ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ခင္ပြန္းျဖစ္သူ အလုပ္ကေန အိမ္ျပန္မလာဘူးဆိုရင္ သားျဖစ္သူကို ႀကိဳးဆြဲခ် သတ္ပစ္မယ္လို႔ ဇနီးျဖစ္သူက ၿခိမ္းေျခာက္ခဲ့တဲ့ ႐ုပ္သံဗြီဒီယိုဖိုင္ဟာ အင္တာနက္စာ မ်က္ႏွာေတြေပၚမွာ ပ်ံ႕ႏွံ့ခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ဟာ ထိုင္းနိုင္ငံ၊ လက္ခရာဘန္ခရိုင္တြင္းမွာ ျဖစ္ခဲ့တာျဖစ္ၿပီး ဇနီး ျဖစ္သူ အသက္ ၂၈ ႏွစ္အရြယ္ အမ်ိဳးသမီး နာ႐ူမြန္ ဂ်မ္ပါဆာ့တ္ဟာ သူေခၚထားတဲ့ ဖုန္းေတြကိုလည္း မေျဖခဲ့ပဲ အိမ္ျပန္မလာတဲ့ ခင္ပြန္းကို စိတ္ဆိုးေဒါသထြက္ခဲ့တာပါ။
Image result for jealous wife threatens to HANG her screaming baby son because her husband not answer phone
႐ုပ္သံဗြီဒီယိုဖိုင္ထဲမွာေတာ့ သူဟာ ကေလးကို ေျမႇာက္ခ်ီထားခဲ့ၿပီး လည္ပင္းမွာ ႀကိဳးနဲ႔ ခ်ည္ထားခဲ့ကာ “ဂ်ိဴး၊ ရွင္ျမင္တယ္ေနာ္။ ရွင္ တျခားသူေတြကို အမ်ားႀကီး ဂ႐ုစိုက္တယ္။ ဒါရွင့္ကေလးပဲ။ ဟုတ္တယ္မလား။ ဒီမွာ ႀကိဳးေနာ္။ သူ႔ကိုၾကည့္လိုက္၊ မေသ ေသးဘူးေနာ္။ ဒီေန႔ သူ႔ဆီ ျပန္မလာဘူးဆိုရင္ေတာ့ သတ္ၿပီး တေနရာရာကို ပစ္ထားလိုက္ေတာ့မယ္။ က်မ စိတ္ပင္ပန္းေနၿပီ” လို႔ ေျပာခဲ့တာကို ေတြ႕ရပါတယ္။

အဲဒီ႐ုပ္သံဗြီဒီယိုဖိုင္ကို သူ႔ရဲ့ ခင္ပြန္းျဖစ္သူက မိခင္ဆီကို တဆင့္ျပန္ပို႔ခဲ့တာပါ။ မိခင္ျဖစ္သူက ဒီ႐ုပ္သံဗြီဒီယိုဖိုင္ကို  ေဖ့စ္ဘြတ္ခ္အင္တာနက္လူမွုကြန္ရက္စာ မ်က္ႏွာေပၚမွတဆင့္မၽွေဝၿပီး အကူအညီေတာင္းခဲ့ခ်ိန္မွာ ပ်ံ႕ႏွံ့သြားခဲ့ၿပီး ရဲေတြက သူ ေနထိုင္ရာ တိုက္ခန္းဆီ သြားေရာက္ၿပီး စုံစမ္းစစ္ေဆးမွုေတြ လုပ္ေဆာင္ခဲ့ရတာပါ။

နာ႐ူမြန္က “က်မ သူ႔(ခင္ပြန္း) ဆီကို ဖုန္း အႀကိမ္ ၄၀ – ၅၀ ေလာက္ေခၚခဲ့ေပမယ့္ မကိုင္ခဲ့ဘူးေလ။ ရွင္တို႔က က်မမဟုတ္တဲ့အတြက္ က်မခံစားရတဲ့ စိတ္ဖိစီးမွုကို ဘယ္သိနိုင္မလဲ။ သူက်မဖုန္းကို မေျဖဘူး။ က်မကို စကားမေျပာဘူး” လို႔ ရဲေတြကို ေျပာလိုက္တာပါ။

ဒါေပမယ့္ သူဟာ သားငယ္ကိုေတာ့ နာက်င္ေအာင္လုပ္ဖို႔ ရည္ရြယ္ခ်က္မရွိဘူးလို႔ မ်က္ရည္လည္ရြဲနဲ႔ ေျပာခဲ့ပါတယ္။
ခင္ပြန္းျဖစ္သူဟာ သူ႔ကို လ်စ္လ်ဴရွုထားခဲ့ၿပီး တျခားအမ်ိဳးသမီးတဦးနဲ႔ ပတ္သက္မွာကို ေၾကာက္ေနခဲ့လို႔ သူက ခုလိုလုပ္ခဲ့ရတယ္လို႔ ဆိုပါတယ္။

အခ်ိန္ ၂ နာရီေလာက္ၾကာေအာင္ ရဲေတြက စစ္ေမးမွုေတြ လုပ္ခဲ့ၿပီးေနာက္မွာ ေတာ့ ဒါဟာ မိသားစုျပႆနာသာျဖစ္တယ္လို႔ ဆုံးျဖတ္ခဲ့ၾကတာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

#Unicode Version#
ခင်ပွန်းဖြစ်သူ အလုပ်ကနေ အိမ်ပြန်မလာဘူးဆိုရင် သားဖြစ်သူကို ကြိုးဆွဲချ သတ်ပစ်မယ်လို့ ဇနီးဖြစ်သူက ခြိမ်းခြောက်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာ မျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ၊ လက်ခရာဘန်ခရိုင်တွင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဇနီး ဖြစ်သူ အသက် ၂၈ နှစ်အရွယ် အမျိုးသမီး နာရူမွန် ဂျမ်ပါဆာ့တ်ဟာ သူခေါ်ထားတဲ့ ဖုန်းတွေကိုလည်း မဖြေခဲ့ပဲ အိမ်ပြန်မလာတဲ့ ခင်ပွန်းကို စိတ်ဆိုးဒေါသထွက်ခဲ့တာပါ။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူဟာ ကလေးကို မြှောက်ချီထားခဲ့ပြီး လည်ပင်းမှာ ကြိုးနဲ့ ချည်ထားခဲ့ကာ “ဂျိူး၊ ရှင်မြင်တယ်နော်။ ရှင် တခြားသူတွေကို အများကြီး ဂရုစိုက်တယ်။ ဒါရှင့်ကလေးပဲ။ ဟုတ်တယ်မလား။ ဒီမှာ ကြိုးနော်။ သူ့ကိုကြည့်လိုက်၊ မသေ သေးဘူးနော်။ ဒီနေ့ သူ့ဆီ ပြန်မလာဘူးဆိုရင်တော့ သတ်ပြီး တနေရာရာကို ပစ်ထားလိုက်တော့မယ်။ ကျမ စိတ်ပင်ပန်းနေပြီ” လို့ ပြောခဲ့တာကို တွေ့ရပါတယ်။

အဲဒီရုပ်သံဗွီဒီယိုဖိုင်ကို သူ့ရဲ့ ခင်ပွန်းဖြစ်သူက မိခင်ဆီကို တဆင့်ပြန်ပို့ခဲ့တာပါ။ မိခင်ဖြစ်သူက ဒီရုပ်သံဗွီဒီယိုဖိုင်ကို  ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာ မျက်နှာပေါ်မှတဆင့်မျှဝေပြီး အကူအညီတောင်းခဲ့ချိန်မှာ ပျံ့နှံ့သွားခဲ့ပြီး ရဲတွေက သူ နေထိုင်ရာ တိုက်ခန်းဆီ သွားရောက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ရတာပါ။

နာရူမွန်က “ကျမ သူ့(ခင်ပွန်း) ဆီကို ဖုန်း အကြိမ် ၄၀ – ၅၀ လောက်ခေါ်ခဲ့ပေမယ့် မကိုင်ခဲ့ဘူးလေ။ ရှင်တို့က ကျမမဟုတ်တဲ့အတွက် ကျမခံစားရတဲ့ စိတ်ဖိစီးမှုကို ဘယ်သိနိုင်မလဲ။ သူကျမဖုန်းကို မဖြေဘူး။ ကျမကို စကားမပြောဘူး” လို့ ရဲတွေကို ပြောလိုက်တာပါ။

ဒါပေမယ့် သူဟာ သားငယ်ကိုတော့ နာကျင်အောင်လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ မျက်ရည်လည်ရွဲနဲ့ ပြောခဲ့ပါတယ်။
ခင်ပွန်းဖြစ်သူဟာ သူ့ကို လျစ်လျူရှုထားခဲ့ပြီး တခြားအမျိုးသမီးတဦးနဲ့ ပတ်သက်မှာကို ကြောက်နေခဲ့လို့ သူက ခုလိုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

အချိန် ၂ နာရီလောက်ကြာအောင် ရဲတွေက စစ်မေးမှုတွေ လုပ်ခဲ့ပြီးနောက်မှာ တော့ ဒါဟာ မိသားစုပြဿနာသာဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ကြတာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top