ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

အျမဲတမ္းလိုလို ဟုိဟာစားလိုက္၊ ဒီဟာစားလို္က္နဲ႔အျမဲတမ္းဗိုက္ဆာသလို ခံစားရတဲ့အခို္က္အတန္႔ေတြ ႀကံဳဖူးၾကမယ္ထင္ပါတယ္။ ဗုိက္ဆာေနတာမ်ိဳးလည္း မဟုတ္ပဲနဲ႔ မၾကာခဏဆိုသလို အစားအေသာက္ကိုေတာင့္တေနတာက အက်င့္ဆိုးတစ္ခုလို ျဖစ္သြားတတ္ပါတယ္။ ဝိတ္တက္မွာကိုလည္း မစိုးရိမ္ေတာ့ပဲ စားမိစားရာစားလိုက္မိျပန္ေတာ့ အခ်ိန္ၾကာလာတာနဲ႔အမွ် က်န္းမာေရးကို ထိခိုက္လာပါတယ္။ ဒီလိုမၾကာခဏ အစာစားခ်င္စိတ္ျဖစ္ေပၚရတဲ့ အေၾကာင္းအရင္းမ်ားေတြကေတာ့ တကယ့္ကိုဆင္ျခင္ဖြယ္ရာပါပဲ။ ဒါေတြကို သတိထားမိေစဖို႔ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

(၁) အထီးက်န္ေနလို႔ ဒါမွမဟုတ္ စိတ္ဓာတ္က်ေနလို႔

စိတ္ဓာတ္က်ေနရင္ဘာမွစားမဝင္ဘူးလို႔ ေျပာၾကပါတယ္။  ဒါေပမယ့္ ေဆးပညာရွင္မ်ားရဲ႕ဆန္းစစ္ခ်က္အရေတာ့ စိတ္ဓာတ္က်ေနသူ၊ အထီးက်န္ေနသူ ေတာ္ေတာ္မ်ားမ်ားက စိတ္ညစ္စရာေတြကို ဖယ္ရွားႏိုင္ဖို႔အတြက္ အစားအေသာက္ကိုအားကိုးၾကတယ္လို႔ ဆိုပါတယ္။ အစားအေသာက္ေတြကို စိတ္ေပ်ာ္ရႊင္ေစဖုိ႔ စားလိုက္တာမ်ိဳးေပါ့။ မဆာပဲနဲ႔စားတာဟာ က်န္းမာေရးကို အမွန္တကယ္ထိခိုက္ႏိုင္တာေၾကာင့္ စိတ္အလိုလိုက္ၿပီး စားလိုက္တာမ်ိဳးမလုပ္ပါနဲ႔။ အိမ္ေမြးေခြးေလးေတြနဲ႔ အေဖာ္ျပဳတာ၊ သူငယ္ခ်င္းနဲ႔စကားေျပာတာ၊ စိတ္ညစ္စရာမ်ားကို ရင္ဖြင့္လိုက္တာက အေကာင္းဆံုးပါပဲ။

(၂) မနက္စာမစားလို႔

တစ္ေန႔တာခြန္အားအျပည့္နဲ႔ လုပ္ငန္းေဆာင္တာေတြကိုလုပ္ေဆာင္ႏိုင္ဖို႔အတြက္ မနက္စာစားဖို႔အေရးႀကီးပါတယ္။ မနက္စာမစားပဲေနတဲ့သူေတြက တစ္ေနကုန္ပင္ပန္းႏြမ္းနယ္ေနတတ္ၿပီး မၾကာခဏဆိုသလိုအစာစားခ်င္စိတ္ျဖစ္ေပၚလာတတ္ပါတယ္။ ဒါ့ေၾကာင့္ အစာစားခ်င္စိတ္ကို ထိန္းခ်ဳပ္ႏုိင္ဖို႔အတြက္ မနက္စာကိုအာဟာရရွိရွိနဲ႔ ပံုမွန္စားသံုးေပးဖို႔ အႀကံျပဳလိုပါတယ္။

(၃) ပ်င္းရိေနလု႔ိ

အားလပ္ေနလို႔ ပ်င္းရိေနတာေၾကာင့္ အစာစားလိုက္မိတဲ့အခ်ိန္ေတြ ရွိဖူးမယ္ထင္ပါတယ္။ ဗိုက္မဆာပဲနဲ႔အပ်င္းေျပစားလိုက္မိတာမ်ိဳးေပါ့။ ပ်င္းရိေနတာကို အစားအေသာက္နဲ႔အစားထိုးလိုက္တဲ့ သေဘာပါ။ ဒီအက်င့္ဆိုးကိုေဖ်ာက္ဖို႔အတြက္က လြယ္ပါတယ္။ အစာစားခ်င္စိတ္ျဖစ္ေပၚလာတဲ့အခါမွာ ဘာ့ေၾကာင့္စားခ်င္ေနတာလဲဆိုတာ ျပန္ေတြးၾကည့္ပါ။ အားလပ္ေနလို႔ဆုိရင္လည္း အျပင္ထြက္ၿပီးလမ္းေလွ်ာက္လိုက္တာ၊ ပန္းပင္ေရေလာင္းတာမိ်ဳးေတြ ျပဳလုပ္ႏိုင္ပါတယ္။ ဒီလိုဆိုရင္ေတာ့ မဆာပဲနဲ႔စားခ်င္ေနတဲ့စိတ္က ေပ်ာက္သြားပါလိမ့္မယ္။

(၄) ပရိုတိန္းဓာတ္မျပည့္ဝလို႔

သင့္ရဲ႕စားေသာက္မႈပံုစံေတြကို ျပန္လည္စမ္းစစ္ၾကည့္ပါ။ ပရိုတိန္းဓာတ္ၾကြယ္ဝစြာပါဝင္တဲ့ အစားအေသာက္မ်ားကို စားသံုးဖုိ႔လိုပါတယ္ေနာ္။ မၾကာခဏအစာစားခ်င္စိတ္ျဖစ္ေပၚေနတာဟာ ပရိုတိန္းဓာတ္ေလ်ာ့နည္းေနတာေၾကာင့္ပါ။ ဒါ့ေၾကာင့္ စားေသာက္မႈပံုစံကို ေျပာင္းလဲသင့္ရင္ေျပာင္းလိုက္ပါေတာ့။

(၅) အသင့္စားမုန္႔ေတြကိုစားသံုးမိလုိ႔

အာဟာရမရွိတဲ့ အသင့္စားမုန္႔ေတြကို ႀကိဳက္ႏွစ္သက္သူဆိုရင္ေတာ့ မၾကာခဏဆိုသလို အစားအေသာက္ကို ေတာင့္တေနတတ္ပါတယ္။ အခ်ိဳဓာတ္လြန္ကဲတဲ့အစားအေသာက္ေတြကလည္း ထိုနည္းတူစြာပါပဲ။ အခ်ိဳလြန္ကဲတဲ့အစားအစာနဲ႔ အသင့္စားမုန္႔ေတြကို ေရွာင္ၾကဥ္ႏိုင္မယ္ဆိုရင္ေတာ့ မၾကာခဏအစာစားခ်င္စိတ္ကို ထိန္းခ်ဳပ္ႏိုင္မွာပါေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:နန္း(ေရႊအင္းေလး)

#Unicode Version#
အမြဲတမ်းလိုလို ဟိုဟာစားလိုက်၊ ဒီဟာစားလိုက်နဲ့အမြဲတမ်းဗိုက်ဆာသလို ခံစားရတဲ့အခိုက်အတန့်တွေ ကြုံဖူးကြမယ်ထင်ပါတယ်။ ဗိုက်ဆာနေတာမျိုးလည်း မဟုတ်ပဲနဲ့ မကြာခဏဆိုသလို အစားအသောက်ကိုတောင့်တနေတာက အကျင့်ဆိုးတစ်ခုလို ဖြစ်သွားတတ်ပါတယ်။ ဝိတ်တက်မှာကိုလည်း မစိုးရိမ်တော့ပဲ စားမိစားရာစားလိုက်မိပြန်တော့ အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးကို ထိခိုက်လာပါတယ်။ ဒီလိုမကြာခဏ အစာစားချင်စိတ်ဖြစ်ပေါ်ရတဲ့ အကြောင်းအရင်းများတွေကတော့ တကယ့်ကိုဆင်ခြင်ဖွယ်ရာပါပဲ။ ဒါတွေကို သတိထားမိစေဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) အထီးကျန်နေလို့ ဒါမှမဟုတ် စိတ်ဓာတ်ကျနေလို့

စိတ်ဓာတ်ကျနေရင်ဘာမှစားမဝင်ဘူးလို့ ပြောကြပါတယ်။  ဒါပေမယ့် ဆေးပညာရှင်များရဲ့ဆန်းစစ်ချက်အရတော့ စိတ်ဓာတ်ကျနေသူ၊ အထီးကျန်နေသူ တော်တော်များများက စိတ်ညစ်စရာတွေကို ဖယ်ရှားနိုင်ဖို့အတွက် အစားအသောက်ကိုအားကိုးကြတယ်လို့ ဆိုပါတယ်။ အစားအသောက်တွေကို စိတ်ပျော်ရွှင်စေဖို့ စားလိုက်တာမျိုးပေါ့။ မဆာပဲနဲ့စားတာဟာ ကျန်းမာရေးကို အမှန်တကယ်ထိခိုက်နိုင်တာကြောင့် စိတ်အလိုလိုက်ပြီး စားလိုက်တာမျိုးမလုပ်ပါနဲ့။ အိမ်မွေးခွေးလေးတွေနဲ့ အဖော်ပြုတာ၊ သူငယ်ချင်းနဲ့စကားပြောတာ၊ စိတ်ညစ်စရာများကို ရင်ဖွင့်လိုက်တာက အကောင်းဆုံးပါပဲ။

(၂) မနက်စာမစားလို့

တစ်နေ့တာခွန်အားအပြည့်နဲ့ လုပ်ငန်းဆောင်တာတွေကိုလုပ်ဆောင်နိုင်ဖို့အတွက် မနက်စာစားဖို့အရေးကြီးပါတယ်။ မနက်စာမစားပဲနေတဲ့သူတွေက တစ်နေကုန်ပင်ပန်းနွမ်းနယ်နေတတ်ပြီး မကြာခဏဆိုသလိုအစာစားချင်စိတ်ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါ့ကြောင့် အစာစားချင်စိတ်ကို ထိန်းချုပ်နိုင်ဖို့အတွက် မနက်စာကိုအာဟာရရှိရှိနဲ့ ပုံမှန်စားသုံးပေးဖို့ အကြံပြုလိုပါတယ်။

(၃) ပျင်းရိနေလု့ိ

အားလပ်နေလို့ ပျင်းရိနေတာကြောင့် အစာစားလိုက်မိတဲ့အချိန်တွေ ရှိဖူးမယ်ထင်ပါတယ်။ ဗိုက်မဆာပဲနဲ့အပျင်းပြေစားလိုက်မိတာမျိုးပေါ့။ ပျင်းရိနေတာကို အစားအသောက်နဲ့အစားထိုးလိုက်တဲ့ သဘောပါ။ ဒီအကျင့်ဆိုးကိုဖျောက်ဖို့အတွက်က လွယ်ပါတယ်။ အစာစားချင်စိတ်ဖြစ်ပေါ်လာတဲ့အခါမှာ ဘာ့ကြောင့်စားချင်နေတာလဲဆိုတာ ပြန်တွေးကြည့်ပါ။ အားလပ်နေလို့ဆိုရင်လည်း အပြင်ထွက်ပြီးလမ်းလျှောက်လိုက်တာ၊ ပန်းပင်ရေလောင်းတာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ မဆာပဲနဲ့စားချင်နေတဲ့စိတ်က ပျောက်သွားပါလိမ့်မယ်။

(၄) ပရိုတိန်းဓာတ်မပြည့်ဝလို့

သင့်ရဲ့စားသောက်မှုပုံစံတွေကို ပြန်လည်စမ်းစစ်ကြည့်ပါ။ ပရိုတိန်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအသောက်များကို စားသုံးဖို့လိုပါတယ်နော်။ မကြာခဏအစာစားချင်စိတ်ဖြစ်ပေါ်နေတာဟာ ပရိုတိန်းဓာတ်လျော့နည်းနေတာကြောင့်ပါ။ ဒါ့ကြောင့် စားသောက်မှုပုံစံကို ပြောင်းလဲသင့်ရင်ပြောင်းလိုက်ပါတော့။

(၅) အသင့်စားမုန့်တွေကိုစားသုံးမိလို့

အာဟာရမရှိတဲ့ အသင့်စားမုန့်တွေကို ကြိုက်နှစ်သက်သူဆိုရင်တော့ မကြာခဏဆိုသလို အစားအသောက်ကို တောင့်တနေတတ်ပါတယ်။ အချိုဓာတ်လွန်ကဲတဲ့အစားအသောက်တွေကလည်း ထိုနည်းတူစွာပါပဲ။ အချိုလွန်ကဲတဲ့အစားအစာနဲ့ အသင့်စားမုန့်တွေကို ရှောင်ကြဉ်နိုင်မယ်ဆိုရင်တော့ မကြာခဏအစာစားချင်စိတ်ကို ထိန်းချုပ်နိုင်မှာပါနော်။

ဖိုးသူတော် (www.phothutaw.com)
Credit:နန်း(ရွှေအင်းလေး)


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top