ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ၾကက္ဆူဆီဟာ အလွအပအတြက္ တကယ္အသံုး၀င္တဲ့ ပစၥည္းျဖစ္ပါတယ္။ ၾကက္ဆူဆီမွာ ေရာင္ရမ္းမႈကို သက္သာေစတဲ့ ဂုဏ္သတၱိေတြပါ၀င္ၿပီး၊ ဘက္တီးရီးယားေတြကို ေသေစသလို၊ သင့္ကို ႏုပ်ိဳစိုေစပါတယ္။ ၾကက္ဆူဆီကို အလွပအတြက္ ဘယ္လိုအသံုးျပဳရမလဲဆိုတာ မွ်ေ၀ေပးသြားမွာျဖစ္ပါတယ္။

၁။ ၾကြက္ႏို႔

ၾကြက္ႏို႔ျဖစ္ေနရင္ ၾကက္ဆူဆီကို ပံုမွန္လိမ္းေပးပါ။ ေန႔တိုင္းလုပ္ေပးရမွာျဖစ္ပါတယ္။

၂။ ၀က္ၿခံအတြက္

အရင္ဆံုး ေရေႏြးပူပူထဲကို တဘက္တစ္ထည္ႏွစ္လိုက္ၿပီး မ်က္ႏွာေပၚမွာ အုပ္ထားပါ။ ၅ မိနစ္ေလာက္ထားပါ။ ၿပီးရင္တဘက္ကို ေရေႏြးထည့္စိမ္ၿပီး ၾကက္ဆူဆီ လက္ဖက္ရည္ဇြန္း ၂ ဇြန္းထည့္ေပးကာ မ်က္ႏွာေပၚမွာ ၁ မိနစ္ေလာက္ ႏွိပ္နယ္ေပးပါ။ ၿပီးရင္ ေရေအးေအးနဲ႔ ေဆးခ်လိုက္ၿပီး ေျခာက္ေအာင္သုတ္လိုက္ပါ။ ဒီလိုပံုမွန္လုပ္ေပးရင္ အေရးေၾကာင္းကိုလည္း သက္သာေပ်ာက္ကင္းေစမွာပါ။

၃။  ဆံေကသာ က်န္းမာသန္စြမ္းဖို႔

ၾကက္ဆူဆီဟာ သဘာ၀အတိုင္း ဆံေကသာကို က်န္းမာသန္စြမ္းေစပါတယ္။ ဆံပင္ကိုလည္း ပိုၿပီးထူလာေစပါတယ္။ ၾကက္ဆူဆီနဲ႔ သံလြင္ဆီ ေရာလိုက္ၿပီး၊ ဦးေရျပားနဲ႔ ဆံပင္အရင္းကေန အဖ်ားထိလိမ္းေပးပါ။ ၿပီးရင္ ညလံုးေပါက္ထားၿပီး မနက္မိုးလင္းမွ ေခါင္းေလွ်ာ္ခ်လိုက္ပါ။

၄။ ႏႈတ္ခမ္းသားေခ်ာမြတ္ေစဖို႔

ၾကက္ဆူဆီမွာ Fatty Acids ပါ၀င္ၿပီး ႏႈတ္ခမ္းသားကြဲတာမ်ိဳးကို အျမန္ဆံုးသက္သာေပ်ာက္ကင္းေစပါတယ္။ ညအိပ္ယာမ၀င္ခင္ ၾကက္ဆူဆီနည္းနည္းနဲ႔ သံလြင္ဆီနည္းနည္းေရာၿပီး ႏႈတ္ခမ္းေပးမွာ လိမ္းေပးၿပီး အိပ္ေပးပါ။

၅။ ေျခဖေနာင့္ကြဲတာသက္သာဖို႔

ေျခဖေနာင့္ကြဲတာမ်ိဳးျဖစ္ေနရင္ ေျခဖေနာင့္ကို ေခ်းေသခ်ာတြန္းေပးၿပီး ၾကက္ဆူဆီ လိမ္းထားေပးပါ။ ၾကက္ဆူဆီမွာ ဗီတာမင္ E နဲ႔ Fatty Acid ေတြပါ၀င္ၿပီး ေျခဖေနာင့္ကြဲတာကို သက္သာေစသလို၊ ေျခဖေနာင့္ကို ႏူးညံ့၊ ေခ်ာမြတ္ေစပါတယ္။

၆။ အေၾကာျပတ္တာသက္သာဖို႔

အေၾကာျပတ္လို႔ ၾကည့္လို႔မေကာင္းတဲ့ အမာရြတ္ေတြကို ၾကက္ဆူဆီ ပံုမွန္လိမ္းေပးၿပီး တိုက္ဖ်က္လိုက္လို႔ရပါတယ္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystylemyanmar
#Unicode Version#
ကြက်ဆူဆီဟာ အလှအပအတွက် တကယ်အသုံးဝင်တဲ့ ပစ္စည်းဖြစ်ပါတယ်။ ကြက်ဆူဆီမှာ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး၊ ဘက်တီးရီးယားတွေကို သေစေသလို၊ သင့်ကို နုပျိုစိုစေပါတယ်။ ကြက်ဆူဆီကို အလှပအတွက် ဘယ်လိုအသုံးပြုရမလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ ကြွက်နို့

ကြွက်နို့ဖြစ်နေရင် ကြက်ဆူဆီကို ပုံမှန်လိမ်းပေးပါ။ နေ့တိုင်းလုပ်ပေးရမှာဖြစ်ပါတယ်။

၂။ ဝက်ခြံအတွက်

အရင်ဆုံး ရေနွေးပူပူထဲကို တဘက်တစ်ထည်နှစ်လိုက်ပြီး မျက်နှာပေါ်မှာ အုပ်ထားပါ။ ၅ မိနစ်လောက်ထားပါ။ ပြီးရင်တဘက်ကို ရေနွေးထည့်စိမ်ပြီး ကြက်ဆူဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပေးကာ မျက်နှာပေါ်မှာ ၁ မိနစ်လောက် နှိပ်နယ်ပေးပါ။ ပြီးရင် ရေအေးအေးနဲ့ ဆေးချလိုက်ပြီး ခြောက်အောင်သုတ်လိုက်ပါ။ ဒီလိုပုံမှန်လုပ်ပေးရင် အရေးကြောင်းကိုလည်း သက်သာပျောက်ကင်းစေမှာပါ။

၃။  ဆံကေသာ ကျန်းမာသန်စွမ်းဖို့

ကြက်ဆူဆီဟာ သဘာဝအတိုင်း ဆံကေသာကို ကျန်းမာသန်စွမ်းစေပါတယ်။ ဆံပင်ကိုလည်း ပိုပြီးထူလာစေပါတယ်။ ကြက်ဆူဆီနဲ့ သံလွင်ဆီ ရောလိုက်ပြီး၊ ဦးရေပြားနဲ့ ဆံပင်အရင်းကနေ အဖျားထိလိမ်းပေးပါ။ ပြီးရင် ညလုံးပေါက်ထားပြီး မနက်မိုးလင်းမှ ခေါင်းလျှော်ချလိုက်ပါ။

၄။ နှုတ်ခမ်းသားချောမွတ်စေဖို့

ကြက်ဆူဆီမှာ Fatty Acids ပါဝင်ပြီး နှုတ်ခမ်းသားကွဲတာမျိုးကို အမြန်ဆုံးသက်သာပျောက်ကင်းစေပါတယ်။ ညအိပ်ယာမဝင်ခင် ကြက်ဆူဆီနည်းနည်းနဲ့ သံလွင်ဆီနည်းနည်းရောပြီး နှုတ်ခမ်းပေးမှာ လိမ်းပေးပြီး အိပ်ပေးပါ။

၅။ ခြေဖနောင့်ကွဲတာသက်သာဖို့

ခြေဖနောင့်ကွဲတာမျိုးဖြစ်နေရင် ခြေဖနောင့်ကို ချေးသေချာတွန်းပေးပြီး ကြက်ဆူဆီ လိမ်းထားပေးပါ။ ကြက်ဆူဆီမှာ ဗီတာမင် E နဲ့ Fatty Acid တွေပါဝင်ပြီး ခြေဖနောင့်ကွဲတာကို သက်သာစေသလို၊ ခြေဖနောင့်ကို နူးညံ့၊ ချောမွတ်စေပါတယ်။

၆။ အကြောပြတ်တာသက်သာဖို့

အကြောပြတ်လို့ ကြည့်လို့မကောင်းတဲ့ အမာရွတ်တွေကို ကြက်ဆူဆီ ပုံမှန်လိမ်းပေးပြီး တိုက်ဖျက်လိုက်လို့ရပါတယ်နော်။


ဖိုးသူတော် (www.phothutaw.com)
Credit: mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top