ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

သဘာဝတရားအတိုင္း ရွင္သန္ သြားလာေနၾကတဲ့ က်ေနာ္တို႔အတြက္ က်န္းမာျခင္းဟာ အေကာင္းဆုံးနဲ႔ တန္ဖိုးအႀကီးဆုံး အရာတခုပါ။

ဒီလို သဘာဝထဲမွာလည္း လိင္စိတ္၊ အိပ္လိုစိတ္၊ စားလိုစိတ္၊ ရွင္သန္လိုစိတ္ေတြက ပါဝင္ၿပီးျဖစ္လို႔ ဘယ္အရာမွ အျပစ္လို႔ ေတာ့ ဆိုလို႔မရပါဘူး။

အရွက္တရားအေနနဲ႔ သတ္မွတ္ရင္သာ လိင္ဆႏၵဟာ ပြင့္လင္းဖို႔ မသင့္တဲ့အရာ ျဖစ္ေပမယ့္ သဘာဝတရားျဖစ္လို႔ လိင္မႈေရး ရာ မခံစားဘဲ သဘာဝကို လြန္ဆန္တဲ့ပုံစံနဲ႔ ေနဖို႔ မသင့္ပါဘူး။

အခုေျပာမွာကေတာ့ လိင္ဆက္ဆံမႈ မရွိေတာ့ဘူးဆိုရင္ ျဖစ္လာမယ့္ ေနာက္ဆက္တြဲအက်ိဳးဆက္ေတြ ျဖစ္ပါတယ္။ အ ေၾကာင္းေၾကာင္းေၾကာင့္ က်ား၊ မ မေ႐ြး မဆက္ဆံျဖစ္တာ၊ မဆက္ဆံႏိုင္ေတာ့ေတြ ရွိပါတယ္။ ဒါဆို ဘာေတြ ျဖစ္လာ ႏိုင္ပါသလဲ။

 Image result for depression to bed couples
(၁) မၾကာခဏ ဖ်ားနာႏိုင္ပါတယ္

အခ်ိန္ၾကာ လိင္ဆက္ဆံမႈ မရွိေတာ့ရင္ သင့္ခႏၶာကိုယ္ရဲ႕လႈံ႕ေဆာ္စနစ္ အားနည္းလာပါတယ္။ အလုပ္ပင္ပန္းမႈနဲ႔အတူ တုပ္ ေကြးလို ကူးစက္ေရာဂါေတြကို ျပန္လည္ ခုခံႏိုင္မႈ အားနည္းလာၿပီး မၾကာခဏ ဖ်ားနာႏိုင္ပါတယ္။

(၂) စိတ္ဖိစီးမႈ ပိုခံစားရမယ္

လိင္ဆက္ဆံမႈဟာ စိတ္ဖိစီးမႈ ေလ်ာ့က်ေစတဲ့အေကာင္းဆုံးအရာပါ။ ပုံမွန္ လိင္ဆက္ဆံမႈ ရွိျခင္းက ေဟာ္မုန္းထုတ္လႊတ္မႈ လည္း မွန္ကန္ေစၿပီး စိတ္ဖိစီးမႈ ေလ်ာ့နည္းေစပါတယ္။ လိင္ဆက္ဆံမႈ မရွိရင္ေတာ့ ပိုၿပီး စိတ္ဖိစီးမႈဒဏ္ ခံရႏိုင္ပါတယ္။

(၃) အိပ္မေပ်ာ္ျခင္း ျဖစ္ေစႏိုင္တယ္

သင့္အေနနဲ႔ ယုံၾကည္ဖို႔ ခက္ခ်င္ေပမယ့္ တကယ္ေတာ့ လိင္ဆက္ဆံမႈ မရွိရင္၊ နည္းရင္ အိပ္မေပ်ာ္တာေတြ၊ ခဏခဏ ႏိုး ေန တာေတြ ျဖစ္တတ္ပါတယ္။ လက္နဲ႔ စိတ္ေျဖျခင္းမ်ိဳးနဲ႔လည္း အဆင္ေျပေအာင္ ေနႏိုင္ပါတယ္။

(၄) အိပ္မက္မေကာင္းတတ္ဘူး


တခါတေလမွာ လိင္ဆက္ဆံမႈ မျပဳတာ အခ်ိန္ၾကာလာရင္ လိင္ဆက္ဆံေနသလို အိပ္မက္ေတြ မက္တတ္ပါတယ္။ ဖြင့္မေျပာ ျဖစ္ၾကေပမယ့္ ေလ့လာခ်က္ေတြအရေတာ့ ဒီလို အိပ္မက္ေတြ မက္တတ္ၾကပါတယ္။ လန႔္ႏိုးတာေတြ၊ စိတ္မလုံတာေတြ ခံစား ရေစႏိုင္ပါတယ္။ ပုံမွန္ လိင္ဆက္ဆံဖို႔ လိုအပ္ပါတယ္။

(၅) လိင္ထိေတြ႕မႈကို စိတ္ကုန္လာတယ္


လိင္ဆက္ဆံေနခ်ိန္အတြင္း အမ်ိဳးသားေတြမွာ ၿပီးဆုံးမႈ မရွိျခင္း၊ အမ်ိဳးသမီးေတြမွာ မ အဂၤါကေန သဘာ၀ အရည္ေကာင္း စြာ မထြက္ျခင္းေတြ ရွိတတ္ပါတယ္။ ဒါေတြဟာ လိင္ဆက္ဆံမႈ အားနည္းျခင္း၊ အခ်ိန္ၾကာ ဆက္ဆံမႈ မရွိျခင္းေၾကာင့္ ျဖစ္ လာတဲ့ လိင္ေဟာ္မုန္းဓာတ္ အားနည္းျခင္းေၾကာင့္ပါ။

ေနာက္ဆက္တြဲအေနနဲ႔ အိမ္ေထာင္သည္ေတြမွာ လိင္ဆက္ဆံလိုစိတ္ နည္းလာသလို ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ နည္းလာ ေစၿပီး အိမ္ ေထာင္ေရးသုခ မျပည့္ဝတာေတြ ျဖစ္လာႏိုင္ပါတယ္။

(၆) ရင္းႏွီးကြၽမ္းဝင္မႈ နည္းသြားတတ္တယ္

သင္နဲ႔ သင့္ရဲ႕ခ်စ္သူ၊ ဇနီးသည္တို႔ လိင္ဆက္ဆံမႈ နည္းပါးလာရင္၊ အခ်ိန္ၾကာဆက္ဆံမႈ မရွိေတာ့ရင္ ရင္းႏွီးကြၽမ္းဝင္မႈ အား နည္းလာၿပီး အိမ္ေထာင္ေရးဟာ မျပည့္စုံသလို ပ်က္စီးမႈေတြ ျဖစ္ေစႏိုင္ပါတယ္။

(၇) ကိုယ့္ကိုယ္ကိုယ္ စိတ္ပ်က္ေစတယ္


လူတေယာက္မွာ သူ႔ကိုယ္သူ စိတ္ပ်က္ေနၿပီဆိုရင္ ဒါ အဆိုးဆုံး ကုသိုလ္ကံပါပဲ။ ေလ့လာမႈေတြအရ လိင္ဆက္ဆံမႈ နည္း ရင္ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ နည္းေစတာ ေတြ႕လာရပါတယ္။ ပုံမွန္ လိင္ဆက္ဆံမႈက စိတ္ဖိစီးမႈနဲ႔ စိတ္က်မႈကို တိုက္ ဖ်က္ႏိုင္တာ ေတြ႕လာရပါတယ္၊ အလုပ္ ပင္ပန္းသည့္တိုင္ေအာင္ စိတ္ဓာတ္တက္ႂကြမႈကို လိင္ဆက္ဆံမႈက ေပးစြမ္းႏိုင္တာ ျဖစ္ပါတယ္။

(၈) ကင္ဆာ ျဖစ္ႏိုင္ေျခ မ်ားလာတယ္

အမ်ိဳးသားေတြမွာ လိင္ဆက္ဆံမႈ နည္းရင္ ဆီးက်ိတ္ကင္ဆာ ျဖစ္ႏိုင္ေျခ ပိုလာပါတယ္။ တလမွာအနည္းဆုံး ၂၁ႀကိမ္ ထိ ေအာင္ လိင္ဆက္ဆံဖို႔၊ ဒါမွမဟုတ္ရင္ လက္နဲ႔ အာသာေျဖ ၿပီးေျမာက္ေစရင္ အေကာင္းဆုံုး ျဖစ္မယ္လို႔ ေတြ႕ရပါတယ္။
ခ်စ္ေဖ (ေတာင္တြင္းေျမ)


Ref: www.thehealthawareness.com

ဖိုးသူေတာ္ (www.phothutaw.com)
Credit: burma.irrawaddy.com

#Unicode Version#
သဘာဝတရားအတိုင်း ရှင်သန် သွားလာနေကြတဲ့ ကျနော်တို့အတွက် ကျန်းမာခြင်းဟာ အကောင်းဆုံးနဲ့ တန်ဖိုးအကြီးဆုံး အရာတခုပါ။

ဒီလို သဘာဝထဲမှာလည်း လိင်စိတ်၊ အိပ်လိုစိတ်၊ စားလိုစိတ်၊ ရှင်သန်လိုစိတ်တွေက ပါဝင်ပြီးဖြစ်လို့ ဘယ်အရာမှ အပြစ်လို့ တော့ ဆိုလို့မရပါဘူး။

အရှက်တရားအနေနဲ့ သတ်မှတ်ရင်သာ လိင်ဆန္ဒဟာ ပွင့်လင်းဖို့ မသင့်တဲ့အရာ ဖြစ်ပေမယ့် သဘာဝတရားဖြစ်လို့ လိင်မှုရေး ရာ မခံစားဘဲ သဘာဝကို လွန်ဆန်တဲ့ပုံစံနဲ့ နေဖို့ မသင့်ပါဘူး။

အခုပြောမှာကတော့ လိင်ဆက်ဆံမှု မရှိတော့ဘူးဆိုရင် ဖြစ်လာမယ့် နောက်ဆက်တွဲအကျိုးဆက်တွေ ဖြစ်ပါတယ်။ အ ကြောင်းကြောင်းကြောင့် ကျား၊ မ မရွေး မဆက်ဆံဖြစ်တာ၊ မဆက်ဆံနိုင်တော့တွေ ရှိပါတယ်။ ဒါဆို ဘာတွေ ဖြစ်လာ နိုင်ပါသလဲ။

(၁) မကြာခဏ ဖျားနာနိုင်ပါတယ်

အချိန်ကြာ လိင်ဆက်ဆံမှု မရှိတော့ရင် သင့်ခန္ဓာကိုယ်ရဲ့လှုံ့ဆော်စနစ် အားနည်းလာပါတယ်။ အလုပ်ပင်ပန်းမှုနဲ့အတူ တုပ် ကွေးလို ကူးစက်ရောဂါတွေကို ပြန်လည် ခုခံနိုင်မှု အားနည်းလာပြီး မကြာခဏ ဖျားနာနိုင်ပါတယ်။

(၂) စိတ်ဖိစီးမှု ပိုခံစားရမယ်

လိင်ဆက်ဆံမှုဟာ စိတ်ဖိစီးမှု လျော့ကျစေတဲ့အကောင်းဆုံးအရာပါ။ ပုံမှန် လိင်ဆက်ဆံမှု ရှိခြင်းက ဟော်မုန်းထုတ်လွှတ်မှု လည်း မှန်ကန်စေပြီး စိတ်ဖိစီးမှု လျော့နည်းစေပါတယ်။ လိင်ဆက်ဆံမှု မရှိရင်တော့ ပိုပြီး စိတ်ဖိစီးမှုဒဏ် ခံရနိုင်ပါတယ်။

(၃) အိပ်မပျော်ခြင်း ဖြစ်စေနိုင်တယ်

သင့်အနေနဲ့ ယုံကြည်ဖို့ ခက်ချင်ပေမယ့် တကယ်တော့ လိင်ဆက်ဆံမှု မရှိရင်၊ နည်းရင် အိပ်မပျော်တာတွေ၊ ခဏခဏ နိုး နေ တာတွေ ဖြစ်တတ်ပါတယ်။ လက်နဲ့ စိတ်ဖြေခြင်းမျိုးနဲ့လည်း အဆင်ပြေအောင် နေနိုင်ပါတယ်။

(၄) အိပ်မက်မကောင်းတတ်ဘူး

တခါတလေမှာ လိင်ဆက်ဆံမှု မပြုတာ အချိန်ကြာလာရင် လိင်ဆက်ဆံနေသလို အိပ်မက်တွေ မက်တတ်ပါတယ်။ ဖွင့်မပြော ဖြစ်ကြပေမယ့် လေ့လာချက်တွေအရတော့ ဒီလို အိပ်မက်တွေ မက်တတ်ကြပါတယ်။ လန့်နိုးတာတွေ၊ စိတ်မလုံတာတွေ ခံစား ရစေနိုင်ပါတယ်။ ပုံမှန် လိင်ဆက်ဆံဖို့ လိုအပ်ပါတယ်။

(၅) လိင်ထိတွေ့မှုကို စိတ်ကုန်လာတယ်

လိင်ဆက်ဆံနေချိန်အတွင်း အမျိုးသားတွေမှာ ပြီးဆုံးမှု မရှိခြင်း၊ အမျိုးသမီးတွေမှာ မ အင်္ဂါကနေ သဘာ၀ အရည်ကောင်း စွာ မထွက်ခြင်းတွေ ရှိတတ်ပါတယ်။ ဒါတွေဟာ လိင်ဆက်ဆံမှု အားနည်းခြင်း၊ အချိန်ကြာ ဆက်ဆံမှု မရှိခြင်းကြောင့် ဖြစ် လာတဲ့ လိင်ဟော်မုန်းဓာတ် အားနည်းခြင်းကြောင့်ပါ။

နောက်ဆက်တွဲအနေနဲ့ အိမ်ထောင်သည်တွေမှာ လိင်ဆက်ဆံလိုစိတ် နည်းလာသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းလာ စေပြီး အိမ်ထောင်ရေးသုခ မပြည့်ဝတာတွေ ဖြစ်လာနိုင်ပါတယ်။

(၆) ရင်းနှီးကျွမ်းဝင်မှု နည်းသွားတတ်တယ်

သင်နဲ့ သင့်ရဲ့ချစ်သူ၊ ဇနီးသည်တို့ လိင်ဆက်ဆံမှု နည်းပါးလာရင်၊ အချိန်ကြာဆက်ဆံမှု မရှိတော့ရင် ရင်းနှီးကျွမ်းဝင်မှု အား နည်းလာပြီး အိမ်ထောင်ရေးဟာ မပြည့်စုံသလို ပျက်စီးမှုတွေ ဖြစ်စေနိုင်ပါတယ်။

(၇) ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်စေတယ်

လူတယောက်မှာ သူ့ကိုယ်သူ စိတ်ပျက်နေပြီဆိုရင် ဒါ အဆိုးဆုံး ကုသိုလ်ကံပါပဲ။ လေ့လာမှုတွေအရ လိင်ဆက်ဆံမှု နည်း ရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းစေတာ တွေ့လာရပါတယ်။ ပုံမှန် လိင်ဆက်ဆံမှုက စိတ်ဖိစီးမှုနဲ့ စိတ်ကျမှုကို တိုက် ဖျက်နိုင်တာ တွေ့လာရပါတယ်၊ အလုပ် ပင်ပန်းသည့်တိုင်အောင် စိတ်ဓာတ်တက်ကြွမှုကို လိင်ဆက်ဆံမှုက ပေးစွမ်းနိုင်တာ ဖြစ်ပါတယ်။

(၈) ကင်ဆာ ဖြစ်နိုင်ခြေ များလာတယ်

အမျိုးသားတွေမှာ လိင်ဆက်ဆံမှု နည်းရင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုလာပါတယ်။ တလမှာအနည်းဆုံး ၂၁ကြိမ် ထိ အောင် လိင်ဆက်ဆံဖို့၊ ဒါမှမဟုတ်ရင် လက်နဲ့ အာသာဖြေ ပြီးမြောက်စေရင် အကောင်းဆုံး ဖြစ်မယ်လို့ တွေ့ရပါတယ်။
ချစ်ဖေ (တောင်တွင်းမြေ)




Ref: www.thehealthawareness.com


ဖိုးသူတော် (www.phothutaw.com)
Credit: burma.irrawaddy.com
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top