Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ျမန္မာ့႐ိုးရာလက္ေဝွ႔ ကမၻာ့ခ်န္ပီယံလုပြဲတြင္ လက္ရွိ ကမၻာ့လက္ေဝွ႔ခ်န္ပီယံ ေဒ့ဗ္လက္ တပ္ႏွင့္ အေမရိကန္ႏုိင္ငံသား ဆုိင္းရပ္စ္တုိ႔ ယွဥ္ၿပိဳင္မည္ျဖစ္ သည္။

ဒုတိယအႀကိမ္ က်င္းပသည့္ ျမန္မာ့႐ိုးရာလက္ေဝွ႔ ကမၻာ့ခ်န္ပီယံလုပြဲတြင္ ျမန္မာျပည္ခ်န္ပီယံ ထြန္းထြန္းမင္းကို အႏုိင္ရရွိထားသည့္ ႐ိုးရာလက္ေဝွ႔ ကမၻာ့ခ်န္ပီယံ ကေနဒါႏုိင္ငံသား ေဒ့ဗ္လက္တပ္က ျမန္မာႏုိင္ငံကိုယ္စားျပဳ၍ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္သည္။

၈၀ ကီလိုတန္းတြင္ ေဒ့ဗ္ လက္တပ္ႏွင့္ အေမရိကန္ႏုိင္ငံ သား ဆုိင္းရပ္စ္ဝါရွင္တုိ႔ ယွဥ္ၿပိဳင္ မည္ျဖစ္သည္။

ဩဂုတ္ ၂၀ ရက္ ညေန ၆ နာရီတြင္ ရန္ကုန္ၿမိဳ႕ သု၀ဏၰအမ်ိဳးသား အားကစား႐ံု-၁ ၌ က်င္းပမည့္ အဆုိပါပြဲတြင္ တြဲဆုိင္းရွစ္ဆုိင္းပါဝင္မည္ျဖစ္ၿပီး ယင္းတြဲဆုိင္းမ်ားအနက္ အမ်ိဳးသမီးပြဲစဥ္တစ္ပြဲပါဝင္မည္ျဖစ္သည္။ ႏုိင္ငံတကာစိန္ေခၚပြဲႏွစ္ပြဲႏွင့္ ျပည္တြင္းလက္ေဝွ႔သမားမ်ား ယွဥ္ၿပိဳင္မည့္ပြဲစဥ္တစ္ပြဲ  ပါဝင္မည္ျဖစ္သည္။

အဆုိပါလက္ေဝွ႔ၿပိဳင္ပြဲတြင္ ၅၄ ကီလိုတန္းတြင္ ေဒါင္းျဖဴေလး ႏွင့္ စိုးဝင္းသန္း၊ ၅၇ ကီလိုတန္း တြင္ ရဲေသြးနီႏွင့္ ထိုင္းေမြလက္ ေဝွ႔သမား ဂြန္ထယ္ထိုးသတ္ၾက မည္ျဖစ္သည္။ ၆၀ ကီလိုတန္းတြင္ ထြန္းလြင္မိုးႏွင့္ နယူးဇီလန္ႏုိင္ငံသား အယ္လက္ဇီဆာရီပီစို႔စ္၊ ၆၅ ကီလိုတန္းတြင္ သားသည္းတစ္ပြင့္ႏွင့္ ဘရာဇီးႏုိင္ငံသား ဗစ္တာဟူဂိုႏူးစ္တုိ႔ ယွဥ္ၿပိဳင္ၾကမည္ျဖစ္သည္။ ၆၈ ကီလိုတန္းတြင္ ဖ်ံေသြးႏွင့္ ျပင္သစ္ႏုိင္ငံသား စီဘတ္စ္တီယန္ဘီေလာ့ဒ္၊ ၇၁ကီလိုတန္းအျဖစ္ ေစာေဂၚမူဒိုႏွင့္ အီရန္ႏုိင္ငံသား ႏ်ဴကလီယားဒီတို႔ ယွဥ္ၿပိဳင္မည္ျဖစ္သည္။

ထို႔အျပင္ အမ်ိဳးသမီး ကီလို ၆၀ တန္းၿပိဳင္ပြဲတြင္ ျမန္မာလက္ ေဝွ႔မယ္ ဘရာနီကာႏွင့္ ေကာ္ စတာရီကာလက္ေဝွ႔မယ္ ေမာနီ ကာဘားနီးစ္မီနာတုိ႔ ယွဥ္ၿပိဳင္မည္ ျဖစ္သည္။ လက္ေဝွ႔ပြဲသုိ႔ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ျပည္ပလက္ေဝွ႔သမားမ်ားသည္ ႏုိင္ငံအဆင့္၊ ကမၻာ့အဆင့္ ခ်န္ပီယံဆုမ်ားရရွိ ထားေၾကာင္း ၿပိဳင္ပြဲက်င္းပေရးက ထုတ္ျပန္ထားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
  မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲတွင် လက်ရှိ ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဒေ့ဗ်လက် တပ်နှင့် အမေရိကန်နိုင်ငံသား ဆိုင်းရပ်စ်တို့ ယှဉ်ပြိုင်မည်ဖြစ် သည်။

ဒုတိယအကြိမ် ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲတွင် မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းကို အနိုင်ရရှိထားသည့် ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ကနေဒါနိုင်ငံသား ဒေ့ဗ်လက်တပ်က မြန်မာနိုင်ငံကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

၈၀ ကီလိုတန်းတွင် ဒေ့ဗ် လက်တပ်နှင့် အမေရိကန်နိုင်ငံ သား ဆိုင်းရပ်စ်ဝါရှင်တို့ ယှဉ်ပြိုင် မည်ဖြစ်သည်။

ဩဂုတ် ၂၀ ရက် ညနေ ၆ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအမျိုးသား အားကစားရုံ-၁ ၌ ကျင်းပမည့် အဆိုပါပွဲတွင် တွဲဆိုင်းရှစ်ဆိုင်းပါဝင်မည်ဖြစ်ပြီး ယင်းတွဲဆိုင်းများအနက် အမျိုးသမီးပွဲစဉ်တစ်ပွဲပါဝင်မည်ဖြစ်သည်။ နိုင်ငံတကာစိန်ခေါ်ပွဲနှစ်ပွဲနှင့် ပြည်တွင်းလက်ဝှေ့သမားများ ယှဉ်ပြိုင်မည့်ပွဲစဉ်တစ်ပွဲ  ပါဝင်မည်ဖြစ်သည်။

အဆိုပါလက်ဝှေ့ပြိုင်ပွဲတွင် ၅၄ ကီလိုတန်းတွင် ဒေါင်းဖြူလေး နှင့် စိုးဝင်းသန်း၊ ၅၇ ကီလိုတန်း တွင် ရဲသွေးနီနှင့် ထိုင်းမွေလက် ဝှေ့သမား ဂွန်ထယ်ထိုးသတ်ကြ မည်ဖြစ်သည်။ ၆၀ ကီလိုတန်းတွင် ထွန်းလွင်မိုးနှင့် နယူးဇီလန်နိုင်ငံသား အယ်လက်ဇီဆာရီပီစို့စ်၊ ၆၅ ကီလိုတန်းတွင် သားသည်းတစ်ပွင့်နှင့် ဘရာဇီးနိုင်ငံသား ဗစ်တာဟူဂိုနူးစ်တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ၆၈ ကီလိုတန်းတွင် ဖျံသွေးနှင့် ပြင်သစ်နိုင်ငံသား စီဘတ်စ်တီယန်ဘီလော့ဒ်၊ ၇၁ကီလိုတန်းအဖြစ် စောဂေါ်မူဒိုနှင့် အီရန်နိုင်ငံသား နျူကလီယားဒီတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

ထို့အပြင် အမျိုးသမီး ကီလို ၆၀ တန်းပြိုင်ပွဲတွင် မြန်မာလက် ဝှေ့မယ် ဘရာနီကာနှင့် ကော် စတာရီကာလက်ဝှေ့မယ် မောနီ ကာဘားနီးစ်မီနာတို့ ယှဉ်ပြိုင်မည် ဖြစ်သည်။ လက်ဝှေ့ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ပလက်ဝှေ့သမားများသည် နိုင်ငံအဆင့်၊ ကမ္ဘာ့အဆင့် ချန်ပီယံဆုများရရှိ ထားကြောင်း ပြိုင်ပွဲကျင်းပရေးက ထုတ်ပြန်ထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top