တစ္ခါတေလမွာ အလုပ္ေတြမ်ားလြန္းတဲ႔အခါ ျပႆနာတစ္ခုခုကိုေျဖရွင္းႏိုင္မယ္႔နည္းလမ္းက ကိုယ္႔မ်က္စိေရွ႕မွာရွိေနသလိုလုိနဲ႔ လက္လွမ္းမမီေအာင္ျဖစ္ေနသလုိ ခံစားရတာက စိတ္ရႈပ္စရာ ေကာင္းပါတယ္။

ျပႆနာေျဖရွင္းနည္း

အဲဒီလို ျပႆနာကိုေျဖရွင္းမယ္႔နည္းလမ္း ရွာမေတြ႕တဲ႔အခါ ေခါင္းကို ကီးဘုတ္နဲ႔သြားေဆာင္႔မေနပါနဲ႔။ အဲဒီအစား အလုပ္ကိုခနရပ္ၿပီး နီးစပ္ရာဘားတစ္ခုခုကိုသာ သြားလိုက္ပါ။ အရက္ကို မူူးေအာင္ေသာက္ဖို႔ ေျပာတာေတာ႔မဟုတ္ပါဘူး။ အတိုင္းအထြာနဲ႔ ခ်င္႔ခ်ိန္ေသာက္တတ္ရင္ အရက္က ဦးေႏွာက္ရဲ႕စဥ္းစားေတြးေခၚႏိုင္စြမ္းကို ျမွင္႔တင္ေပးႏိုင္ပါတယ္။
ဖန္တီးဉာဏ္ကို ႏႈိးဆြျခင္း

ၾသစႀတီးယားလူမ်ိဳး သုေတသီေတြကေတာ႔ ဒီနည္းလမ္းကို "ဖန္တီးဉာဏ္ကို ႏႈိးဆြျခင္း" လို႔ေခၚပါတယ္တဲ႔။ သူတို႔ရဲ႕ေလ႔လာမႈအရ အယ္လ္ကိုေဟာဟာ ခင္ဗ်ားရဲ႕တီထြင္ဖန္တီးဉာဏ္နဲ႔ ျပႆနာ ေျဖရွင္းႏိုင္စြမ္းကို ျမွင္႔တင္ေပးႏိုင္ပါတယ္တဲ႔။
သုေတသန

Consciousness and Cognition ဂ်ာနယ္ထဲမွာ ေဖာ္ျပခဲ႔တဲ႔ ေလ႔လာမႈတစ္ခုရဲ႕အဆိုအရေတာ႔ ေလ႔လာမႈမွာပါဝင္ကူညီၾကတဲ႔ ပါဝင္သူအားလံုးကို ဘီယာတစ္ဂ်ားေပးၿပီး ေသာက္ခိုင္းထားၿပီး ထိန္းခ်ဳပ္မယ္႔ အဖြဲ႕ကိုေတာ႔ အယ္လ္ကိုေဟာမပါတဲ႔ ေဖ်ာ္ရည္ကိုပဲ ေသာက္ခိုင္းခဲဲ႔ပါတယ္။

ေနာက္ၿပီးေတာ႔ သုေတသီေတြဟာ တစ္ေယာက္ခ်င္းစီကို ဆက္စပ္မႈမရွိတဲ႔ စကားလံုးေတြ ခ်ျပခဲ႔ၿပီး သူတို႔ၾကားက ဆက္ႏြယ္မႈကို ရွာေဖြဖို႔ ေတာင္းဆိုခဲ႔ပါတယ္။ အဲဒီမွာ ဘီယာေသာက္ထားတဲ႔အုပ္စုက ဘီယာေသာက္မထားတဲ႔အုပ္စုထက္ ျပႆနာ ေျဖရွင္းႏိုင္စြမ္းမွာ ပိုသာေနတာကို ေတြ႕ရွိခဲ႔ရပါတယ္။

တျခားစမ္းသပ္မႈေတြြမွာလည္း အလားတူရလဒ္ေတြပဲ ထြက္လာခဲ႔ပါတယ္။ စမ္းသပ္မႈတစ္ခုမွာဆိုရင္ ပါဝင္သူအားလံုးကို ေန႕စဥ္သံုးပစၥည္းေလးေတြကို တီထြင္ဖန္တီးဉာဏ္နဲ႔ သူမ်ားနဲ႔မတူေအာင္ အသံုးခ်ျပဖို႔ ေတာင္းဆိုခဲ႔ရာမွာ အရက္ကို အခ်ိန္အဆနဲ႔ေသာက္ထားတဲ႔သူေတြမွာ တီထြင္ဖန္တီးႏိုင္စြမ္းပိုရွိေနတာကိုပဲ စစ္ေဆးေတြ႕ရွိရပါတယ္။

အရက္ေလးေထြေထြနဲ႔ အိမ္ျပန္ဖူးတဲ႔သူတိုင္း ဒီခံစားခ်က္ကို သိေနၾကပါတယ္။ Dr. Mathias Benedek က Independent ကို ေျပာၾကားခဲ႔တာကေတာ႔... "ျပႆနာတစ္ခုကို ေျဖရွင္းဖို႔ တကယ္အာရံုစိုက္ ေနခ်ိန္မွာ ဦးေႏွာက္ရဲ႕အာရံုစိုက္မႈက တစ္ေနရာတည္းမွာ သံမႈိစြဲထားသလိုေရာက္ေနတတ္ပါတယ္။ အယ္လ္ကိုေဟာ (အရက္) က ဦးေႏွာက္ကိုရီေဝေဝျဖစ္ေစေပမယ္႔ အာရံုစိုက္မႈကိုေတာ႔ တည္ျမဲေအာင္ လုပ္ေဆာင္ေပးတဲ႔အတြက္ ျပႆနာေျဖရွင္းႏိုင္စြမ္းမွာ ပိုမိုေကာင္းမြန္လာပါတယ္။" ဆိုၿပီး ျဖစ္ပါတယ္။

ေနာက္ၿပီးေတာ႔ သူက "အယ္လ္ကိုေဟာဟာ သင္႔ရဲ႕မသိစိတ္ထဲကို လႈံ႕ေဆာ္ေပးႏိုင္ၿပီး မတူကြဲျပားတဲ႔ စိတ္ကူးသစ္၊ အၾကံဉာဏ္သစ္ေတြ ထြက္ေပၚလာေအာင္လည္း ကူညီေပးႏိုင္ပါတယ္။" လို႔လည္း ဆိုခဲ႔ပါေသးတယ္။

ဒါေပမယ္႔ တစ္ခုသတိထားရမွာက ဒီေတြ႕ရွိခ်က္ေတြက တစ္ညတည္းနဲ႔ တစ္ပုလင္းလံုးကုန္ေအာင္ေသာက္ဖို႔ အၾကံျပဳေနတာေတာ႔ မဟုတ္ပါဘူး။ ဘာအရာမဆို တန္ေဆး၊ လြန္ေဘး ပါပဲ။ တစ္ခါတေလ ေကာင္မေလးနဲ႔ ဒိတ္ျဖစ္တဲ႔ညမွာ ဝိုင္ေလးတစ္ခြက္တစ္ေလ ေသာက္တာတို႔၊ အလုပ္ေတြရႈပ္၊ ေခါင္းေတြပူေနခ်ိန္မွာ ဘီယာေလးတစ္ခြက္တစ္ဖလား ေသာက္တာတို႔ကေတာ႔ ဦးေႏွာက္ရဲ႕ ဖန္တီးႏိုင္စြမ္းနဲ႔ ဟာသဉာဏ္ကိုရႊင္ေစမွာပါ။

Source: Reader's Digest
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
တစ်ခါတလေမှာ အလုပ်တွေများလွန်းတဲ့အခါ ပြဿနာတစ်ခုခုကိုဖြေရှင်းနိုင်မယ့်နည်းလမ်းက ကိုယ့်မျက်စိရှေ့မှာရှိနေသလိုလိုနဲ့ လက်လှမ်းမမီအောင်ဖြစ်နေသလို ခံစားရတာက စိတ်ရှုပ်စရာ ကောင်းပါတယ်။


ပြဿနာဖြေရှင်းနည်း


အဲဒီလို ပြဿနာကိုဖြေရှင်းမယ့်နည်းလမ်း ရှာမတွေ့တဲ့အခါ ခေါင်းကို ကီးဘုတ်နဲ့သွားဆောင့်မနေပါနဲ့။ အဲဒီအစား အလုပ်ကိုခနရပ်ပြီး နီးစပ်ရာဘားတစ်ခုခုကိုသာ သွားလိုက်ပါ။ အရက်ကို မူူးအောင်သောက်ဖို့ ပြောတာတော့မဟုတ်ပါဘူး။ အတိုင်းအထွာနဲ့ ချင့်ချိန်သောက်တတ်ရင် အရက်က ဦးနှောက်ရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။
ဖန်တီးဉာဏ်ကို နှိုးဆွခြင်း

သြစတြီးယားလူမျိုး သုတေသီတွေကတော့ ဒီနည်းလမ်းကို "ဖန်တီးဉာဏ်ကို နှိုးဆွခြင်း" လို့ခေါ်ပါတယ်တဲ့။ သူတို့ရဲ့လေ့လာမှုအရ အယ်လ်ကိုဟောဟာ ခင်ဗျားရဲ့တီထွင်ဖန်တီးဉာဏ်နဲ့ ပြဿနာ ဖြေရှင်းနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်တဲ့။
သုတေသန


Consciousness and Cognition ဂျာနယ်ထဲမှာ ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုရဲ့အဆိုအရတော့ လေ့လာမှုမှာပါဝင်ကူညီကြတဲ့ ပါဝင်သူအားလုံးကို ဘီယာတစ်ဂျားပေးပြီး သောက်ခိုင်းထားပြီး ထိန်းချုပ်မယ့် အဖွဲ့ကိုတော့ အယ်လ်ကိုဟောမပါတဲ့ ဖျော်ရည်ကိုပဲ သောက်ခိုင်းခဲ့ပါတယ်။

နောက်ပြီးတော့ သုတေသီတွေဟာ တစ်ယောက်ချင်းစီကို ဆက်စပ်မှုမရှိတဲ့ စကားလုံးတွေ ချပြခဲ့ပြီး သူတို့ကြားက ဆက်နွယ်မှုကို ရှာဖွေဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီမှာ ဘီယာသောက်ထားတဲ့အုပ်စုက ဘီယာသောက်မထားတဲ့အုပ်စုထက် ပြဿနာ ဖြေရှင်းနိုင်စွမ်းမှာ ပိုသာနေတာကို တွေ့ရှိခဲ့ရပါတယ်။

တခြားစမ်းသပ်မှုတွေမှာလည်း အလားတူရလဒ်တွေပဲ ထွက်လာခဲ့ပါတယ်။ စမ်းသပ်မှုတစ်ခုမှာဆိုရင် ပါဝင်သူအားလုံးကို နေ့စဉ်သုံးပစ္စည်းလေးတွေကို တီထွင်ဖန်တီးဉာဏ်နဲ့ သူများနဲ့မတူအောင် အသုံးချပြဖို့ တောင်းဆိုခဲ့ရာမှာ အရက်ကို အချိန်အဆနဲ့သောက်ထားတဲ့သူတွေမှာ တီထွင်ဖန်တီးနိုင်စွမ်းပိုရှိနေတာကိုပဲ စစ်ဆေးတွေ့ရှိရပါတယ်။

အရက်လေးထွေထွေနဲ့ အိမ်ပြန်ဖူးတဲ့သူတိုင်း ဒီခံစားချက်ကို သိနေကြပါတယ်။ Dr. Mathias Benedek က Independent ကို ပြောကြားခဲ့တာကတော့... "ပြဿနာတစ်ခုကို ဖြေရှင်းဖို့ တကယ်အာရုံစိုက် နေချိန်မှာ ဦးနှောက်ရဲ့အာရုံစိုက်မှုက တစ်နေရာတည်းမှာ သံမှိုစွဲထားသလိုရောက်နေတတ်ပါတယ်။ အယ်လ်ကိုဟော (အရက်) က ဦးနှောက်ကိုရီဝေဝေဖြစ်စေပေမယ့် အာရုံစိုက်မှုကိုတော့ တည်မြဲအောင် လုပ်ဆောင်ပေးတဲ့အတွက် ပြဿနာဖြေရှင်းနိုင်စွမ်းမှာ ပိုမိုကောင်းမွန်လာပါတယ်။" ဆိုပြီး ဖြစ်ပါတယ်။

နောက်ပြီးတော့ သူက "အယ်လ်ကိုဟောဟာ သင့်ရဲ့မသိစိတ်ထဲကို လှုံ့ဆော်ပေးနိုင်ပြီး မတူကွဲပြားတဲ့ စိတ်ကူးသစ်၊ အကြံဉာဏ်သစ်တွေ ထွက်ပေါ်လာအောင်လည်း ကူညီပေးနိုင်ပါတယ်။" လို့လည်း ဆိုခဲ့ပါသေးတယ်။

ဒါပေမယ့် တစ်ခုသတိထားရမှာက ဒီတွေ့ရှိချက်တွေက တစ်ညတည်းနဲ့ တစ်ပုလင်းလုံးကုန်အောင်သောက်ဖို့ အကြံပြုနေတာတော့ မဟုတ်ပါဘူး။ ဘာအရာမဆို တန်ဆေး၊ လွန်ဘေး ပါပဲ။ တစ်ခါတလေ ကောင်မလေးနဲ့ ဒိတ်ဖြစ်တဲ့ညမှာ ဝိုင်လေးတစ်ခွက်တစ်လေ သောက်တာတို့၊ အလုပ်တွေရှုပ်၊ ခေါင်းတွေပူနေချိန်မှာ ဘီယာလေးတစ်ခွက်တစ်ဖလား သောက်တာတို့ကတော့ ဦးနှောက်ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ ဟာသဉာဏ်ကိုရွှင်စေမှာပါ။

Source: Reader's Digest
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top