လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

သမီးႏွင့္ေျမးျဖစ္သူတို႔(၂)ဦးအား ရက္စက္စြာသတ္ျဖတ္ၿပီး ေရႊထည္ပစၥည္းမ်ား ယူေဆာင္ သြားခဲ့သည့္ ဖခင္အရင္းျဖစ္သူႏွင့္ မိသားစု၀င္မ်ားအား သက္ေသခံပစၥည္းမ်ားႏွင့္အတူ ေမာ္လၿမိဳင္ ၿမိဳ႕နယ္၊ ၿမိဳင္သာယာနယ္ေျမရဲစခန္းမွ ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ၁၈-၇-၂၀၁၇ ရက္ေန႔ ဝ၇၃ဝ အခ်ိန္ ေမာ္လၿမိဳင္ၿမိဳ႕၊ ကၽြဲၿခံကုန္းရပ္ကြက္ေန ေဒၚေဇာ္မီလာ(ခ)ဇြန္မီလာဘီမွာ ၎၏ေနအိမ္အိပ္ရာေဘးတြင္ ဦးေခါင္း/ခ်ိဳေစာင္းတို႔တြင္ ျပတ္ရွ ဒဏ္ရာ(၉)ခ်က္၊ ဝဲဘက္နားထင္ ထိုးသြင္းဒဏ္ရာ(၅)ခ်က္ျဖင့္လည္းေကာင္း၊ ၎၏သမီးျဖစ္သူ မဇင္မာစိုး(ခ)ဆာဟာဒါ(ခ)စဟလာမွာလည္း ၎၏အိပ္ရာေပၚတြင္ လည္ပင္းျပတ္လ်က္ ယာဘက္ နားထင္တြင္ ထိုးသြင္းဒဏ္ရာ (၁)ခ်က္တို႔ျဖင့္လည္းေကာင္း ေသဆုံးေနၿပီး ေရႊထည္ပစၥည္း အေလးခ်ိန္ စုစုေပါင္း ၁ က်ပ္ ၃ မူးသားခန္႔ ေပ်ာက္ဆုံးသြားခဲ့သျဖင့္ ေမာ္လၿမိဳင္ၿမိဳ႕နယ္၊ ၿမိဳင္သာယာနယ္ေၿမ ရဲစခန္း(ပ)၁၅၄/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃ဝ၂/၃၉၄ ျဖင့္ အမွုေရးဖြင့္၍ စစ္ေဆးေဆာင္ရြက္ ခဲ့သည္။

ျပစ္မွုက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးရမိေရးအတြက္ မြန္ျပည္နယ္ရဲတပ္ဖြဲ႕မွူး၏ ႀကီးၾကပ္မွုျဖင့္ ရဲတပ္ဖြဲ႕၀င္မ်ားမွ စုံစမ္းေဖာ္ထုတ္ခဲ့ရာ ျပစ္မွုက်ဴးလြန္သူမ်ားမွာ ေဒၚေဇာ္မီလာ (ခ)ဇြန္မီလာဘီ ၏ ဖခင္အရင္းျဖစ္သူ ေဂၚပါ၊ ေမာင္အရင္းျဖစ္သူ ႏူရာမူဒင္၊ တူအရင္းျဖစ္သူ လႊမ္းမိုးေအာင္(ခ)ဆိုဖီရာမန္တို႔(၃)ဦး ျဖစ္ေၾကာင္းသိရွိရ၍ ဖမ္းဆီးရာ ၎တို႔(၃)ဦးအား က်ဴးလြန္ရာတြင္ အသုံးျပဳခဲ့ေသာ ဓား၊ မွိန္းတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ၿပီး ျပစ္မွုက်ဴးလြန္ရာတြင္ ပူးေပါင္းပါ၀င္ခဲ့သည့္ ညီမအရင္းျဖစ္သူ ေဒၚဟာဇလာဘီ ကိုလည္း ဖမ္းဆီးရမိခဲ့သည္။

 ထို႔ေနာက္ သက္ေသခံပစၥည္းမ်ားအား လိုက္လံသိမ္းဆည္းၿပီး ဖမ္းဆီးရမိသူမ်ားအား စစ္ေဆးရာ ေဂၚပါက ၎ပိုင္လယ္(၂)ဧကႏွင့္ ေဒၚေဇာ္မီလာ(ခ)ဇြန္မီလာဘီ ပိုင္လယ္(၁)ဧကတို႔ကို ေရာင္းခ်ခဲ့ၿပီး သားသမီး မ်ားအား အေမြခြဲေပးခဲ့ရာ ေဒၚေဇာ္မီလာ(ခ)ဇြန္မီလာဘီက ၎ပိုင္လယ္(၁)ဧက ေရာင္းခ်မွုအတြက္ ေငြေၾကးမရရွိသျဖင့္ အေမြရယူခဲ့ျခင္း မရွိဘဲ ၎ပိုင္လယ္(၁)ဧကေပၚတြင္ ေနအိမ္ေဆာက္လုပ္ ေနထိုင္မွုအေပၚ ဖခင္ျဖစ္သူ ေဂၚပါက ဖယ္ရွား ေပးရန္ေျပာဆိုခဲ့ရာ လက္ခံျခင္းမရွိ၍ ေဂၚပါက မိသား စု၀င္မ်ားႏွင့္ တိုင္ပင္ၿပီး သတ္ျဖတ္ခဲ့ျခင္း ျဖစ္ေၾကာင္းသိရသျဖင့္ ၎တို႔အား အမွုျဖင့္ဖမ္းဆီး စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိသည္။

ရဲဇာနည္
https://www.facebook.com/yezarnimedia
ဖိုးသူေတာ္ (www.phothutaw.com)
Credit: thithtoolwin

#Unicode Version#
သမီးနှင့်မြေးဖြစ်သူတို့(၂)ဦးအား ရက်စက်စွာသတ်ဖြတ်ပြီး ရွှေထည်ပစ္စည်းများ ယူဆောင် သွားခဲ့သည့် ဖခင်အရင်းဖြစ်သူနှင့် မိသားစုဝင်များအား သက်သေခံပစ္စည်းများနှင့်အတူ မော်လမြိုင် မြို့နယ်၊ မြိုင်သာယာနယ်မြေရဲစခန်းမှ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၁၈-၇-၂၀၁၇ ရက်နေ့ ဝ၇၃ဝ အချိန် မော်လမြိုင်မြို့၊ ကျွဲခြံကုန်းရပ်ကွက်နေ ဒေါ်ဇော်မီလာ(ခ)ဇွန်မီလာဘီမှာ ၎င်း၏နေအိမ်အိပ်ရာဘေးတွင် ဦးခေါင်း/ချိုစောင်းတို့တွင် ပြတ်ရှ ဒဏ်ရာ(၉)ချက်၊ ဝဲဘက်နားထင် ထိုးသွင်းဒဏ်ရာ(၅)ချက်ဖြင့်လည်းကောင်း၊ ၎င်း၏သမီးဖြစ်သူ မဇင်မာစိုး(ခ)ဆာဟာဒါ(ခ)စဟလာမှာလည်း ၎င်း၏အိပ်ရာပေါ်တွင် လည်ပင်းပြတ်လျက် ယာဘက် နားထင်တွင် ထိုးသွင်းဒဏ်ရာ (၁)ချက်တို့ဖြင့်လည်းကောင်း သေဆုံးနေပြီး ရွှေထည်ပစ္စည်း အလေးချိန် စုစုပေါင်း ၁ ကျပ် ၃ မူးသားခန့် ပျောက်ဆုံးသွားခဲ့သဖြင့် မော်လမြိုင်မြို့နယ်၊ မြိုင်သာယာနယ်မြေ ရဲစခန်း(ပ)၁၅၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂/၃၉၄ ဖြင့် အမှုရေးဖွင့်၍ စစ်ဆေးဆောင်ရွက် ခဲ့သည်။

ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ ဒေါ်ဇော်မီလာ (ခ)ဇွန်မီလာဘီ ၏ ဖခင်အရင်းဖြစ်သူ ဂေါ်ပါ၊ မောင်အရင်းဖြစ်သူ နူရာမူဒင်၊ တူအရင်းဖြစ်သူ လွှမ်းမိုးအောင်(ခ)ဆိုဖီရာမန်တို့(၃)ဦး ဖြစ်ကြောင်းသိရှိရ၍ ဖမ်းဆီးရာ ၎င်းတို့(၃)ဦးအား ကျူးလွန်ရာတွင် အသုံးပြုခဲ့သော ဓား၊ မှိန်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် ညီမအရင်းဖြစ်သူ ဒေါ်ဟာဇလာဘီ ကိုလည်း ဖမ်းဆီးရမိခဲ့သည်။

 ထို့နောက် သက်သေခံပစ္စည်းများအား လိုက်လံသိမ်းဆည်းပြီး ဖမ်းဆီးရမိသူများအား စစ်ဆေးရာ ဂေါ်ပါက ၎င်းပိုင်လယ်(၂)ဧကနှင့် ဒေါ်ဇော်မီလာ(ခ)ဇွန်မီလာဘီ ပိုင်လယ်(၁)ဧကတို့ကို ရောင်းချခဲ့ပြီး သားသမီး များအား အမွေခွဲပေးခဲ့ရာ ဒေါ်ဇော်မီလာ(ခ)ဇွန်မီလာဘီက ၎င်းပိုင်လယ်(၁)ဧက ရောင်းချမှုအတွက် ငွေကြေးမရရှိသဖြင့် အမွေရယူခဲ့ခြင်း မရှိဘဲ ၎င်းပိုင်လယ်(၁)ဧကပေါ်တွင် နေအိမ်ဆောက်လုပ် နေထိုင်မှုအပေါ် ဖခင်ဖြစ်သူ ဂေါ်ပါက ဖယ်ရှား ပေးရန်ပြောဆိုခဲ့ရာ လက်ခံခြင်းမရှိ၍ ဂေါ်ပါက မိသား စုဝင်များနှင့် တိုင်ပင်ပြီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသဖြင့် ၎င်းတို့အား အမှုဖြင့်ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

ဖိုးသူတော် (www.phothutaw.com)
Credit: thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top