ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

သမိုင္းတစ္ေလွ်ာက္လံုးမွာ ေစ်းအႀကီးဆံုး မဂၤလာပြဲ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရာစုႏွစ္တစ္ခုၾကာ ေမ့မရဖြယ္ ျဖစ္ေလာက္ေစခဲ့တဲ့ လက္ထပ္ မဂၤလာပြဲကေတာ့ ၁၉၈၁ ခုႏွစ္က က်င္းပခဲ့တဲ့ ခ်ားလ္မင္းသားနဲ႔ ဒိုင္ယာနာတို႔ရဲ႕ ပြဲျဖစ္ပါတယ္။ ဒီမဂၤလာပြဲကို လန္ဒန္ၿမိဳ႕က စိန္႔ေပါလ္ဘုရားေက်ာင္းမွာ က်င္းပခဲ့ပါတယ္။


ဒိ္ုင္ယာနာဝတ္တဲ့ မဂၤလာဝတ္စံုဟာ ေဒၚလာ ၁၃၀၀၀ ဝန္းက်င္ရွိပါတယ္။ အဓိကျဖစ္တဲ့ မဂၤလာကိတ္ အပါအဝင္ စုစုေပါင္း ကိတ္အလံုးေရ ၂၈ ခုအတြက္ ၁၄ ပတ္ၾကာ ျပင္ဆင္ခဲ့ရၿပီး အျခားအရံကိတ္မ်ားလည္း ပါဝင္ပါတယ္။ သတို႔သား သတို႔သမီးအတြက္ အထူးလံုျခံဳေရးအျပင္ မ်ားျပားလွတဲ့လူထုကို ထိန္းခ်ဳပ္ဖို႔အတြက္ လံုျခံဳေရးကို အမ်ားဆံုး သံုးထားတာျဖစ္ၿပီး ေဒၚလာ ၆၀၀,၀၀၀ ဝန္းက်င္ေလာက္ ကုန္က်ပါတယ္။
မဂၤလာပြဲကို လာေရာက္ၾကည့္ရႈသူ ၂ သန္းေလာက္ရွိၿပီး တီဗီဖန္သားျပင္ေပၚမွ ၾကည့္ရႈသူ သန္း ၇၅၀ ေလာက္ရွိပါတယ္။ စုစုေပါင္းကုန္က်ေငြကို တြက္ၾကည့္မယ္ဆိုရင္ ၁၉၈၁ တုန္းက ေဒၚလာ ၄၈ သန္းက်တဲ့ ပမာဏဟာ ခုခ်ိန္တန္ဖိုးအရဆိုရင္ ေဒၚလာ သန္း ၁၁၀ ဝန္းက်င္ရွိပါတယ္လို႔ Business Insider ကေဖာ္ျပထားပါတယ္။ ကံမေကာင္းစြာပဲ သူတို႔ရဲ႕ မဂၤလာသက္တမ္းက ၁၅ ႏွစ္သာၾကာခဲ့ၿပီး ကြာရွင္းၿပီး တစ္ႏွစ္ၾကာမွာ ဒိုင္ယာနာဟာ ယာဥ္တိုက္မႈနဲ႔ အသက္ဆံုးရႈံးခဲ့ပါတယ္။

မင္းသား ဝီလ်ံနဲ႔ ကိတ္မင္ဒယ္တန္တို႔ရဲ႕ မဂၤလာပြဲကေတာ့ ေဒၚလာ ၃၄ သန္းကုန္က်ၿပီး တတိယအမ်ားဆံုး ျဖစ္ပါတယ္။ မန္ယူကစားသမားေဟာင္း ဝိန္ရြန္းနီရဲ႕ မဂၤလာပြဲကေတာ့ စတုတၳအမ်ားဆံုး ေနရာမွာရွိၿပီး ေဒၚလာ ၈ သန္းကုန္က်ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Thinkayta team

#Unicode Version#
သမိုင်းတစ်လျှောက်လုံးမှာ ဈေးအကြီးဆုံး မင်္ဂလာပွဲ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရာစုနှစ်တစ်ခုကြာ မေ့မရဖွယ် ဖြစ်လောက်စေခဲ့တဲ့ လက်ထပ် မင်္ဂလာပွဲကတော့ ၁၉၈၁ ခုနှစ်က ကျင်းပခဲ့တဲ့ ချားလ်မင်းသားနဲ့ ဒိုင်ယာနာတို့ရဲ့ ပွဲဖြစ်ပါတယ်။ ဒီမင်္ဂလာပွဲကို လန်ဒန်မြို့က စိန့်ပေါလ်ဘုရားကျောင်းမှာ ကျင်းပခဲ့ပါတယ်။


ဒိုင်ယာနာဝတ်တဲ့ မင်္ဂလာဝတ်စုံဟာ ဒေါ်လာ ၁၃၀၀၀ ဝန်းကျင်ရှိပါတယ်။ အဓိကဖြစ်တဲ့ မင်္ဂလာကိတ် အပါအဝင် စုစုပေါင်း ကိတ်အလုံးရေ ၂၈ ခုအတွက် ၁၄ ပတ်ကြာ ပြင်ဆင်ခဲ့ရပြီး အခြားအရံကိတ်များလည်း ပါဝင်ပါတယ်။ သတို့သား သတို့သမီးအတွက် အထူးလုံခြုံရေးအပြင် များပြားလှတဲ့လူထုကို ထိန်းချုပ်ဖို့အတွက် လုံခြုံရေးကို အများဆုံး သုံးထားတာဖြစ်ပြီး ဒေါ်လာ ၆၀၀,၀၀၀ ဝန်းကျင်လောက် ကုန်ကျပါတယ်။
မင်္ဂလာပွဲကို လာရောက်ကြည့်ရှုသူ ၂ သန်းလောက်ရှိပြီး တီဗီဖန်သားပြင်ပေါ်မှ ကြည့်ရှုသူ သန်း ၇၅၀ လောက်ရှိပါတယ်။ စုစုပေါင်းကုန်ကျငွေကို တွက်ကြည့်မယ်ဆိုရင် ၁၉၈၁ တုန်းက ဒေါ်လာ ၄၈ သန်းကျတဲ့ ပမာဏဟာ ခုချိန်တန်ဖိုးအရဆိုရင် ဒေါ်လာ သန်း ၁၁၀ ဝန်းကျင်ရှိပါတယ်လို့ Business Insider ကဖော်ပြထားပါတယ်။ ကံမကောင်းစွာပဲ သူတို့ရဲ့ မင်္ဂလာသက်တမ်းက ၁၅ နှစ်သာကြာခဲ့ပြီး ကွာရှင်းပြီး တစ်နှစ်ကြာမှာ ဒိုင်ယာနာဟာ ယာဉ်တိုက်မှုနဲ့ အသက်ဆုံးရှုံးခဲ့ပါတယ်။

မင်းသား ဝီလျံနဲ့ ကိတ်မင်ဒယ်တန်တို့ရဲ့ မင်္ဂလာပွဲကတော့ ဒေါ်လာ ၃၄ သန်းကုန်ကျပြီး တတိယအများဆုံး ဖြစ်ပါတယ်။ မန်ယူကစားသမားဟောင်း ဝိန်ရွန်းနီရဲ့ မင်္ဂလာပွဲကတော့ စတုတ္ထအများဆုံး နေရာမှာရှိပြီး ဒေါ်လာ ၈ သန်းကုန်ကျပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  Thinkayta team
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top