လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ကိုယ္ကလည္း ၿပိဳင္ပြဲဝင္ဘဝက လာတာမို႔လို႔ အမ်ားႀကီးႀကိဳးစားခဲ့ရတယ္။ အခုေနာက္တက္တဲ့ တက္သစ္စ အဆိုေတာ္ေလးေတြကို အႀကံဉာဏ္ေပးရမယ္ဆိုရင္ အခြင့္အလမ္းေတြအရမ္းမ်ားၿပီး ၿပိဳင္ပြဲေတြမ်ားတဲ့အတြက္ ကိုယ္ပိုင္သံစဥ္ဖန္တီးမႈ ရွိမွသာ အႏုပညာဂီတခရီးလမ္းမွာ ေနရာတစ္ခုရႏိုင္တယ္လို႔ ဆိုၿပီး ကိုယ့္ကိုယ္ ကိုလည္း ေအာင္ျမင္တယ္လို႔ မခံယူေသးဘူးဆိုတဲ့ အဆိုေတာ္ ဝိုင္းေလးနဲ႔ ေတြ႕ဆုံေမးျမန္းခဲ့ပါတယ္။

ေမး – လတ္တေလာအႏုပညာလႈပ္ရွားမႈေလးကိုေျပာျပေပးပါအုံး။

ေျဖ – အခု ဝိုင္းက တစ္ကိုယ္ေတာ္အေခြထြက္ဖို႔လုပ္ေနတယ္ ။ ဒုတိယေျမာက္ေပ့ါ ။ ဒီစက္တင္ဘာလထဲမွာ အမ်ိဳးသမီးေလးေယာက္ ႐ိုမက္စ္တစ္ ေအာ္ပရာဆိုၿပီး အမ်ိဳးသမီးေလးေယာက္ ပြဲမွာဆိုဖို႔ရွိတယ္ ။ ရႈိးပြဲလုပ္ဖို႔ ေတာ့ရွိတယ္။ အိမ္မက္စုံရာ ကေန Dream True Come True ဆိုၿပီးေတာ့ လုပ္ဖို႔ရွိတယ္။ အခု H1N1 ေရာဂါ ေၾကာင့္ ရက္ကိုေ႐ြ႕ထားတယ္။ ေၾကာျငာနည္းနည္းပါးပါး႐ိုက္ျဖစ္တယ္။ MTV လည္း႐ိုက္ျဖစ္တယ္ ။

ေမး – အဆိုပိုင္းကေန သ႐ုပ္ေဆာင္ပိုင္းကို ဆက္လက္လုပ္ေဆာင္သြားဖို႔ေရာရွိလား။

ေျဖ – အဲ့လိုမ်ိဳးေတာ့ ေျပာင္းသြားဖို႔ မရွိပါဘူး။ MTV ႐ိုက္ျဖစ္တယ္ဆိုတာကလည္း ကိုၿဖိဳးျပည့္စုံရဲ႕ တစ္ကိုယ္ေတာ္ အေခြထဲမွာ သ႐ုပ္ေဆာင္ျဖစ္သြားတာပါ။ ေၾကာ္ျငာကလည္း YBS ကားသစ္ေတြ စသြင္းေတာ့ ဖိုတို ေလးေတြ ႐ိုက္ျဖစ္သြားတာပါ။ အဆိုကေန သ႐ုပ္ေဆာင္ပိုင္းဘက္ကို အားစိုက္လုပ္တာမ်ိဳးေတာ့မလုပ္ပါဘူး။ အဆိုပိုင္းကိုပဲ ဒီဆိုက္မတ္မတ္လုပ္သြားမွာပါ။

ေမး – ဒုတိယေျမာက္တစ္ကိုယ္ေတာ္အေခြရဲ႕ အေျခအေနေလးလဲ ေျပာျပေပးပါအုံး။

ေျဖ – အခုအေခြမွာ ထူးျခားတာက အသည္းကြဲသီခ်င္းေလးေတြသိပ္မပါဘူး။ ေပ်ာ္ၿပီးၾကည္ႏူးဖို႔ေကာင္းတဲ့ သီခ်င္း ေလးေတြမ်ားတယ္။ အေခြကိုေတာ့ ၂၀၁၇ ႏွစ္ကုန္ ၂၀၁၈ ႏွစ္ဆန္းပိုင္းေလာက္ေတာ့ ထြက္ဖို႔ေမွ်ာ္မွန္းထားတယ္။ အခုအေနအထားအရဆိုရင္ေတာ့ သီခ်င္း ၈ပုဒ္ေလာက္ေတာ့ရၿပီ။

ေမး – တက္သစ္စၿပိဳင္ပြဲဝင္အဆိုေတာ္ေလးေတြအတြက္ အႀကံဉာဏ္ေလးေျပာေပးပါအုံး။
ေျဖ – ဂီတကို ဝါသနာပါတဲ့ သူေတြအေနနဲ႔ အႏုပညာဝမ္းစာျပည့္ဖို႔လိုပါတယ္။ အခုၿပိဳင္ပြဲေတြကလည္း အမ်ားႀကီး ဝိုင္းကိုယ္တိုင္ကလဲၿပိဳင္ပြဲကေနလာတဲ့အတြက္ အမ်ားႀကီးႀကိဳးစားခဲ့ရတယ္။ ပရိသတ္ရဲ႕အျမင္ကိုေျပာင္းခဲ့ရတယ္။ ၿပိဳင္ပြဲဝင္သူတစ္ေယာက္ထက္ ပေရာဖက္ရွင္နယ္လို႔ ျမင္ဖို႔ ႀကိဳးစားခဲ့ရတယ္။ ကိုယ္ပိုင္သံစဥ္ေတြလဲ ဖန္တီးခဲ့ရ တယ္။ ၿပိဳင္ပြဲမွာၿပိဳင္ၿပီးရပ္မေနဘဲ ဆက္ႀကိဳးစားမွသာ ေနရာတစ္ခုရလာႏိုင္မွာပါ။

ေမး – ကိုယ့္အႏုပညာအေပၚ အားရေက်နပ္မႈ ရွိရဲ႕လား။

ေျဖ – အႏုပညာခရီးလမ္းမွာ အစျပဳတဲ့သေဘာလို႔ျမင္တယ္ ။ ဂီတသက္တမ္းအၾကာႀကီး မဖ်တ္သန္းရဘဲ သုံးႏွစ္ အတြင္းပရိသတ္လက္ခံလာတယ္ဆိုေတာ့ ဆက္ႀကိဳးစားဖို႔ အားရွိလာတယ္လို႔ေျပာရမယ္။ ကိုယ့္ကိုယ္ကို ေအာင္ ျမင္တယ္လို႔ေတာ့ မခံယူေသးပါဘူး။ အႏုပညာခရီးလမ္းကို ပရိသတ္ရွိေနသ၍ လုပ္သြားမယ္ ။ အႏုပညာအလုပ္ ဆိုတာ ပရိသတ္ မေတာင္းဆိုရင္ စင္ေပၚတက္လို႔မရဘူး။ ကံဉာဏ္ႀကီးတဲ့ အလုပ္ျဖစ္တဲ့အတြက္ ႀကိဳးစားသြားမွာပါ။

ေမး – ဖက္ရွင္နဲ႔ပတ္သက္ၿပီးလဲ အနည္းငယ္ေျပာျပေပးပါအုံး။

ေျဖ – အခုေခတ္ကိုက ဖက္ရွင္ကိုေလးစားတဲ့အပိုင္းေရာက္ေနတယ္။ အႏုပညာရွင္ျဖစ္တဲ့အတြက္ ပိုဂ႐ုစိုက္ရတယ္။ အခုေနာက္ပိုင္းပြဲတက္ဝတ္စုံေတြဆိုရင္ အမလတ္ကခ်ဳပ္ေပးတယ္။ ကိုယ္ကလည္း ကိုယ္လိုခ်င္တဲ့ပုံစံကိုတိုင္ပင္ တယ္။ ေမေမကလည္း အႀကံေပးတယ္။ အဲ့ဒါေၾကာင့္မို႔ ဖက္ရွင္ပိုင္းကို ဂ႐ုစိုက္သလိုျဖစ္လာတာပါ။

ေမး – အေခြျဖန႔္ျဖဴးေရာင္းခ်တဲ့အခါ အခက္အခဲအေျခအေနေလးလဲေျပာျပပါအုံး။

ေျဖ – အခုက ခိုးကူးေခြေတြမရွိသေလာက္ျဖစ္ေနတယ္ဆိုေပမယ့္ အြန္လိုင္းမွာက အလကားလိုလိုေဒါင္းလို႔ရေတာ့ အေခြဝယ္ၿပီးနားေထာင္တဲ့သူမရွိေတာ့ဘူး။ ပရိသတ္ေတြအတြက္ အရႈံးခံၿပီး အေခြထုတ္ေနရတာပါ။ ပရိသတ္ လက္ထဲ ဘယ္လိုနည္းနဲ႔ေရာက္ေရာက္ဆိုၿပီး ထုတ္ေနတာပါ။ ပရိသတ္လက္ထဲ လြယ္လြယ္ကူကူေရာက္ေတာ့ ႐ိူးပြဲေတြသိၾကေတာ့ အရႈံးျပန္ကာမိတယ္လို႔ ေျပာရမွာေပါ့။ မိုးရာသီလဲျဖစ္ေနေတာ့ ကုမၸဏီပြဲေတြ ပ႐ိုမိုးရွင္းပြဲေတြ ေရွာပင္းစင္တာေတြမွာပဲ ဆိုျဖစ္တယ္။ ႐ုံသြင္းဆိုတာမ်ိဳးမရွိပါဘူး။ မိုးရာသီဆို သီခ်င္းေတြေရးတယ္ ။ သီခ်င္းေတြ စုျဖစ္ေနပါတယ္။

ေမး – ဝိုင္ေလးရဲ႕ အခ်စ္ေရးအေၾကာင္းလဲေျပာျပေပးပါအုံး။
ေျဖ – အခ်စ္ေရးနဲ႔ပတ္သက္ၿပီးထူးထူးျခားျခားေတာ့ မရွိေသးပါဘူး ။ လူငယ္သဘာဝေတာ့ရွိတယ္။ ကိုယ္ကို ဖိန႔္ဖိန႔္တုန္ေအာင္ ခ်စ္တဲ့သူေတာ့မေတြ႕ေသးဘူး ။ ကိုယ္လိုခ်င္တဲ့ခ်စ္သူပုံစံက ကိုယ့္ကို စိတ္ခ်မ္းသာေအာင္ ထားၿပီး မိသားစုနဲ႔သဟဇာတ ျဖစ္ရမယ္။ အလုပ္ကို နားလည္မႈအျပည့္ေပးႏိုင္တဲ့သူမ်ိဳးလိုခ်င္တယ္။

ဟုတ္ကဲ့ပါ ။ အခုလို ျပည့္ျပည့္စံုစံု ေျဖၾကားေပးတဲ့ အဆိုေတာ္ဝိုင္းေလးကိုလည္း ေရႊအငး္ေလးမွ အထူးပဲ ေက်းဇူးတင္ရွိပါတယ္ ။ ဝိုင္းေလးကို အားေပးၾကတဲ့ ပရိသတ္ေတြလည္း ေက်နပ္အားရလိမ့္မယ္လို႔ ယံုၾကည္ပါတယ္ေနာ္….

ဖိုးသူေတာ္ (www.phothutaw.com)
Credit: YM(ေရႊအင္းေလး)

#Unicode Version#
ကိုယ်ကလည်း ပြိုင်ပွဲဝင်ဘဝက လာတာမို့လို့ အများကြီးကြိုးစားခဲ့ရတယ်။ အခုနောက်တက်တဲ့ တက်သစ်စ အဆိုတော်လေးတွေကို အကြံဉာဏ်ပေးရမယ်ဆိုရင် အခွင့်အလမ်းတွေအရမ်းများပြီး ပြိုင်ပွဲတွေများတဲ့အတွက် ကိုယ်ပိုင်သံစဉ်ဖန်တီးမှု ရှိမှသာ အနုပညာဂီတခရီးလမ်းမှာ နေရာတစ်ခုရနိုင်တယ်လို့ ဆိုပြီး ကိုယ့်ကိုယ် ကိုလည်း အောင်မြင်တယ်လို့ မခံယူသေးဘူးဆိုတဲ့ အဆိုတော် ဝိုင်းလေးနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး – လတ်တလောအနုပညာလှုပ်ရှားမှုလေးကိုပြောပြပေးပါအုံး။

ဖြေ – အခု ဝိုင်းက တစ်ကိုယ်တော်အခွေထွက်ဖို့လုပ်နေတယ် ။ ဒုတိယမြောက်ပေ့ါ ။ ဒီစက်တင်ဘာလထဲမှာ အမျိုးသမီးလေးယောက် ရိုမက်စ်တစ် အော်ပရာဆိုပြီး အမျိုးသမီးလေးယောက် ပွဲမှာဆိုဖို့ရှိတယ် ။ ရှိုးပွဲလုပ်ဖို့ တော့ရှိတယ်။ အိမ်မက်စုံရာ ကနေ Dream True Come True ဆိုပြီးတော့ လုပ်ဖို့ရှိတယ်။ အခု H1N1 ရောဂါ ကြောင့် ရက်ကိုရွေ့ထားတယ်။ ကြောငြာနည်းနည်းပါးပါးရိုက်ဖြစ်တယ်။ MTV လည်းရိုက်ဖြစ်တယ် ။

မေး – အဆိုပိုင်းကနေ သရုပ်ဆောင်ပိုင်းကို ဆက်လက်လုပ်ဆောင်သွားဖို့ရောရှိလား။

ဖြေ – အဲ့လိုမျိုးတော့ ပြောင်းသွားဖို့ မရှိပါဘူး။ MTV ရိုက်ဖြစ်တယ်ဆိုတာကလည်း ကိုဖြိုးပြည့်စုံရဲ့ တစ်ကိုယ်တော် အခွေထဲမှာ သရုပ်ဆောင်ဖြစ်သွားတာပါ။ ကြော်ငြာကလည်း YBS ကားသစ်တွေ စသွင်းတော့ ဖိုတို လေးတွေ ရိုက်ဖြစ်သွားတာပါ။ အဆိုကနေ သရုပ်ဆောင်ပိုင်းဘက်ကို အားစိုက်လုပ်တာမျိုးတော့မလုပ်ပါဘူး။ အဆိုပိုင်းကိုပဲ ဒီဆိုက်မတ်မတ်လုပ်သွားမှာပါ။

မေး – ဒုတိယမြောက်တစ်ကိုယ်တော်အခွေရဲ့ အခြေအနေလေးလဲ ပြောပြပေးပါအုံး။

ဖြေ – အခုအခွေမှာ ထူးခြားတာက အသည်းကွဲသီချင်းလေးတွေသိပ်မပါဘူး။ ပျော်ပြီးကြည်နူးဖို့ကောင်းတဲ့ သီချင်း လေးတွေများတယ်။ အခွေကိုတော့ ၂၀၁၇ နှစ်ကုန် ၂၀၁၈ နှစ်ဆန်းပိုင်းလောက်တော့ ထွက်ဖို့မျှော်မှန်းထားတယ်။ အခုအနေအထားအရဆိုရင်တော့ သီချင်း ၈ပုဒ်လောက်တော့ရပြီ။

မေး – တက်သစ်စပြိုင်ပွဲဝင်အဆိုတော်လေးတွေအတွက် အကြံဉာဏ်လေးပြောပေးပါအုံး။
ဖြေ – ဂီတကို ဝါသနာပါတဲ့ သူတွေအနေနဲ့ အနုပညာဝမ်းစာပြည့်ဖို့လိုပါတယ်။ အခုပြိုင်ပွဲတွေကလည်း အများကြီး ဝိုင်းကိုယ်တိုင်ကလဲပြိုင်ပွဲကနေလာတဲ့အတွက် အများကြီးကြိုးစားခဲ့ရတယ်။ ပရိသတ်ရဲ့အမြင်ကိုပြောင်းခဲ့ရတယ်။ ပြိုင်ပွဲဝင်သူတစ်ယောက်ထက် ပရောဖက်ရှင်နယ်လို့ မြင်ဖို့ ကြိုးစားခဲ့ရတယ်။ ကိုယ်ပိုင်သံစဉ်တွေလဲ ဖန်တီးခဲ့ရ တယ်။ ပြိုင်ပွဲမှာပြိုင်ပြီးရပ်မနေဘဲ ဆက်ကြိုးစားမှသာ နေရာတစ်ခုရလာနိုင်မှာပါ။

မေး – ကိုယ့်အနုပညာအပေါ် အားရကျေနပ်မှု ရှိရဲ့လား။

ဖြေ – အနုပညာခရီးလမ်းမှာ အစပြုတဲ့သဘောလို့မြင်တယ် ။ ဂီတသက်တမ်းအကြာကြီး မဖျတ်သန်းရဘဲ သုံးနှစ် အတွင်းပရိသတ်လက်ခံလာတယ်ဆိုတော့ ဆက်ကြိုးစားဖို့ အားရှိလာတယ်လို့ပြောရမယ်။ ကိုယ့်ကိုယ်ကို အောင် မြင်တယ်လို့တော့ မခံယူသေးပါဘူး။ အနုပညာခရီးလမ်းကို ပရိသတ်ရှိနေသ၍ လုပ်သွားမယ် ။ အနုပညာအလုပ် ဆိုတာ ပရိသတ် မတောင်းဆိုရင် စင်ပေါ်တက်လို့မရဘူး။ ကံဉာဏ်ကြီးတဲ့ အလုပ်ဖြစ်တဲ့အတွက် ကြိုးစားသွားမှာပါ။

မေး – ဖက်ရှင်နဲ့ပတ်သက်ပြီးလဲ အနည်းငယ်ပြောပြပေးပါအုံး။

ဖြေ – အခုခေတ်ကိုက ဖက်ရှင်ကိုလေးစားတဲ့အပိုင်းရောက်နေတယ်။ အနုပညာရှင်ဖြစ်တဲ့အတွက် ပိုဂရုစိုက်ရတယ်။ အခုနောက်ပိုင်းပွဲတက်ဝတ်စုံတွေဆိုရင် အမလတ်ကချုပ်ပေးတယ်။ ကိုယ်ကလည်း ကိုယ်လိုချင်တဲ့ပုံစံကိုတိုင်ပင် တယ်။ မေမေကလည်း အကြံပေးတယ်။ အဲ့ဒါကြောင့်မို့ ဖက်ရှင်ပိုင်းကို ဂရုစိုက်သလိုဖြစ်လာတာပါ။

မေး – အခွေဖြန့်ဖြူးရောင်းချတဲ့အခါ အခက်အခဲအခြေအနေလေးလဲပြောပြပါအုံး။

ဖြေ – အခုက ခိုးကူးခွေတွေမရှိသလောက်ဖြစ်နေတယ်ဆိုပေမယ့် အွန်လိုင်းမှာက အလကားလိုလိုဒေါင်းလို့ရတော့ အခွေဝယ်ပြီးနားထောင်တဲ့သူမရှိတော့ဘူး။ ပရိသတ်တွေအတွက် အရှုံးခံပြီး အခွေထုတ်နေရတာပါ။ ပရိသတ် လက်ထဲ ဘယ်လိုနည်းနဲ့ရောက်ရောက်ဆိုပြီး ထုတ်နေတာပါ။ ပရိသတ်လက်ထဲ လွယ်လွယ်ကူကူရောက်တော့ ရိူးပွဲတွေသိကြတော့ အရှုံးပြန်ကာမိတယ်လို့ ပြောရမှာပေါ့။ မိုးရာသီလဲဖြစ်နေတော့ ကုမ္ပဏီပွဲတွေ ပရိုမိုးရှင်းပွဲတွေ ရှောပင်းစင်တာတွေမှာပဲ ဆိုဖြစ်တယ်။ ရုံသွင်းဆိုတာမျိုးမရှိပါဘူး။ မိုးရာသီဆို သီချင်းတွေရေးတယ် ။ သီချင်းတွေ စုဖြစ်နေပါတယ်။

မေး – ဝိုင်လေးရဲ့ အချစ်ရေးအကြောင်းလဲပြောပြပေးပါအုံး။
ဖြေ – အချစ်ရေးနဲ့ပတ်သက်ပြီးထူးထူးခြားခြားတော့ မရှိသေးပါဘူး ။ လူငယ်သဘာဝတော့ရှိတယ်။ ကိုယ်ကို ဖိန့်ဖိန့်တုန်အောင် ချစ်တဲ့သူတော့မတွေ့သေးဘူး ။ ကိုယ်လိုချင်တဲ့ချစ်သူပုံစံက ကိုယ့်ကို စိတ်ချမ်းသာအောင် ထားပြီး မိသားစုနဲ့သဟဇာတ ဖြစ်ရမယ်။ အလုပ်ကို နားလည်မှုအပြည့်ပေးနိုင်တဲ့သူမျိုးလိုချင်တယ်။

ဟုတ်ကဲ့ပါ ။ အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့ အဆိုတော်ဝိုင်းလေးကိုလည်း ရွှေအင်းလေးမှ အထူးပဲ ကျေးဇူးတင်ရှိပါတယ် ။ ဝိုင်းလေးကို အားပေးကြတဲ့ ပရိသတ်တွေလည်း ကျေနပ်အားရလိမ့်မယ်လို့ ယုံကြည်ပါတယ်နော်….

ဖိုးသူတော် (www.phothutaw.com)
Credit: YM(ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top