လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

တစ္ေနကုန္အလုပ္ေတြရႈပ္ေနလို႔ ညစာကိုေနာက္က်မွ စားတဲ့သူေတြအေနနဲ႔ က်န္းမာေရးျပႆနာမ်ားကိို ဂရုျပဳဖုိ႔ လိုပါတယ္။ ညစာစားၿပီး အိပ္လိုက္တဲ့အတြက္ ခႏၶာကိုယ္အတြင္းက အဂၤါရပ္မ်ားကို ထိခုိက္တယ္ဆိုတာကို သတိထားသင့္ပါတယ္။ ဒါ့ေၾကာင့္ ညစာစားၿပီးၿပီးခ်င္းအိပ္ရင္ က်နု္းမာေရးအတြက္ ဘယ္လိုဆိုးက်ိဳးေတြ ျဖစ္ေပၚႏုိင္လဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ရင္ပူတတ္ပါတယ္။

ညဘက္စားလိုက္တဲ့အစားအေသာက္ေၾကာင့္ အစာအိမ္ကထုတ္လႊတ္တဲ့ အက္ဆစ္ဓာတ္မ်ားက အစာေခ်ဖ်က္စနစ္ကုိ ဒုကၡေပးနုိင္တဲ့အျပင္ ရင္ပူေစပါတယ္။ အိပ္တဲ့ပံုစံမမွန္ျခင္းေၾကာင့္ ျဖစ္တယ္လို႔ထင္ၾကေပမယ့္ ညစာေနာက္က်မွစားမိတာကို သတိျပဳေစခ်င္ပါတယ္။

(၂) ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္မေပ်ာ္ႏိုင္ေတာ့ပါဘူး။

စားေသာက္ၿပီးတဲ့အခ်ိန္မွာ အိပ္ရာဝင္ရင္ အိပ္မေပ်ာ္တတ္ပါဘူး။ ဗိုက္ျပည့္ေနတဲ့အခါ အိပ္ရတာက ခႏၶာကို္ယ္အေနအထား မွန္မွန္ကန္ကန္နဲ႔ အိပ္လို႔မရတာေၾကာင့္ အိပ္ေရးပ်က္ေစပါတယ္။ အထူးသျဖင့္ ညစာစားၿပီးခ်င္း ညာဘက္ေစာင္းအိပ္တာက က်န္းမာေရးကို ထိခုိက္ေစႏုိင္တာေၾကာင့္ ညဘက္အိပ္မရတာမ်ိဳးေတြ ျဖစ္ေပၚႏုိင္ပါတယ္။

(၃) ဆီးခ်ိဳေရာဂါျဖစ္ႏိုင္ေခ်မ်ားသြားပါၿပီ။

စားေသာက္လိုက္တဲ့အစားအစာထဲက သၾကားဓာတ္မ်ားက ေသြးတြင္းလည္ပတ္သြားၿပီး ဆီးခ်ိဳေရာဂါျဖစ္ႏုိင္ေခ်မ်ားသြားပါၿပီ။ အစာစားၿပီးအိပ္လုိက္တဲ့အတြက္ေၾကာင့္ ေသြးတြင္းသၾကားဓာတ္က ပိုမိုျမင့္တက္သြားေစတယ္လို႔ ဆိုပါတယ္။ ဒါ့ေၾကာင့္ ညစာစားၿပီး ၂နာရီေလာက္ၾကာမွ အိပ္သင့္ပါတယ္။

(၄) အစာအိမ္ေရာဂါျဖစ္ပြားတတ္ပါတယ္။

အစာစားၿပီးခ်င္းအိပ္လိုက္တဲ့အတြက္ေၾကာင့္ အစာေခ်ဖ်က္စနစ္ကို ေႏွာင့္ေႏွးသြားေစၿပီး အစာမေၾက၊ ရင္ျပည့္ရင္ကယ္ျဖစ္တတ္ပါတယ္။ စားၿပီးအိပ္တဲ့အခါမွာ အစာအိမ္တြင္းက အစာေခ်ဖ်က္ၿပီး ေအာက္ကိုမဆင္းဘဲ အေပၚကိုပ်ိဳ႕တက္လာတတ္ပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမွ် အစာအိမ္ေရာဂါျဖစ္သြားတတ္တာကို သတိျပဳဆင္ျခင္ဖုိ႔ လိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နန္း(ေရႊအင္းေလး)
#Unicode Version#
တစ်နေကုန်အလုပ်တွေရှုပ်နေလို့ ညစာကိုနောက်ကျမှ စားတဲ့သူတွေအနေနဲ့ ကျန်းမာရေးပြဿနာများကို ဂရုပြုဖို့ လိုပါတယ်။ ညစာစားပြီး အိပ်လိုက်တဲ့အတွက် ခန္ဓာကိုယ်အတွင်းက အင်္ဂါရပ်များကို ထိခိုက်တယ်ဆိုတာကို သတိထားသင့်ပါတယ်။ ဒါ့ကြောင့် ညစာစားပြီးပြီးချင်းအိပ်ရင် ကျနု်းမာရေးအတွက် ဘယ်လိုဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ရင်ပူတတ်ပါတယ်။

ညဘက်စားလိုက်တဲ့အစားအသောက်ကြောင့် အစာအိမ်ကထုတ်လွှတ်တဲ့ အက်ဆစ်ဓာတ်များက အစာချေဖျက်စနစ်ကို ဒုက္ခပေးနိုင်တဲ့အပြင် ရင်ပူစေပါတယ်။ အိပ်တဲ့ပုံစံမမှန်ခြင်းကြောင့် ဖြစ်တယ်လို့ထင်ကြပေမယ့် ညစာနောက်ကျမှစားမိတာကို သတိပြုစေချင်ပါတယ်။

(၂) နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်နိုင်တော့ပါဘူး။

စားသောက်ပြီးတဲ့အချိန်မှာ အိပ်ရာဝင်ရင် အိပ်မပျော်တတ်ပါဘူး။ ဗိုက်ပြည့်နေတဲ့အခါ အိပ်ရတာက ခန္ဓာကိုယ်အနေအထား မှန်မှန်ကန်ကန်နဲ့ အိပ်လို့မရတာကြောင့် အိပ်ရေးပျက်စေပါတယ်။ အထူးသဖြင့် ညစာစားပြီးချင်း ညာဘက်စောင်းအိပ်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ညဘက်အိပ်မရတာမျိုးတွေ ဖြစ်ပေါ်နိုင်ပါတယ်။

(၃) ဆီးချိုရောဂါဖြစ်နိုင်ချေများသွားပါပြီ။

စားသောက်လိုက်တဲ့အစားအစာထဲက သကြားဓာတ်များက သွေးတွင်းလည်ပတ်သွားပြီး ဆီးချိုရောဂါဖြစ်နိုင်ချေများသွားပါပြီ။ အစာစားပြီးအိပ်လိုက်တဲ့အတွက်ကြောင့် သွေးတွင်းသကြားဓာတ်က ပိုမိုမြင့်တက်သွားစေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ညစာစားပြီး ၂နာရီလောက်ကြာမှ အိပ်သင့်ပါတယ်။

(၄) အစာအိမ်ရောဂါဖြစ်ပွားတတ်ပါတယ်။

အစာစားပြီးချင်းအိပ်လိုက်တဲ့အတွက်ကြောင့် အစာချေဖျက်စနစ်ကို နှောင့်နှေးသွားစေပြီး အစာမကြေ၊ ရင်ပြည့်ရင်ကယ်ဖြစ်တတ်ပါတယ်။ စားပြီးအိပ်တဲ့အခါမှာ အစာအိမ်တွင်းက အစာချေဖျက်ပြီး အောက်ကိုမဆင်းဘဲ အပေါ်ကိုပျို့တက်လာတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အစာအိမ်ရောဂါဖြစ်သွားတတ်တာကို သတိပြုဆင်ခြင်ဖို့ လိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: နန်း(ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top