ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

မေကြးတိုင္းေဒသႀကီး၊ မင္းဘူးခ႐ိုင္၊ ငဖဲၿမိဳ႕နယ္မွာ ၾသဂုတ္ ၂၃ ရက္ေန႔က အသက္ ၇ အရြယ္ မိန္းကေလးငယ္တဦးအား အဓမၼျပဳက်င့္ခဲ့တယ္လုိ႔ ယူဆရတဲ့ အမ်ဳိးသားတဦးကုိ ဖမ္းဆီးအမႈဖြင့္လုိက္ေၾကာင္း ရဲက ေျပာပါတယ္။

ျဖစ္စဥ္မွာ တရြာတည္းေန တင္ကိုဝင္းဟာ ဓမၼစကူးမွျပန္လာတဲ့ မိန္းကေလးငယ္ကို မုန္႔၀ယ္ေကြၽးမယ္ေျပာၿပီး ေခၚတာကုိ မလိုက္လုိ႔ ဝဲဘက္လက္ေမာင္းအား ကိုင္ၿပီး ဓမၼာ႐ုံရွိရာကို အတင္းဆြဲေခၚသြားတယ္လို႔ ဆုိပါတယ္။
ဒီေနာက္ ဓမၼာ႐ုံေပၚမွာ ကေလးငယ္ဝတ္ဆင္ထားတဲ့ ေက်ာင္းစိမ္းေဘာင္းဘီကို တင္ကိုဝင္းက ဆြဲခြၽတ္ၿပီး အဓမၼျပဳက်င့္ခဲကာ ျပန္ေျပာရင္ သတ္ပစ္မယ္လုိ႔ ၿခိမ္းေျခာက္ ေျပာဆုိခဲ့ေၾကာင္း ရဲစစ္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ၾသဂုတ္၂၀ ရက္ေန႔မွာ ကေလးမက အဘြားျဖစ္သူအား မိန္းမကိုယ္နာၾကင္ေနေၾကာင္း ေျပာလုိ႔ သိရၿပီး အေဒၚျဖစ္သူက တင္ကိုဝင္အား ငဖဲၿမိဳ႕မရဲစခန္းမွာ ၾသဂုတ္ ၂၃ ရက္ေန႔ညက အမႈဖြင့္ခဲ့ေၾကာင္း သိ႐ွိရပါတယ္။
ျဖစ္စဥ္နဲ႔ပတ္သက္လုိ႔ အဓမၼျပဳက်င့္ခံရတဲ့ ကေလးငယ္အား ရဲေဆးစာနဲ႔ ငဖဲျပည္သူ႔ေဆး႐ုံကုိ ပို႔ေဆာင္ထားကာ တင္ကိုဝင္းကုိေတာ့ ဖမ္းဆီးၿပီး ရာဇသတ္ႀကီး ဥပေဒပုပေဒ ပုဒ္မ ၃၇၆ နဲ႔ အမႈဖြင့္စစ္ေဆးေနတယ္လို႔ ငဖဲၿမိဳ႕မရဲစခန္း ဒုရဲမႉးခင္ေမာင္ေဇာ္က ဒီဗြီဘီကုိ ေျပာပါတယ္။

သတင္း-မင္းထီး

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

#Unicode Version#
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်မှာ သြဂုတ် ၂၃ ရက်နေ့က အသက် ၇ အရွယ် မိန်းကလေးငယ်တဦးအား အဓမ္မပြုကျင့်ခဲ့တယ်လို့ ယူဆရတဲ့ အမျိုးသားတဦးကို ဖမ်းဆီးအမှုဖွင့်လိုက်ကြောင်း ရဲက ပြောပါတယ်။
ဖြစ်စဉ်မှာ တရွာတည်းနေ တင်ကိုဝင်းဟာ ဓမ္မစကူးမှပြန်လာတဲ့ မိန်းကလေးငယ်ကို မုန့်ဝယ်ကျွေးမယ်ပြောပြီး ခေါ်တာကို မလိုက်လို့ ဝဲဘက်လက်မောင်းအား ကိုင်ပြီး ဓမ္မာရုံရှိရာကို အတင်းဆွဲခေါ်သွားတယ်လို့ ဆိုပါတယ်။
ဒီနောက် ဓမ္မာရုံပေါ်မှာ ကလေးငယ်ဝတ်ဆင်ထားတဲ့ ကျောင်းစိမ်းဘောင်းဘီကို တင်ကိုဝင်းက ဆွဲချွတ်ပြီး အဓမ္မပြုကျင့်ခဲကာ ပြန်ပြောရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ရဲစစ်ချက်မှာ ဖော်ပြထားပါတယ်။
သြဂုတ်၂၀ ရက်နေ့မှာ ကလေးမက အဘွားဖြစ်သူအား မိန်းမကိုယ်နာကြင်နေကြောင်း ပြောလို့ သိရပြီး အဒေါ်ဖြစ်သူက တင်ကိုဝင်အား ငဖဲမြို့မရဲစခန်းမှာ သြဂုတ် ၂၃ ရက်နေ့ညက အမှုဖွင့်ခဲ့ကြောင်း သိရှိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ အဓမ္မပြုကျင့်ခံရတဲ့ ကလေးငယ်အား ရဲဆေးစာနဲ့ ငဖဲပြည်သူ့ဆေးရုံကို ပို့ဆောင်ထားကာ တင်ကိုဝင်းကိုတော့ ဖမ်းဆီးပြီး ရာဇသတ်ကြီး ဥပဒေပုပဒေ ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ငဖဲမြို့မရဲစခန်း ဒုရဲမှူးခင်မောင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။

သတင်း-မင်းထီး

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top