Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

၈၈ အေရးေတာ္ပုံကာ လကုိ ေနာက္ခံထား႐ုိက္ကူးမည့္ ဇာတိေျမ႐ုပ္ရွင္ဇာတ္ကားတြင္ အေရးေတာ္ပုံကာလအတြင္း ျပည္သူလူထု၏ ဆႏၵကုိ ထင္ဟပ္ ေစႏုိင္မည့္ သမုိင္းလႈပ္ရွားမႈမ်ား ကုိ ျမင္ေတြ႕ရမည္ဟုေမွ်ာ္လင့္ ေၾကာင္း ရန္ကုန္တုိင္း၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာသည္။

‘‘၈၈ ကေန အခုအေျခအေန အထိ ကြၽန္ေတာ္ရဲ႕ျဖတ္သန္းခဲ့မႈ ဟာ ကြၽန္ေတာ္ (၁၈) ႏွစ္သား ေက်ာင္းသားတစ္ေယာက္ရဲ႕ဘ၀ ကေန ျဖတ္သန္းခဲ့တယ္။ ကြၽန္ ေတာ္နဲ႔အတူ ျဖတ္သန္းခဲ့တဲ့သူ ေတြက တတိယႏုိင္ငံအသီးသီးကုိ ေရာက္သြားၾကၿပီျဖစ္ပါတယ္။ ဒီ အေျခအေနကာလထဲမွာ ကြၽန္ ေတာ္ကေတာ့ အက်ဥ္းေထာင္ထဲ မွာ ၁၅ ႏွစ္ေလာက္ေနခဲ့ရပါ တယ္။ အဲဒီကေန ျပန္လည္လြတ္ ေျမာက္လာၿပီး ျမန္မာ့ဒီမုိကေရစီ ေခါင္းေဆာင္ေဒၚေအာင္ဆန္းစု ၾကည္နဲ႔အတူ ဒီမုိကေရစီရရွိေရး၊ ေဒၚေအာင္ဆန္းစုၾကည္ကုိ ၀ုိင္းရံ လႈပ္ရွားရင္းနဲ႔ ကြၽန္ေတာ္ျပည္သူ႕ လႊတ္ေတာ္ကုိယ္စားလွယ္ျဖစ္ လာခဲ့တယ္’’ ဟု ဦးၿဖိဳးမင္းသိန္းက ေျပာသည္။

ယေန႔သည္ ရွစ္ေလးလုံး ေဆာင္ရြက္ခဲ့သည့္ (၂၉)ႏွစ္ျပည့္ ျဖစ္ၿပီး အေရးေတာ္ပုံႀကီးသည္ ႏုိင္ငံ၏ အေရးႀကီးသည့္ အလွည့္ အေျပာင္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

‘‘ဒီ႐ုပ္ရွင္ကားကေန ျမန္မာ ႏိုင္ငံရဲ႕ လူမႈေရး၊ စီးပြားေရး၊ ႏိုင္ ငံေရးနဲ႔နယ္ပယ္အသီးသီးကုိ တုိး တက္ျဖစ္ေစခ်င္တာနဲ႔အတူ ကြၽန္ ေတာ္တို႔ျမန္မာႏုိင္ငံသားေတြဟာ ဇာတိေျမကုိ ခ်စ္တတ္တဲ့စိတ္၊ ကုိယ့္ႏုိင္ငံကုိ ခ်စ္တတ္တဲ့စိတ္၊ ကုိယ့္ႏုိင္ငံကုိတာ၀န္ယူၿပီး ကုိယ့္ ႏိုင္ငံရဲ႕ ျပဳျပင္ေျပာင္းလဲမႈေတြကုိ ဘယ္ေနရာ၊ ဘယ္ေဒသမွာပဲ ေရာက္ေရာက္ေဆာင္ရြက္ခ်င္ တယ္ဆုိတဲ့ စိတ္ဓာတ္ခြန္အား တစ္ခုကုိ ဒီ႐ုပ္ရွင္ကားမွာေပးႏုိင္ လိမ့္မယ္လုိ႔ ကြၽန္ေတာ့္အေနနဲ႔ ေမွ်ာ္လင့္ပါတယ္’’ ဟု ဩဂုတ္ ၇ ရက္ကျပဳလုပ္ေသာ ဇာတိေျမ ႐ုပ္ရွင္ဇာတ္ကားမိတ္ဆက္ပြဲတြင္ ၀န္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ေျပာၾကားသည္။

အဆုိပါဇာတ္ကားသည္ ျမန္မာ၊ ဂ်ပန္ႏွစ္ႏုိင္ငံခ်စ္ၾကည္ ေရးကုိ ဦးတည္႐ုိက္ကူးျခင္းျဖစ္ ၿပီး MNTV ႐ုပ္သံလုိင္းႏွင့္ JIB (Japan International Broa-dcasting) တုိ႔ပူးေပါင္း၍ ဂ်ပန္ ႏွင့္ျမန္မာႏွစ္ႏုိင္ငံတြင္ ႐ုိက္ကူး မည္ျဖစ္သည္။

ဇာတ္ကား၏ ၇၀ ရာခုိင္ႏႈန္း ကုိ ဂ်ပန္ႏုိင္ငံတြင္ ႐ုိက္ကူးမည္ ျဖစ္ၿပီး ရန္ကုန္၌ ၃၀ ရာခုိင္ႏႈန္း သာ ႐ုိက္ကူးမည္ဟု ယင္းဇာတ္ ကားကုိ ႐ိုက္ကူးမည့္ဒါ႐ိုက္တာ ၾကည္ျဖဴသွ်င္က ေျပာသည္။

‘‘၈၈ အေရးအခင္းမွာေနာက္ ဆုံးႏွစ္တကၠသုိလ္ေက်ာင္းသား ရွမ္းလူမ်ိဳးစုိင္းမုိင္စြန္းက အေရး အခင္းအၿပီး အဖမ္းအဆီးရွိတဲ့အ ခါမွာ သူ႕ခ်စ္သူနဲ႔လက္ထပ္ၿပီး ဂ်ပန္ႏုိင္ငံကုိ ထြက္သြားတယ္။ သူတို႔ကတစ္ႏွစ္ေလာက္ေနရင္ ဂ်ပန္ကေန ျမန္မာႏုိင္ငံကုိ ျပန္ လာဖို႔စိတ္ကူးတယ္။ ဒါေပမဲ့ ျမန္ မာႏုိင္ငံရဲ႕ ႏုိင္ငံေရးအေျခအေန အရ ျပန္လာလုိ႔မရခဲ့ဘူး။  သမီး ေလးေမြးတယ္။ ႀကီးလာတဲ့အခါ က်ေတာ့ သမီးဘယ္အရြယ္ ေရာက္ေရာက္ ျမန္မာျပည္ျပန္ မယ္လုိ႔ စိတ္ကူးထားတယ္။ အဲဒီ ကေနၿပီးေတာ့ သမီးက အလယ္ တန္းေက်ာင္းေရာက္တဲ့အခ်ိန္မွာ ျပန္ဖုိ႔စဥ္းစားတဲ့အခ်ိန္မွာ ကေလး က ပညာေရးတစ္ပုိင္းတစ္စနဲ႔မုိ႔လုိ႔ ေက်ာင္းၿပီးတဲ့အထိ ေစာင့္လုိက္ တယ္။ အထက္တန္းၿပီးေတာ့ ျပန္ မယ္လုပ္ေတာ့ ကေလးက ဂ်ပန္ မွာႀကီးတဲ့အတြက္ ျမန္မာႏုိင္ငံကုိ စိတ္မ၀င္စားေတာ့ဘူး။ မျပန္ခ်င္ ေတာ့ဘူး။ ဒီအခ်ိန္မွာျဖစ္တဲ့ အ ေဖႏုိင္ငံေရးသမားတစ္ေယာက္ ရဲ႕ ခံစားခ်က္ကုိ ႐ုိက္ကူးထားတာ ပါ’’ ဟု ၾကည္ျဖဴသွ်င္က ေျပာ သည္။

ယင္းဇာတ္ကားသည္ ၈၈ အေရးေတာ္ပုံကာလအတြင္း ဂ်ပန္ ႏုိင္ငံသုိ႔ေရာက္ရွိသြားေသာ ျမန္ မာလူမ်ိဳးလူတန္းစားသုံးဦးကုိ အ ေျခခံ၍ ဇာတ္အိမ္တည္ထားျခင္း ျဖစ္သည္။

အဆုိပါဇာတ္ကားတြင္ ရန္ ေအာင္၊ ေအာင္ရဲလင္း ဂ်ပန္ႏိုင္ငံ တြင္ အဆုိေတာ္လုပ္ေနသည့္ ဗမာလူမ်ိဳး Morisaki Win ႏွင့္ ၀တ္မႈံေရႊရည္တို႔ အဓိကပါ၀င္သ႐ုပ္ေဆာင္မည္ျဖစ္ၿပီး ဩဂုတ္ ၁၆ ရက္၌ ဂ်ပန္ႏုိင္ငံသုိ႔ ႐ုိက္ကူးေရးစတင္ထြက္ခြာမည္ျဖစ္သည္။

ဂ်ပန္အစုိးရပါ၀င္ေသာ တ ရား၀င္႐ုိက္ကူးျဖစ္သည့္ ဇာတ္ ကားသည္ စစ္အတြင္း၌ ဂ်ပန္႔ရင္ ေသြးဇာတ္ကားႏွင့္ စစ္အၿပီးတြင္ ႐ုိက္ကူးသည့္ ဇာတ္ကားသည္ ဩဂုတ္ ၇ ရက္တြင္ ႏုိဗုိတယ္ဟုိ တယ္၌ မိတ္ဆက္အသိေပးသည့္ ဇာတိေျမဇာတ္ကားျဖစ္ေၾကာင္း ဒါ႐ုိက္တာၾကည္ျဖဴသွ်င္က ေျပာ သည္။

ဇာတိေျမဇာတ္ကားကုိ ဂ် ပန္၊ ရန္ကုန္ႏွင့္ ရွမ္းျပည္နယ္တို႔ သုိ႔ သြားေရာက္႐ုိက္ကူးမည္ျဖစ္ၿပီး ဩဂုတ္ ၂၈ ရက္တြင္ဂ်ပန္ႏုိင္ငံ၌ စတင္႐ုိက္ကူးမွာျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily

#Unicode Version#
၈၈ အရေးတော်ပုံကာ လကို နောက်ခံထားရိုက်ကူးမည့် ဇာတိမြေရုပ်ရှင်ဇာတ်ကားတွင် အရေးတော်ပုံကာလအတွင်း ပြည်သူလူထု၏ ဆန္ဒကို ထင်ဟပ် စေနိုင်မည့် သမိုင်းလှုပ်ရှားမှုများ ကို မြင်တွေ့ရမည်ဟုမျှော်လင့် ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

‘‘၈၈ ကနေ အခုအခြေအနေ အထိ ကျွန်တော်ရဲ့ဖြတ်သန်းခဲ့မှု ဟာ ကျွန်တော် (၁၈) နှစ်သား ကျောင်းသားတစ်ယောက်ရဲ့ဘ၀ ကနေ ဖြတ်သန်းခဲ့တယ်။ ကျွန် တော်နဲ့အတူ ဖြတ်သန်းခဲ့တဲ့သူ တွေက တတိယနိုင်ငံအသီးသီးကို ရောက်သွားကြပြီဖြစ်ပါတယ်။ ဒီ အခြေအနေကာလထဲမှာ ကျွန် တော်ကတော့ အကျဉ်းထောင်ထဲ မှာ ၁၅ နှစ်လောက်နေခဲ့ရပါ တယ်။ အဲဒီကနေ ပြန်လည်လွတ် မြောက်လာပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစု ကြည်နဲ့အတူ ဒီမိုကရေစီရရှိရေး၊ ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းရံ လှုပ်ရှားရင်းနဲ့ ကျွန်တော်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ် လာခဲ့တယ်’’ ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ယနေ့သည် ရှစ်လေးလုံး ဆောင်ရွက်ခဲ့သည့် (၂၉)နှစ်ပြည့် ဖြစ်ပြီး အရေးတော်ပုံကြီးသည် နိုင်ငံ၏ အရေးကြီးသည့် အလှည့် အပြောင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

‘‘ဒီရုပ်ရှင်ကားကနေ မြန်မာ နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင် ငံရေးနဲ့နယ်ပယ်အသီးသီးကို တိုး တက်ဖြစ်စေချင်တာနဲ့အတူ ကျွန် တော်တို့မြန်မာနိုင်ငံသားတွေဟာ ဇာတိမြေကို ချစ်တတ်တဲ့စိတ်၊ ကိုယ့်နိုင်ငံကို ချစ်တတ်တဲ့စိတ်၊ ကိုယ့်နိုင်ငံကိုတာဝန်ယူပြီး ကိုယ့် နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဘယ်နေရာ၊ ဘယ်ဒေသမှာပဲ ရောက်ရောက်ဆောင်ရွက်ချင် တယ်ဆိုတဲ့ စိတ်ဓာတ်ခွန်အား တစ်ခုကို ဒီရုပ်ရှင်ကားမှာပေးနိုင် လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ မျှော်လင့်ပါတယ်’’ ဟု ဩဂုတ် ၇ ရက်ကပြုလုပ်သော ဇာတိမြေ ရုပ်ရှင်ဇာတ်ကားမိတ်ဆက်ပွဲတွင် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အဆိုပါဇာတ်ကားသည် မြန်မာ၊ ဂျပန်နှစ်နိုင်ငံချစ်ကြည် ရေးကို ဦးတည်ရိုက်ကူးခြင်းဖြစ် ပြီး MNTV ရုပ်သံလိုင်းနှင့် JIB (Japan International Broa-dcasting) တို့ပူးပေါင်း၍ ဂျပန် နှင့်မြန်မာနှစ်နိုင်ငံတွင် ရိုက်ကူး မည်ဖြစ်သည်။

ဇာတ်ကား၏ ၇၀ ရာခိုင်နှုန်း ကို ဂျပန်နိုင်ငံတွင် ရိုက်ကူးမည် ဖြစ်ပြီး ရန်ကုန်၌ ၃၀ ရာခိုင်နှုန်း သာ ရိုက်ကူးမည်ဟု ယင်းဇာတ် ကားကို ရိုက်ကူးမည့်ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောသည်။

‘‘၈၈ အရေးအခင်းမှာနောက် ဆုံးနှစ်တက္ကသိုလ်ကျောင်းသား ရှမ်းလူမျိုးစိုင်းမိုင်စွန်းက အရေး အခင်းအပြီး အဖမ်းအဆီးရှိတဲ့အ ခါမှာ သူ့ချစ်သူနဲ့လက်ထပ်ပြီး ဂျပန်နိုင်ငံကို ထွက်သွားတယ်။ သူတို့ကတစ်နှစ်လောက်နေရင် ဂျပန်ကနေ မြန်မာနိုင်ငံကို ပြန် လာဖို့စိတ်ကူးတယ်။ ဒါပေမဲ့ မြန် မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ အရ ပြန်လာလို့မရခဲ့ဘူး။  သမီး လေးမွေးတယ်။ ကြီးလာတဲ့အခါ ကျတော့ သမီးဘယ်အရွယ် ရောက်ရောက် မြန်မာပြည်ပြန် မယ်လို့ စိတ်ကူးထားတယ်။ အဲဒီ ကနေပြီးတော့ သမီးက အလယ် တန်းကျောင်းရောက်တဲ့အချိန်မှာ ပြန်ဖို့စဉ်းစားတဲ့အချိန်မှာ ကလေး က ပညာရေးတစ်ပိုင်းတစ်စနဲ့မို့လို့ ကျောင်းပြီးတဲ့အထိ စောင့်လိုက် တယ်။ အထက်တန်းပြီးတော့ ပြန် မယ်လုပ်တော့ ကလေးက ဂျပန် မှာကြီးတဲ့အတွက် မြန်မာနိုင်ငံကို စိတ်မဝင်စားတော့ဘူး။ မပြန်ချင် တော့ဘူး။ ဒီအချိန်မှာဖြစ်တဲ့ အ ဖေနိုင်ငံရေးသမားတစ်ယောက် ရဲ့ ခံစားချက်ကို ရိုက်ကူးထားတာ ပါ’’ ဟု ကြည်ဖြူသျှင်က ပြော သည်။

ယင်းဇာတ်ကားသည် ၈၈ အရေးတော်ပုံကာလအတွင်း ဂျပန် နိုင်ငံသို့ရောက်ရှိသွားသော မြန် မာလူမျိုးလူတန်းစားသုံးဦးကို အ ခြေခံ၍ ဇာတ်အိမ်တည်ထားခြင်း ဖြစ်သည်။

အဆိုပါဇာတ်ကားတွင် ရန် အောင်၊ အောင်ရဲလင်း ဂျပန်နိုင်ငံ တွင် အဆိုတော်လုပ်နေသည့် ဗမာလူမျိုး Morisaki Win နှင့် ဝတ်မှုံရွှေရည်တို့ အဓိကပါဝင်သရုပ်ဆောင်မည်ဖြစ်ပြီး ဩဂုတ် ၁၆ ရက်၌ ဂျပန်နိုင်ငံသို့ ရိုက်ကူးရေးစတင်ထွက်ခွာမည်ဖြစ်သည်။

ဂျပန်အစိုးရပါဝင်သော တ ရားဝင်ရိုက်ကူးဖြစ်သည့် ဇာတ် ကားသည် စစ်အတွင်း၌ ဂျပန့်ရင် သွေးဇာတ်ကားနှင့် စစ်အပြီးတွင် ရိုက်ကူးသည့် ဇာတ်ကားသည် ဩဂုတ် ၇ ရက်တွင် နိုဗိုတယ်ဟို တယ်၌ မိတ်ဆက်အသိပေးသည့် ဇာတိမြေဇာတ်ကားဖြစ်ကြောင်း ဒါရိုက်တာကြည်ဖြူသျှင်က ပြော သည်။

ဇာတိမြေဇာတ်ကားကို ဂျ ပန်၊ ရန်ကုန်နှင့် ရှမ်းပြည်နယ်တို့ သို့ သွားရောက်ရိုက်ကူးမည်ဖြစ်ပြီး ဩဂုတ် ၂၈ ရက်တွင်ဂျပန်နိုင်ငံ၌ စတင်ရိုက်ကူးမှာဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top