ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

စပိန္သတင္းမီဒီယာမ်ား၏ အဆိုအရ ရီးရဲလ္မက္ဒရစ္ နည္းျပဇီဒန္းသည္ အသင္းႏွင့္ သံုးႏွစ္သက္တမ္းရွိ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ေၾကာင္း သိရသည္။


ရီးရဲလ္မက္ဒရစ္ကို ၂၀၁၆ က စတင္ကုိင္တြယ္သည့္ ဇီဒန္းသည္ စာခ်ဳပ္သစ္အရ တစ္ႏွစ္လွ်င္ ယူ႐ို ရွစ္သန္းခန္႔ လစာရရွိမည္ျဖစ္ၿပီး ယင္းမွာ ယခင္ရရွိေသာ လစာႏႈန္းထားထက္ ႏွစ္ဆ ပိုရျခင္းျဖစ္သည္။ ထို႔အျပင္ ဇီဒန္းသည္ ဆုဖလားမ်ား ရရွိခဲ့ပါက အပိုဆုေၾကး ႏွစ္ဆခံစားခြင့္ ရရွိမည္ျဖစ္သည္။

ၿပီးခဲ့သည့္ ေဘာလံုးရာသီက စပိန္လာလီဂါဖလားႏွင့္ ခ်န္ပီယံလိဂ္ဖလား ဆြတ္ခူးႏုိင္ေအာင္ လမ္းၫႊန္
နုိင္ခဲ့ေသာေၾကာင့္ ဇီဒန္းသည္ ခ်န္ပီယံလိဂ္သမိုင္းတြင္ လက္ရွိခ်န္ပီယံဆုကို ကာကြယ္ ႏုိင္ေသာ ပထမဆံုးနည္းျပ ျဖစ္လာသည္။

ယခုက့ဲသို႔ သက္တမ္းတိုးစာ ခ်ဳပ္ခ်ဳပ္ဆိုျခင္းသည္ ရီးရဲလ္မက္ဒရစ္က နည္းျပဇီဒန္းအေပၚ ယံုၾကည္မႈျပသရာ ေရာက္ခဲ့သည္။

ဇီဒန္းသည္ လက္ရွိအခ်ိန္အ ထိ ရီးရဲလ္မက္ဒရစ္ကို ၈၇ ပဲြ ကိုင္တြယ္ႀကီးၾကပ္ခဲ့ရာ ၆၅ ပဲြ ႏုိင္၊ ၁၅ ပဲြသေရႏွင့္ ခုနစ္ပဲြ ႐ႈံးနိမ့္ ခဲ့ၿပီး ၂ ႏွစ္အတြင္း ခ်န္ပီယံလိဂ္ ဖလား ႏွစ္ႀကိမ္၊ လာလီဂါဖလား၊ ဥေရာပစူပါဖလားႏွင့္
ကမၻာ့ကလပ္မ်ားဖလား တစ္ႀကိမ္စီ ဆြတ္ခူးႏုိင္ေအာင္ ဦးေဆာင္ၫႊန္ျပႏုိင္ခဲ့သည္။

-Ref:goal/en.as.com




ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily


#Unicode Version#
စပိန်သတင်းမီဒီယာ များ၏ အဆိုအရ ရီးရဲလ်မက်ဒရစ် နည်းပြဇီဒန်းသည် အသင်းနှင့် သုံးနှစ်သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရ သည်။


ရီးရဲလ်မက်ဒရစ်ကို ၂၀၁၆ က စတင်ကိုင်တွယ်သည့် ဇီဒန်း သည် စာချုပ်သစ်အရ တစ်နှစ် လျှင် ယူရို ရှစ်သန်းခန့် လစာရရှိ မည်ဖြစ်ပြီး ယင်းမှာ ယခင်ရရှိ သော လစာနှုန်းထားထက် နှစ်ဆ ပိုရခြင်းဖြစ်သည်။ ထို့အပြင် ဇီဒန်းသည် ဆုဖလားများ ရရှိခဲ့ ပါက အပိုဆုကြေး နှစ်ဆခံစားခွင့် ရရှိမည်ဖြစ်သည်။

ပြီးခဲ့သည့် ဘောလုံးရာသီက စပိန်လာလီဂါဖလားနှင့် ချန်ပီယံ လိဂ်ဖလား ဆွတ်ခူးနိုင်အောင် လမ်းညွှန်နိုင်ခဲ့သောကြောင့် ဇီဒန်း သည် ချန်ပီယံလိဂ်သမိုင်းတွင် လက်ရှိချန်ပီယံဆုကို ကာကွယ် နိုင်သော ပထမဆုံးနည်းပြ ဖြစ် လာသည်။

ယခုကဲ့သို့ သက်တမ်းတိုးစာ ချုပ်ချုပ်ဆိုခြင်းသည် ရီးရဲလ်မက် ဒရစ်က နည်းပြဇီဒန်းအပေါ် ယုံ ကြည်မှုပြသရာ ရောက်ခဲ့သည်။

ဇီဒန်းသည် လက်ရှိအချိန်အ ထိ ရီးရဲလ်မက်ဒရစ်ကို ၈၇ ပွဲ ကိုင်တွယ်ကြီးကြပ်ခဲ့ရာ ၆၅ ပွဲ နိုင်၊ ၁၅ ပွဲသရေနှင့် ခုနစ်ပွဲ ရှုံးနိမ့် ခဲ့ပြီး ၂ နှစ်အတွင်း ချန်ပီယံလိဂ် ဖလား နှစ်ကြိမ်၊ လာလီဂါဖလား၊ ဥရောပစူပါဖလားနှင့် ကမ္ဘာ့က လပ်များဖလား တစ်ကြိမ်စီ ဆွတ် ခူးနိုင်အောင် ဦးဆောင်ညွှန်ပြနိုင် ခဲ့သည်။

-Ref:goal/en.as.com



ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top