Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

၂၀၁၇-၁၈ ပညာသင္နွစ္တြင္ ရန္ကုန္တုိင္းေဒသႀကီးရွိ ကုိယ္ပုိင္ေက်ာင္းသုံးေက်ာင္းက ေက်ာင္းပိတ္သိမ္းခြင့္ျပဳရန္ တင္ ျပထားေၾကာင္း တိုင္းပညာေရးမွဴး႐ုံး လက္ေထာက္ၫႊန္ၾကားေရးမွဴး
ေဒါက္တာေအာင္ကုိက ေျပာ သည္။

ေတာင္ဥကၠလာပၿမိဳ႕နယ္၊ တာေမြၿမိဳ႕နယ္၊ လႈိင္ၿမိဳ႕နယ္တို႔ရွိ ကုိယ္ပုိင္အထက္တန္းေက်ာင္း ႏွစ္ေက်ာင္းႏွင့္
မူလတန္းေက်ာင္း တစ္ေက်ာင္းက ပိတ္သိမ္းခြင့္တင္ျပထားၿပီး ရန္ကုန္တုိင္းေဒသႀကီးပညာေရးမွဴး႐ုံးမွ တစ္ဆင့္ အေျခခံပညာဦးစီးဌာနသုိ႔ ပိတ္သိမ္းခြင့္ဆက္လက္တင္ျပထားေၾကာင္း သိရသည္။

‘‘တခ်ိဳ႕ေက်ာင္းေတြက ရွယ္ယာစပ္တူလုပ္တာရွိတယ္။ သေဘာထားမတိုက္ဆုိင္လုိ႔၊ခြဲထြက္ၾကလုိ႔ ပိတ္သိမ္းတာရယ္၊ အေဆာက္အအုံငွားရမ္းမႈႏွစ္ျပည့္ လုိ႔ ဆက္ငွားဖုိ႔အဆင္မေျပတာရယ္၊ တည္ေထာင္သူ
အေျပာင္း အလဲေၾကာင့္ ပိတ္သိမ္းရတာေတြ ရွိတယ္’’ ဟု ေဒါက္တာေအာင္ကုိ က ေျပာသည္။

ယခင္ႏွစ္မ်ားက ရန္ကုန္ တိုင္းေဒသႀကီးအတြင္း ကုိယ္ပုိင္ ေက်ာင္း ပိတ္သိမ္းခြင့္တင္ျပသည့္ ေက်ာင္းမရွိေၾကာင္း ၎ကဆုိ သည္။

ကုိယ္ပုိင္ ေက်ာင္းပုိင္ရွင္ မ်ားသည္ အေဆာက္အအုံငွား ရမ္းမႈစရိတ္၊ သင္ၾကားေရးဆရာ၊ ဆရာမစရိတ္၊ လစဥ္ထိန္းသိမ္း ေရးကုန္က်စရိတ္မ်ားကုိ ကုိယ္ တိုင္က်ခံရရာ ေက်ာင္းသား၊ ေက်ာင္းသူမရွိပါက အ႐ႈံးေပၚေန ေၾကာင္း ကုိယ္ပုိင္ေက်ာင္းဆရာ အသုိင္းအ၀ုိင္းမွ သိရသည္။

‘‘အခုပိတ္သြားတဲ့ ေက်ာင္း ေတြက ေငြေၾကးအခက္အခဲဆုိ တာထက္္ တည္ေထာင္သူေတြအ လုပ္တြဲလုပ္ဖုိ႔ အဆင္မေျပတာ ေၾကာင့္ တခ်ိဳ႕ကလည္း လုံး၀ ပိတ္လုိက္တယ္။ တခ်ိဳ႕ကလည္း ဒီနာမည္နဲ႔မဟုတ္ဘဲ တျခားနာ မည္နဲ႔ဖြင့္လွစ္ခြင့္တင္တယ္။ အ ရင္ကေတာ့ ဒီလုိပိတ္သိမ္းခြင့္တင္ တဲ့ျဖစ္စဥ္မရွိခဲ့ဘူး’’ဟု ကုိယ္ပုိင္ ေက်ာင္းဆရာမ်ားအသင္းဥကၠ႒ ေဒါက္တာဇီ၀က ေျပာၾကား သည္။

ယခုပညာသင္ႏွစ္တြင္ ရန္ ကုန္တိုင္းေဒသႀကီးအတြင္း အ သစ္ဖြင့္လွစ္ခြင့္ျပဳသည့္ ကုိယ္ပုိင္ ေက်ာင္းစာရင္းမ်ားကုိ ဩဂုတ္ ၉ ရက္က ေၾကညာရာ ဖြင့္လွစ္ခြင့္ ေလွ်ာက္ထားသည့္ေက်ာင္း ၄၀ ေက်ာ္အနက္ ၃၂ ေက်ာင္းဖြင့္လွစ္ခြင့္ရခဲ့သည္။

ကုိယ္ပုိင္ ေက်ာင္းသစ္ ေလွ်ာက္ထားသည့္ေက်ာင္းမ်ား ကုိ တုိင္းေဒသႀကီးပညာေရးမွဴး႐ုံး စစ္ေဆးေရးအဖြဲ႕က လုိက္လံစစ္ ေဆးၿပီး ေထာက္ခံေၾကာင္းအေျခခံပညာဦးစီးဌာနသုိ႔ တင္ျပကာ အေျခခံပညာဦးစီးဌာနကဖြင့္လွစ္ခြင့္ခ်ထားေပးျခင္းျဖစ္သည္။

ကုိယ္ပုိင္ေက်ာင္းမ်ား ဖြင့္ လွစ္ႏုိင္ရန္ ၂၀၁၁ တြင္ ကုိယ္ပုိင္ ေက်ာင္းမွတ္ပုံတင္ဥပေဒကို ျပ ႒ာန္းခဲ့ၿပီး ၂၀၁၂ ဧၿပီအတြင္း ကုိယ္ပုိင္ေက်ာင္းမွတ္ပုံတင္နည္း ဥပေဒကို ထပ္မံျပ႒ာန္းခဲ့ကာ ယင္းနည္းဥပေဒအရ စမ္းသပ္ တစ္ႏွစ္၊ ယာယီ ၂ ႏွစ္လုိင္စင္မ်ား ခ်ထားေပးေနသည္။

ယခုပညာသင္ႏွစ္တြင္ ရန္ ကုန္တိုင္းအတြင္း ကုိယ္ပုိင္ ေက်ာင္း ၁၈၈ ေက်ာင္းဖြင့္လွစ္ ထားသည္။ တစ္ႏိုင္ငံလံုးတြင္ ကိုယ္ပိုင္ေက်ာင္းေပါင္း ၅၈၀ ေက်ာ္ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily


#Unicode Version#
 ၂၀၁၇-၁၈ ပညာသင် နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကိုယ်ပိုင်ကျောင်းသုံးကျောင်းက ကျောင်းပိတ်သိမ်းခွင့်ပြုရန် တင် ပြထားကြောင်း တိုင်းပညာရေး မှူးရုံး လက်ထောက်ညွှန်ကြားရေး မှူးဒေါက်တာအောင်ကိုက ပြော သည်။


တောင်ဥက္ကလာပမြို့နယ်၊ တာမွေမြို့နယ်၊ လှိုင်မြို့နယ်တို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်း နှစ်ကျောင်းနှင့်မူလတန်းကျောင်း တစ်ကျောင်းက ပိတ်သိမ်းခွင့်တင် ပြထားပြီး ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တစ်ဆင့် အခြေခံပညာဦးစီးဌာနသို့ ပိတ်သိမ်းခွင့်ဆက်လက်တင်ပြထားကြောင်း သိရသည်။

‘‘တချို့ကျောင်းတွေက ရှယ် ယာစပ်တူလုပ်တာရှိတယ်။ သ ဘောထားမတိုက်ဆိုင်လို့၊ခွဲထွက် ကြလို့ ပိတ်သိမ်းတာရယ်၊ အ ဆောက်အအုံငှားရမ်းမှုနှစ်ပြည့် လို့ ဆက်ငှားဖို့အဆင်မပြေတာ ရယ်၊ တည်ထောင်သူအပြောင်း အလဲကြောင့် ပိတ်သိမ်းရတာတွေ ရှိတယ်’’ ဟု ဒေါက်တာအောင်ကို က ပြောသည်။

ယခင်နှစ်များက ရန်ကုန် တိုင်းဒေသကြီးအတွင်း ကိုယ်ပိုင် ကျောင်း ပိတ်သိမ်းခွင့်တင်ပြသည့် ကျောင်းမရှိကြောင်း ၎င်းကဆို သည်။

ကိုယ်ပိုင် ကျောင်းပိုင်ရှင် များသည် အဆောက်အအုံငှား ရမ်းမှုစရိတ်၊ သင်ကြားရေးဆရာ၊ ဆရာမစရိတ်၊ လစဉ်ထိန်းသိမ်း ရေးကုန်ကျစရိတ်များကို ကိုယ် တိုင်ကျခံရရာ ကျောင်းသား၊ ကျောင်းသူမရှိပါက အရှုံးပေါ်နေ ကြောင်း ကိုယ်ပိုင်ကျောင်းဆရာ အသိုင်းအဝိုင်းမှ သိရသည်။

‘‘အခုပိတ်သွားတဲ့ ကျောင်း တွေက ငွေကြေးအခက်အခဲဆို တာထက် တည်ထောင်သူတွေအ လုပ်တွဲလုပ်ဖို့ အဆင်မပြေတာ ကြောင့် တချို့ကလည်း လုံး၀ ပိတ်လိုက်တယ်။ တချို့ကလည်း ဒီနာမည်နဲ့မဟုတ်ဘဲ တခြားနာ မည်နဲ့ဖွင့်လှစ်ခွင့်တင်တယ်။ အ ရင်ကတော့ ဒီလိုပိတ်သိမ်းခွင့်တင် တဲ့ဖြစ်စဉ်မရှိခဲ့ဘူး’’ဟု ကိုယ်ပိုင် ကျောင်းဆရာများအသင်းဥက္ကဋ္ဌ ဒေါက်တာဇီဝက ပြောကြား သည်။

ယခုပညာသင်နှစ်တွင် ရန် ကုန်တိုင်းဒေသကြီးအတွင်း အ သစ်ဖွင့်လှစ်ခွင့်ပြုသည့် ကိုယ်ပိုင် ကျောင်းစာရင်းများကို ဩဂုတ် ၉ ရက်က ကြေညာရာ ဖွင့်လှစ်ခွင့် လျှောက်ထားသည့်ကျောင်း ၄၀ ကျော်အနက် ၃၂ ကျောင်းဖွင့်လှစ်ခွင့်ရခဲ့သည်။

ကိုယ်ပိုင် ကျောင်းသစ် လျှောက်ထားသည့်ကျောင်းများ ကို တိုင်းဒေသကြီးပညာရေးမှူးရုံး စစ်ဆေးရေးအဖွဲ့က လိုက်လံစစ် ဆေးပြီး ထောက်ခံကြောင်းအခြေခံပညာဦးစီးဌာနသို့ တင်ပြကာ အခြေခံပညာဦးစီးဌာနကဖွင့်လှစ်ခွင့်ချထားပေးခြင်းဖြစ်သည်။

ကိုယ်ပိုင်ကျောင်းများ ဖွင့် လှစ်နိုင်ရန် ၂၀၁၁ တွင် ကိုယ်ပိုင် ကျောင်းမှတ်ပုံတင်ဥပဒေကို ပြ ဋ္ဌာန်းခဲ့ပြီး ၂၀၁၂ ဧပြီအတွင်း ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်နည်း ဥပဒေကို ထပ်မံပြဋ္ဌာန်းခဲ့ကာ ယင်းနည်းဥပဒေအရ စမ်းသပ် တစ်နှစ်၊ ယာယီ ၂ နှစ်လိုင်စင်များ ချထားပေးနေသည်။

ယခုပညာသင်နှစ်တွင် ရန် ကုန်တိုင်းအတွင်း ကိုယ်ပိုင် ကျောင်း ၁၈၈ ကျောင်းဖွင့်လှစ် ထားသည်။ တစ်နိုင်ငံလုံးတွင် ကိုယ်ပိုင်ကျောင်းပေါင်း ၅၈၀ ကျော်ရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top