ်းချုပ်စေသလဲ

နို့ထွက်ပစ္စည်းတွေ

နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ နွားနို့၊ ဒိန်ချဉ်၊ ချီစ်၊ ရေခဲမုန့်တို့ကို အမြောက်အမြား စားသုံးရင် ဝမ်းချုပ်တာတွေကို ဖြစ်စေနိုင်ပါတယ်။

ချီစ်စားသုံးတာများတဲ့ အရွယ်ရောက်ပြီးသားသူတွေမှာ ဝမ်းချုပ်တာတွေ ဖြစ်တတ်ပါတယ်။

ဒါပေမယ့် နို့ထွက်ပစ္စည်းတွေမှာ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရှိတာကြောင့် စားသင့်ပြီး အလွန်အကျွံမစားဖို့နဲ့ အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေနဲ့ တွဲလျက်စားသုံးဖို့ လိုပါတယ်။

အနီရောင်ရှိတဲ့ အသားတွေ

အနီရောင်ရှိတဲ့ အသားတွေဖြစ်တဲ့ အမဲသား၊ဝက်သား စတာတွေကို စားသုံးတာများရင်လည်း ဝမ်းချုပ်တတ်ပါတယ်။ သူတို့မှာ အဆီဓာတ်ပါဝင်မှုများပြီး အစာကြေဖို့လည်း ခက်ခဲပါတယ်။ သူတို့မှာပါဝင်တဲ့ ပရိုတင်း အမျှင်ဓာတ်တွေက အစာကြေဖို့ခက်ခဲပြီး ပါဝင်တဲ့ သံဓာတ်တွေကလည်း ဝမ်းချုပ်စေတတ်ပါတယ်။ ဒါကြောင့် အလွန်အကျွံစားသုံးတာမျိုးမလုပ်ဘဲ အသီးအရွက်တွေနဲ့ တွဲပြီး စားသုံးသင့်ပါတယ်။

ကြက်ဥ၊ဘဲဥ

ကြက်ဥ၊ဘဲဥတို့က တခါတလေ သူ့ချည်းဘဲ စားတာများသွားရင် ဝမ်းချုပ်တတ်ပါတယ်။ အသားတွေလိုဘဲ သူတို့မှာ ပရိုတင်းဓာတ်တွေ ပါဝင်မှုများတာကြောင့်ပါ။ ကြက်ဥ၊ ဘဲဥအစား ပဲတွေကိုလည်းစားသုံးလို့ရပါတယ်။ သူတို့မှာ ပရိုတင်းဓာတ်ပါဝင်မှုများတဲ့အပြင် အမျှင်ဓာတ်တွေလည်းပါဝင်ပါတယ်။ ကြက်ဥ၊ဘဲဥကိုလည်း အရွက်တွေ၊ အသီးတွေနဲ့ တွဲစားလို့ရပါတယ်။

ချောကလက်

ချောကလက်မှာ အဆီဓာတ်တွေပါဝင်မှုများတာကြောင့် အစာခြေစနစ်ကို နှောင့်နှေးစေပြီး ဝမ်းချုပ်နိုင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: myfoodmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top