Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အိမ္တြင္ အိမ္သာမရိွ ေသာေၾကာင့္ ကြင္းျပင္ထဲ အေပါ့ အပါးသြားေနရသျဖင့္ ခင္ပြန္းျဖစ္သူႏွင့္ ကြာရွင္းခြင့္ေတာင္းခဲ့သည့္ အမ်ိဳးသမီးတစ္ဦးကုိ အိႏိၵယ တရား႐ံုးက ကြာရွင္းခြင့္ေပးခဲ့ သည္။

အိမ္ေထာင္သက္ ငါးႏွစ္တာအတြင္း ခင္ပြန္းက အိမ္တြင္ အိမ္သာတစ္လံုး ေဆာက္လုပ္ေပးျခင္းမရိွဟု ေလွ်ာက္လဲခ်က္ေပးခဲ့သည့္ အမ်ိဳးသမီးကုိ ရာဂ်က္စတန္ျပည္နယ္ရိွ မိသားစု တရား႐ံုးက ယင္းကဲ့သို႔ အမိန္႔ခ် ခဲ့ျခင္းျဖစ္သည္။

ေက်းလက္ေဒသရိွ အမ်ဳိး သမီးမ်ားသည္ ကြင္းျပင္ထဲတြင္ အေပါ့သြားရန္ မေမွာင္မခ်င္း အႏၲရာယ္ကုိ လြယ္ထားရေလ့ရိွ ေၾကာင္း တရားသူႀကီး ရာဂ်န္ဒရာကူးမားရွာမားက ေျပာသည္။

အိႏိၵယတြင္ အဓိက က်န္းမာေရးျပႆနာ တစ္ခုျဖစ္ေသာကြင္းျပင္ထဲ မစင္စြန္႔ခုိင္းျခင္းသည္ အရွက္ခဲြမႈဟု တရားသူႀကီးက တံဆိပ္ကပ္ခဲ့ၿပီး အမ်ဳိးသမီး မ်ား အေပါ့သြားရန္ လံုၿခံဳေသာ အေျခအေနတစ္ခု ဖန္တီးေပးရန္ ပ်က္ကြက္ျခင္းသည္ ႏွိပ္စက္မႈ အျဖစ္ မွတ္ယူရမည္ဟု အဆိုပါအမ်ိဳးသမီး၏ေရွ႕ေန ရာဂ်က္ရွာမားကေျပာသည္။

အိႏိၵယတြင္ ရက္စက္ၾကမ္း ၾကဳတ္ျခင္း၊ အၾကမ္းဖက္ျခင္း (သုိ႔မဟုတ္) မေတာ္မတရားေငြ ေတာင္းမႈကဲ့သုိ႔ ျပစ္မႈမ်ားသာ တရား႐ံုးေရာက္ေလ့ရိွၿပီး ယင္း ျပစ္မႈမ်ားထင္ရွားမွသာ လင္မ ယားကြာရွင္းခြင့္ေပးေလ့ရိွသည္။

အိမ္သာကိစၥႏွင့္ ပတ္သက္ ၍ အိမ္ေထာင္ေရးအဆံုးသတ္ ရန္ ေတာင္းဆိုမႈမွာ ယခုတစ္ႀကိမ္ သည္ ပထမဆံုးမဟုတ္ေပ။

ၿပီးခဲ့သည့္ႏွစ္က ဥတၱာပရာ ေဒ့ရ္ွျပည္နယ္တြင္ အမ်ိဳးသမီး တစ္ဦးသည္ အိမ္သာေဆာက္ ေပးရန္ ျငင္းဆန္ခဲ့ေသာ သတို႔ သားေလာင္းကုိ လက္ထပ္ရန္ျငင္းဆန္ခဲ့သည္။

 ဇြန္လကလည္း အျခားအမ်ဳိးသမီးတစ္ဦးသည္ အိမ္သာတစ္လံုး မေဆာက္မခ်င္း ေယာကၡမအိမ္သို႔ ျပန္လာမည္ မဟုတ္ဟုဆုိသည္။

ကြင္းျပင္ထဲ မစင္စြန္႔သည့္ အေလ့အထကုိ ရပ္တန္႔ရန္ ၂၀၁၉မတုိင္မီ အိမ္တုိင္း၌ အိမ္သာတစ္ လံုးစီ ေဆာက္လုပ္ေပးမည္ဟု အိႏိၵယဝန္ႀကီးခ်ဳပ္ နာရန္ဒရာမုိဒီက ကတိျပဳထားၿပီး အဆုိပါအစီအစဥ္ကုိ ၂၀၁၄ က စတင္ၿပီးေနာက္ အိမ္သာအလံုးေရ  သန္း ၂၀ ေဆာက္လုပ္ေပးၿပီးျဖစ္ေၾကာင္း အစိုးရကေျပာသည္။ 

Ref:AFP

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily



#Unicode Version#
 အိမ်တွင် အိမ်သာမရှိ သောကြောင့် ကွင်းပြင်ထဲ အပေါ့ အပါးသွားနေရသဖြင့် ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းခွင့်တောင်းခဲ့သည့် အမျိုးသမီးတစ်ဦးကို အိန္ဒိယ တရားရုံးက ကွာရှင်းခွင့်ပေးခဲ့ သည်။

 အိမ်ထောင်သက် ငါးနှစ်တာအတွင်း ခင်ပွန်းက အိမ်တွင် အိမ်သာတစ်လုံး ဆောက်လုပ်ပေးခြင်းမရှိဟု လျှောက်လဲချက်ပေးခဲ့သည့် အမျိုးသမီးကို ရာဂျက်စတန်ပြည်နယ်ရှိ မိသားစု တရားရုံးက ယင်းကဲ့သို့ အမိန့်ချ ခဲ့ခြင်းဖြစ်သည်။


ကျေးလက်ဒေသရှိ အမျိုး သမီးများသည် ကွင်းပြင်ထဲတွင် အပေါ့သွားရန် မမှောင်မချင်း အန္တရာယ်ကို လွယ်ထားရလေ့ရှိ ကြောင်း တရားသူကြီး ရာဂျန်ဒရာကူးမားရှာမားက ပြောသည်။

အိန္ဒိယတွင် အဓိက ကျန်းမာရေးပြဿနာ တစ်ခုဖြစ်သောကွင်းပြင်ထဲ မစင်စွန့်ခိုင်းခြင်းသည် အရှက်ခွဲမှုဟု တရားသူကြီးက တံဆိပ်ကပ်ခဲ့ပြီး အမျိုးသမီး များ အပေါ့သွားရန် လုံခြုံသော အခြေအနေတစ်ခု ဖန်တီးပေးရန် ပျက်ကွက်ခြင်းသည် နှိပ်စက်မှု အဖြစ် မှတ်ယူရမည်ဟု အဆိုပါအမျိုးသမီး၏ရှေ့နေ ရာဂျက်ရှာမားကပြောသည်။

အိန္ဒိယတွင် ရက်စက်ကြမ်း ကြုတ်ခြင်း၊ အကြမ်းဖက်ခြင်း (သို့မဟုတ်) မတော်မတရားငွေ တောင်းမှုကဲ့သို့ ပြစ်မှုများသာ တရားရုံးရောက်လေ့ရှိပြီး ယင်း ပြစ်မှုများထင်ရှားမှသာ လင်မ ယားကွာရှင်းခွင့်ပေးလေ့ရှိသည်။

အိမ်သာကိစ္စနှင့် ပတ်သက် ၍ အိမ်ထောင်ရေးအဆုံးသတ် ရန် တောင်းဆိုမှုမှာ ယခုတစ်ကြိမ် သည် ပထမဆုံးမဟုတ်ပေ။

ပြီးခဲ့သည့်နှစ်က ဥတ္တာပရာ ဒေ့ရ်ှပြည်နယ်တွင် အမျိုးသမီး တစ်ဦးသည် အိမ်သာဆောက် ပေးရန် ငြင်းဆန်ခဲ့သော သတို့ သားလောင်းကို လက်ထပ်ရန်ငြင်းဆန်ခဲ့သည်။

 ဇွန်လကလည်း အခြားအမျိုးသမီးတစ်ဦးသည် အိမ်သာတစ်လုံး မဆောက်မချင်း ယောက္ခမအိမ်သို့ ပြန်လာမည် မဟုတ်ဟုဆိုသည်။

ကွင်းပြင်ထဲ မစင်စွန့်သည့် အလေ့အထကို ရပ်တန့်ရန် ၂၀၁၉မတိုင်မီ အိမ်တိုင်း၌ အိမ်သာတစ် လုံးစီ ဆောက်လုပ်ပေးမည်ဟု အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ကတိပြုထားပြီး အဆိုပါအစီအစဉ်ကို ၂၀၁၄ က စတင်ပြီးနောက် အိမ်သာအလုံးရေ  သန်း ၂၀ ဆောက်လုပ်ပေးပြီးဖြစ်ကြောင်း အစိုးရကပြောသည်။

Ref:AFP

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top