ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

စြန္႔ႏိ ုင္ခဲေသာအာသာ(၂)မ်ိဳး" •••••••••••••••••••••••••••••••• ျမတ္စြာဘုရားရွင္ကေလာကမွာ သတြာေတြ စြန္႔ပယ္ႏိုင္ဖုိ႔ခက္ ေနတဲ့အလုိအာသာႏွစ္မ်ိဳးရွိတယ္လို႔ အဂၤုတၱရနိကာယ္၊ဒုကနိပါတ္ေတာ္မွာမိန္႔ေတာ္မူထားပါတယ္။

✿(၁) လာဘာသာ-ရလိုတဲ့အာသာ ✿(၂) ဇီ၀ိတာသာ-ေနလိုတဲ့အာသာ

ဒီအာသာႏွစ္မ်ိဳးဟာ ကိေလသာထူေျပာၾကတဲ့ သက္ရွိေလာကသားေတြကို လႊမ္းမိုးဖိစီးထားတာမို႔ စြန္႔ပယ္ႏိုင္ဖို႔ခက္ခဲေနသတဲ့။

(၁) ရလိုတဲ့အာသာ။ -------------------------------ရလိုတဲ့အာသာဆိုတာကိေလသာသေဘာကို ေဆာင္ေနသမွ် ေအးခ်မ္းမႈကို ဘယ္ေတာ့မွ မေပးႏိုင္ပါဘူး။ ဘာကိုပဲ ရခ်င္ရခ်င္၊ ကိုယ္ရခ်င္ၿပီဆိုတဲ့ ခ်င္ျခင္းဒီအာသာကုိ ျဖတ္ႏိုင္ဖုိ႔ ခက္ေနတက္ပါတယ္။ အာသာစိတ္ရဲ႕ အျပစ္ကိုလည္းမျမင္၊ အာသာရွိရာ အာရုံရဲ႕အျပစ္ ကိုလည္းမျမင္၊ ထိုအာသာအေမွာင္ ဖုံးေနၿပီဆိုရင္စြန္႔ပယ္ဖို႔ ပိုၿပီးေတာ့ ခက္ခဲပါတယ္။ ဘယ္အရာမဆို အျပစ္ကိုျမင္ေအာင္ ၾကည့္တက္ရင္ေတာ့ တျဖည္းျဖည္းနဲ႔ စြန္႔ပယ္လာႏိုင္ပါလိမ့္မယ္ ။

✿တကယ္ေတာ့ အာသာဆိုတာ "ေလာဘတဏွာ"ပဲမို႔ဒုကၡေပးမယ့္တရားပါ။ ကုိယ္အာသာရွိေနတဲ့အရာေတြ ကလည္း မၿမဲျခင္းဆင္းရဲအစိုးမရတဲ့ အရာေတြျဖစ္ေနေတာ့ ဘယ္မွာခ်မ္းသာခြင့္ ရေတာ့မွာလဲ၊ ဒုကၡေပးမယ့္အရာေတြခ်ည္းျဖစ္ေနပါၿပီ။

ဘုရားေပးတဲ့ ဥာဏ္မ်က္စိနဲ႔ အျပစ္ကိုျမင္ေအာင္ၾကည့္ၿပီး အာသာနည္းႏိုင္သမွ်နည္းသြားေအာင္၊ ၿငိမ္းႏုိင္သမွ်ၿငိမ္းသြားေအာင္ ဆင္ျခင္ႏိုင္ဖို႔အေရးႀကီးပါတယ္။ ဒါေပမယ့္ ေလာကသားေတြမို႔ တစ္ခုမဟုတ္ တစ္ခု၊ တစ္မ်ိဳးမဟုတ္ တစ္မ်ိဳး၊ ေမွ်ာ္ကိုးမက္ေမာလိုခ်င္ေနၾကတာပဲ၊ အာသာေတြအမ်ိဳးမ်ိဳး ေ ျပာင္းရွိေနၾကတာပဲ၊ ဒီအာသာကို ျဖတ္ႏိုင္ဖုိ႔ စြန္႔ပယ္ႏိုင္ဖို႔ခက္ခဲေနပါသတဲ့။

(၂) ေနလိုတဲ့အာသာ -------------------------------ေနလိုတဲ့အာသာဆိုတာကလည္းဒုကၡႀကီးပြားေရး ျဖစ္ေနသမွ်ေတာ့ ေအးျမခ်မ္းသာမႈကုိ မေပးႏိုင္ပါဘူး။ လက္ရွိဘ၀မွာ ေျခလက္အဂၤါ ျပည့္စုံက်န္းမာစြာနဲ႔ အစစအရာရာ အဆင္ေျပေျပ ေနရရင္ ခ်မ္းသာသုခ တစ္မ်ိဳးပါပဲ။

✿ဒါေပမယ့္ ေလာကမွကိုယ္ဘယ္လိုပဲေနရေနရ ကိုယ့္ဘ၀ကိုယ့္ေနရာကိုေတာ့ လိုလားမက္ေမာၾကတာ သဘာ၀ပါ။ ဘယ္လိုပဲ ဆင္းရဲဆင္းရဲ ေနသာသလိုေလး ေနခ်င္ၾကေသးတာလည္းတြယ္တာမႈ အာသာ တစ္မ်ိဳးပါပဲ။ တစ္ေန႔အားလုံး ေသရမွာပဲ၊ အားလုံးဟာ ေသမ်ိဳးေတြပါပဲလို႔သိထားတာမွန္ေပမယ့္၊ တကယ္တန္းၾကေတာ့ ေသေရးအတြက္ စိတ္၀င္စားသူ နည္းပါးပါတယ္။

ေသေရးထက္ ေနေရးကိုသာ ေတြးေနၾကတာပါ။ ဘယ္လုိရွာမယ္၊ဘယ္လိုစားမယ္၊ဘယ္လို၀တ္ဆင္မယ္။ ဘယ္လုိႀကိဳးစားၿပီး ဘယ္သူနဲ႔ ဘယ္လုိေနထိုင္ လိုက္မယ္ စသည္ျဖင့္ အမ်ိဳးမ်ိဳးစိတ္ကူးေနတက္ပါတယ္။

✿မေသခင္ဘာလုပ္မလဲဆိုတဲ့ အသိနဲ႔ ေကာင္းေအာင္ တက္သူလည္းရွားပါတယ္။ မေသခင္အသက္ရွင္ ရတယ္ဆိုတဲ့ စကားဟာ ႀကိဳတင္ျပင္ဆင္ဖုိ႔အတြက္ သတိေပးတဲ့စကားတစ္ခြန္းပါ။ ကံတရားနဲ႔ သံသရာ သေဘာကို နားလည္ေနရင္ အမိုက္ေလာကထဲမွာအခ်ိန္မျဖဳန္းသင့္ပါဘူး။ အခုေတာ့ ဒီလိုုမဟုတ္ၾကပဲ၊သူေတာ္ေကာင္းေတြရွားပါးၿပီး ၊ ကုသိုလ္နဲ႔ေပ်ာ္သူက နည္းပါးေနတယ္။

ေလာကမွာ မေနခ်င္ေတာ့လို႔ ကိုယ့္ကိုယ္ကို ေသေၾကာင္းႀကံသူေတြရွိေပမယ့္၊ ေနခ်င္လြန္းလို႔ အသက္ရွည္ေဆးေဖာ္စားေနသူ။ ရွာေဖြသူေတြလည္းမနည္းပါဘူး။

ျမတ္စြာဘုရားေသာ္မွ ပရိနိဗၺာန္စံေတာ္မူခဲ့ၿပီ၊ ဂဂၤါ၀ါဠဳ မေရတြက္ႏိုင္ေအာင္လည္းမ်ားခဲ့ၿပီ။ ဘယ္တန္ခိုးရွင္ကစိတ္ကူးယဥ္ျပေနလို႔အားကိုးထိုက္မွာလဲ၊ ဒီလိုနဲ႔ေသမင္းအစာျဖစ္ရတဲ့ဘ၀ မနည္းေတာ့ၿပီ။ သတြာေတြဟာ ကိေလသာနဲ႔ အာရုံအမ်ိဳးမ်ိဳးကို ခံစားခ်င္ၾကတာပါ။ဒီလိုခံစားေနခ်င္ၾကလို႔ လည္း ေသရမွာကို မလိုလားၾကတာ ျဖစ္ပါလိမ့္မယ္။

သေဗၺ ဘာယႏၱိ မစၥဳေနာ-သတြာ အမ်ားစုဟာ ေသရမွာကိုေၾကာက္ၾကသတဲ့။ ဒါ့ေၾကာင့္ ကိုယ့္အသက္ကို လုိလာျခင္းဆိုတဲ ေနလိုတဲ့အာသာမ်ိဳး လႊမ္းမိုးလာၿပီဆိုရင္ ဒီအာသာကို လည္း ျဖတ္ႏိုင္ဖို႔၊ စြန္႔ပယ္ႏိုင္ဖို႔ခက္ခဲပါတယ္။

✿ေလာကမွာ အာသာနည္းေလေလ၊ ဒုကၡနည္းေလေလပါ၊ အာသာမ်ား ေလ ဒုကၡမ်ားေလဆိုတာ အသိဥာဏ္ရွိသူတိုင္း သေဘာထားမိၾကပါလိမ့္မယ္။ သာသနာေတာ္က ညႊန္ျပတဲ့ ၿငိမ္းေအးေၾကာင္းက်င့္စဥ္ေတြထဲမွ ာ"ေရာင့္ရဲျခင္းဟာ ခ်မ္းသာေၾကာင္း" ဥစၥာတစ္မ်ိဳးပါ။

အာသာတဏွာကို အေျခခံၿပီးတြယ္တာစြဲလမ္းမႈေတြမ်ား လာမယ္။မရ၊ရေအာင္ရွာေဖြၿပီးရျပန္ေတာ့လည္း ျပည့္စုံတယ္လို႔မရွိ၊ ကိုယ္စိတ္ဆင္းရဲအပူမ်ိဳးစုံေနၾကရမယ္။ ဒီလိုနဲ႔ပဲ လူ႔ဘ၀မွာ ရွာေဖြသုံးစြဲ၊ သိမ္းဆည္းေစာင့္ ေရွာက္၊ စိုးရိမ္ပူပန္ ဒုကၡအခ်ိန္ေတြသာမ်ားခဲ့ပါၿပီ၊။

ဘုံဘ၀ခႏၶာဆိုတာ ဒုကၡေတြရဲ႕ တည္ရာပါ။

အာသာတဏွာဟာ ဒုကၡျဖစ္ေၾကာင္းတရားခံပါ။

✿ ျမတ္စြာဘုရား-ရွင္က-

"ယံကိဥၥိ ဒုကၡံသေမၻာတိ၊သဗၺံ တဏွာပစၥယာ၊ ဒုကၡဟူသမွ် အာသာတဏွာေၾကာင့္ျဖစ္ရတယ္။"✿

✿ "တဏွာပစၥေယာ သဗၺဒုကၡံ ဇိနာတိ။ အာသာတဏွာ ကုန္ျခင္းဟာ ဒုကၡအားလုံးကို ေအာင္ႏိုင္ျခင္း" ပဲလို႔ မိန္႔ေတာ္မူခဲ့တယ္။

ဒါ့ေၾကာင့္ အာသာယဒုကၡိတာ ပဇာ=အာသာေၾကာင့္ သတြာေတြ ဒုကၡေရာက္ေနတယ္ဆိုတာ မလဲြေတာ့ပါဘူး။

အားလုံးပဲ တဏွာႏွင့္ဆက္ေသာအာသာမွ ကင္းေ၀းေအာင္က်င ္ႀကံႏိုင္ပါေစ…ဟု

[အဂၤုတၱရနိကာယ္၊ဒုကနိပါတ္ေတာ္]

ဖိုးသူေတာ္ (www.phothutaw.com)
Credit: (စာေရးသူ - ကိုရင္ေလး)

#Unicode Version#
စွန့်နိ ုင်ခဲသောအာသာ(၂)မျိုး" •••••••••••••••••••••••••••••••• မြတ်စွာဘုရားရှင်ကလောကမှာ သတွာတွေ စွန့်ပယ်နိုင်ဖို့ခက် နေတဲ့အလိုအာသာနှစ်မျိုးရှိတယ်လို့ အင်္ဂုတ္တရနိကာယ်၊ဒုကနိပါတ်တော်မှာမိန့်တော်မူထားပါတယ်။

✿(၁) လာဘာသာ-ရလိုတဲ့အာသာ ✿(၂) ဇီဝိတာသာ-နေလိုတဲ့အာသာ

ဒီအာသာနှစ်မျိုးဟာ ကိလေသာထူပြောကြတဲ့ သက်ရှိလောကသားတွေကို လွှမ်းမိုးဖိစီးထားတာမို့ စွန့်ပယ်နိုင်ဖို့ခက်ခဲနေသတဲ့။

(၁) ရလိုတဲ့အာသာ။ -------------------------------ရလိုတဲ့အာသာဆိုတာကိလေသာသဘောကို ဆောင်နေသမျှ အေးချမ်းမှုကို ဘယ်တော့မှ မပေးနိုင်ပါဘူး။ ဘာကိုပဲ ရချင်ရချင်၊ ကိုယ်ရချင်ပြီဆိုတဲ့ ချင်ခြင်းဒီအာသာကို ဖြတ်နိုင်ဖို့ ခက်နေတက်ပါတယ်။ အာသာစိတ်ရဲ့ အပြစ်ကိုလည်းမမြင်၊ အာသာရှိရာ အာရုံရဲ့အပြစ် ကိုလည်းမမြင်၊ ထိုအာသာအမှောင် ဖုံးနေပြီဆိုရင်စွန့်ပယ်ဖို့ ပိုပြီးတော့ ခက်ခဲပါတယ်။ ဘယ်အရာမဆို အပြစ်ကိုမြင်အောင် ကြည့်တက်ရင်တော့ တဖြည်းဖြည်းနဲ့ စွန့်ပယ်လာနိုင်ပါလိမ့်မယ် ။

✿တကယ်တော့ အာသာဆိုတာ "လောဘတဏှာ"ပဲမို့ဒုက္ခပေးမယ့်တရားပါ။ ကိုယ်အာသာရှိနေတဲ့အရာတွေ ကလည်း မမြဲခြင်းဆင်းရဲအစိုးမရတဲ့ အရာတွေဖြစ်နေတော့ ဘယ်မှာချမ်းသာခွင့် ရတော့မှာလဲ၊ ဒုက္ခပေးမယ့်အရာတွေချည်းဖြစ်နေပါပြီ။

ဘုရားပေးတဲ့ ဉာဏ်မျက်စိနဲ့ အပြစ်ကိုမြင်အောင်ကြည့်ပြီး အာသာနည်းနိုင်သမျှနည်းသွားအောင်၊ ငြိမ်းနိုင်သမျှငြိမ်းသွားအောင် ဆင်ခြင်နိုင်ဖို့အရေးကြီးပါတယ်။ ဒါပေမယ့် လောကသားတွေမို့ တစ်ခုမဟုတ် တစ်ခု၊ တစ်မျိုးမဟုတ် တစ်မျိုး၊ မျှော်ကိုးမက်မောလိုချင်နေကြတာပဲ၊ အာသာတွေအမျိုးမျိုး ေ ပြာင်းရှိနေကြတာပဲ၊ ဒီအာသာကို ဖြတ်နိုင်ဖို့ စွန့်ပယ်နိုင်ဖို့ခက်ခဲနေပါသတဲ့။

(၂) နေလိုတဲ့အာသာ -------------------------------နေလိုတဲ့အာသာဆိုတာကလည်းဒုက္ခကြီးပွားရေး ဖြစ်နေသမျှတော့ အေးမြချမ်းသာမှုကို မပေးနိုင်ပါဘူး။ လက်ရှိဘဝမှာ ခြေလက်အင်္ဂါ ပြည့်စုံကျန်းမာစွာနဲ့ အစစအရာရာ အဆင်ပြေပြေ နေရရင် ချမ်းသာသုခ တစ်မျိုးပါပဲ။

✿ဒါပေမယ့် လောကမှကိုယ်ဘယ်လိုပဲနေရနေရ ကိုယ့်ဘဝကိုယ့်နေရာကိုတော့ လိုလားမက်မောကြတာ သဘာဝပါ။ ဘယ်လိုပဲ ဆင်းရဲဆင်းရဲ နေသာသလိုလေး နေချင်ကြသေးတာလည်းတွယ်တာမှု အာသာ တစ်မျိုးပါပဲ။ တစ်နေ့အားလုံး သေရမှာပဲ၊ အားလုံးဟာ သေမျိုးတွေပါပဲလို့သိထားတာမှန်ပေမယ့်၊ တကယ်တန်းကြတော့ သေရေးအတွက် စိတ်ဝင်စားသူ နည်းပါးပါတယ်။

သေရေးထက် နေရေးကိုသာ တွေးနေကြတာပါ။ ဘယ်လိုရှာမယ်၊ဘယ်လိုစားမယ်၊ဘယ်လိုဝတ်ဆင်မယ်။ ဘယ်လိုကြိုးစားပြီး ဘယ်သူနဲ့ ဘယ်လိုနေထိုင် လိုက်မယ် စသည်ဖြင့် အမျိုးမျိုးစိတ်ကူးနေတက်ပါတယ်။

✿မသေခင်ဘာလုပ်မလဲဆိုတဲ့ အသိနဲ့ ကောင်းအောင် တက်သူလည်းရှားပါတယ်။ မသေခင်အသက်ရှင် ရတယ်ဆိုတဲ့ စကားဟာ ကြိုတင်ပြင်ဆင်ဖို့အတွက် သတိပေးတဲ့စကားတစ်ခွန်းပါ။ ကံတရားနဲ့ သံသရာ သဘောကို နားလည်နေရင် အမိုက်လောကထဲမှာအချိန်မဖြုန်းသင့်ပါဘူး။ အခုတော့ ဒီလိုုမဟုတ်ကြပဲ၊သူတော်ကောင်းတွေရှားပါးပြီး ၊ ကုသိုလ်နဲ့ပျော်သူက နည်းပါးနေတယ်။

လောကမှာ မနေချင်တော့လို့ ကိုယ့်ကိုယ်ကို သေကြောင်းကြံသူတွေရှိပေမယ့်၊ နေချင်လွန်းလို့ အသက်ရှည်ဆေးဖော်စားနေသူ။ ရှာဖွေသူတွေလည်းမနည်းပါဘူး။

မြတ်စွာဘုရားသော်မှ ပရိနိဗ္ဗာန်စံတော်မူခဲ့ပြီ၊ ဂင်္ဂါဝါဠု မရေတွက်နိုင်အောင်လည်းများခဲ့ပြီ။ ဘယ်တန်ခိုးရှင်ကစိတ်ကူးယဉ်ပြနေလို့အားကိုးထိုက်မှာလဲ၊ ဒီလိုနဲ့သေမင်းအစာဖြစ်ရတဲ့ဘ၀ မနည်းတော့ပြီ။ သတွာတွေဟာ ကိလေသာနဲ့ အာရုံအမျိုးမျိုးကို ခံစားချင်ကြတာပါ။ဒီလိုခံစားနေချင်ကြလို့ လည်း သေရမှာကို မလိုလားကြတာ ဖြစ်ပါလိမ့်မယ်။

သဗ္ဗေ ဘာယန္တိ မစ္စုနော-သတွာ အများစုဟာ သေရမှာကိုကြောက်ကြသတဲ့။ ဒါ့ကြောင့် ကိုယ့်အသက်ကို လိုလာခြင်းဆိုတဲ နေလိုတဲ့အာသာမျိုး လွှမ်းမိုးလာပြီဆိုရင် ဒီအာသာကို လည်း ဖြတ်နိုင်ဖို့၊ စွန့်ပယ်နိုင်ဖို့ခက်ခဲပါတယ်။

✿လောကမှာ အာသာနည်းလေလေ၊ ဒုက္ခနည်းလေလေပါ၊ အာသာများ လေ ဒုက္ခများလေဆိုတာ အသိဉာဏ်ရှိသူတိုင်း သဘောထားမိကြပါလိမ့်မယ်။ သာသနာတော်က ညွှန်ပြတဲ့ ငြိမ်းအေးကြောင်းကျင့်စဉ်တွေထဲမှ ာ"ရောင့်ရဲခြင်းဟာ ချမ်းသာကြောင်း" ဥစ္စာတစ်မျိုးပါ။

အာသာတဏှာကို အခြေခံပြီးတွယ်တာစွဲလမ်းမှုတွေများ လာမယ်။မရ၊ရအောင်ရှာဖွေပြီးရပြန်တော့လည်း ပြည့်စုံတယ်လို့မရှိ၊ ကိုယ်စိတ်ဆင်းရဲအပူမျိုးစုံနေကြရမယ်။ ဒီလိုနဲ့ပဲ လူ့ဘဝမှာ ရှာဖွေသုံးစွဲ၊ သိမ်းဆည်းစောင့် ရှောက်၊ စိုးရိမ်ပူပန် ဒုက္ခအချိန်တွေသာများခဲ့ပါပြီ၊။

ဘုံဘဝခန္ဓာဆိုတာ ဒုက္ခတွေရဲ့ တည်ရာပါ။

အာသာတဏှာဟာ ဒုက္ခဖြစ်ကြောင်းတရားခံပါ။

✿ မြတ်စွာဘုရား-ရှင်က-

"ယံကိဉ္စိ ဒုက္ခံသမ္ဘောတိ၊သဗ္ဗံ တဏှာပစ္စယာ၊ ဒုက္ခဟူသမျှ အာသာတဏှာကြောင့်ဖြစ်ရတယ်။"✿

✿ "တဏှာပစ္စယော သဗ္ဗဒုက္ခံ ဇိနာတိ။ အာသာတဏှာ ကုန်ခြင်းဟာ ဒုက္ခအားလုံးကို အောင်နိုင်ခြင်း" ပဲလို့ မိန့်တော်မူခဲ့တယ်။

ဒါ့ကြောင့် အာသာယဒုက္ခိတာ ပဇာ=အာသာကြောင့် သတွာတွေ ဒုက္ခရောက်နေတယ်ဆိုတာ မလွဲတော့ပါဘူး။

အားလုံးပဲ တဏှာနှင့်ဆက်သောအာသာမှ ကင်းဝေးအောင်ကျင ်ကြံနိုင်ပါစေ…ဟု

[အင်္ဂုတ္တရနိကာယ်၊ဒုကနိပါတ်တော်]

ဖိုးသူတော် (www.phothutaw.com)
Credit: (စာရေးသူ - ကိုရင်လေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top