ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

လူအခ်ိဳ႕ဟာ ေနထိုင္စားေသာက္မႈပံုစံ မွားယြင္းျခင္းေၾကာင့္ ခံတြင္းအနံ႔ဆိုးေတြ ထြက္တတ္ပါတယ္ ။ ခံတြင္းအနံ႔ဆိုးထြက္တာဟာ ကိုယ္တိုင္မွာ မသိသာေသာ္လည္း မိမိပတ္ဝန္းက်င္အတြက္ေတာ့ စိတ္အေနွာင့္အယွက္ျဖစ္စရာပါ။ ဒီလို ခံတြင္းအနံ႔နံတတ္သူေတြအေနနဲ႕ သူမ်ားထက္ ပိုျပီး သတိထား ဂရုစိုက္ေနဖို႔လိုပါတယ္ ။

အစာစားျပီးတိုင္း ပလုပ္က်င္းေပးတာ ေကာင္းေပမယ့္ ပလုပ္က်င္းရံုနဲ႕ အနံ႔ဆိုးေတြ မေပ်ာက္တတ္ပါဘူး ။ သြားတိုက္ေပးတာ ၊ ခံတြင္းသန္႔စင္ေဆးရည္ေတြ သံုးေပးတာက အေကာင္းဆံုးပါပဲ ။ သို႔ေသာ္ အခ်ိဳ႕ အေျခအေနေတြမွာ သြားတိုက္ဖို႔ ၊ ခံတြင္းသန္႔စင္ေဆးရည္သံုးဖို႔ အဆင္မေျပတဲ့ အခါမ်ိဳးေတြ ရွိတတ္ပါတယ္။ ဒီလို အေျခအေနမ်ိဳးမွာ မိမိရဲ႕ ခံတြင္းအနံ႔ဆိုးကို ကာဗာလုပ္ေပးနိုင္မယ့္ အစားအစာေတြကို စားသံုးျပီး ကာကြယ္လိုက္လို႔ ရပါတယ္။

အဓိကအားျဖင့္ ခံတြင္းနံ႕ထြက္တာဟာ ပါးစပ္တြင္းက ဘတ္တီးရီးယားေတြေၾကာင့္ျဖစ္ပါတယ္ ။ဒါ့ေၾကာင့္ ဘတ္တီးရီးယားေတြကို တိုက္ထုတ္ေပးျပီး အနံ႕ဆိုးထြက္ေနရာမွ ကာကြယ္ေပးနိုင္တဲ့ အစားအစာေတြကို ေဖာ္ျပေပးလိုက္ပါတယ္ ။

၁။ နံနံပင္
၂။ Green Tea
၃။ ဒိန္ခ်ဥ္
၄။ ပန္းသီး နွင့္ သစ္ေတာ္သီးမ်ား
၅။ Almond ေစ့နွင့္ အျခားေသာ အေစ့အဆန္မ်ား
၆။ စေတာ္ဘယ္ရီ ၊ ဘယ္ရီသီး အျပင္ အခ်ဥ္ဓါတ္ပါေသာ အသီးမ်ား
၇။ သၾကားမပါေသာ ပီေက

အထက္ပါ အစားအေသာက္ေတြကိုစားသံုးျပီး ခံတြင္းနံ႔နံတာကို အေရးေပၚ ကာကြယ္နိုင္ပါတယ္ ။ ေန႔စဥ္ ေရမ်ားမ်ားေသာက္သံုးျခင္းကလည္း ခံတြင္းအနံ႔ဆိုးထြက္ျခင္းမွ ကာကြယ္ေပးနိုင္တယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: CHAN (ေရႊအင္းေလး)

#Unicode Version#
လူအချို့ဟာ နေထိုင်စားသောက်မှုပုံစံ မှားယွင်းခြင်းကြောင့် ခံတွင်းအနံ့ဆိုးတွေ ထွက်တတ်ပါတယ် ။ ခံတွင်းအနံ့ဆိုးထွက်တာဟာ ကိုယ်တိုင်မှာ မသိသာသော်လည်း မိမိပတ်ဝန်းကျင်အတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ ဒီလို ခံတွင်းအနံ့နံတတ်သူတွေအနေနဲ့ သူများထက် ပိုပြီး သတိထား ဂရုစိုက်နေဖို့လိုပါတယ် ။

အစာစားပြီးတိုင်း ပလုပ်ကျင်းပေးတာ ကောင်းပေမယ့် ပလုပ်ကျင်းရုံနဲ့ အနံ့ဆိုးတွေ မပျောက်တတ်ပါဘူး ။ သွားတိုက်ပေးတာ ၊ ခံတွင်းသန့်စင်ဆေးရည်တွေ သုံးပေးတာက အကောင်းဆုံးပါပဲ ။ သို့သော် အချို့ အခြေအနေတွေမှာ သွားတိုက်ဖို့ ၊ ခံတွင်းသန့်စင်ဆေးရည်သုံးဖို့ အဆင်မပြေတဲ့ အခါမျိုးတွေ ရှိတတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ မိမိရဲ့ ခံတွင်းအနံ့ဆိုးကို ကာဗာလုပ်ပေးနိုင်မယ့် အစားအစာတွေကို စားသုံးပြီး ကာကွယ်လိုက်လို့ ရပါတယ်။

အဓိကအားဖြင့် ခံတွင်းနံ့ထွက်တာဟာ ပါးစပ်တွင်းက ဘတ်တီးရီးယားတွေကြောင့်ဖြစ်ပါတယ် ။ဒါ့ကြောင့် ဘတ်တီးရီးယားတွေကို တိုက်ထုတ်ပေးပြီး အနံ့ဆိုးထွက်နေရာမှ ကာကွယ်ပေးနိုင်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ် ။

၁။ နံနံပင်
၂။ Green Tea
၃။ ဒိန်ချဉ်
၄။ ပန်းသီး နှင့် သစ်တော်သီးများ
၅။ Almond စေ့နှင့် အခြားသော အစေ့အဆန်များ
၆။ စတော်ဘယ်ရီ ၊ ဘယ်ရီသီး အပြင် အချဉ်ဓါတ်ပါသော အသီးများ
၇။ သကြားမပါသော ပီကေ

အထက်ပါ အစားအသောက်တွေကိုစားသုံးပြီး ခံတွင်းနံ့နံတာကို အရေးပေါ် ကာကွယ်နိုင်ပါတယ် ။ နေ့စဉ် ရေများများသောက်သုံးခြင်းကလည်း ခံတွင်းအနံ့ဆိုးထွက်ခြင်းမှ ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: CHAN (ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top