ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ကိုေဆြ၀င္းႏွင့္ ျမန္မာႏုိင္ငံဆိုင္ရာ ဥေရာပသမဂၢ သံအမတ္ႀကီး ၾသဂုတ္ ၂ရက္က ေတြ႕ဆုံစဥ္ (ဓာတ္ပံု − European Union in Myanmar FB)
မႏၲေလးၿမိဳ႕တြင္ သြား ေရာက္ရင္ဆုိင္ရမည့္ Myanmar Now သတင္းဌာနအယ္ဒီတာခ်ဳပ္ ကိုေဆြဝင္း၏ တရား႐ံုးခ်ိန္းမ်ားသို႔ ျမန္မာႏုိင္ငံဆုိင္ရာ ဥေရာပသမဂၢ႐ံုးက တက္ေရာက္ၾကားနာ မည္ျဖစ္ေၾကာင္း သတင္းရရွိ သည္။

၎ႏွင့္ ျမန္မာႏုိင္ငံဆုိင္ရာ ဥေရာပသမဂၢသံအမတ္ႀကီး ႐ိုလန္ကိုဘီးယားတုိ႔သည္ ဩဂုတ္ ၂ ရက္တြင္ ေတြ႕ဆံုေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့အၿပီး ကိုေဆြဝင္းက အထက္ပါအတိုင္း ေျပာၾကားျခင္းျဖစ္သည္။

‘‘အစ္ကို႔အမႈရဲ႕ ျဖစ္စဥ္ေတြ ကို ေမးျမန္းတယ္။ ဘာအခက္အ ခဲေတြရွိလဲ၊ ဘာေတြရင္ဆုိင္ေနရ လဲ အစရွိသျဖင့္ ဒါပါပဲ’’ဟု ကိုေဆြဝင္းက သံအမတ္ႀကီးႏွင့္ ေတြ႕ဆံုမႈကို ေျပာသည္။

ကိုေဆြဝင္းကို ဇူလုိင္ ၃၀ ရက္ညေနက ရန္ကုန္အျပည္ျပည္ ဆုိင္ရာ ေလဆိပ္တြင္ ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ၿပီး ဇူလုိင္ ၃၁ ရက္၌ မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္ တရား႐ံုးတြင္ ႐ံုးထုတ္၍ ခ်ဳပ္ရမန္ယူခဲ့ရာ အာမခံရရွိခဲ့သည္။ ထို႔ေနာက္ ႏွစ္ရက္အၾကာတြင္ ဥေရာပသမဂၢသံအမတ္ႀကီးက ကိုေဆြဝင္းႏွင့္ ေတြ႕ဆံုျခင္းျဖစ္သည္။

ဥေရာပသမဂၢ အေနျဖင့္ သတင္းမီဒီယာလြတ္လပ္ခြင့္ကို အားေပးေထာက္ခံသည္ဟု သံအ မတ္ႀကီးက ေျပာဆုိေၾကာင္း ၎က ေျပာသည္။ ၎၏ အမႈႏွင့္ ပတ္သက္ၿပီး ေဆြးေႏြးခ်င္သည္ ဟုေျပာကာ သံအမတ္ႀကီးက ေခၚယူသျဖင့္ သြားေရာက္ေတြ႕ဆံုခဲ့ေၾကာင္း ကိုေဆြဝင္းက ေျပာၾကားသည္။

ျမန္္မာႏုိင္ငံဆုိင္ရာ ဥေရာပ သမဂၢ႐ံုးကလည္း ၎တုိ႔၏ လူမႈ ကြန္ရက္စာမ်က္ႏွာတြင္ သံအ မတ္ႀကီးက ကိုေဆြဝင္းႏွင့္ေတြ႕ ဆံုၿပီး ျမန္မာႏုိင္ငံရွိ သတင္းသမား မ်ားႏွင့္ သတင္းမီဒီယာမ်ား လတ္ တေလာ ရင္ဆုိင္ေနရသည့္ အ ခက္အခဲမ်ားကို ေဆြးေႏြးေျပာဆုိ ခဲ့ေၾကာင္း ထုတ္ျပန္သည္။

ကိုေဆြဝင္းသည္ ၎အသံုး ျပဳသည့္ Ba Kaung အမည္ျဖင့္ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္တြင္ ‘ဝီရသူပါရာဇိကက်ၿပီး ရဟန္း ဘဝနိ႒ိတံသြားၿပီျဖစ္ေၾကာင္း သိ ရပါတယ္။ ပါရာဇိကက်တာ ခုမွ က်တာေတာ့ မဟုတ္ေလာက္ဘူး’ စသည့္ စာသားမ်ားႏွင့္အတူ ဦးဝီ ရသူဓာတ္ပံုမ်ားကို ေရးသားေဖာ္ ျပခဲ့သျဖင့္ ဦးဝီရသူ၏တပည့္ မဘသအဖြဲ႕ဝင္ေဟာင္း ဦးေက်ာ္ မ်ိဳးေရႊက ဆက္သြယ္ေရးဥပေဒ ျဖင့္ အမႈဖြင့္တုိင္ၾကားခဲ့သည္။

‘‘ကိုုယ္တုိ႔ ျမန္မာျပည္မွာဆုိ ရင္ အင္တာနက္ကို အသံုးျပဳၿပီး ေတာ့မွ လူ႔အဖြဲ႕အစည္းကို ပဋိ ပကၡေတြျဖစ္ေအာင္ လုပ္တယ္၊ လႈံ႔ေဆာ္တာေတြလုပ္တယ္။ ဒါဘယ္သူလဲဆုိတာ အစ္ကိုေျပာရင္သိပါတယ္။ အဲဒီလိုလူမ်ိဳးေတြကို အေရးမယူဘဲနဲ႔ အဲဒီလိုလုပ္ေနတဲ့ သူေတြ တုိင္းျပည္ကို မီးဟုန္းဟုန္း ေတာက္ေအာင္လုပ္ေနတယ္။ ဘာသာတစ္ခုနဲ႔တစ္ခုၾကား၊ လူ မ်ိဳးေရးတစ္ခုနဲ႔တစ္ခုၾကား မီးဟုန္းဟုန္းေတာက္ေအာင္ လုပ္ေဆာင္ ေနတဲ့သူေတြ ေဖ့စ္ဘြတ္ခ္ကို အ သံုးျပဳလုပ္ေဆာင္ေနတဲ့သူေတြ ကို ဥပေဒေၾကာင္းအရ အေရးယူ မခံရဘဲ အဲဒီလူေတြကို သြားေဝ ဖန္တဲ့သူကို အဲဒီဥပေဒက အေရး ယူတယ္ဆုိေတာ့ ဒီဥပေဒႀကီးကို က၊ အသံုးခ်တာႀကီးကိုက၊ ဒီ ဥပေဒရဲ႕ သေဘာသဘာဝကိုက ေျပာင္းျပန္လို ျဖစ္ေနတယ္လို႔ ကိုယ္ခံစားရတယ္’’ဟု ကိုေဆြဝင္း က ဆက္သြယ္ေရးဥပေဒျဖင့္ အေရးယူခံရမႈအေပၚတြင္ မွတ္ခ်က္ျပဳသည္။

မဟာေအာင္ေျမၿမိဳ႕နယ္ တရား႐ံုးက ကိုေဆြဝင္း၏အမႈ ဒုတိယအႀကိမ္႐ံုးခ်ိန္းကို ဩဂုတ္ ၇ ရက္သုိ႔ ခ်ိန္းဆိုထားသည္။

ကိုေဆြဝင္းက တရားစြဲဆို အမႈဖြင့္ခံရျခင္းႏွင့္ပတ္သက္၍ ဧၿပီ ၃ ရက္တြင္ သာသနာေရးဦးစီး ဌာန၏ သေဘာထားမွတ္ခ်က္ ေတာင္းခံခဲ့ၿပီး သာသနာေရးဝန္ ႀကီးဌာနက အခ်က္ခုနစ္ခ်က္ ပါဝင္သည့္ အေၾကာင္းျပန္စာကို ဧၿပီ ၅ ရက္က ျပန္လည္ေပးပုိ႔ခဲ့ ရာတြင္ သာသနာေရးဝန္ႀကီးဌာန က ကိုေဆြဝင္းသည္ ဦးဝီရသူကို အသေရဖ်က္ရာမေရာက္ေၾကာင္း ေဖာ္ျပထားသည္။

သာသနာေရးႏွင့္ ယဥ္ေက်း မႈဝန္ႀကီး သူရဦးေအာင္ကိုက ကိုေဆြဝင္း၏ လူမႈကြန္ရက္၌ ေဖာ္ျပေရးသားခ်က္သည္ ဆက္သြယ္ ေရးဥပေဒပုဒ္မ ၆၆(ဃ)ႏွင့္ လြတ္ ကင္းေၾကာင္း RFA သတင္းဌာန အား မတ္လ ၁၁ ရက္တြင္ ေျပာ ၾကားထားသည္။

ကိုေဆြဝင္းသည္ အင္းဝ အပ္ခ်ဳပ္ဆုိင္တြင္ အိမ္အကူအမ်ိဳး သမီးငယ္ႏွစ္ဦးကို ကိုယ္လက္ အဂၤါခြၽတ္ယြင္းသည္အထိ ႏွစ္ႏွင့္ ခ်ီ၍ လူမသိ၊ သူမသိ ႏွိပ္စက္ေန သည့္အေၾကာင္း ေဖာ္ထုတ္ခဲ့သျဖင့္ ႏုိင္ငံေတာ္သမၼတ႐ံုးက ဂုဏ္ျပဳဆု၊ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕က မႈခင္းမ်ားေဖာ္ထုတ္ရာတြင္ အရပ္သားမ်ား ပူးေပါင္းပါဝင္မႈအတြက္ ရဲခ်ဳပ္ဆု၊ ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီက စတုတၳမ႑ိဳင္ဆုႏွင့္သတင္းမီဒီယာအဖြဲ႕အစည္းအသီးသီး၏ ဂုဏ္ျပဳဆုမ်ား ခ်ီးျမႇင့္ခံထားရသူျဖစ္သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ကိုဆွေဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး သြဂုတ် ၂ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ − European Union in Myanmar FB)

မန္တလေးမြို့တွင် သွား ရောက်ရင်ဆိုင်ရမည့် Myanmar Now သတင်းဌာနအယ်ဒီတာချုပ် ကိုဆွေဝင်း၏ တရားရုံးချိန်းများသို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးက တက်ရောက်ကြားနာ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

၎င်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး ရိုလန်ကိုဘီးယားတို့သည် ဩဂုတ် ၂ ရက်တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့အပြီး ကိုဆွေဝင်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

‘‘အစ်ကို့အမှုရဲ့ ဖြစ်စဉ်တွေ ကို မေးမြန်းတယ်။ ဘာအခက်အ ခဲတွေရှိလဲ၊ ဘာတွေရင်ဆိုင်နေရ လဲ အစရှိသဖြင့် ဒါပါပဲ’’ဟု ကိုဆွေဝင်းက သံအမတ်ကြီးနှင့် တွေ့ဆုံမှုကို ပြောသည်။

ကိုဆွေဝင်းကို ဇူလိုင် ၃၀ ရက်ညနေက ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဇူလိုင် ၃၁ ရက်၌ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားရုံးတွင် ရုံးထုတ်၍ ချုပ်ရမန်ယူခဲ့ရာ အာမခံရရှိခဲ့သည်။ ထို့နောက် နှစ်ရက်အကြာတွင် ဥရောပသမဂ္ဂသံအမတ်ကြီးက ကိုဆွေဝင်းနှင့် တွေ့ဆုံခြင်းဖြစ်သည်။

ဥရောပသမဂ္ဂ အနေဖြင့် သတင်းမီဒီယာလွတ်လပ်ခွင့်ကို အားပေးထောက်ခံသည်ဟု သံအ မတ်ကြီးက ပြောဆိုကြောင်း ၎င်းက ပြောသည်။ ၎င်း၏ အမှုနှင့် ပတ်သက်ပြီး ဆွေးနွေးချင်သည် ဟုပြောကာ သံအမတ်ကြီးက ခေါ်ယူသဖြင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း ကိုဆွေဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂရုံးကလည်း ၎င်းတို့၏ လူမှု ကွန်ရက်စာမျက်နှာတွင် သံအ မတ်ကြီးက ကိုဆွေဝင်းနှင့်တွေ့ ဆုံပြီး မြန်မာနိုင်ငံရှိ သတင်းသမား များနှင့် သတင်းမီဒီယာများ လတ် တလော ရင်ဆိုင်နေရသည့် အ ခက်အခဲများကို ဆွေးနွေးပြောဆို ခဲ့ကြောင်း ထုတ်ပြန်သည်။

ကိုဆွေဝင်းသည် ၎င်းအသုံး ပြုသည့် Ba Kaung အမည်ဖြင့် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ‘ဝီရသူပါရာဇိကကျပြီး ရဟန်း ဘဝနိဋ္ဌိတံသွားပြီဖြစ်ကြောင်း သိ ရပါတယ်။ ပါရာဇိကကျတာ ခုမှ ကျတာတော့ မဟုတ်လောက်ဘူး’ စသည့် စာသားများနှင့်အတူ ဦးဝီ ရသူဓာတ်ပုံများကို ရေးသားဖော် ပြခဲ့သဖြင့် ဦးဝီရသူ၏တပည့် မဘသအဖွဲ့ဝင်ဟောင်း ဦးကျော် မျိုးရွှေက ဆက်သွယ်ရေးဥပဒေ ဖြင့် အမှုဖွင့်တိုင်ကြားခဲ့သည်။

‘‘ကိုုယ်တို့ မြန်မာပြည်မှာဆို ရင် အင်တာနက်ကို အသုံးပြုပြီး တော့မှ လူ့အဖွဲ့အစည်းကို ပဋိ ပက္ခတွေဖြစ်အောင် လုပ်တယ်၊ လှုံ့ဆော်တာတွေလုပ်တယ်။ ဒါဘယ်သူလဲဆိုတာ အစ်ကိုပြောရင်သိပါတယ်။ အဲဒီလိုလူမျိုးတွေကို အရေးမယူဘဲနဲ့ အဲဒီလိုလုပ်နေတဲ့ သူတွေ တိုင်းပြည်ကို မီးဟုန်းဟုန်း တောက်အောင်လုပ်နေတယ်။ ဘာသာတစ်ခုနဲ့တစ်ခုကြား၊ လူ မျိုးရေးတစ်ခုနဲ့တစ်ခုကြား မီးဟုန်းဟုန်းတောက်အောင် လုပ်ဆောင် နေတဲ့သူတွေ ဖေ့စ်ဘွတ်ခ်ကို အ သုံးပြုလုပ်ဆောင်နေတဲ့သူတွေ ကို ဥပဒေကြောင်းအရ အရေးယူ မခံရဘဲ အဲဒီလူတွေကို သွားဝေ ဖန်တဲ့သူကို အဲဒီဥပဒေက အရေး ယူတယ်ဆိုတော့ ဒီဥပဒေကြီးကို က၊ အသုံးချတာကြီးကိုက၊ ဒီ ဥပဒေရဲ့ သဘောသဘာဝကိုက ပြောင်းပြန်လို ဖြစ်နေတယ်လို့ ကိုယ်ခံစားရတယ်’’ဟု ကိုဆွေဝင်း က ဆက်သွယ်ရေးဥပဒေဖြင့် အရေးယူခံရမှုအပေါ်တွင် မှတ်ချက်ပြုသည်။

မဟာအောင်မြေမြို့နယ် တရားရုံးက ကိုဆွေဝင်း၏အမှု ဒုတိယအကြိမ်ရုံးချိန်းကို ဩဂုတ် ၇ ရက်သို့ ချိန်းဆိုထားသည်။

ကိုဆွေဝင်းက တရားစွဲဆို အမှုဖွင့်ခံရခြင်းနှင့်ပတ်သက်၍ ဧပြီ ၃ ရက်တွင် သာသနာရေးဦးစီး ဌာန၏ သဘောထားမှတ်ချက် တောင်းခံခဲ့ပြီး သာသနာရေးဝန် ကြီးဌာနက အချက်ခုနစ်ချက် ပါဝင်သည့် အကြောင်းပြန်စာကို ဧပြီ ၅ ရက်က ပြန်လည်ပေးပို့ခဲ့ ရာတွင် သာသနာရေးဝန်ကြီးဌာန က ကိုဆွေဝင်းသည် ဦးဝီရသူကို အသရေဖျက်ရာမရောက်ကြောင်း ဖော်ပြထားသည်။

သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီး သူရဦးအောင်ကိုက ကိုဆွေဝင်း၏ လူမှုကွန်ရက်၌ ဖော်ပြရေးသားချက်သည် ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၆(ဃ)နှင့် လွတ် ကင်းကြောင်း RFA သတင်းဌာန အား မတ်လ ၁၁ ရက်တွင် ပြော ကြားထားသည်။

ကိုဆွေဝင်းသည် အင်းဝ အပ်ချုပ်ဆိုင်တွင် အိမ်အကူအမျိုး သမီးငယ်နှစ်ဦးကို ကိုယ်လက် အင်္ဂါချွတ်ယွင်းသည်အထိ နှစ်နှင့် ချီ၍ လူမသိ၊ သူမသိ နှိပ်စက်နေ သည့်အကြောင်း ဖော်ထုတ်ခဲ့သဖြင့် နိုင်ငံတော်သမ္မတရုံးက ဂုဏ်ပြုဆု၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မှုခင်းများဖော်ထုတ်ရာတွင် အရပ်သားများ ပူးပေါင်းပါဝင်မှုအတွက် ရဲချုပ်ဆု၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက စတုတ္ထမဏ္ဍိုင်ဆုနှင့်သတင်းမီဒီယာအဖွဲ့အစည်းအသီးသီး၏ ဂုဏ်ပြုဆုများ ချီးမြှင့်ခံထားရသူဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top