Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

က်ိဳက္ထီးရိုး ဘုရား

က်ိဳက္ထီးရို ရင္ျပင္ေတာ္ကေနျပီး အေနာက္ဘက္သို႔ ေမၽွာ္ၾကည့္ရင္ စစ္ေတာင္းျမစ္ကို ေက်ာ္လြန္ျပီး ပဲခူးေရႊေမာ္ေဓာ ေစတီေတာ္ကို ဖူးျမင္နိုင္ပါတယ္။

– က်ိဳက္ထီးရိုးေစတီေတာ္သို႔ တက္ရန္ လမ္း ၂သြယ္ ရွိပါတယ္။

(၁) စစ္ေတာင္းရြာမွ တက္ရေသာ လမ္းျဖစ္ျပီး

(၂) မွာ က်ိဳက္ထိုၿမိဳ႕က ေမာ္ေတာ္ကားနဲ႔ ၉မိုင္ခန႔္ ေဝးတဲ့ ကင္မြန္းစခန္းမွ တက္ရတဲ့ လမ္းပါ။ (ဒုတိယလမ္းမွာ ယေန႔ေခတ္ ဘုရားဖူးမ်ား အသုံးျပဳေသာ လမ္းျဖစ္ပါတယ္။)

– ဘုရားကုိ တက္ရာလမ္းတစ္ေလ်ာက္မွာ ေရေျမာင္ေလး၊ ေရႊရင္ဆို႔၊ ကင္ႁပြမ္းပင္၊ ေရေျမာင္ႀကီး၊ ဘိုးျပန္ေတာင္၊ စိုင္တစ္ေမာ့အစရွိတဲ့ စခန္းေတြရွိပါတယ္။

– ဘုရားဖူးေတြဟာ က်ိဳက္ထီးရိုးဘုရားကေန တစ္ဆင့္ မုဆိုးဘုရား၊ ဖားဘုရား၊ ငါးဘုရား၊ နဂါးဘုရားမ်ားကို ျဖတ္ျပီး ေလးမိုင္ေလာက္ ေဝးတဲ့ ေက်ာက္ထပ္ႀကီးဘုရားေတြကုိလည္း သြားေရာက္ဖူးေျမႇာ္ ဆုေတာင္ေလ့ရွိၾကပါတယ္။

ေစတီေတာ္ တည္ထားပုံ

– က်ိဳက္ထိုၿမိဳ႕နယ္ရွိ က်ိဳက္ထီးရိုးေစတီေတာ္သည္ အေရွ႕ရိုးမေတာင္တန္း အပါအဝင္ျဖစ္ေသာ ေပါင္းေလာင္းေတာင္ေပၚတြင္ တည္ရွိ၍ျမန္မာနိုင္ငံတြင္ တန္ခိုးႀကီးေသာ ေစတီတစ္ဆူျဖစ္ပါတယ္။

– က်ိဳက္ထီးရိုးေစတီကို အစြဲျပဳ၍ ေစတီေတာ္တီရွိရာေတာင္ကို က်ိဳက္ထီးရိုးေတာင္ဟုေခၚပါတယ္။

– က်ိဳက္ထီးရိုးေစတီ တည္ရွိရာေတာင္ထြက္မွာ ပင္လယ္ျပင္ေရအျမင့္ေပ ၃၆၀၀ ခန႔္ျမင့္ပါတယ္။

– ႀကီးမားျပီး မတ္ေစာက္တဲ့ ေက်ာက္ေဆာင္တစ္ခုရဲ႕ အစြန္းမွာ လုံးပတ္ေပ ၅၀ ခန႔္ရွိတဲ့ ဦးေခါင္းပုံသဏၭာန္ ေက်ာက္လုံးႀကီးတစ္ခု က ျပဳတ္လုလု၊ ျပတ္လုလု အေနအထား မွာ အဲဒီ က်ာက္တုံးႀကီးေပၚမွာ ဉာဏ္ေတာ္ ၁ ေပခန႔္ ျမင့္တဲ့ ေစတီေတာ္ တည္ထားတာပါ။

– က်ိဳက္ထီးရိုးဘုရားသမိုင္းမွာ မူအမ်ိဳးမ်ိဳး ကြဲလ်က္ရွိပါတယ္။
.
ခပ္ၾကြားၾကြားေလး ေျပာရမယ္ဆုိရင္ေတာ့ ဒါဟာ ကမာၻမွာ ျမန္မာေဟ့လုိ႔ သိေစတဲ့ ခင္ဗ်ားတုိ႔ ၊ ကၽြန္ေတာ္တုိ႔ ရဲ႕ အေမြအႏွစ္ပါပဲ ..။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyMedia

#Unicode Version#
ကျိုက်ထီးရိုး ဘုရား

ကျိုက်ထီးရို ရင်ပြင်တော်ကနေပြီး အနောက်ဘက်သို့ မျှော်ကြည့်ရင် စစ်တောင်းမြစ်ကို ကျော်လွန်ပြီး ပဲခူးရွှေမော်ဓော စေတီတော်ကို ဖူးမြင်နိုင်ပါတယ်။

– ကျိုက်ထီးရိုးစေတီတော်သို့ တက်ရန် လမ်း ၂သွယ် ရှိပါတယ်။

(၁) စစ်တောင်းရွာမှ တက်ရသော လမ်းဖြစ်ပြီး

(၂) မှာ ကျိုက်ထိုမြို့က မော်တော်ကားနဲ့ ၉မိုင်ခန့် ဝေးတဲ့ ကင်မွန်းစခန်းမှ တက်ရတဲ့ လမ်းပါ။ (ဒုတိယလမ်းမှာ ယနေ့ခေတ် ဘုရားဖူးများ အသုံးပြုသော လမ်းဖြစ်ပါတယ်။)

– ဘုရားကို တက်ရာလမ်းတစ်လျောက်မှာ ရေမြောင်လေး၊ ရွှေရင်ဆို့၊ ကင်ပြွမ်းပင်၊ ရေမြောင်ကြီး၊ ဘိုးပြန်တောင်၊ စိုင်တစ်မော့အစရှိတဲ့ စခန်းတွေရှိပါတယ်။

– ဘုရားဖူးတွေဟာ ကျိုက်ထီးရိုးဘုရားကနေ တစ်ဆင့် မုဆိုးဘုရား၊ ဖားဘုရား၊ ငါးဘုရား၊ နဂါးဘုရားများကို ဖြတ်ပြီး လေးမိုင်လောက် ဝေးတဲ့ ကျောက်ထပ်ကြီးဘုရားတွေကိုလည်း သွားရောက်ဖူးမြှော် ဆုတောင်လေ့ရှိကြပါတယ်။

စေတီတော် တည်ထားပုံ

– ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သည် အရှေ့ရိုးမတောင်တန်း အပါအဝင်ဖြစ်သော ပေါင်းလောင်းတောင်ပေါ်တွင် တည်ရှိ၍မြန်မာနိုင်ငံတွင် တန်ခိုးကြီးသော စေတီတစ်ဆူဖြစ်ပါတယ်။

– ကျိုက်ထီးရိုးစေတီကို အစွဲပြု၍ စေတီတော်တီရှိရာတောင်ကို ကျိုက်ထီးရိုးတောင်ဟုခေါ်ပါတယ်။

– ကျိုက်ထီးရိုးစေတီ တည်ရှိရာတောင်ထွက်မှာ ပင်လယ်ပြင်ရေအမြင့်ပေ ၃၆၀၀ ခန့်မြင့်ပါတယ်။

– ကြီးမားပြီး မတ်စောက်တဲ့ ကျောက်ဆောင်တစ်ခုရဲ့ အစွန်းမှာ လုံးပတ်ပေ ၅၀ ခန့်ရှိတဲ့ ဦးခေါင်းပုံသဏ္ဌာန် ကျောက်လုံးကြီးတစ်ခု က ပြုတ်လုလု၊ ပြတ်လုလု အနေအထား မှာ အဲဒီ ကျာက်တုံးကြီးပေါ်မှာ ဉာဏ်တော် ၁ ပေခန့် မြင့်တဲ့ စေတီတော် တည်ထားတာပါ။

– ကျိုက်ထီးရိုးဘုရားသမိုင်းမှာ မူအမျိုးမျိုး ကွဲလျက်ရှိပါတယ်။
.
ခပ်ကြွားကြွားလေး ပြောရမယ်ဆိုရင်တော့ ဒါဟာ ကမ္ဘာမှာ မြန်မာဟေ့လို့ သိစေတဲ့ ခင်ဗျားတို့ ၊ ကျွန်တော်တို့ ရဲ့ အမွေအနှစ်ပါပဲ ..။

ဖိုးသူတော် (www.phothutaw.com)
Credit: MyMedia


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top