ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ဘရာဇီယာဆိုတာ ေယာင္းတို႔မိန္းကေလးေတြရဲ႕အလွအပအတြက္ မရွိမျဖစ္လုိအပ္တယ္လို႔ဆိုလို႔ရပါတယ္။  လူသူထင္ရွားေအာင္အျပင္ထုတ္မဝတ္ေပမယ့္ ျဖစ္ကတတ္ဆန္းဝယ္၊ ျဖစ္ကတတ္ဆန္းဝတ္ရင္လည္းဂြမ္းသြားႏုိင္တာေၾကာင့္ ဘရာဇီယာနဲ႔ပတ္သတ္ျပီးေယာင္းတို႔ေတြ သိထားသင့္တာေလးေတြကို ဗဟုသုတအေနနဲ႔ မွ်ေဝေပးလိုက္ပါတယ္။

(၁) ေပါေခ်ာင္ေကာင္းဝယ္မိတာ

ဒါကေတာ့ ကပ္ေစးနည္းတတ္တဲ့ ေယာင္းတို႔ အမွတ္တမဲ့လုပ္မိေနက်ပါ။ကိုယ္အပါအဝင္ေပါ့ေလ။ ဟီး 😛 ဟုတ္တယ္ေလ အတြင္းခံဆြာ အတြင္းမွာ ဝတ္ဖို႔ပဲဟာ၊ ေစ်းႀကီးႀကီးေပးဝယ္ရရင္ နွေျမာစရာႀကီးရယ္။ အဲ့အစား အဝတ္အစားေတြ ေကာင္းေကာင္းဝယ္ပစ္လိုက္မယ္ေပါ့။ ဘာလို႔လဲဆိုေတာ့ အေပၚယံၾကည့္ရင္ေတာ့ မသိသာဘူးေလေနာ္။ တကယ္တမ္းဝတ္ၾကည့္ေတာ့မွ
သက္ေတာင့္သက္သာ ရွိမရွိ၊ ေလွ်ာ္ဖြတ္ခံမခံ၊ အၾကမ္းပတမ္းခံမခံ ဆိုတာေတြ သိရတာရယ္။ ဒါေၾကာင့္ ေစ်းသင့္တင့္ၿပီး ကြာလတီေကာင္းတဲ့ ဘရာမ်ိဳးသာ ေရြးဝယ္ပါေယာင္းေရ။

(၂) ဘရာဆိုက္ဇ္ မေျပာင္းလဲဘူးထင္ေနတာ

ဒီအမွားက ကိုယ္အျဖစ္ဆံုး။တကၠသိုလ္ပထမနွစ္တည္းက ဝတ္ခဲ့တဲ့ ဘရာဇီယာကို ခုထိေတာ္မယ္ထင္ေနတုန္းရယ္။ ဘရာဆုိက္ဇ္က ေျပာင္းလဲတယ္ေနာ္ ေယာင္းတို႔ အဲ့ဒါေလး သတိခ်ပ္ရမယ္။ အထူးသျဖင့္ ကိုယ္ဝန္ရွိေနတဲ့အခ်ိန္၊ မီးဖြားခ်ိန္၊ ကေလးေလးကို ေစာင့္ေရွာက္တဲ့အခ်ိန္၊ ရင္ဘတ္ကို ခြဲစိတ္ၿပီးတဲ့အခ်ိန္နဲ႔ ေသြးဆံုးတဲ့အခ်ိန္ေတြမွာဆို ဆိုက္ဇ္ေတြ ေျပာင္းတတ္ပါတယ္။ ဒါေၾကာင့္ အေကာင္းဆံုးက အနည္းဆံုး ၆လတစ္ႀကိမ္ ဆိုက္ဇ္ျပန္တိုင္းၿပီး အသစ္ဝယ္ပါေနာ္။

(၃) ဘရာတစ္ထည္တည္းကို ေန႔တိုင္းဝတ္တာ

ဘရာတစ္ထည္တည္းကို ႏွစ္ရက္ဆက္တိုက္ ဝတ္တာမ်ိဳးကို ေရွာင္ၾကည္သင့္ပါတယ္။ မဟုတ္ရင္ ေခၽြးနံ႔က ဘရာဇီယာကို ယိုယြင္းလာေစပါလိမ့္မယ္။ ဒါေၾကာင့္ အနည္းဆံုး ဘရာဇီယာ (၃) ထည္ေလာက္ဝယ္ထားသင့္ပါတယ္။ ဒါမွ တစ္ထည္ ဝတ္ရင္ ေနာက္တစ္ထည္က ေလ်ွာ္ထား ေနာက္တစ္ထည္က အနားယူေပါ့။ အဲ့လိုမ်ိဳး ဘရာဇီယာေတြကို အလွည့္က်ဝတ္ဝတ္သြားမယ္ဆိုရင္ ဘရာဇီယာေတြက တာရွည္ခံပါလိမ့္မယ္။ (ဒါေပမယ့္ တခ်ိဳ႕ကေတာ့လည္း ဘရာတစ္ထည္ကို ေခၽြးထြက္ႏႈန္းေပၚမူတည္ျပီး အနည္းဆံုး ၃ခါေလာက္ဝတ္ျပီးမွ ေလွ်ာ္သင့္တယ္လို႔ ဆိုျပန္ပါတယ္။ )

(၄) အေျခာက္စက္နဲ႔မႈတ္တာ

ဘရာဇီယာ ျမန္ျမန္ေျခာက္ခ်င္ေဇာနဲ႔ အေျခာက္ေလ်ွာ္စက္ထဲ ထည့္ေလ်ွာ္တာမ်ိဳးကို မလုပ္နဲ႔ေနာ္။ ဘာလို႔ဆုိ အပူဓာတ္ဟာ ေဘာလီႀကိဳးရဲ႕ က်ံဳ႕ႏိုင္ဆန္႔ႏိုင္တဲ့ ဂုဏ္သတၱိကို ေလ်ာ့ေစလို႔ပါ။ အဲ့အခါက် ေဘာ္လီႀကိဳးေတြက ေလ်ာ့ရဲရဲႀကီးျဖစ္ၿပီး ဝတ္ရအဆင္မေျပျဖစ္ေနပါလိမ့္မယ္ ေယာင္းတို႔ေရ။

(၅) ကိုယ့္မွာရွိတဲ့ ဘရာက အကႌ်အားလံုးနဲ႔ အဆင္ေျပမယ္ထင္တာ

ႏိုးႏိုး မဟုတ္ဘူးေနာ္။ ကိုယ္ဝတ္တဲ့ အက်ႌအမ်ိဳးအစားအေပၚလိုက္ၿပီး ဝတ္ရတဲ့ဘရာဇီယာကြာေသးတယ္ေနာ္ ေယာင္းတို႔။ ဥပမာ ဆိုပါစို႔ ေယာင္းရယ္ ေန႔တိုင္း ဝတ္ေနက် ဘရာဇီယာကို ညေနခင္းပြဲတက္ဂါဝန္ေတြဝတ္တဲ့အခါမွာ ဝတ္မယ္ဆိုရင္ အဆင္မေျပႏိုင္ဘူးေလေနာ့။ အဲ့လိုပဲ ေန႔တိုင္းဝတ္ေနတဲ့ဘရာဇီယာကို off shoulder ေလးေတြဘာေလးေတြနဲ႔ တြဲဝတ္မယ္ဆိုရင္လည္း ၾကည့္မေကာင္းဘူးရယ္။ အကႌ်အမ်ိဳးအစားေပၚလိုက္ၿပီး ဘရာဇီယာကိုလည္း ေျပာင္းေပးေနာ္ ေယာင္းတို႔။

ကဲ ဒါဆိုရင္ေယာင္းတို႔လည္း ကိုယ္ အမွတ္မထင္ လုပ္မိေနတဲ့ အမွားေလးေတြကို သတိထားမိမယ္ထင္ပါတယ္။ မသိေသးတဲ့ သူငယ္ခ်င္းေယာင္းေတြကိုလည္း လက္တို႔ေျပာဖို႔ မေမ့နဲ႔ဦးေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Christina (For Her Myanmar)

#Unicode Version#
ဘရာဇီယာဆိုတာ ယောင်းတို့မိန်းကလေးတွေရဲ့အလှအပအတွက် မရှိမဖြစ်လိုအပ်တယ်လို့ဆိုလို့ရပါတယ်။  လူသူထင်ရှားအောင်အပြင်ထုတ်မဝတ်ပေမယ့် ဖြစ်ကတတ်ဆန်းဝယ်၊ ဖြစ်ကတတ်ဆန်းဝတ်ရင်လည်းဂွမ်းသွားနိုင်တာကြောင့် ဘရာဇီယာနဲ့ပတ်သတ်ပြီးယောင်းတို့တွေ သိထားသင့်တာလေးတွေကို ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။

(၁) ပေါချောင်ကောင်းဝယ်မိတာ

ဒါကတော့ ကပ်စေးနည်းတတ်တဲ့ ယောင်းတို့ အမှတ်တမဲ့လုပ်မိနေကျပါ။ကိုယ်အပါအဝင်ပေါ့လေ။ ဟီး 😛 ဟုတ်တယ်လေ အတွင်းခံဆွာ အတွင်းမှာ ဝတ်ဖို့ပဲဟာ၊ ဈေးကြီးကြီးပေးဝယ်ရရင် နှမြောစရာကြီးရယ်။ အဲ့အစား အဝတ်အစားတွေ ကောင်းကောင်းဝယ်ပစ်လိုက်မယ်ပေါ့။ ဘာလို့လဲဆိုတော့ အပေါ်ယံကြည့်ရင်တော့ မသိသာဘူးလေနော်။ တကယ်တမ်းဝတ်ကြည့်တော့မှ
သက်တောင့်သက်သာ ရှိမရှိ၊ လျှော်ဖွတ်ခံမခံ၊ အကြမ်းပတမ်းခံမခံ ဆိုတာတွေ သိရတာရယ်။ ဒါကြောင့် ဈေးသင့်တင့်ပြီး ကွာလတီကောင်းတဲ့ ဘရာမျိုးသာ ရွေးဝယ်ပါယောင်းရေ။

(၂) ဘရာဆိုက်ဇ် မပြောင်းလဲဘူးထင်နေတာ

ဒီအမှားက ကိုယ်အဖြစ်ဆုံး။တက္ကသိုလ်ပထမနှစ်တည်းက ဝတ်ခဲ့တဲ့ ဘရာဇီယာကို ခုထိတော်မယ်ထင်နေတုန်းရယ်။ ဘရာဆိုက်ဇ်က ပြောင်းလဲတယ်နော် ယောင်းတို့ အဲ့ဒါလေး သတိချပ်ရမယ်။ အထူးသဖြင့် ကိုယ်ဝန်ရှိနေတဲ့အချိန်၊ မီးဖွားချိန်၊ ကလေးလေးကို စောင့်ရှောက်တဲ့အချိန်၊ ရင်ဘတ်ကို ခွဲစိတ်ပြီးတဲ့အချိန်နဲ့ သွေးဆုံးတဲ့အချိန်တွေမှာဆို ဆိုက်ဇ်တွေ ပြောင်းတတ်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက အနည်းဆုံး ၆လတစ်ကြိမ် ဆိုက်ဇ်ပြန်တိုင်းပြီး အသစ်ဝယ်ပါနော်။

(၃) ဘရာတစ်ထည်တည်းကို နေ့တိုင်းဝတ်တာ

ဘရာတစ်ထည်တည်းကို နှစ်ရက်ဆက်တိုက် ဝတ်တာမျိုးကို ရှောင်ကြည်သင့်ပါတယ်။ မဟုတ်ရင် ချွေးနံ့က ဘရာဇီယာကို ယိုယွင်းလာစေပါလိမ့်မယ်။ ဒါကြောင့် အနည်းဆုံး ဘရာဇီယာ (၃) ထည်လောက်ဝယ်ထားသင့်ပါတယ်။ ဒါမှ တစ်ထည် ဝတ်ရင် နောက်တစ်ထည်က လျှော်ထား နောက်တစ်ထည်က အနားယူပေါ့။ အဲ့လိုမျိုး ဘရာဇီယာတွေကို အလှည့်ကျဝတ်ဝတ်သွားမယ်ဆိုရင် ဘရာဇီယာတွေက တာရှည်ခံပါလိမ့်မယ်။ (ဒါပေမယ့် တချို့ကတော့လည်း ဘရာတစ်ထည်ကို ချွေးထွက်နှုန်းပေါ်မူတည်ပြီး အနည်းဆုံး ၃ခါလောက်ဝတ်ပြီးမှ လျှော်သင့်တယ်လို့ ဆိုပြန်ပါတယ်။ )

(၄) အခြောက်စက်နဲ့မှုတ်တာ

ဘရာဇီယာ မြန်မြန်ခြောက်ချင်ဇောနဲ့ အခြောက်လျှော်စက်ထဲ ထည့်လျှော်တာမျိုးကို မလုပ်နဲ့နော်။ ဘာလို့ဆို အပူဓာတ်ဟာ ဘောလီကြိုးရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ ဂုဏ်သတ္တိကို လျော့စေလို့ပါ။ အဲ့အခါကျ ဘော်လီကြိုးတွေက လျော့ရဲရဲကြီးဖြစ်ပြီး ဝတ်ရအဆင်မပြေဖြစ်နေပါလိမ့်မယ် ယောင်းတို့ရေ။

(၅) ကိုယ့်မှာရှိတဲ့ ဘရာက အင်္ကျီအားလုံးနဲ့ အဆင်ပြေမယ်ထင်တာ

နိုးနိုး မဟုတ်ဘူးနော်။ ကိုယ်ဝတ်တဲ့ အကျႌအမျိုးအစားအပေါ်လိုက်ပြီး ဝတ်ရတဲ့ဘရာဇီယာကွာသေးတယ်နော် ယောင်းတို့။ ဥပမာ ဆိုပါစို့ ယောင်းရယ် နေ့တိုင်း ဝတ်နေကျ ဘရာဇီယာကို ညနေခင်းပွဲတက်ဂါဝန်တွေဝတ်တဲ့အခါမှာ ဝတ်မယ်ဆိုရင် အဆင်မပြေနိုင်ဘူးလေနော့။ အဲ့လိုပဲ နေ့တိုင်းဝတ်နေတဲ့ဘရာဇီယာကို off shoulder လေးတွေဘာလေးတွေနဲ့ တွဲဝတ်မယ်ဆိုရင်လည်း ကြည့်မကောင်းဘူးရယ်။ အင်္ကျီအမျိုးအစားပေါ်လိုက်ပြီး ဘရာဇီယာကိုလည်း ပြောင်းပေးနော် ယောင်းတို့။

ကဲ ဒါဆိုရင်ယောင်းတို့လည်း ကိုယ် အမှတ်မထင် လုပ်မိနေတဲ့ အမှားလေးတွေကို သတိထားမိမယ်ထင်ပါတယ်။ မသိသေးတဲ့ သူငယ်ချင်းယောင်းတွေကိုလည်း လက်တို့ပြောဖို့ မမေ့နဲ့ဦးနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Christina (For Her Myanmar)




 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top