ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

အလုပ္ကိစၥတစ္ခုနဲ႔ ၿမိဳ႕ထဲကိုသြားေတာ့ နာမည္ႀကီး အထက္တန္းေက်ာင္းတစ္ေက်ာင္းေရွ႕က ျဖတ္သြားရပါတယ္။ ဒီေက်ာင္းက ဆိုရွယ္လစ္ေခတ္ကတည္းက ျမန္မာႏိုင္ငံရဲ႕ အေတာ္ဆံုး၊ ေအာင္ခ်က္အေကာင္းဆံုး ေက်ာင္းငါးေက်ာင္းထဲက တစ္ေက်ာင္းအပါအ၀င္ ျဖစ္ပါတယ္။

ဒီေက်ာင္းမွာတက္တဲ့ ေက်ာင္းသူ ေက်ာင္းသားေတြရဲ႕ မိဘေတြဟာ ရာထူးႀကီးရင္ႀကီး၊ မႀကီးရင္ ပိုက္ဆံခ်မ္းသာတဲ့ လူတန္းစားေတြခ်ည္းပဲ ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ ျဖတ္သြားေတာ့ ေက်ာင္းတက္တဲ့အခ်ိန္ ျဖစ္ပါတယ္။ ကၽြန္ေတာ့္ကားေရွ႕မွာ ကေလးကို လိုက္ပို႔တဲ့ အိမ္ကားတစ္စီး ျဖစ္ပံုရပါတယ္။ မိုးကလည္း တဖြဲဖြဲရြာေနပါတယ္။ ေက်ာင္းေရွ႕ကိုေရာက္ေတာ့ ေရွ႕က အိမ္စီးကားက စံုမီးအခ်က္ျပၿပီး ရပ္လုိက္ပါတယ္။ အထဲကေန အမ်ဳိးသားႀကီးတစ္ဦး ထြက္လာၿပီး ထီးနဲ႔ ကားေနာက္ဘက္တံခါးဆီ ေျပးသြားပါတယ္။ ကားေနာက္ထဲကေန အသက္ ၁၄ ႏွစ္ခန္႔ ေက်ာင္းသူေလး ထြက္လာပါတယ္။ အမ်ဳိးသားႀကီးက သူ႔သမီးျဖစ္ပံုရတဲ့ ေက်ာင္းသူရဲ႕ ေက်ာင္းေက်ာပိုးအိတ္ကို လွမ္းယူရင္း တစ္ဖက္က ထီးမုိးေပးကာ ေက်ာင္းတံခါး၀ဆီ ပို႔ေပးေနပါတယ္။ သူ႔ကားက စံုမီးအခ်က္ျပၿပီး စက္မသတ္ဘဲ ရပ္ထားတာေၾကာင့္ ေနာက္က ကားေတြအားလံုးက ရပ္ေစာင့္ေနရပါတယ္။ သူ႔ကားေနာက္မွာ ကၽြန္ေတာ္ရွိေနတာေၾကာင့္ သူ႔ရဲ႕လႈပ္ရွားမႈေတြကို အားလံုးျမင္ေတြ႕ေနရပါတယ္။ သမီးျဖစ္သူ ေက်ာင္းထဲကို ေရာက္သြားေပမယ့္ အဲဒီအမ်ဳိးသားႀကီးက ျပန္လွည့္မလာေသးဘဲ ေက်ာင္းတံခါး၀ကေန စိတ္မခ်တဲ့ပံုနဲ႔ သမီးကို ဆက္ေစာင့္ၾကည့္ေနပါတယ္။ ထံုးစံအတုိင္း အနည္းငယ္ အခ်ိန္ၾကာသြားလို႔ ေနာက္ကားေတြကေတာ့ ဟြန္းေတြကို သံစံုတီးလ်က္ရွိပါတယ္။ အမ်ဳိးသားႀကီးကေတာ့ သမီးေဇာနဲ႔ ဟြန္းသံေတြကို ဂ႐ုထားမိပံု မေပၚပါဘူး။ “လိုက္လည္း လိုက္ဖက္တဲ့ ဒီႏုိင္ငံ”လို႔ ေတြးမိၿပီး ကၽြန္ေတာ္ ၿပံဳးမိပါတယ္။ အဲဒီအမ်ဳိးသားႀကီးက သူ႔ရဲ႕သမီးျဖစ္သူ မိုးေရေအာက္ကေန ေက်ာင္းအေဆာက္အအံုထဲကို ေရာက္သြားတာ ေသခ်ာၿပီဆိုမွ ကားဆီကို ျပန္ေလွ်ာက္လာပါတယ္။ အဲဒီအခ်ိန္မွာေတာ့ သူ႔ကားေနာက္က ကားတန္းႀကီးဟာ အေတာ္ကို ရွည္လ်ားၿပီး ႂကြက္ႂကြက္ဆူေနပါၿပီ။ သူကေတာ့ ေနာက္ကို တစ္ခ်က္မွ မၾကည့္ေတာ့ဘဲ ကားထဲ၀င္ထိုင္ၿပီး ေမာင္းထြက္သြားပါတယ္။

ကၽြန္ေတာ္တို႔ဆီက မိဘေတြဟာ သားသမီးေတြကို အဲဒီလိုေစာင့္ေရွာက္ ခ်စ္ျမတ္ႏိုးၾကတာ ျဖစ္ပါတယ္။ ဒါဟာ တျခားႏုိင္ငံက ကေလးငယ္ေတြကို ျပဳစုပ်ဳိးေထာင္ပံုနဲ႔ အလြန္ျခားနားပါတယ္။ ကၽြန္ေတာ္တို႔ဆီကေတာ့ သားသမီးေတြကို ထမင္းစားတတ္ေအာင္ သင္ၾကားေပးတာကို အေလးအနက္ မထားဘဲ ထမင္းကို ဇြန္းနဲ႔ခပ္ၿပီး ကေလးပါးစပ္ထဲ ထည့္ေပးတာကို အေလးထားတဲ့စနစ္ျဖစ္ပါတယ္။ မိဘေတြဟာ ေငြေၾကးခ်မ္းသာ လာတာနဲ႔အမွ် သားသမီးေတြကို စိတ္မခ်လို႔ဆိုၿပီး ေက်ာင္းကားနဲ႔ မလႊတ္ဘဲ ကိုယ္ပိုင္ကား၊ ကိုယ္ပိုင္ဒ႐ိုင္ဘာနဲ႔ လႊတ္ၾကပါတယ္။ ကေလးကို သြားႀကိဳရာမွာလည္း စိတ္မခ်လို႔ဆိုၿပီး မိခင္ကိုယ္တိုင္ ေက်ာင္းေပါက္၀ေရွ႕မွာ ထီးတကိုင္ကိုင္ ပိုက္ဆံအိတ္ႀကီး တကိုင္ကိုင္နဲ႔ ေစာင့္ေလ့ရွိပါတယ္။ သူ႔ကေလးရဲ႕ အတန္းေဖာ္ျပည့္စံုတဲ့ ကေလးကလည္း သူမ်ားမိဘေတြ လာႀကိဳ လာဂ႐ုစိုက္တာကို မိဘျဖစ္သူထံ ေျပာျပလိုက္တဲ့အခါမွာေတာ့ သူ႔ရဲ႕သားသမီးလည္း စိတ္အားမငယ္ေစဖို႔ ကေလးေက်ာင္းပို႔ ေက်ာင္းႀကိဳလုပ္တဲ့ ကိစၥကို မိသားစုစားပြဲ၀ိုင္းမွာ အေရးတႀကီး ကိစၥအျဖစ္ ေဆြးေႏြးၾကပါေတာ့တယ္။ ဒီေဆြးေႏြးပြဲမွာ ဘယ္ေလာက္ေတာင္ျဖစ္သြားသလဲဆိုရင္ မိခင္ျဖစ္သူက ကေလး စာေမးပြဲေအာင္တာ၊ မေအာင္တာအသာထား၊ ေက်ာင္းႀကိဳေက်ာင္းပို႔ လုပ္ေပးဖုိ႔ကိစၥက မိသားစုဂုဏ္သိကၡာနဲ႔ပါ ဆက္စပ္ေနေၾကာင္းအထိ လိုင္းတင္လာတာမ်ဳိး ရွိလာပါတယ္။ ေနာက္ဆံုးအက်ိဳးဆက္ကေတာ့ ရန္ကုန္ၿမိဳ႕ရဲ႕ နာမည္ႀကီး ေက်ာင္းေတြေရွ႕မွာ အိမ္အသီးသီးက လာႀကိဳတဲ့ ကိုယ္ပိုင္ကားေပါင္း ေျမာက္ျမားစြာနဲ႔ လမ္းကို ပိတ္ဆို႔ေနတာပဲ ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔တိုင္းျပည္ဟာ ဖြံ႕ၿဖိဳးမႈ အၫႊန္းကိန္းအရ ကမၻာမွာ မဆိုထားနဲ႔ အိမ္နီးခ်င္းႏုိင္ငံေတြနဲ႔ ႏိႈင္းယွဥ္ရင္ မ်က္ႏွာငယ္ရတဲ့ အေျခအေနျဖစ္ပါတယ္။ ဒါေပမဲ့ ေက်ာင္းဆင္း ေက်ာင္းတက္ခ်ိန္ ကေလးေတြကို အၿပိဳင္အဆိုင္ႀကိဳတဲ့အဆင့္ကို သတ္မွတ္ရင္ေတာ့ ကမၻာေပၚမွာပထမရမွာ က်ိန္းေသျဖစ္ပါတယ္။

ကမၻာ့အခ်မ္းသာဆံုး ႏုိင္ငံေတြျဖစ္တဲ့ အေမရိကန္လိုမ်ဳိး၊ ဂ်ပန္လိုမ်ဳိးႏုိင္ငံေတြမွာ ကေလးေတြကို မိဘေတြက ေန႔စဥ္ ေက်ာင္းႀကိဳေက်ာင္းပို႔ လုပ္ေပးရတယ္ဆိုတာ မရွိပါဘူး။ ေက်ာင္းသား ေက်ာင္းသူအားလံုးဟာ ေက်ာင္းကိုလာရင္ School Bus လို႔ ေခၚတဲ့ အ၀ါေရာင္အမွတ္အသား ျပဳလုပ္ထားတဲ့ ေက်ာင္းကားနဲ႔သာ သြားရပါတယ္။ သူတို႔ရဲ႕လမ္းမေတြေပၚမွာ ေက်ာင္းကားကိုေတြ႕ရင္ က်န္တဲ့ယာဥ္ေတြအားလံုးက ဦးစားေပးရတာလည္း အထူးရွင္းျပေနစရာ  မလိုပါဘူး။ ဒီလိုအေျခအေနေၾကာင့္ ကေလးေတြ ေက်ာင္းသြားရာမွာ ေဘးအႏၲရာယ္ကင္းရွင္းပါတယ္။

ကၽြန္ေတာ္တို႔ဆီမွာေတာ့ ပညာေရးစနစ္မွာ အလြတ္က်က္စနစ္နဲ႔ သြားတာေၾကာင့္ တခ်ိဳ႕ေက်ာင္းသူ ေက်ာင္းသားေတြဟာ သခ်ၤာကိုေတာင္ အလြတ္က်က္ၾကပါတယ္။ စာေမးပြဲမွာ သခ်ၤာေမးခြန္းတစ္ခုကိုေတြ႕ရင္ မတြက္ေသးဘဲ အေျဖကိုမွတ္မိေနတဲ့ အေျခအေနျဖစ္ပါတယ္။ အလြတ္က်က္စနစ္ေၾကာင့္ အမွတ္ေကာင္းၿပီး ေဆးတကၠသိုလ္ေတြ၊ စက္မႈတကၠသိုလ္ေတြ ေရာက္လာေတာ့ မျမင္ဖူးတဲ့ ေမးခြန္းေတြနဲ႔ ရင္ဆုိင္ရေတာ့တယ္။ ဒီမွာတင္ စာမလုိက္ႏုိင္လို႔ က်ဴရွင္ယူတဲ့စနစ္တစ္ခု ေပၚေပါက္လာျပန္တယ္။ အခုလက္ရွိ ေဆးတကၠသိုလ္၊ စက္မႈတကၠသိုလ္တက္ေနတဲ့ ေက်ာင္းသားေက်ာင္းသူေတြဟာ ဆယ္တန္းမွာ အမွတ္ေကာင္းၿပီး ဘာသာစံုဂုဏ္ထူးေတြနဲ႔ ေအာင္လာေပမယ့္ ဘြဲ႕ရခါနီးအထိ က်ဴရွင္ယူေနရေသးတဲ့ အေျခအေနတစ္ရပ္ကို ႀကံဳေတြ႕ေနရပါတယ္။

အေမရိကန္ႏိုင္ငံမွာ သူငယ္ခ်င္းတစ္ေယာက္ရဲ႕သားတက္တဲ့ ေက်ာင္းက ပညာေရးစနစ္ဟာ ျမန္မာႏုိင္ငံနဲ႔ေတာ့ ေျဖာင့္ေျဖာင့္ႀကီး ဆန္႔က်င္လ်က္ရွိပါတယ္။ အိမ္ကို အိမ္စာေပးလိုက္ရင္ မိဘေတြဟာ ကေလးရဲ႕ အိမ္စာကို ေသခ်ာဖတ္႐ႈၿပီးေၾကာင္း လက္မွတ္ထိုးေပးလိုက္ရပါတယ္။ ေက်ာင္းမွာ ကိုယ့္ရဲ႕ကေလး ဒီေန႔ ဘာသင္သလဲဆိုတာကို သိခ်င္ရင္ အဲဒီေက်ာင္းရဲ႕ ၀က္ဘ္ဆိုက္မွာ ရွာေဖြၾကည့္လို႔ရပါတယ္။ အမွတ္ ေပးစနစ္ကလည္း  (A+, A, A-) (B+, B, B-) (C+, C , C -)  (D+,D, D-) နဲ႔  F ဆိုၿပီး ရွိပါတယ္။ A အုပ္စုဟာ အမွတ္ ၉၀ နဲ႔ ၁၀၀ ၾကား ရရွိသူေတြျဖစ္တာေၾကာင့္ အထူးခၽြန္ဆံုးသူေတြလို႔ သတ္မွတ္ႏိုင္ပါတယ္။ B နဲ႔ C အုပ္စု တစ္ဘာသာကို ပွ်မ္းမွ် ၇၅ မွတ္အထက္ ရရွိသူေတြမို႔ Credit ရရွိတဲ့ အဆင့္မ်ဳိး ျဖစ္ပါတယ္။ D အုပ္စုဟာ ၆၅ မွတ္နဲ႔အထက္ ရရွိသူေတြမို႔ သူတို႔ရဲ႕ နားလည္ႏုိင္စြမ္းဟာ ျမင့္တယ္လို႔ ဆုိႏိုင္ေပမယ့္ သက္ဆုိင္ရာဘာသာမွာ တစ္ဘာသာခ်င္း ၆၅ မွတ္ရမွသာ စာေမးပြဲေအာင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ Every Assignment၊ Every Tutorial တုိင္းမွာ ၆၅ မွတ္ ေလာက္ပဲရရင္ေတာ့ ေက်ာင္းက မိဘေတြကို ဖုန္းဆက္ၿပီး ေခၚယူေဆြးေႏြးပါတယ္။ အဓိက,ကေတာ့ ကေလးရဲ႕ပညာေရး တိုးတက္ဖို႔ ေက်ာင္းနဲ႔ ပူးေပါင္းေဆာင္ရြက္မွာလား ဆိုတာကို ေသခ်ာေအာင္ေမးတာပါ။ ဒီလိုေမးၿပီးလို႔ မိဘက ပူးေပါင္းေဆာင္ရြက္ဖို႔ သေဘာတူရင္ ကေလးကို ပံုမွန္ေက်ာင္းဆင္းခ်ိန္ ၿပီးတဲ့ေနာက္ After School ဆိုၿပီး အခ်ိန္ပိုတက္ရပါတယ္။ အဲဒီအခ်ိန္ပိုကို ထူးခၽြန္တဲ့ စီနီယာေက်ာင္းသားႀကီးေတြက သင္ၾကားေပးပါတယ္။ အခ်ိန္ပိုမွာ အမွတ္အမ်ားဆံုးရရွိတဲ့ ေက်ာင္းသားေက်ာင္းသူေတြကိုမွ ဆုေပးတဲ့စနစ္ကို က်င့္သံုးပါတယ္။ ဒီမွာ ငါးဘာသာဂုဏ္ထူး ေျခာက္ဘာသာဂုဏ္ထူးေတြကို ခ်ီးျမႇင့္တဲ့ အခမ္းအနားလိုမ်ဳိးေတြ ျပဳလုပ္ပါတယ္။ ထူးျခားတာကေတာ့ စာအသင့္အတင့္သာ လုိက္ႏိုင္တဲ့ ကိုယ့္ကေလးကို တိုးတက္လာဖို႔ မိဘက ပူးေပါင္းေဆာင္ရြက္တဲ့ေနရာမွာ ေက်ာင္းကို အိမ္စီးကားနဲ႔ လာမႀကိဳရပါဘူး။ သူတို႔အတြက္လည္း After School Bus နဲ႔ပဲ ျပန္ရပါတယ္။ တစ္ခုမေကာင္းတာကေတာ့ အိမ္ေရွ႕ကို After School Bus ရပ္လိုက္ရင္ အိမ္နီးနားခ်င္းေတြက ျပဴးတူးၿပဲတဲ ထြက္ၾကည့္ၾကေတာ့တာပဲ။ ဘာလို႔လဲဆိုေတာ့ ဒီအိမ္မွာ စာမလိုက္ႏိုင္တဲ့ကေလး ရွိေနတယ္ဆိုတာ ေၾကညာလိုက္သလို ျဖစ္သြားလုိ႔ပါပဲ။ ဒါေၾကာင့္ သူတို႔ဆီက ပညာေရး ဂုဏ္သိကၡာအေၾကာင္း နားလည္သေဘာေပါက္ပံုနဲ႔ ကၽြန္ေတာ္တို႔ဆီက ဂုဏ္သိကၡာအေၾကာင္း နားလည္သေဘာေပါက္ပံု အလြန္ကြဲျပားျခားနားတဲ့အေၾကာင္း သိေစခ်င္ပါတယ္။

ေဇာ္သက္ေထြး

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Tomorrow News Journal

#Unicode Version#
အလုပ်ကိစ္စတစ်ခုနဲ့ မြို့ထဲကိုသွားတော့ နာမည်ကြီး အထက်တန်းကျောင်းတစ်ကျောင်းရှေ့က ဖြတ်သွားရပါတယ်။ ဒီကျောင်းက ဆိုရှယ်လစ်ခေတ်ကတည်းက မြန်မာနိုင်ငံရဲ့ အတော်ဆုံး၊ အောင်ချက်အကောင်းဆုံး ကျောင်းငါးကျောင်းထဲက တစ်ကျောင်းအပါအဝင် ဖြစ်ပါတယ်။

ဒီကျောင်းမှာတက်တဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ မိဘတွေဟာ ရာထူးကြီးရင်ကြီး၊ မကြီးရင် ပိုက်ဆံချမ်းသာတဲ့ လူတန်းစားတွေချည်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဖြတ်သွားတော့ ကျောင်းတက်တဲ့အချိန် ဖြစ်ပါတယ်။ ကျွန်တော့်ကားရှေ့မှာ ကလေးကို လိုက်ပို့တဲ့ အိမ်ကားတစ်စီး ဖြစ်ပုံရပါတယ်။ မိုးကလည်း တဖွဲဖွဲရွာနေပါတယ်။ ကျောင်းရှေ့ကိုရောက်တော့ ရှေ့က အိမ်စီးကားက စုံမီးအချက်ပြပြီး ရပ်လိုက်ပါတယ်။ အထဲကနေ အမျိုးသားကြီးတစ်ဦး ထွက်လာပြီး ထီးနဲ့ ကားနောက်ဘက်တံခါးဆီ ပြေးသွားပါတယ်။ ကားနောက်ထဲကနေ အသက် ၁၄ နှစ်ခန့် ကျောင်းသူလေး ထွက်လာပါတယ်။ အမျိုးသားကြီးက သူ့သမီးဖြစ်ပုံရတဲ့ ကျောင်းသူရဲ့ ကျောင်းကျောပိုးအိတ်ကို လှမ်းယူရင်း တစ်ဖက်က ထီးမိုးပေးကာ ကျောင်းတံခါးဝဆီ ပို့ပေးနေပါတယ်။ သူ့ကားက စုံမီးအချက်ပြပြီး စက်မသတ်ဘဲ ရပ်ထားတာကြောင့် နောက်က ကားတွေအားလုံးက ရပ်စောင့်နေရပါတယ်။ သူ့ကားနောက်မှာ ကျွန်တော်ရှိနေတာကြောင့် သူ့ရဲ့လှုပ်ရှားမှုတွေကို အားလုံးမြင်တွေ့နေရပါတယ်။ သမီးဖြစ်သူ ကျောင်းထဲကို ရောက်သွားပေမယ့် အဲဒီအမျိုးသားကြီးက ပြန်လှည့်မလာသေးဘဲ ကျောင်းတံခါးဝကနေ စိတ်မချတဲ့ပုံနဲ့ သမီးကို ဆက်စောင့်ကြည့်နေပါတယ်။ ထုံးစံအတိုင်း အနည်းငယ် အချိန်ကြာသွားလို့ နောက်ကားတွေကတော့ ဟွန်းတွေကို သံစုံတီးလျက်ရှိပါတယ်။ အမျိုးသားကြီးကတော့ သမီးဇောနဲ့ ဟွန်းသံတွေကို ဂရုထားမိပုံ မပေါ်ပါဘူး။ “လိုက်လည်း လိုက်ဖက်တဲ့ ဒီနိုင်ငံ”လို့ တွေးမိပြီး ကျွန်တော် ပြုံးမိပါတယ်။ အဲဒီအမျိုးသားကြီးက သူ့ရဲ့သမီးဖြစ်သူ မိုးရေအောက်ကနေ ကျောင်းအဆောက်အအုံထဲကို ရောက်သွားတာ သေချာပြီဆိုမှ ကားဆီကို ပြန်လျှောက်လာပါတယ်။ အဲဒီအချိန်မှာတော့ သူ့ကားနောက်က ကားတန်းကြီးဟာ အတော်ကို ရှည်လျားပြီး ကြွက်ကြွက်ဆူနေပါပြီ။ သူကတော့ နောက်ကို တစ်ချက်မှ မကြည့်တော့ဘဲ ကားထဲဝင်ထိုင်ပြီး မောင်းထွက်သွားပါတယ်။

ကျွန်တော်တို့ဆီက မိဘတွေဟာ သားသမီးတွေကို အဲဒီလိုစောင့်ရှောက် ချစ်မြတ်နိုးကြတာ ဖြစ်ပါတယ်။ ဒါဟာ တခြားနိုင်ငံက ကလေးငယ်တွေကို ပြုစုပျိုးထောင်ပုံနဲ့ အလွန်ခြားနားပါတယ်။ ကျွန်တော်တို့ဆီကတော့ သားသမီးတွေကို ထမင်းစားတတ်အောင် သင်ကြားပေးတာကို အလေးအနက် မထားဘဲ ထမင်းကို ဇွန်းနဲ့ခပ်ပြီး ကလေးပါးစပ်ထဲ ထည့်ပေးတာကို အလေးထားတဲ့စနစ်ဖြစ်ပါတယ်။ မိဘတွေဟာ ငွေကြေးချမ်းသာ လာတာနဲ့အမျှ သားသမီးတွေကို စိတ်မချလို့ဆိုပြီး ကျောင်းကားနဲ့ မလွှတ်ဘဲ ကိုယ်ပိုင်ကား၊ ကိုယ်ပိုင်ဒရိုင်ဘာနဲ့ လွှတ်ကြပါတယ်။ ကလေးကို သွားကြိုရာမှာလည်း စိတ်မချလို့ဆိုပြီး မိခင်ကိုယ်တိုင် ကျောင်းပေါက်ဝရှေ့မှာ ထီးတကိုင်ကိုင် ပိုက်ဆံအိတ်ကြီး တကိုင်ကိုင်နဲ့ စောင့်လေ့ရှိပါတယ်။ သူ့ကလေးရဲ့ အတန်းဖော်ပြည့်စုံတဲ့ ကလေးကလည်း သူများမိဘတွေ လာကြို လာဂရုစိုက်တာကို မိဘဖြစ်သူထံ ပြောပြလိုက်တဲ့အခါမှာတော့ သူ့ရဲ့သားသမီးလည်း စိတ်အားမငယ်စေဖို့ ကလေးကျောင်းပို့ ကျောင်းကြိုလုပ်တဲ့ ကိစ္စကို မိသားစုစားပွဲဝိုင်းမှာ အရေးတကြီး ကိစ္စအဖြစ် ဆွေးနွေးကြပါတော့တယ်။ ဒီဆွေးနွေးပွဲမှာ ဘယ်လောက်တောင်ဖြစ်သွားသလဲဆိုရင် မိခင်ဖြစ်သူက ကလေး စာမေးပွဲအောင်တာ၊ မအောင်တာအသာထား၊ ကျောင်းကြိုကျောင်းပို့ လုပ်ပေးဖို့ကိစ္စက မိသားစုဂုဏ်သိက္ခာနဲ့ပါ ဆက်စပ်နေကြောင်းအထိ လိုင်းတင်လာတာမျိုး ရှိလာပါတယ်။ နောက်ဆုံးအကျိုးဆက်ကတော့ ရန်ကုန်မြို့ရဲ့ နာမည်ကြီး ကျောင်းတွေရှေ့မှာ အိမ်အသီးသီးက လာကြိုတဲ့ ကိုယ်ပိုင်ကားပေါင်း မြောက်မြားစွာနဲ့ လမ်းကို ပိတ်ဆို့နေတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ဟာ ဖွံ့ဖြိုးမှု အညွှန်းကိန်းအရ ကမ္ဘာမှာ မဆိုထားနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မျက်နှာငယ်ရတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါပေမဲ့ ကျောင်းဆင်း ကျောင်းတက်ချိန် ကလေးတွေကို အပြိုင်အဆိုင်ကြိုတဲ့အဆင့်ကို သတ်မှတ်ရင်တော့ ကမ္ဘာပေါ်မှာပထမရမှာ ကျိန်းသေဖြစ်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေဖြစ်တဲ့ အမေရိကန်လိုမျိုး၊ ဂျပန်လိုမျိုးနိုင်ငံတွေမှာ ကလေးတွေကို မိဘတွေက နေ့စဉ် ကျောင်းကြိုကျောင်းပို့ လုပ်ပေးရတယ်ဆိုတာ မရှိပါဘူး။ ကျောင်းသား ကျောင်းသူအားလုံးဟာ ကျောင်းကိုလာရင် School Bus လို့ ခေါ်တဲ့ အဝါရောင်အမှတ်အသား ပြုလုပ်ထားတဲ့ ကျောင်းကားနဲ့သာ သွားရပါတယ်။ သူတို့ရဲ့လမ်းမတွေပေါ်မှာ ကျောင်းကားကိုတွေ့ရင် ကျန်တဲ့ယာဉ်တွေအားလုံးက ဦးစားပေးရတာလည်း အထူးရှင်းပြနေစရာ  မလိုပါဘူး။ ဒီလိုအခြေအနေကြောင့် ကလေးတွေ ကျောင်းသွားရာမှာ ဘေးအန္တရာယ်ကင်းရှင်းပါတယ်။

ကျွန်တော်တို့ဆီမှာတော့ ပညာရေးစနစ်မှာ အလွတ်ကျက်စနစ်နဲ့ သွားတာကြောင့် တချို့ကျောင်းသူ ကျောင်းသားတွေဟာ သင်္ချာကိုတောင် အလွတ်ကျက်ကြပါတယ်။ စာမေးပွဲမှာ သင်္ချာမေးခွန်းတစ်ခုကိုတွေ့ရင် မတွက်သေးဘဲ အဖြေကိုမှတ်မိနေတဲ့ အခြေအနေဖြစ်ပါတယ်။ အလွတ်ကျက်စနစ်ကြောင့် အမှတ်ကောင်းပြီး ဆေးတက္ကသိုလ်တွေ၊ စက်မှုတက္ကသိုလ်တွေ ရောက်လာတော့ မမြင်ဖူးတဲ့ မေးခွန်းတွေနဲ့ ရင်ဆိုင်ရတော့တယ်။ ဒီမှာတင် စာမလိုက်နိုင်လို့ ကျူရှင်ယူတဲ့စနစ်တစ်ခု ပေါ်ပေါက်လာပြန်တယ်။ အခုလက်ရှိ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်တက်နေတဲ့ ကျောင်းသားကျောင်းသူတွေဟာ ဆယ်တန်းမှာ အမှတ်ကောင်းပြီး ဘာသာစုံဂုဏ်ထူးတွေနဲ့ အောင်လာပေမယ့် ဘွဲ့ရခါနီးအထိ ကျူရှင်ယူနေရသေးတဲ့ အခြေအနေတစ်ရပ်ကို ကြုံတွေ့နေရပါတယ်။

အမေရိကန်နိုင်ငံမှာ သူငယ်ချင်းတစ်ယောက်ရဲ့သားတက်တဲ့ ကျောင်းက ပညာရေးစနစ်ဟာ မြန်မာနိုင်ငံနဲ့တော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက်ရှိပါတယ်။ အိမ်ကို အိမ်စာပေးလိုက်ရင် မိဘတွေဟာ ကလေးရဲ့ အိမ်စာကို သေချာဖတ်ရှုပြီးကြောင်း လက်မှတ်ထိုးပေးလိုက်ရပါတယ်။ ကျောင်းမှာ ကိုယ့်ရဲ့ကလေး ဒီနေ့ ဘာသင်သလဲဆိုတာကို သိချင်ရင် အဲဒီကျောင်းရဲ့ ဝက်ဘ်ဆိုက်မှာ ရှာဖွေကြည့်လို့ရပါတယ်။ အမှတ် ပေးစနစ်ကလည်း  (A+, A, A-) (B+, B, B-) (C+, C , C -)  (D+,D, D-) နဲ့  F ဆိုပြီး ရှိပါတယ်။ A အုပ်စုဟာ အမှတ် ၉၀ နဲ့ ၁၀၀ ကြား ရရှိသူတွေဖြစ်တာကြောင့် အထူးချွန်ဆုံးသူတွေလို့ သတ်မှတ်နိုင်ပါတယ်။ B နဲ့ C အုပ်စု တစ်ဘာသာကို ပျှမ်းမျှ ၇၅ မှတ်အထက် ရရှိသူတွေမို့ Credit ရရှိတဲ့ အဆင့်မျိုး ဖြစ်ပါတယ်။ D အုပ်စုဟာ ၆၅ မှတ်နဲ့အထက် ရရှိသူတွေမို့ သူတို့ရဲ့ နားလည်နိုင်စွမ်းဟာ မြင့်တယ်လို့ ဆိုနိုင်ပေမယ့် သက်ဆိုင်ရာဘာသာမှာ တစ်ဘာသာချင်း ၆၅ မှတ်ရမှသာ စာမေးပွဲအောင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Every Assignment၊ Every Tutorial တိုင်းမှာ ၆၅ မှတ် လောက်ပဲရရင်တော့ ကျောင်းက မိဘတွေကို ဖုန်းဆက်ပြီး ခေါ်ယူဆွေးနွေးပါတယ်။ အဓိက,ကတော့ ကလေးရဲ့ပညာရေး တိုးတက်ဖို့ ကျောင်းနဲ့ ပူးပေါင်းဆောင်ရွက်မှာလား ဆိုတာကို သေချာအောင်မေးတာပါ။ ဒီလိုမေးပြီးလို့ မိဘက ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူရင် ကလေးကို ပုံမှန်ကျောင်းဆင်းချိန် ပြီးတဲ့နောက် After School ဆိုပြီး အချိန်ပိုတက်ရပါတယ်။ အဲဒီအချိန်ပိုကို ထူးချွန်တဲ့ စီနီယာကျောင်းသားကြီးတွေက သင်ကြားပေးပါတယ်။ အချိန်ပိုမှာ အမှတ်အများဆုံးရရှိတဲ့ ကျောင်းသားကျောင်းသူတွေကိုမှ ဆုပေးတဲ့စနစ်ကို ကျင့်သုံးပါတယ်။ ဒီမှာ ငါးဘာသာဂုဏ်ထူး ခြောက်ဘာသာဂုဏ်ထူးတွေကို ချီးမြှင့်တဲ့ အခမ်းအနားလိုမျိုးတွေ ပြုလုပ်ပါတယ်။ ထူးခြားတာကတော့ စာအသင့်အတင့်သာ လိုက်နိုင်တဲ့ ကိုယ့်ကလေးကို တိုးတက်လာဖို့ မိဘက ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ ကျောင်းကို အိမ်စီးကားနဲ့ လာမကြိုရပါဘူး။ သူတို့အတွက်လည်း After School Bus နဲ့ပဲ ပြန်ရပါတယ်။ တစ်ခုမကောင်းတာကတော့ အိမ်ရှေ့ကို After School Bus ရပ်လိုက်ရင် အိမ်နီးနားချင်းတွေက ပြူးတူးပြဲတဲ ထွက်ကြည့်ကြတော့တာပဲ။ ဘာလို့လဲဆိုတော့ ဒီအိမ်မှာ စာမလိုက်နိုင်တဲ့ကလေး ရှိနေတယ်ဆိုတာ ကြေညာလိုက်သလို ဖြစ်သွားလို့ပါပဲ။ ဒါကြောင့် သူတို့ဆီက ပညာရေး ဂုဏ်သိက္ခာအကြောင်း နားလည်သဘောပေါက်ပုံနဲ့ ကျွန်တော်တို့ဆီက ဂုဏ်သိက္ခာအကြောင်း နားလည်သဘောပေါက်ပုံ အလွန်ကွဲပြားခြားနားတဲ့အကြောင်း သိစေချင်ပါတယ်။

ဇော်သက်ထွေး

ဖိုးသူတော် (www.phothutaw.com)
Credit: Tomorrow News Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top