ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

အၾကမ္းဖက္တိုက္ခိုက္ခံရေသာ ေမာင္ေတာျမိဳ႕နယ္ ခ်ိန္ခါလီေက်းရြာရွိ လမ္းေပၚတြင္ မိုးကာ၀တ္ထားေသာ လံုျခံဳေရးတပ္ဖြဲ႕၀င္တစ္ဦး လုံျခံဳေရးေဆာင္ရြက္ေနသည္ကို ၾသဂုတ္ ၂၆ရက္က ေတြ႕ရစဥ္ (ဓာတ္ပုံ−ညြန္႔၀င္း/အီးပီေအ)
ေမာင္ေတာေဒသတြင္ ဩဂုတ္ ၂၅ ရက္အ႐ုဏ္တက္၌ အစြန္း ေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ားက ရဲကင္းစခန္းစုစုေပါင္း ၃၀ ကုိ တစ္ၿပိဳင္နက္တည္းတုိက္ခုိက္ခဲ့ျခင္းေၾကာင့္ လုံၿခံဳေရးတပ္ဖြဲ႕၀င္ ၁၁ ဦး ႏွင့္ ၀န္ထမ္းတစ္ဦးက်ဆုံးခဲ့ၿပီး ေနာင္ရက္မ်ားတြင္လည္း အၾကမ္း ဖက္မႈမ်ား ဆက္လက္ျဖစ္ပြားေနကာ အၾကမ္းဖက္သမားမ်ားက အျပစ္မဲ့ အရပ္သားမ်ားကုိ ဦးတည္တိုက္ခုိက္မႈမ်ားေၾကာင့္ အရပ္သားေသဆုံးမႈ မ်ားလည္း ဆက္လက္ျမင့္တက္လ်က္ရွိသည္။ ေမာင္ေတာေဒသအၾကမ္း ဖက္ခံရမႈအေပၚ နယ္ပယ္စုံရွိ ျပည္သူမ်ား၏အျမင္ကုိ စုစည္းေဖာ္ျပ လုိက္ပါသည္။

ဦးေဖသန္း (ျပည္သူ႕လႊတ္ေတာ္ကုိယ္စားလွယ္၊ ရခုိင္အမ်ိဳးသားပါတီ)

ဒီကိစၥေတြကုိ ကြၽန္ေတာ္တို႔ရခုိင္ႏုိင္ငံေရးသမားေတြက နဂုိက ပင္ႀကိဳျမင္တယ္။ ပုိၿပီးလည္း ခံစားရတယ္။ ဒါေၾကာင့္လည္း လႊတ္ ေတာ္ပုိင္းကေရာ၊ ပါတီပုိင္းကေရာ အမ်ိဳးမ်ိဳးႀကိဳးစားခဲ့တာျဖစ္တယ္။ အခုဒါကုိ ႏုိင္ငံေတာ္က အၾကမ္းဖက္သမားလုိ႔ျမင္လာလုိ႔ ႀကိဳဆုိပါတယ္။ ကြၽန္ေတာ္တို႔နဲ႔ခံစားခ်က္တစ္ထပ္တည္း က်လာတယ္။ အၾကမ္းဖက္ အဖြဲ႕အစည္းလုိ႔ သတ္မွတ္လုိက္ေပမယ့္ ဒီကိစၥက ၿပီးသြားမယ့္ကိစၥမဟုတ္ ဘူး။ အၾကမ္းဖက္သမားေတြက ကမၻာနဲ႔လႊမ္းၿခံဳတယ္။ အဆက္အစပ္ ေတြရွိတယ္။ ေနာက္ဘဂၤလားေဒ့ရွ္နဲ႔လည္း တစ္ဆက္တစ္စပ္တည္း ျဖစ္ေနတယ္။ သူတို႔လူဦးေရကလည္း သိန္းသန္းခ်ီၿပီးရွိတယ္။ ဒါကုိ ျပတ္ျပတ္သားသား ကုိင္တြယ္ရေတာ့မယ္။ အခုကိစၥက တစ္ရြာလုံးက အၾကမ္းဖက္သမားေတြ ျဖစ္ေနတယ္။ ေမာ္လ၀ီေတြရဲ႕ ေသြးထိုးမႈလႊမ္းမိုး ေနတယ္။ ရဲကင္းစခန္း ၃၀ ေလာက္ကုိတစ္ၿပိဳင္တည္းတိုက္ခုိက္ၾကတာ။ သူတို႔ကုိ ေျမလွန္ၿပီး ရွင္းပစ္ဖုိ႔လုိတယ္။ အၾကမ္းဖက္လုပ္ရပ္ကုိ ေခ်မႈန္းရမယ္။ ၿပီးရင္ အၾကမ္းဖက္စိတ္ဓာတ္ကုိ ေခ်မႈန္းရမယ္။ အခုျဖစ္တာက ရခုိင္ေတြက စတိုက္တာ မဟုတ္ဘူး။ သူတို႔က ရည္ရြယ္ခ်က္ရွိရွိစတိုက္တာ။ အဲဒီကရခုိင္ေတြဟာ ကုိယ့္အသက္ကုိေတာင္ မကာ ကြယ္ႏုိင္ဘဲ ၾကားမွာ ဓားစာခံျဖစ္ေနၾကတယ္။ အဲဒီအၾကမ္းဖက္သမားေတြက လက္နက္ႀကီးနဲ႔ တိုက္ခုိက္တာ ေတာင္မဟုတ္ဘူး။  တုတ္ေတြ၊ ဓားေတြနဲ႔ လုပ္ေနတာ၊ လုံၿခံဳေရးတပ္ဖြဲ႕ေတြ၊ ရြာသားေတြေသေနရတာဟာ ေျပာလုိ႔ေတာင္မေကာင္းဘူး။ ျပည္သူေတြကုိ လုံၿခံဳေရးအျပည့္အ၀နဲ႔ ကာကြယ္ေပးဖုိ႔လုိတယ္။ အစုိးရ မကာကြယ္ေပးႏုိင္ရင္ ကုိယ့္ဘာသာကုိယ္ ကာကြယ္လုိ႔ရေအာင္ လုပ္ေပးဖုိ႔လုိတယ္။ ျပည္သူ႕စစ္ဖြဲ႕ဖုိ႔ေတာင္း ဆုိတာေတာင္မရဘူူး။ ကြၽန္ေတာ္တို႔လႊတ္ေတာ္မွာ အဆုိတင္တာေတြကုိ အတည္ျပဳေပးမယ္၊ အေရးႀကီး အဆုိေတြ တင္ခြင့္ျပဳမယ္ဆုိရင္ ဒီထက္ ေစာစီးစြာအသက္ေတြကုိ ကာကြယ္ႏုိင္ခဲ့မယ္။ အဲဒါကို စိတ္မေကာင္း ျဖစ္မိတယ္။

ေဒါက္တာေမာင္သင္း (မိတၳီလာၿမိဳ႕နယ္၊ ျပည္သူ႕လႊတ္ေတာ္ကုိယ္စား လွယ္၊ ျပည္ခုိင္ၿဖိဳးပါတီ)

ဒီျဖစ္စဥ္အေပၚမွာ သူတို႔(လက္ရွိအစုိးရ)အေနနဲ႔ ျမင္တာက ျမန္မာ ႏုိင္ငံအတြင္းမွာ အတူပူးတြဲေနထုိင္တဲ့သူခ်င္းျဖစ္တယ္လုိ႔ျမင္တယ္။ ကြၽန္ေတာ္တို႔ျမင္တာက အဲဒီလုိမဟုတ္ဘူး။ ကြၽန္ေတာ္တို႔ဆီကုိ တရား မ၀င္ခုိး၀င္လာတဲ့ ျပည္ပကလူေတြရဲ႕ က်ဴးေက်ာ္မႈလုပ္ရပ္၊ နယ္ခ်ဲ႕က်ဴး ေက်ာ္မႈလုပ္ရပ္လုိ႔ျမင္တယ္။ သူတို႔(အစုိးရ)မွာ အစီအမံေတြမရွိဘူး မဟုတ္ဘူးရွိတယ္။ ဒါေပမဲ့ ျပည္ပက်ဴးေက်ာ္မႈလုိ႔ မျမင္တဲ့အတြက္ ေၾကာင့္ ဒီလုိျဖစ္သြားတာ။ အစီအမံေတြမွာ အားနည္းတယ္လုိ႔ ကြၽန္ေတာ္က ျမင္တယ္။ ေဒၚခင္ေစာေ၀ရဲ႕ အဆုိကုိျပည္ထဲေရး၀န္ႀကီးက လႊတ္ေတာ္မွာလာရွင္းေတာ့ သူတို႔အစီအမံေတြလုပ္ပါတယ္။ ဒါကုိမသိ ဘူးမဟုတ္ဘူးသိတယ္ ဒီလုိေျပာသြားတယ္။ ျပည္တြင္းပဋိပကၡလုိ႔ျမင္ေနတယ္။ အလုပ္သင့္ဆုံးကေတာ့ လႊတ္ေတာ္ရယ္၊ တပ္မေတာ္ရယ္၊ အစုိး ရရယ္ပါ၀င္တဲ့အဖြဲ႕က ကာလုံပဲ။ လက္ရွိကုိင္တြယ္ေျဖရွင္းေနတဲ့အေပၚမွာေတာ့ တပ္မေတာ္ေရာ၊ နယ္ေျမခံလုံၿခံဳေရးေရာက အရွိန္ျမႇင့္ဖုိ႔ပဲလုိတယ္။ ၿပီးေတာ့ေဒသခံတုိင္းရင္းသားေတြကုိ လူသားခ်င္းစာနာမႈဆိုတဲ့ အျမင္နဲ႔ၾကည့္ဖုိ႔လုိတယ္။ ကုလသမဂၢအဖြဲ႕ကေရာ၊ တျခား ရန္ဟီးလီတို႔ ကေရာ သူတို႔ေျပာေနတာက ကြၽန္ေတာ္တို႔ဆီက်ဴးေက်ာ္လာတဲ့သူေတြ ကုိပဲလူသားခ်င္းစာနာမႈ အားနည္းေနတယ္။ လူ႕အခြင့္အေရးဆုံး႐ႈံးေနတယ္လုိ႔ျမင္ၾကတယ္။ တကယ္တမ္းက်ေတာ့ ကြၽန္ေတာ္တို႔ တိုင္းရင္းသား ေတြဆုံး႐ႈံးေနတယ္။ က်ီးလန္႔စာစားေနရတယ္။ ခပ္ၾကမ္းၾကမ္းေျပာရရင္ လယ္ရွင္ကုိေမ်ာက္ က ေမာင္းထုတ္ေနတဲ့အျဖစ္မ်ိဳးေရာက္ေနတာက ကြၽန္ေတာ္တို႔တိုင္းရင္းသားေတြနဲ႔လုံၿခံဳေရးတာ၀န္ထမ္း ေဆာင္ေနတဲ့သူေတြရဲ႕ လူ႕အခြင့္အေရးဆုံး႐ႈံးမႈပဲ။ အဲဒီအျမင္နဲ႔လည္းပဲ ၾကည့္ဖုိ႔လုိပါတယ္။ ၂၀၁၆ ေအာက္ တိုဘာ ၆ ရက္မွာ ကြၽန္ေတာ္တို႔က ျမန္မာႏုိင္ငံမွာ အၾကမ္းဖက္တုိက္ခုိက္မႈေတြရွိခဲ့တယ္။ ထပ္ရွိလာခဲ့ရင္ ဘယ္လုိလုပ္မလဲ၊ ႀကိဳတင္ကာကြယ္ပါဆုိတာကုိ အဆုိကုိခြင့္မျပဳဘူး။ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ႀကီးက ျမန္မာႏုိင္ငံမွာ အၾကမ္းဖက္တုိက္ခုိက္မႈမရွိဘူးလုိ႔ ေျပာတယ္။ ကေန႔က်မွ ဆယ္လၾကာမွ အဲဒါကုိ ေၾကညာ တာေတာ့ သိပ္ေနာက္က်လြန္းတယ္လုိ႔ ကြၽန္ေတာ္တို႔ျမင္တယ္။

ဦးျမင့္ေ၀ (ဂြၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္၊ အမ်ိဳးသား ဒီမုိကေရစီအဖြဲ႕ခ်ဳပ္ပါတီ)

ဒီအၾကမ္းဖက္မႈေတြက လူမ်ိဳးေရးလည္း မဟုတ္ဘူး။ ဘာသာေရး လည္းမဟုတ္ဘူး။ ဒါကနယ္ေျမလုတဲ့ စစ္ပြဲတစ္ခုလုိျဖစ္ေနတယ္။ သူတို႔ ဘဂၤါလီသီးသန္႔အေျခခ်ေနထုိင္ဖုိ႔အတြက္ နယ္ေျမကုိအၾကမ္းဖက္တာ။ ကြၽန္ေတာ္တို႔ဘက္က မကာကြယ္ႏုိင္ရင္ပါသြားမွာပဲ။ ကြၽန္ေတာ္တို႔ရဲ႕ အစုိးရပုိင္းက ေမာင္ေတာေဒသမွာျဖစ္တဲ့ျပႆနာနဲ႔ပတ္သက္ၿပီးေတာ့ လက္နက္ကုိင္ရဲတပ္ဖြဲ႕တို႔ ၊ တပ္မေတာ္တုိ႔က ေျဖရွင္းေဆာင္ရြက္ေနတဲ့ အေနအထားမွာ ကုိင္တြယ္မႈ၊ တုံ႔ျပန္မႈက အားနည္းေနတယ္လုိ႔ျမင္ တယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔အစုိးရရယ္၊ တပ္ရယ္၊ ရဲတပ္ဖြဲ႕ရယ္ အဖြဲ႕အစည္းအားလုံးက ညီညီၫြတ္ၫြတ္ေဆာင္ရြက္ဖုိ႔လုိတယ္။ ဘာ ျဖစ္လုိ႔ ဒီလုိျမင္လဲဆုိေတာ့ ဒီႀကီးမားတဲ့ျပႆနာအေပၚမွာ ႏုိင္ငံေတာ္အတုိင္ပင္ခံနဲ႔ အစုိးရအဖြဲ႕က ဒီကိစၥကုိ႐ႈတ္ခ် ေၾကာင္း၊ အၾကမ္းဖက္ေတြနဲ႔ အတူတူမေနႏုိင္ဘူးဆုိတဲ့အေၾကာင္း ေၾကညာၿပီးတဲ့အတြက္ တပ္မေတာ္ကပဲ ျဖစ္ျဖစ္၊ ရဲကပဲျဖစ္ျဖစ္၊ နယ္စပ္ေရးရာကပဲျဖစ္ျဖစ္ေတာ္ေတာ္ လြတ္လြတ္လပ္္လပ္ႏွိမ္နင္းလုိ႔ရတဲ့ အေျခအေနလုိ႔ျမင္တယ္။ ဒီလုိအခ်ိန္မွာ ျပည္သူကလက္ခုပ္တီးလာေအာင္အထိ ပစ္ခတ္ေခ်မႈန္းတာမ်ိဳးေတြရွိလာရမယ္လုိ႔ ယံုၾကည္တယ္။ ဒါေပမဲ့ လက္ေတြ႕အေနအထားမွာ ပုိ႔လုိက္တဲ့ရဲတပ္ဖြဲ႕၀င္ေတြ၊ တပ္မေတာ္သား ေတြက်ဆုံးၾကရတယ္။ ကြၽန္ေတာ္တို႔ဘက္က အားရေလာက္တဲ့တုိက္ခုိက္မႈနည္းေနေသးတယ္လုိ႔ျမင္ပါတယ္။ဒါကုိၾကည့္ျခင္းအားျဖင့္ အေပၚကျဖစ္ေစခ်င္တာနဲ႔တကယ္ တမ္းေျမျပင္မွာ ကုိင္တြယ္ေျဖရွင္းရပုံနဲ႔က နည္းနည္းေလးဟေနတယ္လု႔ိ ျမင္တယ္။ သတင္းထုတ္ျပန္မႈကေတာ့ ႏုိင္ငံေတာ္အတုိင္ပင္ခံ႐ုံး သတင္းထုတ္ျပန္ေရးေကာ္မတီက အခ်ိန္နဲ႔တစ္ေျပးညီ သတင္းထုတ္ျပန္ေပးေနတဲ့အတြက္ လုံေလာက္မႈရွိတယ္လုိ႔ျမင္ပါတယ္။

ဦးလွသိန္း (ရခုိင္ျပည္နယ္ဥပေဒခ်ဳပ္ေဟာင္း)

ေမာင္ေတာေဒသမွာရွိတဲ့ ဘဂၤါလီေတြအေနနဲ႔ေတာ့ ဒီအၾကမ္းဖက္ မႈကုိ ဒီေလာက္က်ယ္က်ယ္ျပန္႔ျပန္႔မလုပ္ႏိုင္ဘူး။ သူတို႔ေနာက္ကြယ္မွာ စိတ္ဓာတ္အင္အား၊ ေငြေၾကးအင္အားအမ်ားႀကီးေပးႏုိင္တဲ့အဖြဲ႕ အစည္းေတြရွိတယ္ဆုိတာ ျငင္းလုိ႔မရဘူး။ နယ္စပ္ျဖစ္ေနတဲ့အတြက္ တစ္ဖက္ႏုိင္ငံမွာရွိတဲ့ အၾကမ္းဖက္သမားေတြနဲ႔လည္း ပူးေပါင္းေဆာင္ ရြက္ႏုိင္သလုိ အေရွ႕အလယ္ပုိင္းက အၾကမ္းဖက္အဖြဲ႕ေတြနဲ႔လည္း ဆက္စပ္မႈရွိႏုိင္တယ္လုိ႔ သုံးသပ္တယ္။ အဲဒီလုိေငြအင္အား၊ စိတ္ဓာတ္ အင္အားေပးႏုိင္လုိ႔ပဲ ဒီေလာက္က်ယ္က်ယ္ျပန္႔ျပန္႔နဲ႔ ရဲရဲတင္းတင္းလုပ္ႏုိင္တယ္။ သူတို႔လုပ္တာကလည္း လွ်ပ္တစ္ျပက္စိတ္ကူးေပၚလုိ႔ လုပ္တာမဟုတ္ဘဲ တကယ့္အစီအမံနဲ႔ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေန အေပၚမွာ ကမၻာရဲ႕စိတ္၀င္စားမႈကုိ ပုိၿပီးေတာ့ ရေအာင္လုပ္တဲ့သေဘာ ေပါ့။ ဘယ္လုိပဲေျပာေျပာ သူတို႔ရဲ႕ အၾကမ္းဖက္လုပ္ရပ္ေတြကုိ ျမန္မာႏုိင္ငံမွာရွိတဲ့ ဥပေဒေတြက ျပတ္ျပတ္သားသားအေရးယူသြားမွ ျမန္မာ ႏုိင္ငံရဲ႕ လုံၿခံဳေရးကုိ အစဥ္သျဖင့္ ကာကြယ္ရာေရာက္မယ္လုိ႔ ျမင္တယ္။ အဲဒါကုိ ငါတို႔အႀကံျပဳ႐ုံနဲ႔မလုံ ေလာက္ဘူး။ ဒီေမာင္ေတာေဒသလုံၿခံဳ ေရးအတြက္ တပ္မေတာ္ရယ္၊ အစုိးရရယ္၊ လႊတ္ေတာ္ရယ္ ေနာက္ၿပီး ေတာ့ ဒီအေရးေပၚကြၽမ္းက်င္တဲ့ရခုိင္လူထုထဲက အေျမာ္အျမင္ရွိတဲ့ ပုဂၢိဳလ္ေတြ ေတြ႕ဆုံညိႇႏႈိင္းၿပီးေတာ့ အေျဖရွာသြားမယ္ဆုိလုိ႔ရွိရင္ေတာ့ အေျဖရွိပါတယ္။

ဦးတင္ေမာင္ဦး (ႏုုိင္ငံေရးအက်ဥ္းသားေဟာင္းမ်ားအဖြဲ႕)

အၾကမ္းဖက္မႈဆုိတာကုိႏွိမ္နင္းတဲ့ေနရာမွာ ႏုိင္ငံတကာအသုိင္း အ၀ုိင္းရဲ႕ ျပစ္တင္႐ႈတ္ခ်မႈမခံရေအာင္လည္း စစ္တပ္က၊ အစိုးရက ထိန္းထိန္းသိမ္းသိမ္း ကုိင္တြယ္ေဆာင္ရြက္ေနရတယ္။ အဲဒီအတြက္ ေၾကာင့္မုိ႔လုိ႔ ျပည္သူေတြလုိခ်င္တဲ့အတိုင္းအတာအထိ တုိက္ခုိက္တာ မ်ိဳးေတာ့ အစုိးရတုိ႔၊ တပ္မေတာ္တို႔က လုပ္ဖုိ႔ခက္ေနတယ္။ အဓိက ကြၽန္ေတာ္တို႔ႏုိင္ငံရဲ႕ အတြင္းမွာ စည္းလုံးညီၫြတ္ဖုိ႔လည္း လုိေနတယ္။ ဒီႏုိင္ငံမွာ အုပ္ခ်ဳပ္သူအစုအဖြဲ႕ေတြကြဲေနတဲ့အခါမွာ ဒီလုိအေရးႀကီးတဲ့ အခ်ိန္မွာ တက္ညီလက္ညီကုိင္တြယ္ႏုိင္ဖုိ႔လည္း ေႏွာင့္ေႏွးေနတယ္လုိ႔ ျမင္တယ္။ သတင္းအရင္းအျမစ္ ေတြ ေသခ်ာဖုိ႔လုိတယ္။ အခ်ိန္နဲ႔တစ္ေျပးညီႏုိင္ငံတကာအ၀န္းအ၀ုိင္းနဲ႔ ႏုိင္ငံတကာသတင္းမီဒီယာေတြကုိ သတင္းထုတ္ျပန္ရမယ္။ တန္ျပန္၀ါဒျဖန္႔မႈေတြကုိ ျပန္လည္ေခ်ဖ်က္ရမယ္။ အၾကမ္းဖက္မႈကုိ ကုိင္တြယ္ေျဖရွင္းရာမွာ အင္အားကုိခ်င့္ခ်ိန္သုံးစြဲႏုိင္မႈက အေရးႀကီးတယ္။ အၾကမ္းဖက္သူနဲ႔အၾကမ္းမဖက္သူကုိ တတ္ႏုိင္သမွ် ခြဲျခားကုိင္တြယ္ႏုိင္ဖုိ႔ လုိမယ္။ လူသားဒုိင္းကာအျဖစ္သုံးတဲ့ကိစၥမ်ိဳးလည္း ရင္ဆုိင္ရႏိုင္တယ္။ အလ်င္အျမန္ခ်ဳပ္ၿငိမ္းေအာင္ကုိင္တြယ္သင့္တယ္။ အခ်ိန္ၾကာရင္ ေဘးထြက္ဆုိးက်ိဳးႀကီးမယ္။ ေရရွည္ အတြက္ ကုိဖီအာနန္ေကာ္မရွင္ရဲ႕အႀကံျပဳခ်က္ထဲက ေကာင္းမြန္တဲ့အႀကံျပဳခ်က္ေတြကုိ အေကာင္အထည္ ေဖာ္ရမယ္။ အျပန္အလွန္တိုက္ခုိက္ေနတာေတြ၊အခြင့္ေကာင္းယူၿပီး အစုိးရျပဳတ္က်ဖုိ႔ေသြးထုိးလႈံ႕ေဆာ္ ေနတာေတြ ရပ္ဖုိ႔လုိမယ္။

ေဒါက္တာမနာမ္တူးဂ်ာ (ဥကၠ႒၊ ကခ်င္ျပည္နယ္ဒီမုိကေရစီပါတီ)

အဲဒါက အစုိးရ၊ တပ္မေတာ္၊ ျပည္သူဟန္ခ်က္ညီညီလက္တြဲ ေျဖ ရွင္းၾကရမွာပဲ။ တပ္မေတာ္နဲ႔အစုိးရက ျပဒါးတစ္လမ္း သံတစ္လမ္းသြား လုိ႔မျဖစ္ဘူး။ နားလည္မႈရွိရွိ ဟန္ခ်က္ညီညီလုပ္ၾကရမွာ။ ေနာက္ႏုိင္ငံ ေရးပါတီမ်ားကလည္း လႈံ႕ေဆာ္တဲ့ေနရာမွာ ျပႆနာေျဖရွင္းေရးကုိ အဓိကထားၾကရမွာ ႏိုင္ငံေရးသမားေတြေပါ့။ အဓိကကေတာ့ နယ္စပ္ အ၀င္အထြက္ကုိ ၾကပ္ၾကပ္မတ္မတ္လုပ္ရမယ္။ ရခုိင္အေရးကေတာ့ ကုိဖီအာနန္တုိ႔ စုံစမ္းစစ္ေဆးေရးကလည္း သူတို႔က မွ်မွ်တတလမ္း ေၾကာင္းကေန သြားမွာပါ။ မွ်မွ်တတသြားတယ္ဆုိတဲ့ေနရာမွာ လူ႔အခြင့္ အေရးကုိ အဓိကထားလိမ့္မယ္ သူတို႔က။ ေဒသခံသမုိင္းေၾကာင္းေတြ လည္းရွိေသးေတာ့ ေဒသခံေတြ လက္မခံႏိုင္တဲ့ေျဖရွင္းမႈမ်ိဳးဆုိရင္ အရာ မေရာက္ႏုိင္ဘူး။ တျခားျပည္နယ္၊ တျခားေဒသကုိလည္း ကူးစက္သြား ႏုိင္တယ္။ အဲဒီအခါက်ရင္ အမ်ိဳးသားရင္ၾကားေစ့ေရး ျပည္တြင္းၿငိမ္း ခ်မ္းေရးတည္ေဆာက္တဲ့ေနရာမွာလည္း  အေႏွာင့္အယွက္၊ အဟန္႔အတားေတာင္ ျဖစ္လာႏိုင္ပါတယ္။ ဒါကုိ အန္ကယ္တို႔က စုိးရိမ္ေနပါတယ္။ ႏုိင္ငံတကာရဲ႕စြက္ဖက္မႈလုံး၀မပါဖုိ႔လည္း အေရးႀကီးတယ္။ ႏုိင္ငံတကာစြက္ဖက္မႈပါလာၿပီဆိုလုိ႔ရွိရင္ ထိန္းမႏုိင္သိမ္းမရေတြ ျဖစ္လာႏိုင္တယ္။ UN အေနနဲ႔လည္း ေဒသအေျခအေနကုိ ေသခ်ာနားလည္သေဘာ ေပါက္ေအာင္ေတာ့ လုပ္ရမယ္။ ေဒသအေျခအေနေတြ သေဘာေပါက္ၿပီး မွန္ကန္စြာလုပ္မွ ေဒသခံေတြလက္ခံမွာကုိး။ UN လုိ႔ ဆုိလုိက္တာနဲ႔ အားလုံးလက္ခံရမယ္ဆုိတဲ့ ပုံေသကားက်ကေတာ့မရဘူး။

ဦးထြန္းၾကည္ (ႏုိင္ငံေရးအက်ဥ္းသားေဟာင္းမ်ားအဖြဲ႕)

အၾကမ္းဖက္တဲ့ကိစၥနဲ႔ပတ္သက္လုိ႔က ကြၽန္ေတာ္တို႔က ဘယ္လူ မ်ိဳး၊ ဘယ္ဘာသာ၊ ပုဂၢိဳလ္အဖြဲ႕အစည္းေတြနဲ႔ပတ္သက္လုိ႔ပဲျဖစ္ျဖစ္ လုံး၀ဆန္႔က်င္တယ္။ ဒီေဒသမွာက မတူကြဲျပားမႈေတြရွိေနတယ္။ ဒီ ျဖစ္စဥ္ဟာ ဒီေဒသအတြက္ေရာ၊ တုိင္းျပည္အတြက္ေရာ ပုံရိပ္ကုိ ထိ ခိုက္ေစတယ္။ တည္ၿငိမ္ေအးခ်မ္းဖုိ႔အတြက္က အစုိးရမွာလည္း တာ၀န္ ရွိတယ္။ တပ္မေတာ္မွာလည္း တာ၀န္ရွိတယ္။ ဒီေဒသမွာရွိတဲ့ သေဘာ ထားကြဲလဲြမႈေတြကုိ အတူတကြေျဖရွင္းႏုိင္မႈေတြနဲ႔ မတူကြဲျပားမႈေတြ အေပၚ အျမန္ဆုံးအေျဖရွာႏုိင္မယ္ဆုိရင္ေတာ့ အျမန္ဆုံးၿငိမ္းခ်မ္းမယ္။ ဒါမွမဟုတ္ဘဲ ေဒသရဲ႕ျပႆနာက ေဒသတြင္းတျခားႏုိင္ငံေတြကုိပါ ပ်ံ႕ႏွံ႔သြားမယ္ဆုိရင္ေတာ့ စုိးရိမ္ဖြယ္ရာျဖစ္လာႏုိင္တယ္။ ဒီျပည္တြင္း မွာပဲ တည္ၿငိမ္ေအးခ်မ္းဖုိ႔၊ ထိန္းထိန္းသိမ္းသိမ္းန႔ဲ ကုိင္တြယ္ဖုိ႔ကုိ တုိက္တြန္းခ်င္တယ္။ တျခားေဒသတြင္းႏုိင္ငံေတြ ကုိ ျပႆနာပ်ံ႕ႏွံ႔သြားမွာ အထူးစုိးရိမ္မကင္းျဖစ္မိတယ္။

ဦးေအာင္မ်ိဳးေက်ာ္ (ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး အသင္း)

အၾကမ္းဖက္မႈအားလုံးကုိ ကြၽန္ေတာ္ကေတာ့ ႐ႈတ္ခ်တယ္။ ဒီ ေမာင္ေတာျဖစ္စဥ္ကေတာ့ အင္မတန္မွကုိ ႐ႈပ္ေထြးပါတယ္။ ၾကား ထဲမွာ တကယ္ထိခုိက္ရတာက ျပည္သူေတြနဲ႔ ျပည္သူ႕၀န္ထမ္းရဲေတြ ပါပဲ။ ၾကားထဲမွာ လူ႕အခြင့္အေရးနဲ႔ခ်ိတ္ၿပီး ေျပာေနၾကတာေတြရွိတယ္။ ဒါေပမဲ့ အၾကမ္းဖက္မႈနဲ႔ လူ႔အခြင့္အေရးနဲ႔က လုံး၀ကုိမသက္ဆိုင္ပါဘူး။ အၾကမ္းဖက္သမားေတြဘက္ကေန လူ႔အခြင့္အေရး႐ႈေထာင့္ကေျပာေန တာေတြကုိ ကြၽန္ေတာ္တို႔လက္မခံႏုိင္ဘူး။ ဒုကၡသည္ဆုိရင္ ဒုကၡသည္ ပုံစံမ်ိဳးပဲေနသင့္တယ္။ ထုိင္းမွာ ျမန္မာႏုိင္ငံသား ဒုကၡသည္ေတြရွိတယ္။ သူတို႔ဆုိရင္လည္းစခန္းထဲမွာပဲဒုကၡသည္ ပုံစံနဲ႔ေနထုိင္ေနၾကတယ္။ အစုိးရအေနနဲ႔ေရာ၊ ႏုိင္ငံေတာ္ကာကြယ္ေရးအတြက္ တာ၀န္ယူထားတဲ့တပ္မေတာ္အေနနဲ႔ေရာ အၾကမ္း ဖက္မႈေတြကုိ အျမန္ဆုံးကုိင္တြယ္ေျဖရွင္းႏုိင္ဖုိ႔ ေမွ်ာ္လင့္တယ္။ ရခုိင္အေရးက အင္မတန္မွ ခက္ခဲတယ္။ ႏုိင္ငံသားအစၥလာမ္ဘာသာ၀င္ေတြနဲ႔ ခုိး၀င္လာတဲ့ဘဂၤါလီေတြကုိ ေသခ်ာစိစစ္ၿပီး ခြဲခြဲျခားျခားလုပ္သင့္တယ္ လုိ႔လည္း ထင္တယ္။

ဦးေအးလြင္ (အဖြဲ႕၀င္၊ ရခုိင္ျပည္နယ္ဆုိင္ရာ အႀကံေပးေကာ္မရွင္)

ဒီဟာက ပုန္ကန္ထႂကြမႈပဲ။ လူမ်ိဳးေရး၊ ဘာသာေရးလုံး၀မဟုတ္ ပါဘူး။ ေလာေလာဆယ္လုံၿခံဳေရးနဲ႔ကာကြယ္ေရးေတြကုိ သတ္မွတ္ထား တဲ့ လုပ္ထုံးလုပ္နည္းအတုိင္းဥပေဒစုိးမုိးေရး၊ ကာကြယ္ေရးကိစၥေတြကုိ ေဆာင္ရြက္ေပးပါ။ အျပစ္မရွိတဲ့လူေတြကုိလည္း ကာကြယ္ေစာင့္ေရွာက္ ေပးရမယ္။ ဥပေဒဆုိတာ ျဖဴနီေၾကာင္က်ား အေသြးအေရာင္ခြဲျခားမႈမွ မရွိဘဲ အျပစ္ရွိရင္ရွိသလုိ၊ အျပစ္မရွိရင္ မရွိသလုိ ျပစ္မႈက်ဴးလြန္သူနဲ႔ ျပစ္မႈမက်ဴးလြန္သူအဲဒီလုိပဲ ျမင္ၿပီးေတာ့ ခြဲေပးပါ။ အစုိးရရဲ႕ သတင္း ထုတ္ျပန္မႈေတြကဒါက တစ္ခုတည္းေသာ သတင္းရင္းျမစ္ျဖစ္ေနေတာ့ ကြၽန္ေတာ္တို႔ ဘာေစာဒကတက္လုိ႔ ရမလဲ။ ဆန္းစစ္ဖုိ႔နည္းလမ္းလည္း မရွိဘူးေလ။ ဘာသာတရားမ်ားရဲ႕ အခန္းက႑က အေရးႀကီးလာၿပီ။ ႏွလုံးသားေတြၿငိမ္းခ်မ္းရမွ ပတ္၀န္းက်င္လည္းၿငိမ္းခ်မ္းမယ္။ အဓိကကေတာ့ ဒီအခ်ိန္မွာ ေကာလာဟလေတြ ပုံႀကီးခ်ဲ႕ခ်င္တဲ့လူေတြရဲ႕ ေသြးထုိးလႈံ႕ေဆာ္မႈေတြကို မယုံဘဲနဲ႔ သတင္းအခ်က္အလက္တစ္ခုကုိ ဆန္းစစ္ ၿပီးမွ ယုံၾကည္ပါ။ သတင္းရင္းျမစ္ဘယ္ကလာလဲဆုိတာ ဆန္းစစ္ပါ။ အဲဒါေလးေတြ ေျပာခ်င္ပါတယ္။

ဦးေမာင္ေမာင္စုိး (စစ္ေရးႏွင့္ တိုင္းရင္းသားအေရးေလ့လာသူ ေဆာင္း ပါးရွင္)

လုံၿခံဳေရးအင္အားကုိ လုံလုံေလာက္ေလာက္သုံးၿပီး ေဒသခံတုိင္း ရင္းသားေတြကုိ ကာကြယ္ဖုိ႔လုိအပ္ပါမယ္။ ေဒသခံေတြ အသတ္ျဖတ္ခံ ရမႈနဲ႔ ေနရပ္စြန္႔ခြာမႈမျဖစ္ေအာင္ ကာကြယ္ႏုိင္ဖုိ႔လုိပါမယ္။ လူသားဒုိင္း ခံၿပီး တိုက္ခုိက္ေနတဲ့အၾကမ္းဖက္သမားေတြကုိ တုံ႔ျပန္ဖုိ႔ ခုိင္မာတဲ့ဆုံး ျဖတ္ခ်က္နဲ႔ေျခလွမ္းကုိ ခ်မွတ္ဖုိ႔လုိပါမယ္။ အစုိးရနဲ႔တပ္မေတာ္လုံၿခံဳ ေရးတပ္ဖြဲ႕ေတြၾကား တူညီတဲ့သေဘာထားဆုံးျဖတ္ခ်က္နဲ႔အတူ တာ၀န္ ယူေဆာင္ရြက္ဖုိ႔လုိပါမယ္။ လက္ရွိသတင္းထုတ္ျပန္မႈကုိ ေက်နပ္ပါတယ္။ ႏုိင္ငံတကာမ်က္ႏွာစာကိုေရာက္ဖုိ႔ေတာ့လုိပါမယ္။ အထူးသျဖင့္ တုိင္းရင္းသားေတြ၊ အရပ္သားေတြပစ္မွတ္ထားတိုက္ခုိက္သတ္ျဖတ္ခံရမႈေတြ၊ေဒသခံတုိင္းရင္းသားေတြ ထြက္ေျပးေနရတာေတြ၊ အၾကမ္းဖက္သမားေတြဟာ မတူတဲ့ဘာသာ၀င္ေတြ၊ မတူတဲ့လူမ်ိဳးေတြ အတူတကြေနထုိင္ေရးကုိ ပစ္ပယ္ၿပီး မတူတဲ့လူမ်ိဳး၊ မတူတဲ့ဘာသာ၀င္ေတြကုိ လူမ်ိဳးတုံး သတ္ျဖတ္ေနတာ၊ ေဒသတြင္းက ေမာင္းထုတ္ဖုိ႔ ႀကိဳးစားေနတာကုိ Highlight လုပ္ဖုိ႔လုိပါမယ္။

ေဒၚညိဳညိဳသန္း (ၿမိဳ႕ဦးေက်းရြာ၊ ေမာင္ေတာၿမိဳ႕)

ဒီတစ္ခါျဖစ္တာက ေၾကာက္ဖုိ႔အေကာင္းဆုံးျဖစ္ေနတယ္။ အ ၾကမ္းဖက္သမားေတြက ေနရာတိုင္းလုိလုိမွာ လက္လုပ္မုိင္းေတြနဲ႔တုိက္ ခုိက္ေနေတာ့စုိးရိမ္မႈက ေတာ္ေတာ္ျမင့္တက္သြားတယ္။ အဓိကကေတာ့ လုံၿခံဳေရးတာ၀န္ယူထားတဲ့အဖြဲ႕ေတြမွာ တာ၀န္အရွိဆုံးပါ။ ေနာက္တစ္ ခုက တုိင္းျပည္ကုိအုပ္ခ်ဳပ္ေနတဲ့အစုိးရမွာ တာ၀န္ရွိတာေပါ့။ အၾကမ္း ဖက္ႏွိမ္နင္းေရးကုိ အျမစ္ျပတ္ေခ်မႈန္းေပးဖုိ႔ ေတာင္းဆိုခ်င္ပါတယ္။ အ ၾကမ္းဖက္သမားေတြကုိ မႏွိမ္နင္းေပးႏုိင္ရင္ေတာ့ ဒီလုိျပႆနာေတြက ေနာက္လည္းရွိေနပါမယ္။ ဒီလုိသာဆက္ရွိေနမယ္ဆုိရင္ ေမာင္ေတာမွာ တုိင္းရင္းသားေတြလည္း ဆက္ရွိ ေတာ့မွာမဟုတ္ေတာ့ပါဘူး။

ကုိေအာင္ေက်ာ္မင္း (ၿမိဳ႕မေျမာက္ရပ္ကြက္၊ ေမာင္ေတာၿမိဳ႕)

၂၀၁၂ ခုႏွစ္ ပဋိပကၡလည္းႀကံဳဖူးတယ္။ ၂၀၁၆ ခုႏွစ္ေအာက္တုိ ဘာ ၉ ရက္အၾကမ္းဖက္တိုက္ခုိက္မႈကုိလည္း ႀကံဳခဲ့ရတယ္။ ဒါေပမဲ့ ဒီတစ္ခါေလာက္ စုိးရိမ္မႈမရွိခဲ့ဘူး။ ဘာလုိ႔လဲဆုိေတာ့ အဲဒီတုန္းက ဘဂၤါ လီေတြက တုတ္ေတြ၊ ဓားေတြနဲ႔တိုက္ခုိက္ခဲ့တာ။ အခုက ေသနတ္ေတြ၊ လက္လုပ္မုိင္းေတြနဲ႔ဆုိေတာ့ ေတာ္ေတာ္ေလးေၾကာက္ခဲ့တယ္။ ျဖစ္တဲ့ ေန႔ကလည္း မုိးလင္းတဲ့အထိ ပစ္ခတ္သံေတြကညံေနခဲ့တယ္။ အရင္ တုန္းက ၿမိဳ႕ေပၚကုိသိပ္မထိေပမယ့္ ဒီတစ္ခါၿမိဳ႕ေပၚရပ္ကြက္ေတြမွာ ပစ္ခတ္မႈေတြျဖစ္ေနေတာ့ ဘယ္ကုိထြက္ေျပးရမလဲ။ သူမ်ားေတြ ထြက္ေျပးတဲ့ေနရာကုိ လုိက္ထြက္ေျပး ေနရတာေပါ့။ အဓိကကေတာ့ အၾကမ္းဖက္သမားလူဆုိးေတြကုိ ရွင္းလင္းေပးဖုိ႔ေတာင္းဆုိခ်င္ပါတယ္။ အစုိးရနဲ႔လုံၿခံဳေရးတပ္ဖြဲ႕ေတြက အျပစ္မဲ့သူေတြကုိ မထိခုိက္ေအာင္ကူညီေဆာင္ရြက္ေပးေစခ်င္ပါတယ္။

ေဒၚစန္းစန္းေဌး (အၾကမ္းဖက္သမားမ်ား၏ တိုက္ခုိက္မႈေၾကာင့္ က်ဆုံး ခဲ့ရသည့္ ရဲတပ္သားမင္းသူရႏုိင္၏မိခင္)

လုံၿခံဳေရးကုိ အားမရဘူး။ ကြၽန္မသားေလး ေသဆုံးသြားသလုိ တ ျခားလုံၿခံဳေရးတပ္ဖြဲ႕၀င္ေတြ၊ ေဒသမွာရွိတဲ့တုိင္းရင္းသားေတြအထိအ ခုိက္မရွိရေအာင္ စီစဥ္ေပးေစခ်င္ပါတယ္။ ေမာင္ေတာၿမိဳ႕မွာ ျပႆနာ ခဏခဏျဖစ္တယ္လုိ႔ အရင္တုန္းက ၾကားခဲ့ေပမယ့္ ဒီေလာက္ထိ ဆုိး မယ္လုိ႔ မထင္ခဲ့ဘူး။ အခုုကုိယ္ေတြ႕က်မွ သိေတာ့တယ္။ ေဒသခံေတြရဲ႕ လုံၿခံဳေရးက စုိးရိမ္စရာရွိေနဆဲျဖစ္ပါတယ္။ တာ၀န္ရွိသူေတြအေနနဲ႔ အၾကမ္းဖက္သမားကုိ အျမစ္ျပတ္ေခ်မႈန္းေပးဖုိ႔ ေတာင္းဆုိခ်င္ပါတယ္။ အၾကမ္းဖက္သမားေတြ အျမစ္ျပတ္ မေခ်မႈန္းႏုိင္သမွ် ကြၽန္မသားေလးလုိ ေနာက္ထပ္တပ္ဖြဲ႕၀င္ေတြအထိအခုိက္ရွိလာမယ္။ အဲဒါေၾကာင့္ အၾကမ္းဖက္သမားေတြကုိ အျမစ္ျပတ္ေခ်မႈန္းေပးပါလုိ႔ ေတာင္းဆုိခ်င္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
အကြမ်းဖက်တိုက်ခိုက်ခံရသော မောင်တောမြို့နယ် ချိန်ခါလီကျေးရွာရှိ လမ်းပေါ်တွင် မိုးကာဝတ်ထားသော လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး လုံခြုံရေးဆောင်ရွက်နေသည်ကို သြဂုတ် ၂၆ရက်က တွေ့ရစဉ် (ဓာတ်ပုံ−ညွန့်ဝင်း/အီးပီအေ)

မောင်တောဒေသတွင် ဩဂုတ် ၂၅ ရက်အရုဏ်တက်၌ အစွန်း ရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက ရဲကင်းစခန်းစုစုပေါင်း ၃၀ ကို တစ်ပြိုင်နက်တည်းတိုက်ခိုက်ခဲ့ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး နှင့် ဝန်ထမ်းတစ်ဦးကျဆုံးခဲ့ပြီး နောင်ရက်များတွင်လည်း အကြမ်း ဖက်မှုများ ဆက်လက်ဖြစ်ပွားနေကာ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားများကို ဦးတည်တိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှု များလည်း ဆက်လက်မြင့်တက်လျက်ရှိသည်။ မောင်တောဒေသအကြမ်း ဖက်ခံရမှုအပေါ် နယ်ပယ်စုံရှိ ပြည်သူများ၏အမြင်ကို စုစည်းဖော်ပြ လိုက်ပါသည်။

ဦးဖေသန်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရခိုင်အမျိုးသားပါတီ)

ဒီကိစ္စတွေကို ကျွန်တော်တို့ရခိုင်နိုင်ငံရေးသမားတွေက နဂိုက ပင်ကြိုမြင်တယ်။ ပိုပြီးလည်း ခံစားရတယ်။ ဒါကြောင့်လည်း လွှတ် တော်ပိုင်းကရော၊ ပါတီပိုင်းကရော အမျိုးမျိုးကြိုးစားခဲ့တာဖြစ်တယ်။ အခုဒါကို နိုင်ငံတော်က အကြမ်းဖက်သမားလို့မြင်လာလို့ ကြိုဆိုပါတယ်။ ကျွန်တော်တို့နဲ့ခံစားချက်တစ်ထပ်တည်း ကျလာတယ်။ အကြမ်းဖက် အဖွဲ့အစည်းလို့ သတ်မှတ်လိုက်ပေမယ့် ဒီကိစ္စက ပြီးသွားမယ့်ကိစ္စမဟုတ် ဘူး။ အကြမ်းဖက်သမားတွေက ကမ္ဘာနဲ့လွှမ်းခြုံတယ်။ အဆက်အစပ် တွေရှိတယ်။ နောက်ဘင်္ဂလားဒေ့ရှ်နဲ့လည်း တစ်ဆက်တစ်စပ်တည်း ဖြစ်နေတယ်။ သူတို့လူဦးရေကလည်း သိန်းသန်းချီပြီးရှိတယ်။ ဒါကို ပြတ်ပြတ်သားသား ကိုင်တွယ်ရတော့မယ်။ အခုကိစ္စက တစ်ရွာလုံးက အကြမ်းဖက်သမားတွေ ဖြစ်နေတယ်။ မော်လဝီတွေရဲ့ သွေးထိုးမှုလွှမ်းမိုး နေတယ်။ ရဲကင်းစခန်း ၃၀ လောက်ကိုတစ်ပြိုင်တည်းတိုက်ခိုက်ကြတာ။ သူတို့ကို မြေလှန်ပြီး ရှင်းပစ်ဖို့လိုတယ်။ အကြမ်းဖက်လုပ်ရပ်ကို ချေမှုန်းရမယ်။ ပြီးရင် အကြမ်းဖက်စိတ်ဓာတ်ကို ချေမှုန်းရမယ်။ အခုဖြစ်တာက ရခိုင်တွေက စတိုက်တာ မဟုတ်ဘူး။ သူတို့က ရည်ရွယ်ချက်ရှိရှိစတိုက်တာ။ အဲဒီကရခိုင်တွေဟာ ကိုယ့်အသက်ကိုတောင် မကာ ကွယ်နိုင်ဘဲ ကြားမှာ ဓားစာခံဖြစ်နေကြတယ်။ အဲဒီအကြမ်းဖက်သမားတွေက လက်နက်ကြီးနဲ့ တိုက်ခိုက်တာ တောင်မဟုတ်ဘူး။  တုတ်တွေ၊ ဓားတွေနဲ့ လုပ်နေတာ၊ လုံခြုံရေးတပ်ဖွဲ့တွေ၊ ရွာသားတွေသေနေရတာဟာ ပြောလို့တောင်မကောင်းဘူး။ ပြည်သူတွေကို လုံခြုံရေးအပြည့်အဝနဲ့ ကာကွယ်ပေးဖို့လိုတယ်။ အစိုးရ မကာကွယ်ပေးနိုင်ရင် ကိုယ့်ဘာသာကိုယ် ကာကွယ်လို့ရအောင် လုပ်ပေးဖို့လိုတယ်။ ပြည်သူ့စစ်ဖွဲ့ဖို့တောင်း ဆိုတာတောင်မရဘူူး။ ကျွန်တော်တို့လွှတ်တော်မှာ အဆိုတင်တာတွေကို အတည်ပြုပေးမယ်၊ အရေးကြီး အဆိုတွေ တင်ခွင့်ပြုမယ်ဆိုရင် ဒီထက် စောစီးစွာအသက်တွေကို ကာကွယ်နိုင်ခဲ့မယ်။ အဲဒါကို စိတ်မကောင်း ဖြစ်မိတယ်။

ဒေါက်တာမောင်သင်း (မိတ္ထီလာမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်၊ ပြည်ခိုင်ဖြိုးပါတီ)

ဒီဖြစ်စဉ်အပေါ်မှာ သူတို့(လက်ရှိအစိုးရ)အနေနဲ့ မြင်တာက မြန်မာ နိုင်ငံအတွင်းမှာ အတူပူးတွဲနေထိုင်တဲ့သူချင်းဖြစ်တယ်လို့မြင်တယ်။ ကျွန်တော်တို့မြင်တာက အဲဒီလိုမဟုတ်ဘူး။ ကျွန်တော်တို့ဆီကို တရား မဝင်ခိုးဝင်လာတဲ့ ပြည်ပကလူတွေရဲ့ ကျူးကျော်မှုလုပ်ရပ်၊ နယ်ချဲ့ကျူး ကျော်မှုလုပ်ရပ်လို့မြင်တယ်။ သူတို့(အစိုးရ)မှာ အစီအမံတွေမရှိဘူး မဟုတ်ဘူးရှိတယ်။ ဒါပေမဲ့ ပြည်ပကျူးကျော်မှုလို့ မမြင်တဲ့အတွက် ကြောင့် ဒီလိုဖြစ်သွားတာ။ အစီအမံတွေမှာ အားနည်းတယ်လို့ ကျွန်တော်က မြင်တယ်။ ဒေါ်ခင်စောဝေရဲ့ အဆိုကိုပြည်ထဲရေးဝန်ကြီးက လွှတ်တော်မှာလာရှင်းတော့ သူတို့အစီအမံတွေလုပ်ပါတယ်။ ဒါကိုမသိ ဘူးမဟုတ်ဘူးသိတယ် ဒီလိုပြောသွားတယ်။ ပြည်တွင်းပဋိပက္ခလို့မြင်နေတယ်။ အလုပ်သင့်ဆုံးကတော့ လွှတ်တော်ရယ်၊ တပ်မတော်ရယ်၊ အစိုး ရရယ်ပါဝင်တဲ့အဖွဲ့က ကာလုံပဲ။ လက်ရှိကိုင်တွယ်ဖြေရှင်းနေတဲ့အပေါ်မှာတော့ တပ်မတော်ရော၊ နယ်မြေခံလုံခြုံရေးရောက အရှိန်မြှင့်ဖို့ပဲလိုတယ်။ ပြီးတော့ဒေသခံတိုင်းရင်းသားတွေကို လူသားချင်းစာနာမှုဆိုတဲ့ အမြင်နဲ့ကြည့်ဖို့လိုတယ်။ ကုလသမဂ္ဂအဖွဲ့ကရော၊ တခြား ရန်ဟီးလီတို့ ကရော သူတို့ပြောနေတာက ကျွန်တော်တို့ဆီကျူးကျော်လာတဲ့သူတွေ ကိုပဲလူသားချင်းစာနာမှု အားနည်းနေတယ်။ လူ့အခွင့်အရေးဆုံးရှုံးနေတယ်လို့မြင်ကြတယ်။ တကယ်တမ်းကျတော့ ကျွန်တော်တို့ တိုင်းရင်းသား တွေဆုံးရှုံးနေတယ်။ ကျီးလန့်စာစားနေရတယ်။ ခပ်ကြမ်းကြမ်းပြောရရင် လယ်ရှင်ကိုမျောက် က မောင်းထုတ်နေတဲ့အဖြစ်မျိုးရောက်နေတာက ကျွန်တော်တို့တိုင်းရင်းသားတွေနဲ့လုံခြုံရေးတာဝန်ထမ်း ဆောင်နေတဲ့သူတွေရဲ့ လူ့အခွင့်အရေးဆုံးရှုံးမှုပဲ။ အဲဒီအမြင်နဲ့လည်းပဲ ကြည့်ဖို့လိုပါတယ်။ ၂၀၁၆ အောက် တိုဘာ ၆ ရက်မှာ ကျွန်တော်တို့က မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေရှိခဲ့တယ်။ ထပ်ရှိလာခဲ့ရင် ဘယ်လိုလုပ်မလဲ၊ ကြိုတင်ကာကွယ်ပါဆိုတာကို အဆိုကိုခွင့်မပြုဘူး။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးက မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုမရှိဘူးလို့ ပြောတယ်။ ကနေ့ကျမှ ဆယ်လကြာမှ အဲဒါကို ကြေညာ တာတော့ သိပ်နောက်ကျလွန်းတယ်လို့ ကျွန်တော်တို့မြင်တယ်။

ဦးမြင့်ေ၀ (ဂွမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)

ဒီအကြမ်းဖက်မှုတွေက လူမျိုးရေးလည်း မဟုတ်ဘူး။ ဘာသာရေး လည်းမဟုတ်ဘူး။ ဒါကနယ်မြေလုတဲ့ စစ်ပွဲတစ်ခုလိုဖြစ်နေတယ်။ သူတို့ ဘင်္ဂါလီသီးသန့်အခြေချနေထိုင်ဖို့အတွက် နယ်မြေကိုအကြမ်းဖက်တာ။ ကျွန်တော်တို့ဘက်က မကာကွယ်နိုင်ရင်ပါသွားမှာပဲ။ ကျွန်တော်တို့ရဲ့ အစိုးရပိုင်းက မောင်တောဒေသမှာဖြစ်တဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့ လက်နက်ကိုင်ရဲတပ်ဖွဲ့တို့ ၊ တပ်မတော်တို့က ဖြေရှင်းဆောင်ရွက်နေတဲ့ အနေအထားမှာ ကိုင်တွယ်မှု၊ တုံ့ပြန်မှုက အားနည်းနေတယ်လို့မြင် တယ်။ ဒါကြောင့် ကျွန်တော်တို့အစိုးရရယ်၊ တပ်ရယ်၊ ရဲတပ်ဖွဲ့ရယ် အဖွဲ့အစည်းအားလုံးက ညီညီညွတ်ညွတ်ဆောင်ရွက်ဖို့လိုတယ်။ ဘာ ဖြစ်လို့ ဒီလိုမြင်လဲဆိုတော့ ဒီကြီးမားတဲ့ပြဿနာအပေါ်မှာ နိုင်ငံတော်အတိုင်ပင်ခံနဲ့ အစိုးရအဖွဲ့က ဒီကိစ္စကိုရှုတ်ချ ကြောင်း၊ အကြမ်းဖက်တွေနဲ့ အတူတူမနေနိုင်ဘူးဆိုတဲ့အကြောင်း ကြေညာပြီးတဲ့အတွက် တပ်မတော်ကပဲ ဖြစ်ဖြစ်၊ ရဲကပဲဖြစ်ဖြစ်၊ နယ်စပ်ရေးရာကပဲဖြစ်ဖြစ်တော်တော် လွတ်လွတ်လပ်လပ်နှိမ်နင်းလို့ရတဲ့ အခြေအနေလို့မြင်တယ်။ ဒီလိုအချိန်မှာ ပြည်သူကလက်ခုပ်တီးလာအောင်အထိ ပစ်ခတ်ချေမှုန်းတာမျိုးတွေရှိလာရမယ်လို့ ယုံကြည်တယ်။ ဒါပေမဲ့ လက်တွေ့အနေအထားမှာ ပို့လိုက်တဲ့ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သား တွေကျဆုံးကြရတယ်။ ကျွန်တော်တို့ဘက်က အားရလောက်တဲ့တိုက်ခိုက်မှုနည်းနေသေးတယ်လို့မြင်ပါတယ်။ဒါကိုကြည့်ခြင်းအားဖြင့် အပေါ်ကဖြစ်စေချင်တာနဲ့တကယ် တမ်းမြေပြင်မှာ ကိုင်တွယ်ဖြေရှင်းရပုံနဲ့က နည်းနည်းလေးဟနေတယ်လု့ိ မြင်တယ်။ သတင်းထုတ်ပြန်မှုကတော့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက အချိန်နဲ့တစ်ပြေးညီ သတင်းထုတ်ပြန်ပေးနေတဲ့အတွက် လုံလောက်မှုရှိတယ်လို့မြင်ပါတယ်။

ဦးလှသိန်း (ရခိုင်ပြည်နယ်ဥပဒေချုပ်ဟောင်း)

မောင်တောဒေသမှာရှိတဲ့ ဘင်္ဂါလီတွေအနေနဲ့တော့ ဒီအကြမ်းဖက် မှုကို ဒီလောက်ကျယ်ကျယ်ပြန့်ပြန့်မလုပ်နိုင်ဘူး။ သူတို့နောက်ကွယ်မှာ စိတ်ဓာတ်အင်အား၊ ငွေကြေးအင်အားအများကြီးပေးနိုင်တဲ့အဖွဲ့ အစည်းတွေရှိတယ်ဆိုတာ ငြင်းလို့မရဘူး။ နယ်စပ်ဖြစ်နေတဲ့အတွက် တစ်ဖက်နိုင်ငံမှာရှိတဲ့ အကြမ်းဖက်သမားတွေနဲ့လည်း ပူးပေါင်းဆောင် ရွက်နိုင်သလို အရှေ့အလယ်ပိုင်းက အကြမ်းဖက်အဖွဲ့တွေနဲ့လည်း ဆက်စပ်မှုရှိနိုင်တယ်လို့ သုံးသပ်တယ်။ အဲဒီလိုငွေအင်အား၊ စိတ်ဓာတ် အင်အားပေးနိုင်လို့ပဲ ဒီလောက်ကျယ်ကျယ်ပြန့်ပြန့်နဲ့ ရဲရဲတင်းတင်းလုပ်နိုင်တယ်။ သူတို့လုပ်တာကလည်း လျှပ်တစ်ပြက်စိတ်ကူးပေါ်လို့ လုပ်တာမဟုတ်ဘဲ တကယ့်အစီအမံနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ အပေါ်မှာ ကမ္ဘာရဲ့စိတ်ဝင်စားမှုကို ပိုပြီးတော့ ရအောင်လုပ်တဲ့သဘော ပေါ့။ ဘယ်လိုပဲပြောပြော သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မြန်မာနိုင်ငံမှာရှိတဲ့ ဥပဒေတွေက ပြတ်ပြတ်သားသားအရေးယူသွားမှ မြန်မာ နိုင်ငံရဲ့ လုံခြုံရေးကို အစဉ်သဖြင့် ကာကွယ်ရာရောက်မယ်လို့ မြင်တယ်။ အဲဒါကို ငါတို့အကြံပြုရုံနဲ့မလုံ လောက်ဘူး။ ဒီမောင်တောဒေသလုံခြုံ ရေးအတွက် တပ်မတော်ရယ်၊ အစိုးရရယ်၊ လွှတ်တော်ရယ် နောက်ပြီး တော့ ဒီအရေးပေါ်ကျွမ်းကျင်တဲ့ရခိုင်လူထုထဲက အမြော်အမြင်ရှိတဲ့ ပုဂ္ဂိုလ်တွေ တွေ့ဆုံညှိနှိုင်းပြီးတော့ အဖြေရှာသွားမယ်ဆိုလို့ရှိရင်တော့ အဖြေရှိပါတယ်။

ဦးတင်မောင်ဦး (နိုုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့)

အကြမ်းဖက်မှုဆိုတာကိုနှိမ်နင်းတဲ့နေရာမှာ နိုင်ငံတကာအသိုင်း အဝိုင်းရဲ့ ပြစ်တင်ရှုတ်ချမှုမခံရအောင်လည်း စစ်တပ်က၊ အစိုးရက ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဆောင်ရွက်နေရတယ်။ အဲဒီအတွက် ကြောင့်မို့လို့ ပြည်သူတွေလိုချင်တဲ့အတိုင်းအတာအထိ တိုက်ခိုက်တာ မျိုးတော့ အစိုးရတို့၊ တပ်မတော်တို့က လုပ်ဖို့ခက်နေတယ်။ အဓိက ကျွန်တော်တို့နိုင်ငံရဲ့ အတွင်းမှာ စည်းလုံးညီညွတ်ဖို့လည်း လိုနေတယ်။ ဒီနိုင်ငံမှာ အုပ်ချုပ်သူအစုအဖွဲ့တွေကွဲနေတဲ့အခါမှာ ဒီလိုအရေးကြီးတဲ့ အချိန်မှာ တက်ညီလက်ညီကိုင်တွယ်နိုင်ဖို့လည်း နှောင့်နှေးနေတယ်လို့ မြင်တယ်။ သတင်းအရင်းအမြစ် တွေ သေချာဖို့လိုတယ်။ အချိန်နဲ့တစ်ပြေးညီနိုင်ငံတကာအဝန်းအဝိုင်းနဲ့ နိုင်ငံတကာသတင်းမီဒီယာတွေကို သတင်းထုတ်ပြန်ရမယ်။ တန်ပြန်ဝါဒဖြန့်မှုတွေကို ပြန်လည်ချေဖျက်ရမယ်။ အကြမ်းဖက်မှုကို ကိုင်တွယ်ဖြေရှင်းရာမှာ အင်အားကိုချင့်ချိန်သုံးစွဲနိုင်မှုက အရေးကြီးတယ်။ အကြမ်းဖက်သူနဲ့အကြမ်းမဖက်သူကို တတ်နိုင်သမျှ ခွဲခြားကိုင်တွယ်နိုင်ဖို့ လိုမယ်။ လူသားဒိုင်းကာအဖြစ်သုံးတဲ့ကိစ္စမျိုးလည်း ရင်ဆိုင်ရနိုင်တယ်။ အလျင်အမြန်ချုပ်ငြိမ်းအောင်ကိုင်တွယ်သင့်တယ်။ အချိန်ကြာရင် ဘေးထွက်ဆိုးကျိုးကြီးမယ်။ ရေရှည် အတွက် ကိုဖီအာနန်ကော်မရှင်ရဲ့အကြံပြုချက်ထဲက ကောင်းမွန်တဲ့အကြံပြုချက်တွေကို အကောင်အထည် ဖော်ရမယ်။ အပြန်အလှန်တိုက်ခိုက်နေတာတွေ၊အခွင့်ကောင်းယူပြီး အစိုးရပြုတ်ကျဖို့သွေးထိုးလှုံ့ဆော် နေတာတွေ ရပ်ဖို့လိုမယ်။

ဒေါက်တာမနာမ်တူးဂျာ (ဥက္ကဋ္ဌ၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ)

အဲဒါက အစိုးရ၊ တပ်မတော်၊ ပြည်သူဟန်ချက်ညီညီလက်တွဲ ဖြေ ရှင်းကြရမှာပဲ။ တပ်မတော်နဲ့အစိုးရက ပြဒါးတစ်လမ်း သံတစ်လမ်းသွား လို့မဖြစ်ဘူး။ နားလည်မှုရှိရှိ ဟန်ချက်ညီညီလုပ်ကြရမှာ။ နောက်နိုင်ငံ ရေးပါတီများကလည်း လှုံ့ဆော်တဲ့နေရာမှာ ပြဿနာဖြေရှင်းရေးကို အဓိကထားကြရမှာ နိုင်ငံရေးသမားတွေပေါ့။ အဓိကကတော့ နယ်စပ် အဝင်အထွက်ကို ကြပ်ကြပ်မတ်မတ်လုပ်ရမယ်။ ရခိုင်အရေးကတော့ ကိုဖီအာနန်တို့ စုံစမ်းစစ်ဆေးရေးကလည်း သူတို့က မျှမျှတတလမ်း ကြောင်းကနေ သွားမှာပါ။ မျှမျှတတသွားတယ်ဆိုတဲ့နေရာမှာ လူ့အခွင့် အရေးကို အဓိကထားလိမ့်မယ် သူတို့က။ ဒေသခံသမိုင်းကြောင်းတွေ လည်းရှိသေးတော့ ဒေသခံတွေ လက်မခံနိုင်တဲ့ဖြေရှင်းမှုမျိုးဆိုရင် အရာ မရောက်နိုင်ဘူး။ တခြားပြည်နယ်၊ တခြားဒေသကိုလည်း ကူးစက်သွား နိုင်တယ်။ အဲဒီအခါကျရင် အမျိုးသားရင်ကြားစေ့ရေး ပြည်တွင်းငြိမ်း ချမ်းရေးတည်ဆောက်တဲ့နေရာမှာလည်း  အနှောင့်အယှက်၊ အဟန့်အတားတောင် ဖြစ်လာနိုင်ပါတယ်။ ဒါကို အန်ကယ်တို့က စိုးရိမ်နေပါတယ်။ နိုင်ငံတကာရဲ့စွက်ဖက်မှုလုံးဝမပါဖို့လည်း အရေးကြီးတယ်။ နိုင်ငံတကာစွက်ဖက်မှုပါလာပြီဆိုလို့ရှိရင် ထိန်းမနိုင်သိမ်းမရတွေ ဖြစ်လာနိုင်တယ်။ UN အနေနဲ့လည်း ဒေသအခြေအနေကို သေချာနားလည်သဘော ပေါက်အောင်တော့ လုပ်ရမယ်။ ဒေသအခြေအနေတွေ သဘောပေါက်ပြီး မှန်ကန်စွာလုပ်မှ ဒေသခံတွေလက်ခံမှာကိုး။ UN လို့ ဆိုလိုက်တာနဲ့ အားလုံးလက်ခံရမယ်ဆိုတဲ့ ပုံသေကားကျကတော့မရဘူး။

ဦးထွန်းကြည် (နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့)

အကြမ်းဖက်တဲ့ကိစ္စနဲ့ပတ်သက်လို့က ကျွန်တော်တို့က ဘယ်လူ မျိုး၊ ဘယ်ဘာသာ၊ ပုဂ္ဂိုလ်အဖွဲ့အစည်းတွေနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် လုံးဝဆန့်ကျင်တယ်။ ဒီဒေသမှာက မတူကွဲပြားမှုတွေရှိနေတယ်။ ဒီ ဖြစ်စဉ်ဟာ ဒီဒေသအတွက်ရော၊ တိုင်းပြည်အတွက်ရော ပုံရိပ်ကို ထိ ခိုက်စေတယ်။ တည်ငြိမ်အေးချမ်းဖို့အတွက်က အစိုးရမှာလည်း တာဝန် ရှိတယ်။ တပ်မတော်မှာလည်း တာဝန်ရှိတယ်။ ဒီဒေသမှာရှိတဲ့ သဘော ထားကွဲလွဲမှုတွေကို အတူတကွဖြေရှင်းနိုင်မှုတွေနဲ့ မတူကွဲပြားမှုတွေ အပေါ် အမြန်ဆုံးအဖြေရှာနိုင်မယ်ဆိုရင်တော့ အမြန်ဆုံးငြိမ်းချမ်းမယ်။ ဒါမှမဟုတ်ဘဲ ဒေသရဲ့ပြဿနာက ဒေသတွင်းတခြားနိုင်ငံတွေကိုပါ ပျံ့နှံ့သွားမယ်ဆိုရင်တော့ စိုးရိမ်ဖွယ်ရာဖြစ်လာနိုင်တယ်။ ဒီပြည်တွင်း မှာပဲ တည်ငြိမ်အေးချမ်းဖို့၊ ထိန်းထိန်းသိမ်းသိမ်းနဲ့ ကိုင်တွယ်ဖို့ကို တိုက်တွန်းချင်တယ်။ တခြားဒေသတွင်းနိုင်ငံတွေ ကို ပြဿနာပျံ့နှံ့သွားမှာ အထူးစိုးရိမ်မကင်းဖြစ်မိတယ်။

ဦးအောင်မျိုးကျော် (နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း)

အကြမ်းဖက်မှုအားလုံးကို ကျွန်တော်ကတော့ ရှုတ်ချတယ်။ ဒီ မောင်တောဖြစ်စဉ်ကတော့ အင်မတန်မှကို ရှုပ်ထွေးပါတယ်။ ကြား ထဲမှာ တကယ်ထိခိုက်ရတာက ပြည်သူတွေနဲ့ ပြည်သူ့ဝန်ထမ်းရဲတွေ ပါပဲ။ ကြားထဲမှာ လူ့အခွင့်အရေးနဲ့ချိတ်ပြီး ပြောနေကြတာတွေရှိတယ်။ ဒါပေမဲ့ အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးနဲ့က လုံးဝကိုမသက်ဆိုင်ပါဘူး။ အကြမ်းဖက်သမားတွေဘက်ကနေ လူ့အခွင့်အရေးရှုထောင့်ကပြောနေ တာတွေကို ကျွန်တော်တို့လက်မခံနိုင်ဘူး။ ဒုက္ခသည်ဆိုရင် ဒုက္ခသည် ပုံစံမျိုးပဲနေသင့်တယ်။ ထိုင်းမှာ မြန်မာနိုင်ငံသား ဒုက္ခသည်တွေရှိတယ်။ သူတို့ဆိုရင်လည်းစခန်းထဲမှာပဲဒုက္ခသည် ပုံစံနဲ့နေထိုင်နေကြတယ်။ အစိုးရအနေနဲ့ရော၊ နိုင်ငံတော်ကာကွယ်ရေးအတွက် တာဝန်ယူထားတဲ့တပ်မတော်အနေနဲ့ရော အကြမ်း ဖက်မှုတွေကို အမြန်ဆုံးကိုင်တွယ်ဖြေရှင်းနိုင်ဖို့ မျှော်လင့်တယ်။ ရခိုင်အရေးက အင်မတန်မှ ခက်ခဲတယ်။ နိုင်ငံသားအစ္စလာမ်ဘာသာဝင်တွေနဲ့ ခိုးဝင်လာတဲ့ဘင်္ဂါလီတွေကို သေချာစိစစ်ပြီး ခွဲခွဲခြားခြားလုပ်သင့်တယ် လို့လည်း ထင်တယ်။

ဦးအေးလွင် (အဖွဲ့ဝင်၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်)

ဒီဟာက ပုန်ကန်ထကြွမှုပဲ။ လူမျိုးရေး၊ ဘာသာရေးလုံးဝမဟုတ် ပါဘူး။ လောလောဆယ်လုံခြုံရေးနဲ့ကာကွယ်ရေးတွေကို သတ်မှတ်ထား တဲ့ လုပ်ထုံးလုပ်နည်းအတိုင်းဥပဒေစိုးမိုးရေး၊ ကာကွယ်ရေးကိစ္စတွေကို ဆောင်ရွက်ပေးပါ။ အပြစ်မရှိတဲ့လူတွေကိုလည်း ကာကွယ်စောင့်ရှောက် ပေးရမယ်။ ဥပဒေဆိုတာ ဖြူနီကြောင်ကျား အသွေးအရောင်ခွဲခြားမှုမှ မရှိဘဲ အပြစ်ရှိရင်ရှိသလို၊ အပြစ်မရှိရင် မရှိသလို ပြစ်မှုကျူးလွန်သူနဲ့ ပြစ်မှုမကျူးလွန်သူအဲဒီလိုပဲ မြင်ပြီးတော့ ခွဲပေးပါ။ အစိုးရရဲ့ သတင်း ထုတ်ပြန်မှုတွေကဒါက တစ်ခုတည်းသော သတင်းရင်းမြစ်ဖြစ်နေတော့ ကျွန်တော်တို့ ဘာစောဒကတက်လို့ ရမလဲ။ ဆန်းစစ်ဖို့နည်းလမ်းလည်း မရှိဘူးလေ။ ဘာသာတရားများရဲ့ အခန်းကဏ္ဍက အရေးကြီးလာပြီ။ နှလုံးသားတွေငြိမ်းချမ်းရမှ ပတ်ဝန်းကျင်လည်းငြိမ်းချမ်းမယ်။ အဓိကကတော့ ဒီအချိန်မှာ ကောလာဟလတွေ ပုံကြီးချဲ့ချင်တဲ့လူတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို မယုံဘဲနဲ့ သတင်းအချက်အလက်တစ်ခုကို ဆန်းစစ် ပြီးမှ ယုံကြည်ပါ။ သတင်းရင်းမြစ်ဘယ်ကလာလဲဆိုတာ ဆန်းစစ်ပါ။ အဲဒါလေးတွေ ပြောချင်ပါတယ်။

ဦးမောင်မောင်စိုး (စစ်ရေးနှင့် တိုင်းရင်းသားအရေးလေ့လာသူ ဆောင်း ပါးရှင်)

လုံခြုံရေးအင်အားကို လုံလုံလောက်လောက်သုံးပြီး ဒေသခံတိုင်း ရင်းသားတွေကို ကာကွယ်ဖို့လိုအပ်ပါမယ်။ ဒေသခံတွေ အသတ်ဖြတ်ခံ ရမှုနဲ့ နေရပ်စွန့်ခွာမှုမဖြစ်အောင် ကာကွယ်နိုင်ဖို့လိုပါမယ်။ လူသားဒိုင်း ခံပြီး တိုက်ခိုက်နေတဲ့အကြမ်းဖက်သမားတွေကို တုံ့ပြန်ဖို့ ခိုင်မာတဲ့ဆုံး ဖြတ်ချက်နဲ့ခြေလှမ်းကို ချမှတ်ဖို့လိုပါမယ်။ အစိုးရနဲ့တပ်မတော်လုံခြုံ ရေးတပ်ဖွဲ့တွေကြား တူညီတဲ့သဘောထားဆုံးဖြတ်ချက်နဲ့အတူ တာဝန် ယူဆောင်ရွက်ဖို့လိုပါမယ်။ လက်ရှိသတင်းထုတ်ပြန်မှုကို ကျေနပ်ပါတယ်။ နိုင်ငံတကာမျက်နှာစာကိုရောက်ဖို့တော့လိုပါမယ်။ အထူးသဖြင့် တိုင်းရင်းသားတွေ၊ အရပ်သားတွေပစ်မှတ်ထားတိုက်ခိုက်သတ်ဖြတ်ခံရမှုတွေ၊ဒေသခံတိုင်းရင်းသားတွေ ထွက်ပြေးနေရတာတွေ၊ အကြမ်းဖက်သမားတွေဟာ မတူတဲ့ဘာသာဝင်တွေ၊ မတူတဲ့လူမျိုးတွေ အတူတကွနေထိုင်ရေးကို ပစ်ပယ်ပြီး မတူတဲ့လူမျိုး၊ မတူတဲ့ဘာသာဝင်တွေကို လူမျိုးတုံး သတ်ဖြတ်နေတာ၊ ဒေသတွင်းက မောင်းထုတ်ဖို့ ကြိုးစားနေတာကို Highlight လုပ်ဖို့လိုပါမယ်။

ဒေါ်ညိုညိုသန်း (မြို့ဦးကျေးရွာ၊ မောင်တောမြို့)

ဒီတစ်ခါဖြစ်တာက ကြောက်ဖို့အကောင်းဆုံးဖြစ်နေတယ်။ အ ကြမ်းဖက်သမားတွေက နေရာတိုင်းလိုလိုမှာ လက်လုပ်မိုင်းတွေနဲ့တိုက် ခိုက်နေတော့စိုးရိမ်မှုက တော်တော်မြင့်တက်သွားတယ်။ အဓိကကတော့ လုံခြုံရေးတာဝန်ယူထားတဲ့အဖွဲ့တွေမှာ တာဝန်အရှိဆုံးပါ။ နောက်တစ် ခုက တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့အစိုးရမှာ တာဝန်ရှိတာပေါ့။ အကြမ်း ဖက်နှိမ်နင်းရေးကို အမြစ်ပြတ်ချေမှုန်းပေးဖို့ တောင်းဆိုချင်ပါတယ်။ အ ကြမ်းဖက်သမားတွေကို မနှိမ်နင်းပေးနိုင်ရင်တော့ ဒီလိုပြဿနာတွေက နောက်လည်းရှိနေပါမယ်။ ဒီလိုသာဆက်ရှိနေမယ်ဆိုရင် မောင်တောမှာ တိုင်းရင်းသားတွေလည်း ဆက်ရှိ တော့မှာမဟုတ်တော့ပါဘူး။

ကိုအောင်ကျော်မင်း (မြို့မမြောက်ရပ်ကွက်၊ မောင်တောမြို့)

၂၀၁၂ ခုနှစ် ပဋိပက္ခလည်းကြုံဖူးတယ်။ ၂၀၁၆ ခုနှစ်အောက်တို ဘာ ၉ ရက်အကြမ်းဖက်တိုက်ခိုက်မှုကိုလည်း ကြုံခဲ့ရတယ်။ ဒါပေမဲ့ ဒီတစ်ခါလောက် စိုးရိမ်မှုမရှိခဲ့ဘူး။ ဘာလို့လဲဆိုတော့ အဲဒီတုန်းက ဘင်္ဂါ လီတွေက တုတ်တွေ၊ ဓားတွေနဲ့တိုက်ခိုက်ခဲ့တာ။ အခုက သေနတ်တွေ၊ လက်လုပ်မိုင်းတွေနဲ့ဆိုတော့ တော်တော်လေးကြောက်ခဲ့တယ်။ ဖြစ်တဲ့ နေ့ကလည်း မိုးလင်းတဲ့အထိ ပစ်ခတ်သံတွေကညံနေခဲ့တယ်။ အရင် တုန်းက မြို့ပေါ်ကိုသိပ်မထိပေမယ့် ဒီတစ်ခါမြို့ပေါ်ရပ်ကွက်တွေမှာ ပစ်ခတ်မှုတွေဖြစ်နေတော့ ဘယ်ကိုထွက်ပြေးရမလဲ။ သူများတွေ ထွက်ပြေးတဲ့နေရာကို လိုက်ထွက်ပြေး နေရတာပေါ့။ အဓိကကတော့ အကြမ်းဖက်သမားလူဆိုးတွေကို ရှင်းလင်းပေးဖို့တောင်းဆိုချင်ပါတယ်။ အစိုးရနဲ့လုံခြုံရေးတပ်ဖွဲ့တွေက အပြစ်မဲ့သူတွေကို မထိခိုက်အောင်ကူညီဆောင်ရွက်ပေးစေချင်ပါတယ်။

ဒေါ်စန်းစန်းဌေး (အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ကျဆုံး ခဲ့ရသည့် ရဲတပ်သားမင်းသူရနိုင်၏မိခင်)

လုံခြုံရေးကို အားမရဘူး။ ကျွန်မသားလေး သေဆုံးသွားသလို တ ခြားလုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ဒေသမှာရှိတဲ့တိုင်းရင်းသားတွေအထိအ ခိုက်မရှိရအောင် စီစဉ်ပေးစေချင်ပါတယ်။ မောင်တောမြို့မှာ ပြဿနာ ခဏခဏဖြစ်တယ်လို့ အရင်တုန်းက ကြားခဲ့ပေမယ့် ဒီလောက်ထိ ဆိုး မယ်လို့ မထင်ခဲ့ဘူး။ အခုုကိုယ်တွေ့ကျမှ သိတော့တယ်။ ဒေသခံတွေရဲ့ လုံခြုံရေးက စိုးရိမ်စရာရှိနေဆဲဖြစ်ပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ အကြမ်းဖက်သမားကို အမြစ်ပြတ်ချေမှုန်းပေးဖို့ တောင်းဆိုချင်ပါတယ်။ အကြမ်းဖက်သမားတွေ အမြစ်ပြတ် မချေမှုန်းနိုင်သမျှ ကျွန်မသားလေးလို နောက်ထပ်တပ်ဖွဲ့ဝင်တွေအထိအခိုက်ရှိလာမယ်။ အဲဒါကြောင့် အကြမ်းဖက်သမားတွေကို အမြစ်ပြတ်ချေမှုန်းပေးပါလို့ တောင်းဆိုချင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top