Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အတိုက္အခံဘဝက ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဦးေအာင္ေရႊကို ၂၀၀၇ ခုႏွစ္ ႏုိဝင္ဘာ ၉ ရက္က ေတြ႕ရစဥ္ (ဓာတ္ပံု - ေအအက္ဖ္ပီ)
အမ်ိဳးသားဒီမုိကေရစီအဖဲြ႕ခ်ဳပ္၏ ႏွလံုးသည္းပြတ္ ျဖစ္သည့္ ေဒၚေအာင္ဆန္းစုၾကည္ကို ပါတီမွ ထုတ္ပစ္ရန္ထက္ ခက္ခဲေသာ ဆံုးျဖတ္ခ်က္ ျမန္မာ့ႏုိင္ငံေရးတြင္ မ်ားမ်ားစား စား ရွိမည္မဟုတ္ပါ။ သို႔ေသာ္ သမိုင္းတစ္ေကြ႕တြင္ သည္လိုျဖစ္ရပ္က တကယ္ပင္ရွိခဲ့သည္။ ‘‘ေဒၚေအာင္ဆန္းစုၾကည္ကုိ ထုတ္ပစ္မလား။ ပါတီအဖ်က္ခံမလား’’ ဟူသည့္ ‘ဆုပ္လည္းစူး၊ စားလည္း႐ူး’ ျဖစ္ရမည့္ အာဏာရွင္မ်ား၏ ဖိအားေပးမႈကို အမ်ိဳးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္ အျပင္းအထန္ခံေန ရခ်ိန္ျဖစ္သည္။

ပါတီတြင္း၌လည္း ပါတီပ်က္ခ်င္ပ်က္ပါေစ ေဒၚေအာင္ဆန္းစုၾကည္ကို မထုတ္ရဟူေသာ အယူအဆႏွင့္ ပါတီဆိုင္းဘုတ္အျဖဳတ္မခံရေရးက ႏုိင္ငံေရးအရ ပိုအေရးႀကီးသည္ဟူေသာ အယူအဆႏွစ္ခု အရွိန္ျပင္းျပင္း တိုး တိုက္မိခ်ိန္ျဖစ္သည္။

ယင္းအေျခအေနတြင္ ပါတီဥကၠ႒ ဦးေအာင္ေရႊအေနျဖင့္ မည္သည့္ဆံုးျဖတ္ခ်က္ကိုခ်ခ် သူ႔အတြက္ရရွိလာမည့္ အက်ိဳးဆက္ကေတာ့ ေကာင္းမည္မဟုတ္ပါ။

ပူပူေႏြးေႏြး ၿငိမ္းခ်မ္းေရး ႏုိဗယ္ဆုရွင္ျဖစ္ၿပီး ေနအိမ္အက်ယ္ခ်ဳပ္က်ေနသည့္ ပါတီ၏ အေထြေထြအတြင္းေရးမွဴး ေဒၚေအာင္ဆန္းစုၾကည္ကုိ ပါတီမွ ထုတ္ပယ္ေၾကာင္း ၁၉၉၁ ဒီဇင္ဘာ ၁၁ ရက္စဲြျဖင့္ ပါတီဥကၠ႒ ဦးေအာင္ေရႊက လက္မွတ္ေရးထိုးခဲ့ရသည္။

အက်ိဳးဆက္အျဖစ္ အမုန္းတရားမ်ားသာ ဦးေအာင္ေရႊ ရရွိခဲ့သည္။ ပါတီ႐ံုးခ်ဳပ္သို႔ ေန႔တိုင္းရန္ လာေတြ႕သူမ်ားရွိခဲ့သည္။ ပါတီကို အပိုင္စီးျခင္းဟု စြပ္စဲြခံရသည္။ အဆုိးဆံုးက ပါတီ႐ံုးခ်ဳပ္ေရွ႕တြင္ ထဘီထုပ္လာထားသြား သည့္ ျဖစ္ရပ္ကိုပင္ ရင္ဆိုင္ခဲ့ရ ျခင္းျဖစ္သည္။

အဆိုပါကိစၥမ်ား ျဖစ္ပြားၿပီး ႏွစ္ေပါင္း ၂၅ ႏွစ္အၾကာတြင္ေတာ့ အမ်ိဳးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္ အစိုးရျဖစ္လာခဲ့သည္။ သို႔ေသာ္ ၾကမ္းတမ္းလွေသာ ျမန္မာ့ႏုိင္ငံ ေရးခရီးရွည္ကို ျဖတ္သန္းခဲ့သည့္ စစ္သားအို ႏုိင္ငံေရးသမားႀကီး သည္ သူကာကြယ္ခဲ့ေသာ ပါတီ အာဏာရေနစဥ္မွာပင္ အားလံုးကို ႏုတ္ဆက္ထြက္ခြာသြားခဲ့ၿပီျဖစ္သည္။

 သူ၏ ေခါင္းတလားတြင္ ပါတီအလံဆင္ျမန္းေပးထားျခင္းက တစ္ခ်ိန္က သူ႔အေပၚ ေ၀ဖန္ တုိက္ခုိက္ခ့ဲသူမ်ား၏ ထင္ျမင္ခ်က္မွားယြင္းေၾကာင္း သက္ေသလည္းျဖစ္သည္။

သို႔ေသာ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ တစ္ခ်ိန္က သက္ေသျပခဲ့ၿပီးျဖစ္သည္။ ၁၉၉၅ ဇူလိုင္ ၁၀ ရက္က ေနအိမ္အက်ယ္ခ်ဳပ္မွ ေဒၚေအာင္ဆန္းစုၾကည္ျပန္လည္ လြတ္ေျမာက္လာခ်ိန္တြင္ ဦးေအာင္ေရႊ သြားေရာက္ ေတြ႕ဆံုခဲ့သည္။

‘‘ေဒၚစု ျပန္လြတ္လာၿပီဆိုေတာ့ ပါတီကို ေဒၚစုလက္ထဲ ပါတီ ျပန္အပ္လိုက္ပါၿပီ။ အန္ကယ္ ကိုယ္စြမ္းရွိသေရြ႕၊ ဉာဏ္စြမ္းရွိသေရြ႕ လုပ္ေဆာင္ခဲ့ပါတယ္’’ဟု ဦးေအာင္ေရႊက ေျပာသည္။

ေဒၚေအာင္ဆန္းစုၾကည္ကလည္း အတူတူလက္တဲြေဆာင္ရြက္ရန္ ဦးေအာင္ေရႊကို ျပန္လည္ဖိတ္ေခၚခဲ့သည္။

ဦးေအာင္ေရႊက သစၥာရွိျခင္း အႏုပညာကို ျပသခဲ့သလို ေဒၚေအာင္ဆန္းစုၾကည္ကလည္း သင္ပုန္းေခ်ျခင္း အႏုပညာကို ျပသခဲ့ျခင္းျဖစ္သည္။


အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္အလံ လႊမ္းၿခံဳထားေသာ ဦးေအာင္ေရႊ၏ ႐ုပ္ကလာပ္ကုိ ေတြ႕ရစဥ္ (ဓာတ္ပံု-နစ္ကီ)

ဦးေအာင္ေရႊသည္ ဗုိလ္ခ်ဳပ္ေအာင္ဆန္းဦးေဆာင္သည့္ ဗမာ့လြတ္လပ္ေရးတပ္မေတာ္၊ ဗမာ့ကာကြယ္ေရးတပ္မေတာ္ႏွင့္ ဗမာ့မ်ိဳးခ်စ္တပ္မေတာ္တို႔တြင္ပါ၀င္၍ ၿဗိတိသွ်နယ္ခ်ဲ႕ႏွင့္ ဂ်ပန္ဖက္ဆစ္ကို ေတာ္လွန္ခဲ့သည္။ ၁၉၄၅ ခုႏွစ္မွစ၍ တပ္မေတာ္ (ၾကည္း) တြင္ ဗိုလ္ႀကီးအဆင့္ကစ၍ ဗုိလ္မွဴးခ်ဳပ္အဆင့္အထိ တာ၀န္ထမ္းေဆာင္ခဲ့သည္။

၁၉၆၁ မွ ၁၉၇၅ အထိ ျမန္မာႏုိင္ငံ၏သံအမတ္ႀကီးအျဖစ္ ၾသစေၾတးလ်ႏွင့္ နယူးဇီလန္ကို ပူးတဲြတာ၀န္ယူခဲ့သည္။ ထို႔အျပင္ အီဂ်စ္၊ ျပင္သစ္ (စပိန္ႏွင့္ ယူနက္စကိုအဖဲြ႕တို႔ပါ ပူးတဲြ၍) တာ၀န္ယူခဲ့ၿပီး ၁၉၇၅ တြင္ အၿငိမ္းစားယူခဲ့သည္။

ဦးေအာင္ေရႊသည္ ေမာ္ကြန္း ဝင္(ပထမအဆင့္)၊ ႏုိင္ငံ့ဂုဏ္ရည္ (ပထမအဆင့္)တို႔ကုိ ခ်ီးျမႇင့္ျခင္းခံခဲ့ရသည္။ သူသည္ ၁၉၄၀ တြင္ရန္ကုန္တကၠသိုလ္မွ ဘီေအဘဲြ႕လည္းရခဲ့သူျဖစ္သည္။

၁၉၈၈ စက္တင္ဘာ ၂၇ ရက္က အမ်ိဳးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္ကို စတင္တည္ေထာင္ရာတြင္ ဦးေအာင္ေရႊက ဗဟိုအလုပ္အမႈ ေဆာင္အဖဲြ႕၌ ပါ၀င္ၿပီး စည္း႐ံုး ေရးဌာနမွဴးျဖစ္သည္။

တပ္မေတာ္သားျဖစ္ခဲ့ေသာ ဦးေအာင္ေရႊတို႔ကို အျမင္မၾကည္လင္သူမ်ားက ‘ေဘာင္းဘီခြၽတ္ႀကီးမ်ား’ဟု ေခၚေ၀ၚခဲ့ၾကသည္။ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဦးတင္ဦး အပါ၀င္ ပါတီ၀င္အခ်ိဳ႕ ေထာင္က်ေနစဥ္တြင္ ေထာင္က်မခံရ သည့္ ပါတီ၀င္ဆိုလွ်င္ အစိုးရက သူလွ်ိဳထည့္ထားသူဟု စြပ္စဲြခံရေသာကာလျဖစ္သည္။

ဦးေအာင္ေရႊသည္ ထိုသို႔ေသာ စြပ္စဲြခ်က္မ်ားျဖင့္ ပစ္မွတ္ထား တိုက္ခုိက္အခံရဆံုးသူျဖစ္သည္။ သို႔ေသာ္ ၂၀၀၃ ေမလ ၃၀ ရက္ ဒီပဲယင္း အၾကမ္းဖက္တုိက္ခိုက္မႈႀကီး ျဖစ္ပြားစဥ္ ေနအိမ္အက်ယ္ခ်ဳပ္ျဖင့္ ဖမ္းဆီးထိန္းသိမ္းထားျခင္းခံရၿပီး ၂၀၀၄ ဧၿပီ ၁၃ ရက္တြင္ ျပန္လည္လြတ္ေျမာက္လာခဲ့သည္။

‘‘ဒီေဘာင္းဘီခြၽတ္ႀကီးေတြရဲ႕သစၥာတရားကို တစ္ခ်ိန္မွာမ်က္ရည္လည္ေအာင္ သိၾကရမွာပါ’’ဟု ေ၀ဖန္တိုက္ခုိက္သူမ်ားကို ဦးေအာင္ေရႊက တုံ႔ျပန္ခဲ့ဖူးသည္။

ေခါင္းေဆာင္မ်ားျဖစ္သည့္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဦးတင္ဦးတို႔ကို ထိန္းသိမ္းထားသည့္ အေျခအေနတြင္ အမ်ိဳးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္က ၁၉၉၀ ေရြးေကာက္ပဲြ၀င္၊ မ၀င္ဆုိသည္မွာ ထိုစဥ္ကာလက အျပင္းအထန္ ျငင္းခုန္ခဲ့ရသည့္ကိစၥျဖစ္သည္။ ေဒၚ ေအာင္ဆန္းစုၾကည္ မရွိလွ်င္ ပါတီဖ်က္လွ်င္ ဖ်က္ပါေစ၊ ေရြး ေကာက္ပဲြမ၀င္လိုေသာ အယူအ ဆရွိသူမ်ားက ေရြးေကာက္ပဲြ၀င္ လိုသည့္ ဦးေအာင္ေရႊကို အျပင္းအထန္ေ၀ဖန္ခဲ့သည္။

ေနာက္ဆံုးတြင္ အမ်ိဳးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္ေရြးေကာက္ ပဲြ၀င္ၿပိဳင္ခဲ့ၿပီး ေတာင္ၿပိဳကမ္းၿပိဳအ ႏုိင္ရခဲ့သည္။ ဦးေအာင္ေရႊလည္း မရမ္းကုန္းၿမိဳ႕နယ္ အမွတ္(၁) မဲဆႏၵနယ္တြင္ အႏုိင္ရခဲ့သည္။ ခုိင္လံုမဲ ႏွစ္ေသာင္းေက်ာ္ရခဲ့ၿပီး ၆၆ ဒသမ ၆၂ ရာခိုင္ႏႈန္းျဖင့္ အႏိုင္ရခဲ့ျခင္းျဖစ္သည္။ တိုင္းရင္းသားစည္းလံုးညီၫြတ္ေရးပါတီမွ အၿငိမ္းစား ဗိုလ္ခ်ဳပ္ခ်စ္လႈိင္ႏွင့္ တစ္သီးပုဂၢလ အၿငိမ္းစားဗိုလ္ခ်ဳပ္ႀကီးေက်ာ္ၿငိမ္းတို႔ကို ႏိုင္ခဲ့ျခင္းျဖစ္ သည္။

၁၉၉၁ မတ္လ ၂၆ ရက္တြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ ေျပာင္းလဲဖြဲ႕စည္းခဲ့ရာ၌ ၁၉၉၀ ေရြးေကာက္ပြဲတြင္ မရမ္းကုန္းမဲဆႏၵနယ္ အမွတ္(၁)မွ ေရြးေကာက္ခံရသည့္ ဦးေအာင္ေရႊက ဥကၠ႒ျဖစ္လာသည္။

ဦးေအာင္ေရႊႏွင့္ပတ္သက္၍ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ႏွစ္မ်ားစြာအတူ ေနထိုင္ခဲ့သည့္ ေဒၚခင္ခင္ဝင္းက ‘ေရဆန္လမ္းမွအိမ္အျပန္’ စာအုပ္တြင္ ေအာက္ပါအတိုင္း ေရးသားထားသည္။

‘သူ႔ဆီမွာ ျငင္းဆိုမႈႏွင့္ ဆင္ ေျခတက္မႈဆိုတာကို တစ္ခါမွ မေတြ႕ခဲ့ရ၊ မၾကားခဲ့ရပါ။ သူ႔အေန ႏွင့္ မလိုအပ္ဘူးလို႔ယူဆလွ်င္ ဘယ္သူကဘယ္ေလာက္ပဲ သူ႔ကို ေအာ္ဟစ္ရန္ေတြ႕ဆဲေရးတိုင္းထြာပါေစ တစ္ခြန္းမွ မတံု႔ျပန္ခဲ့ တာကိုလည္း ကြၽန္မအမွတ္ထင္ထင္ ျဖစ္ခဲ့ဖူးပါသည္။ အင္မတန္ အလုပ္သေဘာဆန္ဆန္ လုပ္တတ္သည့္ ပုဂၢိဳလ္အျဖစ္ အလုပ္တာဝန္ကို ထမ္းေဆာင္စဥ္တြင္ ပုဂၢိဳလ္ေရးခံစားခ်က္ အေစာ္ကားခံရမႈမ်ားႏွင့္ အထင္အျမင္လြဲမွားမႈမ်ားအေပၚ အင္မတန္မ်ိဳသိပ္ထိန္းခ်ဳပ္ႏိုင္သည့္ လူႀကီးလူေကာင္း တစ္ေယာက္အျဖစ္ ထိုကတည္းက သူ႔ကို ကြၽန္မအသိအမွတ္ျပဳထားခဲ့ပါသည္’

ဦးေအာင္ေရႊႏွင့္ ပတ္သက္လွ်င္ အမွတ္တရမ်ားစြာ ရွိခဲ့ေၾကာင္း ေဒၚခင္ခင္ဝင္းကေျပာသည္။


အတုိက္အခံပါတီဘ၀က ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဦးေအာင္ေရႊတုိ႔ကုိ ၁၉၉၆ ေမလက ရန္ကုန္ၿမိဳ႕၌က်င္းပေသာ ဒီခ်ဳပ္ပါတီအခမ္းအနားတစ္ခု၌ေတြ႕ရစဥ္ (ဓာတ္ပုံ−ေအအက္ဖ္ပီ)

‘‘ႏိုင္ငံေရးသမားဆိုတာ အေရထူရမယ္။ ဆင္သားေရလိုထူမွကိုရမွာလို႔ အန္ကယ္ႀကီးက ေျပာခဲ့ဖူးတယ္’’ ဟု ေဒၚခင္ခင္ဝင္းက ေျပာသည္။

အျပင္းထန္ဆံံုးႏွိပ္ကြပ္မႈမ်ားေအာက္တြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ရွင္သန္ေရး အတြင္းဒဏ္ေရာ အျပင္ဒဏ္မ်ားပါ ခါးစည္းခံခဲ့ရေသာ ဦးေအာင္ေရႊ၏ ႏိုင္ငံေရးဒႆနလည္းျဖစ္သည္။

ဦးေအာင္ေရႊအတြက္ ေနာက္ထပ္အေဝဖန္ခံရဆံုး လႈိင္းလံုးတစ္ခုသည္ အမ်ိဳးသားညီလာခံသို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က တက္ေရာက္ခဲ့သည့္ကိစၥျဖစ္သည္။

သို႔ေသာ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ မွတ္တမ္းကို ျပဳစုခဲ့သူ မံုရြာဦးေအာင္ရွင္ကမူ ဦး ေအာင္ေရႊ၏ ဆံုးျဖတ္ခ်က္ကို အေကာင္းျမင္ခဲ့သည္။

‘‘အမ်ိဳးသားညီလာခံ တက္ ကာ အညံ့ခံတာပဲလို႔ ေျပာၾက တယ္။ မဟုတ္ဘူး။ အဲဒီအမ်ိဳးသား ညီလာခံတက္ရင္းနဲ႔ ပါတီအတြက္ အျမတ္အမ်ားႀကီးရေအာင္ လုပ္ သြားႏိုင္တယ္။ ျပန္႔က်ဲေနတဲ့ ကိုယ္ စားလွယ္ေတြ ျပန္ၿပီးစုစည္းႏိုင္ တယ္။ ပါတီရဲ႕ရပ္တည္ခ်က္ကို ထုတ္ေဖာ္ႏိုင္ခဲ့တယ္။ စာတမ္း ေတြ အမ်ားႀကီးတင္ၿပီးေတာ့ ျပည္ သူလူထုသိေအာင္ လုပ္ႏိုင္ခဲ့တယ္ ဗ်။ သူတို႔ခိုင္းတဲ့အတိုင္း လက္ညႇိဳး ေထာင္ ေခါင္းညိတ္ခဲ့တာ မဟုတ္ ဘူး’’ဟု ဦးေအာင္ရွင္ကဆိုသည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္သည္ နဝတ၊ နအဖ အစိုးရမ်ား၏ ျပင္းထန္ေသာ ႏွိပ္ကြပ္မႈမ်ား ေအာက္တြင္ ရွင္သန္ရန္ ခက္ ခက္ခဲခဲ ရပ္တည္ခဲ့ရသည့္ အေျခအေန၌ ဦးေအာင္ေရႊ၏ ခံစစ္ဗ်ဴဟာက အလုပ္ျဖစ္ခဲ့ေၾကာင္း မံုရြာ ဦးေအာင္ရွင္က ဆိုသည္။

‘‘ခံစစ္ကို အရွင္ကစားတာ ေပါ့။ နဝကေတာင္းဆိုမႈေတြကို မလႊဲသာေတာ့မွ လိုက္ေလ်ာတယ္။ အခါအခြင့္ သင့္ရင္သင့္သလို ပါတီအတြက္ အမ်ားႀကီး လုပ္သြားတယ္။ အန္ကယ္ဦးေအာင္ေရႊက အက်ပ္အတည္းေတြ ၾကားထဲက ေန အခြင့္္အလမ္းကိုရေအာင္ ရွာ ႏိုင္ခဲ့တယ္’’ဟု ဦးေအာင္ေရႊက ေျပာသည္။

အက်ပ္အတည္းမ်ား၊ ဖိႏိွပ္မႈမ်ားၾကားမွပင္ ပါတီဆိုင္းဘုတ္ ျပဳတ္မက်ေအာင္ ဦးေဆာင္ခဲ့သူ ဦးေအာင္ေရႊသည္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္သမိုင္းတြင္ အေဝဖန္ခံခဲ့ရဆံုး ဥကၠ႒ျဖစ္ခဲ့သည္။

‘‘အန္တီ အမွတ္ရဆံုးကေတာ့ ဦးေအာင္ေရႊကေတာ့ အန္တီတို႔ အဖြဲ႕ခ်ဳပ္ရဲ႕ ၾကမ္းတမ္းတဲ့ကာလမွာ အန္တီတို႔႔ရဲ႕ အလံမလဲေအာင္၊ အန္တီတို႔ဆိုင္းဘုတ္ မ ျပဳတ္က်ေအာင္ ႀကိဳးစားၿပီး ရပ္တည္ေပးခဲ့တဲ့ အန္တီတို႔ ဥကၠ႒ တစ္ေယာက္။ အမ်ားႀကီးေက်းဇူး တင္ပါတယ္’’ဟု လက္ရွိ မရမ္း ကုန္း ျပည္သူ႔လႊတ္ေတာ္ကိုုယ္စားလွယ္ ေဒါက္တာေမဝင္းျမင့္က ေၾကကြဲဝမ္းနည္းစြာေျပာသည္။

အရပ္ပုေသာ ဦးေအာင္ေရႊ ကို ကာတြန္းဦးေအာင္ရွိန္၏ ဇာတ္ေကာင္ ‘ဗိုလ္ပုခ်ိဳ’ဟု ကြယ္ရာတြင္ အမည္ေျပာင္ ေပးခံခဲ့ရသည္။ အ ခ်ိဳ႕က ‘ဥကၠ႒ႀကီး’ဟု ေလးေလးစားစား ေခၚေဝၚသလို အခ်ိဳ႕က ‘အန္ကယ္ႀကီး’ဟု ရင္းရင္းႏွီးႏွီး ေခၚေဝၚသည္။ အခ်ိဳ႕ကမူ စစ္ဘက္ဆိုင္ရာ အေခၚအေဝၚျဖင့္ ‘ဗိုလ္ခ်ဳပ္’ဟုေခၚသည္။

ဦးေအာင္ေရႊကို အဖ ဦးဖိုးကြန္း၊ အမိ ေဒၚသိန္းတို႔က ၁၉၁၈ ေမလ ၁၉ ရက္တြင္ ဖြားျမင္ခဲ့ရာ ကြယ္လြန္ခ်ိန္၌ အသက္ (၉၉) ႏွစ္ရွိၿပီျဖစ္သည္။ ဇနီးမွာ ေဒၚတင္တင္ေရႊျဖစ္ၿပီး သားသမီးမ်ားမွာ ဦးေအာင္သန္းေရႊ၊ ဦးသန္းေဖေရႊ၊ ေဒၚယုဇနေရႊ၊ ေဒၚမၪၨဴေရႊ၊ ဦးေအာင္ျမင့္ေရႊႏွင့္ ေဒၚစံပယ္ေရႊတို႔ ျဖစ္သည္။

သူ႔အတြက္ ရာျပည့္ပြဲျပဳလုပ္ေပးရန္ စီစဥ္ထားခဲ့ေၾကာင္း ဦးေအာင္ရွင္ကေျပာသည္။

ဦးေအာင္ေရႊသည္ ဘဝ၏ ေနာက္ဆံုးအခ်ိန္မ်ားကို က်န္းမာေရးႏွင့္ ဘာသာေရးကိုသာ လိုက္စားၿပီး ကုန္ဆံုးေစခဲ့သည္။ ၾသဂုတ္ ၁၁  ရက္ ညက ရန္ကုန္ၿမိဳ႕ရွိ ဝိတိုရိယေဆး႐ံုတြင္ တက္ေရာက္ ေဆးကုသမႈခံယူခဲ့ၿပီး ၾသဂုတ္ ၁၂ ရက္ ညေနတြင္ ဆရာဝန္မ်ားက လက္ေလွ်ာ့ခဲ့ရျခင္းျဖစ္သည္။ ၾသဂုတ္ ၁၃ ရက္ ည ၉ နာရီ ၃၆ မိနစ္တြင္ ကြယ္လြန္ခဲ့သည္။

ဦးေအာင္ေရႊ၏ စ်ာပနအတြက္ ပါတီထိပ္ပိုင္းေခါင္းေဆာင္မ်ား ဦးေဆာင္ေသာ အဖြဲ႕ဝင္ ၁၉ ဦးပါ ေကာ္မတီကို ဖြဲ႕စည္းေပးခဲ့သည္။

ထို႔အျပင္ သူ၏အုတ္ဂူတြင္ ေနာက္ဆံုးအမွာစကားျဖစ္သည့္ ‘‘ေခါင္းေဆာင္ေကာင္းတစ္ဦးဟာမိမိရဲ႕ေနာက္လိုက္မ်ားကို အႏၲရာယ္ကင္းကင္းနဲ႔ ပန္းတိုင္ဆီကို ေရာင္ေအာင္ ေခၚသြားႏိုင္ရမယ္’’ ဟူေသာ စကားကို ေရးထြင္းမည္ ျဖစ္ေၾကာင္း စ်ာပနေကာ္မတီ ဥကၠ႒ ေဒါက္တာမ်ိဳးၫြန္႔က ေျပာ သည္။

ဦးေအာင္ေရႊ မကြယ္လြန္မီ နာရီပိုင္းအလိုတြင္ ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ႏွင့္ ဇနီး ေဒၚစုစုလြင္ (ဦးလြင္၏သမီး)တို႔က လာေရာက္ၾကည့္႐ႈခဲ့သည္။ ထို႔အျပင္ ၾသဂုတ္ ၁၂ ရက္က ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူႏွင့္ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးဝင္းျမင့္တို႔ လာေရာက္ၾကည့္႐ႈခဲ့ သည္။

သူကာကြယ္ခဲ့ေသာ ပါတီမွတင္ေျမႇာက္ထားသည့္ ႏိုင္ငံေခါင္းေဆာင္မ်ားက သူ႔ကို လာၾကည့္ျခင္းသည္ ၾကမ္းတမ္းလွေသာ ႏုိင္ငံေရးေလာကဓံကို ျဖတ္သန္းခဲ့ေသာ စစ္သားအို ႏုိင္ငံေရးသမားႀကီး၏ ႏုိင္ငံေရးရည္မွန္းခ်က္ ျပည့္၀သြားခဲ့ျခင္း၏ သေကၤတလည္းျဖစ္သည္။

‘‘ဦးေအာင္ေရႊေၾကာင့္ ပါတီပ်က္တယ္ဆိုတာ ဘယ္ေတာ့မွအျဖစ္မခံဘူး’’ဟု ႀကံဳး၀ါးခဲ့ေသာ ဥကၠ႒ႀကီးသည္ သူမကြယ္လြန္မီ ျပည္သူလူထုက ၂၀၁၅ ေရြးေကာက္ပဲြတြင္ တစ္ခဲနက္ေထာက္ ခံအားေပးခဲ့၍ အမ်ိဳးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္ တုိင္းျပည္အုပ္ခ်ဳပ္ေနသည္ကို ျမင္ေတြ႕သြားခဲ့ရ၍ျဖစ္သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
အတိုက်အခံဘဝက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ရွှေကို ၂၀၀၇ ခုနှစ် နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - အေအက်ဖ်ပီ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နှလုံးသည်းပွတ် ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ထုတ်ပစ်ရန်ထက် ခက်ခဲသော ဆုံးဖြတ်ချက် မြန်မာ့နိုင်ငံရေးတွင် များများစား စား ရှိမည်မဟုတ်ပါ။ သို့သော် သမိုင်းတစ်ကွေ့တွင် သည်လိုဖြစ်ရပ်က တကယ်ပင်ရှိခဲ့သည်။ ‘‘ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်မလား။ ပါတီအဖျက်ခံမလား’’ ဟူသည့် ‘ဆုပ်လည်းစူး၊ စားလည်းရူး’ ဖြစ်ရမည့် အာဏာရှင်များ၏ ဖိအားပေးမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြင်းအထန်ခံနေ ရချိန်ဖြစ်သည်။

ပါတီတွင်း၌လည်း ပါတီပျက်ချင်ပျက်ပါစေ ဒေါ်အောင်ဆန်းစုကြည်ကို မထုတ်ရဟူသော အယူအဆနှင့် ပါတီဆိုင်းဘုတ်အဖြုတ်မခံရရေးက နိုင်ငံရေးအရ ပိုအရေးကြီးသည်ဟူသော အယူအဆနှစ်ခု အရှိန်ပြင်းပြင်း တိုး တိုက်မိချိန်ဖြစ်သည်။

ယင်းအခြေအနေတွင် ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေအနေဖြင့် မည်သည့်ဆုံးဖြတ်ချက်ကိုချချ သူ့အတွက်ရရှိလာမည့် အကျိုးဆက်ကတော့ ကောင်းမည်မဟုတ်ပါ။

ပူပူနွေးနွေး ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ဖြစ်ပြီး နေအိမ်အကျယ်ချုပ်ကျနေသည့် ပါတီ၏ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ထုတ်ပယ်ကြောင်း ၁၉၉၁ ဒီဇင်ဘာ ၁၁ ရက်စွဲဖြင့် ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေက လက်မှတ်ရေးထိုးခဲ့ရသည်။

အကျိုးဆက်အဖြစ် အမုန်းတရားများသာ ဦးအောင်ရွှေ ရရှိခဲ့သည်။ ပါတီရုံးချုပ်သို့ နေ့တိုင်းရန် လာတွေ့သူများရှိခဲ့သည်။ ပါတီကို အပိုင်စီးခြင်းဟု စွပ်စွဲခံရသည်။ အဆိုးဆုံးက ပါတီရုံးချုပ်ရှေ့တွင် ထဘီထုပ်လာထားသွား သည့် ဖြစ်ရပ်ကိုပင် ရင်ဆိုင်ခဲ့ရ ခြင်းဖြစ်သည်။

အဆိုပါကိစ္စများ ဖြစ်ပွားပြီး နှစ်ပေါင်း ၂၅ နှစ်အကြာတွင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖြစ်လာခဲ့သည်။ သို့သော် ကြမ်းတမ်းလှသော မြန်မာ့နိုင်ငံ ရေးခရီးရှည်ကို ဖြတ်သန်းခဲ့သည့် စစ်သားအို နိုင်ငံရေးသမားကြီး သည် သူကာကွယ်ခဲ့သော ပါတီ အာဏာရနေစဉ်မှာပင် အားလုံးကို နုတ်ဆက်ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

 သူ၏ ခေါင်းတလားတွင် ပါတီအလံဆင်မြန်းပေးထားခြင်းက တစ်ချိန်က သူ့အပေါ် ဝေဖန် တိုက်ခိုက်ခဲ့သူများ၏ ထင်မြင်ချက်မှားယွင်းကြောင်း သက်သေလည်းဖြစ်သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တစ်ချိန်က သက်သေပြခဲ့ပြီးဖြစ်သည်။ ၁၉၉၅ ဇူလိုင် ၁၀ ရက်က နေအိမ်အကျယ်ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်ပြန်လည် လွတ်မြောက်လာချိန်တွင် ဦးအောင်ရွှေ သွားရောက် တွေ့ဆုံခဲ့သည်။

‘‘ဒေါ်စု ပြန်လွတ်လာပြီဆိုတော့ ပါတီကို ဒေါ်စုလက်ထဲ ပါတီ ပြန်အပ်လိုက်ပါပြီ။ အန်ကယ် ကိုယ်စွမ်းရှိသရွေ့၊ ဉာဏ်စွမ်းရှိသရွေ့ လုပ်ဆောင်ခဲ့ပါတယ်’’ဟု ဦးအောင်ရွှေက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အတူတူလက်တွဲဆောင်ရွက်ရန် ဦးအောင်ရွှေကို ပြန်လည်ဖိတ်ခေါ်ခဲ့သည်။

ဦးအောင်ရွှေက သစ္စာရှိခြင်း အနုပညာကို ပြသခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကလည်း သင်ပုန်းချေခြင်း အနုပညာကို ပြသခဲ့ခြင်းဖြစ်သည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံ လွှမ်းခြုံထားသော ဦးအောင်ရွှေ၏ ရုပ်ကလာပ်ကို တွေ့ရစဉ် (ဓာတ်ပုံ-နစ်ကီ)

ဦးအောင်ရွှေသည် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့ကာကွယ်ရေးတပ်မတော်နှင့် ဗမာ့မျိုးချစ်တပ်မတော်တို့တွင်ပါဝင်၍ ဗြိတိသျှနယ်ချဲ့နှင့် ဂျပန်ဖက်ဆစ်ကို တော်လှန်ခဲ့သည်။ ၁၉၄၅ ခုနှစ်မှစ၍ တပ်မတော် (ကြည်း) တွင် ဗိုလ်ကြီးအဆင့်ကစ၍ ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၆၁ မှ ၁၉၇၅ အထိ မြန်မာနိုင်ငံ၏သံအမတ်ကြီးအဖြစ် သြစတြေးလျနှင့် နယူးဇီလန်ကို ပူးတွဲတာဝန်ယူခဲ့သည်။ ထို့အပြင် အီဂျစ်၊ ပြင်သစ် (စပိန်နှင့် ယူနက်စကိုအဖွဲ့တို့ပါ ပူးတွဲ၍) တာဝန်ယူခဲ့ပြီး ၁၉၇၅ တွင် အငြိမ်းစားယူခဲ့သည်။

ဦးအောင်ရွှေသည် မော်ကွန်း ဝင်(ပထမအဆင့်)၊ နိုင်ငံ့ဂုဏ်ရည် (ပထမအဆင့်)တို့ကို ချီးမြှင့်ခြင်းခံခဲ့ရသည်။ သူသည် ၁၉၄၀ တွင်ရန်ကုန်တက္ကသိုလ်မှ ဘီအေဘွဲ့လည်းရခဲ့သူဖြစ်သည်။

၁၉၈၈ စက်တင်ဘာ ၂၇ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်ရာတွင် ဦးအောင်ရွှေက ဗဟိုအလုပ်အမှု ဆောင်အဖွဲ့၌ ပါဝင်ပြီး စည်းရုံး ရေးဌာနမှူးဖြစ်သည်။

တပ်မတော်သားဖြစ်ခဲ့သော ဦးအောင်ရွှေတို့ကို အမြင်မကြည်လင်သူများက ‘ဘောင်းဘီချွတ်ကြီးများ’ဟု ခေါ်ဝေါ်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦး အပါဝင် ပါတီဝင်အချို့ ထောင်ကျနေစဉ်တွင် ထောင်ကျမခံရ သည့် ပါတီဝင်ဆိုလျှင် အစိုးရက သူလျှိုထည့်ထားသူဟု စွပ်စွဲခံရသောကာလဖြစ်သည်။

ဦးအောင်ရွှေသည် ထိုသို့သော စွပ်စွဲချက်များဖြင့် ပစ်မှတ်ထား တိုက်ခိုက်အခံရဆုံးသူဖြစ်သည်။ သို့သော် ၂၀၀၃ မေလ ၃၀ ရက် ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုကြီး ဖြစ်ပွားစဉ် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းခံရပြီး ၂၀၀၄ ဧပြီ ၁၃ ရက်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

‘‘ဒီဘောင်းဘီချွတ်ကြီးတွေရဲ့သစ္စာတရားကို တစ်ချိန်မှာမျက်ရည်လည်အောင် သိကြရမှာပါ’’ဟု ဝေဖန်တိုက်ခိုက်သူများကို ဦးအောင်ရွှေက တုံ့ပြန်ခဲ့ဖူးသည်။

ခေါင်းဆောင်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ကို ထိန်းသိမ်းထားသည့် အခြေအနေတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၉၀ ရွေးကောက်ပွဲဝင်၊ မဝင်ဆိုသည်မှာ ထိုစဉ်ကာလက အပြင်းအထန် ငြင်းခုန်ခဲ့ရသည့်ကိစ္စဖြစ်သည်။ ဒေါ် အောင်ဆန်းစုကြည် မရှိလျှင် ပါတီဖျက်လျှင် ဖျက်ပါစေ၊ ရွေး ကောက်ပွဲမဝင်လိုသော အယူအ ဆရှိသူများက ရွေးကောက်ပွဲဝင် လိုသည့် ဦးအောင်ရွှေကို အပြင်းအထန်ဝေဖန်ခဲ့သည်။

နောက်ဆုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရွေးကောက် ပွဲဝင်ပြိုင်ခဲ့ပြီး တောင်ပြိုကမ်းပြိုအ နိုင်ရခဲ့သည်။ ဦးအောင်ရွှေလည်း မရမ်းကုန်းမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်တွင် အနိုင်ရခဲ့သည်။ ခိုင်လုံမဲ နှစ်သောင်းကျော်ရခဲ့ပြီး ၆၆ ဒသမ ၆၂ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ အငြိမ်းစား ဗိုလ်ချုပ်ချစ်လှိုင်နှင့် တစ်သီးပုဂ္ဂလ အငြိမ်းစားဗိုလ်ချုပ်ကြီးကျော်ငြိမ်းတို့ကို နိုင်ခဲ့ခြင်းဖြစ် သည်။

၁၉၉၁ မတ်လ ၂၆ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြောင်းလဲဖွဲ့စည်းခဲ့ရာ၌ ၁၉၉၀ ရွေးကောက်ပွဲတွင် မရမ်းကုန်းမဲဆန္ဒနယ် အမှတ်(၁)မှ ရွေးကောက်ခံရသည့် ဦးအောင်ရွှေက ဥက္ကဋ္ဌဖြစ်လာသည်။

ဦးအောင်ရွှေနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်များစွာအတူ နေထိုင်ခဲ့သည့် ဒေါ်ခင်ခင်ဝင်းက ‘ရေဆန်လမ်းမှအိမ်အပြန်’ စာအုပ်တွင် အောက်ပါအတိုင်း ရေးသားထားသည်။

‘သူ့ဆီမှာ ငြင်းဆိုမှုနှင့် ဆင် ခြေတက်မှုဆိုတာကို တစ်ခါမှ မတွေ့ခဲ့ရ၊ မကြားခဲ့ရပါ။ သူ့အနေ နှင့် မလိုအပ်ဘူးလို့ယူဆလျှင် ဘယ်သူကဘယ်လောက်ပဲ သူ့ကို အော်ဟစ်ရန်တွေ့ဆဲရေးတိုင်းထွာပါစေ တစ်ခွန်းမှ မတုံ့ပြန်ခဲ့ တာကိုလည်း ကျွန်မအမှတ်ထင်ထင် ဖြစ်ခဲ့ဖူးပါသည်။ အင်မတန် အလုပ်သဘောဆန်ဆန် လုပ်တတ်သည့် ပုဂ္ဂိုလ်အဖြစ် အလုပ်တာဝန်ကို ထမ်းဆောင်စဉ်တွင် ပုဂ္ဂိုလ်ရေးခံစားချက် အစော်ကားခံရမှုများနှင့် အထင်အမြင်လွဲမှားမှုများအပေါ် အင်မတန်မျိုသိပ်ထိန်းချုပ်နိုင်သည့် လူကြီးလူကောင်း တစ်ယောက်အဖြစ် ထိုကတည်းက သူ့ကို ကျွန်မအသိအမှတ်ပြုထားခဲ့ပါသည်’

ဦးအောင်ရွှေနှင့် ပတ်သက်လျှင် အမှတ်တရများစွာ ရှိခဲ့ကြောင်း ဒေါ်ခင်ခင်ဝင်းကပြောသည်။


အတိုက်အခံပါတီဘဝက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ရွှေတို့ကို ၁၉၉၆ မေလက ရန်ကုန်မြို့၌ကျင်းပသော ဒီချုပ်ပါတီအခမ်းအနားတစ်ခု၌တွေ့ရစဉ် (ဓာတ်ပုံ−အေအက်ဖ်ပီ)

‘‘နိုင်ငံရေးသမားဆိုတာ အရေထူရမယ်။ ဆင်သားရေလိုထူမှကိုရမှာလို့ အန်ကယ်ကြီးက ပြောခဲ့ဖူးတယ်’’ ဟု ဒေါ်ခင်ခင်ဝင်းက ပြောသည်။

အပြင်းထန်ဆံုံးနှိပ်ကွပ်မှုများအောက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှင်သန်ရေး အတွင်းဒဏ်ရော အပြင်ဒဏ်များပါ ခါးစည်းခံခဲ့ရသော ဦးအောင်ရွှေ၏ နိုင်ငံရေးဒဿနလည်းဖြစ်သည်။

ဦးအောင်ရွှေအတွက် နောက်ထပ်အဝေဖန်ခံရဆုံး လှိုင်းလုံးတစ်ခုသည် အမျိုးသားညီလာခံသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တက်ရောက်ခဲ့သည့်ကိစ္စဖြစ်သည်။

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်တမ်းကို ပြုစုခဲ့သူ မုံရွာဦးအောင်ရှင်ကမူ ဦး အောင်ရွှေ၏ ဆုံးဖြတ်ချက်ကို အကောင်းမြင်ခဲ့သည်။

‘‘အမျိုးသားညီလာခံ တက် ကာ အညံ့ခံတာပဲလို့ ပြောကြ တယ်။ မဟုတ်ဘူး။ အဲဒီအမျိုးသား ညီလာခံတက်ရင်းနဲ့ ပါတီအတွက် အမြတ်အများကြီးရအောင် လုပ် သွားနိုင်တယ်။ ပြန့်ကျဲနေတဲ့ ကိုယ် စားလှယ်တွေ ပြန်ပြီးစုစည်းနိုင် တယ်။ ပါတီရဲ့ရပ်တည်ချက်ကို ထုတ်ဖော်နိုင်ခဲ့တယ်။ စာတမ်း တွေ အများကြီးတင်ပြီးတော့ ပြည် သူလူထုသိအောင် လုပ်နိုင်ခဲ့တယ် ဗျ။ သူတို့ခိုင်းတဲ့အတိုင်း လက်ညှိုး ထောင် ခေါင်းညိတ်ခဲ့တာ မဟုတ် ဘူး’’ဟု ဦးအောင်ရှင်ကဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် နဝတ၊ နအဖ အစိုးရများ၏ ပြင်းထန်သော နှိပ်ကွပ်မှုများ အောက်တွင် ရှင်သန်ရန် ခက် ခက်ခဲခဲ ရပ်တည်ခဲ့ရသည့် အခြေအနေ၌ ဦးအောင်ရွှေ၏ ခံစစ်ဗျူဟာက အလုပ်ဖြစ်ခဲ့ကြောင်း မုံရွာ ဦးအောင်ရှင်က ဆိုသည်။

‘‘ခံစစ်ကို အရှင်ကစားတာ ပေါ့။ နဝကတောင်းဆိုမှုတွေကို မလွှဲသာတော့မှ လိုက်လျောတယ်။ အခါအခွင့် သင့်ရင်သင့်သလို ပါတီအတွက် အများကြီး လုပ်သွားတယ်။ အန်ကယ်ဦးအောင်ရွှေက အကျပ်အတည်းတွေ ကြားထဲက နေ အခွင့်အလမ်းကိုရအောင် ရှာ နိုင်ခဲ့တယ်’’ဟု ဦးအောင်ရွှေက ပြောသည်။

အကျပ်အတည်းများ၊ ဖိနှိပ်မှုများကြားမှပင် ပါတီဆိုင်းဘုတ် ပြုတ်မကျအောင် ဦးဆောင်ခဲ့သူ ဦးအောင်ရွှေသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သမိုင်းတွင် အဝေဖန်ခံခဲ့ရဆုံး ဥက္ကဋ္ဌဖြစ်ခဲ့သည်။

‘‘အန်တီ အမှတ်ရဆုံးကတော့ ဦးအောင်ရွှေကတော့ အန်တီတို့ အဖွဲ့ချုပ်ရဲ့ ကြမ်းတမ်းတဲ့ကာလမှာ အန်တီတို့ရဲ့ အလံမလဲအောင်၊ အန်တီတို့ဆိုင်းဘုတ် မ ပြုတ်ကျအောင် ကြိုးစားပြီး ရပ်တည်ပေးခဲ့တဲ့ အန်တီတို့ ဥက္ကဋ္ဌ တစ်ယောက်။ အများကြီးကျေးဇူး တင်ပါတယ်’’ဟု လက်ရှိ မရမ်း ကုန်း ပြည်သူ့လွှတ်တော်ကိုုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်က ကြေကွဲဝမ်းနည်းစွာပြောသည်။

အရပ်ပုသော ဦးအောင်ရွှေ ကို ကာတွန်းဦးအောင်ရှိန်၏ ဇာတ်ကောင် ‘ဗိုလ်ပုချို’ဟု ကွယ်ရာတွင် အမည်ပြောင် ပေးခံခဲ့ရသည်။ အ ချို့က ‘ဥက္ကဋ္ဌကြီး’ဟု လေးလေးစားစား ခေါ်ဝေါ်သလို အချို့က ‘အန်ကယ်ကြီး’ဟု ရင်းရင်းနှီးနှီး ခေါ်ဝေါ်သည်။ အချို့ကမူ စစ်ဘက်ဆိုင်ရာ အခေါ်အဝေါ်ဖြင့် ‘ဗိုလ်ချုပ်’ဟုခေါ်သည်။

ဦးအောင်ရွှေကို အဖ ဦးဖိုးကွန်း၊ အမိ ဒေါ်သိန်းတို့က ၁၉၁၈ မေလ ၁၉ ရက်တွင် ဖွားမြင်ခဲ့ရာ ကွယ်လွန်ချိန်၌ အသက် (၉၉) နှစ်ရှိပြီဖြစ်သည်။ ဇနီးမှာ ဒေါ်တင်တင်ရွှေဖြစ်ပြီး သားသမီးများမှာ ဦးအောင်သန်းရွှေ၊ ဦးသန်းဖေရွှေ၊ ဒေါ်ယုဇနရွှေ၊ ဒေါ်မဉ္ဇူရွှေ၊ ဦးအောင်မြင့်ရွှေနှင့် ဒေါ်စံပယ်ရွှေတို့ ဖြစ်သည်။

သူ့အတွက် ရာပြည့်ပွဲပြုလုပ်ပေးရန် စီစဉ်ထားခဲ့ကြောင်း ဦးအောင်ရှင်ကပြောသည်။

ဦးအောင်ရွှေသည် ဘဝ၏ နောက်ဆုံးအချိန်များကို ကျန်းမာရေးနှင့် ဘာသာရေးကိုသာ လိုက်စားပြီး ကုန်ဆုံးစေခဲ့သည်။ သြဂုတ် ၁၁  ရက် ညက ရန်ကုန်မြို့ရှိ ဝိတိုရိယဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူခဲ့ပြီး သြဂုတ် ၁၂ ရက် ညနေတွင် ဆရာဝန်များက လက်လျှော့ခဲ့ရခြင်းဖြစ်သည်။ သြဂုတ် ၁၃ ရက် ည ၉ နာရီ ၃၆ မိနစ်တွင် ကွယ်လွန်ခဲ့သည်။

ဦးအောင်ရွှေ၏ ဈာပနအတွက် ပါတီထိပ်ပိုင်းခေါင်းဆောင်များ ဦးဆောင်သော အဖွဲ့ဝင် ၁၉ ဦးပါ ကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။

ထို့အပြင် သူ၏အုတ်ဂူတွင် နောက်ဆုံးအမှာစကားဖြစ်သည့် ‘‘ခေါင်းဆောင်ကောင်းတစ်ဦးဟာမိမိရဲ့နောက်လိုက်များကို အန္တရာယ်ကင်းကင်းနဲ့ ပန်းတိုင်ဆီကို ရောင်အောင် ခေါ်သွားနိုင်ရမယ်’’ ဟူသော စကားကို ရေးထွင်းမည် ဖြစ်ကြောင်း ဈာပနကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က ပြော သည်။

ဦးအောင်ရွှေ မကွယ်လွန်မီ နာရီပိုင်းအလိုတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင် (ဦးလွင်၏သမီး)တို့က လာရောက်ကြည့်ရှုခဲ့သည်။ ထို့အပြင် သြဂုတ် ၁၂ ရက်က ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့ လာရောက်ကြည့်ရှုခဲ့ သည်။

သူကာကွယ်ခဲ့သော ပါတီမှတင်မြှောက်ထားသည့် နိုင်ငံခေါင်းဆောင်များက သူ့ကို လာကြည့်ခြင်းသည် ကြမ်းတမ်းလှသော နိုင်ငံရေးလောကဓံကို ဖြတ်သန်းခဲ့သော စစ်သားအို နိုင်ငံရေးသမားကြီး၏ နိုင်ငံရေးရည်မှန်းချက် ပြည့်ဝသွားခဲ့ခြင်း၏ သင်္ကေတလည်းဖြစ်သည်။

‘‘ဦးအောင်ရွှေကြောင့် ပါတီပျက်တယ်ဆိုတာ ဘယ်တော့မှအဖြစ်မခံဘူး’’ဟု ကြုံးဝါးခဲ့သော ဥက္ကဋ္ဌကြီးသည် သူမကွယ်လွန်မီ ပြည်သူလူထုက ၂၀၁၅ ရွေးကောက်ပွဲတွင် တစ်ခဲနက်ထောက် ခံအားပေးခဲ့၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းပြည်အုပ်ချုပ်နေသည်ကို မြင်တွေ့သွားခဲ့ရ၍ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top